စောဘဦးကြီး၏မူ(၄)ရပ်

For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

Archives

ဒီကေဘီအေ သေနတ်ထိသွားသော လူလေးဦး လျော်ကြေးအနည်းငယ်သာရရှိ

Sunday, May 17, 2009

Sun 17 May 2009, ကွန်းဟဒေ့
လွန်ခဲ့သော ကဆုန်လပြည့်နေ့ ပိုင်ကမာကျေးရွာတွင် ဒီကေဘီအေစစ်သား သေနတ်ထိမှန်သွားသော လူလေးဦးမှာ ဒီကေဘီအေမှ လျော်ကြေးအနည်းငယ်သာ ရရှိသည်ဟု ၄င်းတို့၏ ဆွေမျိုးအသိုင်းအဝိုင်းမှ သိရှိရသည်။

တစ်ဦးလျှင် ငွေ ငါးသောင်းကျပ်သာ ဒီကေဘီအေမှ ပေးဆောင်သည်ဟု ဆိုသည်။ ငွေအနည်းအငယ်သာ ရရှိသောကြောင့် သေနတ်ထိမှန်ခံရသူများ၏ မိသားစုမှာ ဒုက္ခရောက်ရသည်ဟု ဆိုသည်။

“သူတို့က ဆေးရုံမှာ ငွေငါးသောင်းပဲ လာပေးသွားတယ်၊ နောက်တစ်ခါ လာပေးဦးမယ်ဆိုပြီး ပျောက်သွားတာပဲ၊ ဒီငါးသောင်း ဘာလုပ်လို့ရမလဲ၊ ဆေးရုံသွားဖို့ ကားငှားခနဲ့တောင် နှစ်သောင်းကျော်နေပြီ၊ သွေးသွင်းမှာနဲ့ ဘာနဲ့ဆို လောက်တောင်မလောက်ဘူး၊ မလောက်တော့ ကိုယ့်မှာလဲ ပိုက်ဆံလည်း မရှိတော့ ရှိတဲ့ရွှေငွေတွေကို ရောင်းပြီးကုရတာပေါ့” ဟု သေနတ်ထိမှန်သွားသူတစ်ဦး၏ မိခင်က ပြောပြသည်။

သေနတ်ထိသူများထဲတွင် အသက် ၁၀ ကျော်ခန့် ကလေးငယ်တစ်ဦးလည်း ပါဝင်ရာ ၄င်းကလေးအတွက်သာ ရှစ်သောင်းပေးထားပြီး ကျန်ရှိသောလူနှစ်ဦးနှင့် သေဆုံးသွားသော သူအတွက်မှာ ငါးသောင်းကျပ်သာ ပေးခဲ့သည်ဟု ဒေသခံများမှာ သိရသည်။ ဒဏ်ရာရသူ သုံးဦးမှာ ယခုအချိန်အထိပင် ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသေးသည်ဟု သိရသည်။

0 comments: