ဖနိဒါ
စနေနေ့၊ မေလ 16 2009 19:21 - မြန်မာစံတော်ချိန်
ကရင်အမျိုးသား အစည်းအရုံး (KNU)တွင် ပြီးခဲ့သည့် မေလ ၁၃ရက်က စောထိန်မောင်နှင့် စောနေစိုးမြတို့ အဖွဲ့များ တည်ရှိရာ ထိုးကော်ထိုး ကျေးရွာသိှု့ ပူးပေါင်းသွားသည် ဆိုသည့် ဗိုလ်ကြီး စောစိန်မောင်ဌေး ဆိုသူမရှိကြောင်း KNU က ပြောဆိုလိုက်သည်။
ဗိုလ်ကြီးအဆင့်ရှိ စောစိန်မောင်ဌေး ဆိုသူသည် ကေအန်ယူ တပ်ရင်း ၂ဝ၁တွင် မရှိကြောင်း ကေအန်ယူမှ အတွင်းရေးမှူး(၁) ပဒိုစောလှငွေက ပြောသည်။
“ကျနော် ခုဘဲ စစ်ရုံးချုပ်က ဒုတာဝန်မှူးကို ဒီလူတွေနဲ့ ပတ်သက်လို့ ဘာမှ မရှိဘူးလို့ ပြောတာလဲ။ အဲဒီတပ်ရင်း ၂ဝ၁မှာ ဒီစောစိန်မောင်ဌေးဆိုတာ မရှိဘူး။ အဲဒီ တပ်ရင်းထဲက ထွက်တာ ဘယ်သူမှ မရှိဘူး။ ဒီအဖွဲ့တွေကို အတည်ပြုချက် မရှိဘူး”ဟု ပြောသည်။
“တချို့က ကေအန်ယူက ပတ်သက်ရာ ပတ်သက်ကြောင်း နယ်စပ်တလျောက်မှာ အရင် ထွက်သွားတဲ့ လူတွေလို စီးပွားရေးဆန်တဲ့ လူတွေပေါ့နော်။ လက်နက်ကတော့ ဖန်တီးယူလို့ရတာဘဲ။ ရှင်းရှင်းပြောရရင် ဟိုဘက်ကို ပြမယ်ဆိုလို့ ရှိရင် နီးရာ ရှိရာ ငှားပြီးလုပ်ရင်လည်း ရတာဘဲလေ”ဟု ဆက်ပြောသည်။
လက်ရှိ ကေအန်ယူ၏ တပ်ရင်း ၂ဝ၁တွင် ဒု ဗိုလ်မှူးကြီး ဘူးဖော ထိုင်နေကာ တပ်ရင်း ၆တွင် ဒု ဗိုလ်မှူးကြီး တင်လှိုင် ခေါ် မန်းတင်လှိုင်တို့ ဦးစီးလျက် ရှိသည်ဟု သိရသည်။
ကေအန်ယူ ဗဟိုတပ်ရင်း ၂ဝ၁မှ ဗိုလ်ကြီးအဆင့်ရှိ စောစိန်မောင်ဌေး ဦးစီးသည့် တပ်ရင်း ၂ဝ၁နှင့် တပ်ရင်း ၁၆မှ အဖွဲ့အင်အား ၁၄ဦး မိသားစုဝင် ၂၃ဦး စုစုပေါင်း ၃၇ဦး၊ လက်နက်ငယ် ၁ဝလက်နှင့် ခဲယမ်းမျိုးစုံနှင့်အတူ ပြီးခဲ့သည့် မေလ ၁၃ရက်နေ့က လက်နက်နှင့်အတူ ထို့ကော်ထိုးကျေးရွာသို့ ပူးပေါင်းသွားသည်ဟု ယနေ့ထုတ် စစ်အစိုးရ သတင်းတွင် ဖော်ပြထားသည်။
၂ဝဝ၇ ခုနှစ် ဖေဖော်ဝါရီလတွင် ဗိုလ်ချုပ်ထိန်မောင် ခေါင်းဆောင်သည့် အင်အားစုအချို့သည် KNU မှ ခွဲထွက်ပြီး KNU/KNLA ငြိမ်းချမ်းရေးကော်စီကို ထူထောင်ကာ ကော့ကရိတ်မြို့နယ် ထော့ကိုကိုး ကျေးရွာတွင် အခြေစိုက်သည်။
ပြီးခဲ့သည့် မတ်လ ၃ဝရက်နေ့မှ ဧပြီ ၄ရက်နေ့အထိ KNU/KNLA ဥက္ကဋ္ဌဟောင်း စောဘိုမြ၏သား ဗိုလ်ကြီး အဆင့်ရှိ စောနေစိုးမြ ဦးစီးသောအဖွဲ့ ထို့ကော်ကိုး ကျေးရွာသို့ လာရောက် ပူးပေါင်းခဲ့သည်။
ဗိုလ်ကြီး စောနေစိုးမြသည် ဗိုလ်ချုပ်ထိန်မောင် ဦးဆောင်သည့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီနှင့် မပူးပေါင်းမီ နေပြည်တော်ရှိ စစ်အစိုးရ ခေါင်းဆောင်များနှင့် ၂ ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့သည်။
ကရင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ဇော်မင်းက တရားဥပဒေ ဘောင်အတွင်း ဝင်ရောက်လာသော စောနေစိုးမြ ဦးစီးအင်အား ၇၁ ဦး၊ မှီခိုသူ မိသားစုဝင် ၈၈ ဦး စုစုပေါင်းအင်အား ၁၅၉ ဦးတို့အား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ နိုင်ငံတော်အစိုးရ အစီအစဉ်ဖြင့် နေအိမ်များ ဆောက်လုပ် နေရာချထားကြောင်း အစိုးရ၏ ဧပြီလ ၉ ရက်နေ့ထုတ် သတင်းစာတွင် ဖော်ပြခဲ့သည်။
“ရှင်းရှင်းပြောရရင် တပ်ကလဲ မဟုတ်ဘဲနဲ့ တပ်က မျက်နှာနဲ့ အဲဒီမှာ နီးစပ်ရာ နီးစပ်ကြောင်း ကေအန်ယူ အကြောင်းပြပြီး နေကြတဲ့ ပုဂ္ဂိုလ်တွေ ရှိကြတယ်။ ဒီလို အချိန်မှာ အရင်ထွက်သွားတဲ့ လူတွေကလည်း ကေအန်ယူအမည်ခံပြီး လာရင် တပ်စာရင်းထဲမှာ သွင်းမယ်။ ကျနော်က ဘယ်တပ်က မိသားစု ဘယ်လောက်နဲ့ လာပါသည်ဆိုပြီးတော့ အခွင့်ထူးတွေ ယူနေမယ်။ နအဖလဲ ဝါဒဖြန့်ချီရေးလုပ်နေတဲ့အချိန် သူတို့ကလည်း ငွေရတော့ အဲဒီ အကြံကြောင့်ဘဲလို့ ထင်တယ်”ဟု ပဒိုစောလှငွေက ပြောသည်။
“ကျနော်ကတော့ တော်လှန်ရေးမှာလဲ သမားမဟုတ်ဘဲ အယောင်ဆောင်နေတဲ့ တော်လှန်ရေးသမား ပေါင်းလုပ်စားနေသူတွေလည်း ရှိတယ်ဆိုတာကိုဘဲ ခွဲခြား သိမြင်ဖို့ လိုတယ်”ဟု ပြောသည်။
စောဘဦးကြီး၏မူ(၄)ရပ်
For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
ဗိုလ်ကြီးအဆင့်ရှိ စောစိန်မောင်ဌေး ဆိုသူသည် ကေအန်ယူ တပ်ရင်း ၂ဝ၁တွင် မရှိ
Saturday, May 16, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment