စောဘဦးကြီး၏မူ(၄)ရပ်

For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

Archives

မြန်မာ ဂျပန် လက်ဝှေ့ပွဲများ ရန်ကုန်တွင် ကျင်းပ ပြီးစီး

Tuesday, May 5, 2009

ကြေးမုံသတင်းစာ ဓာတ်ပုံသတင်း
မေ ၄၊ ၂၀၀၉

တွေ့မရှောင်၏ ကန်ချက်ကို ခံလိုက်ရသော ခရေဇီဟေးလ်။

ခရေဇီဟေးလ်သည် ဂျူဒို ခါးပတ်နက် အဆင့်ရထားသူတဦးဖြစ်သည်။ ကစ်ဘောက်ဆင်သမားတဦးလည်း ဖြစ်သည်။ သို့သော်လည်း မြန်မာ့လက်ဝှေ့ကျော် တွေ့မရှောင် ကို ပထမအချီတွင်ပင် ရှုံးသွားသည်။

ပွဲစဉ်များကို ပြီးခဲ့သည့် ၂ ရက် နှင့် ၃ ရက်နေ့များက ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

ကြယ်လင်းအောင် နှင့် ကူရီဒိုင်း တို့ပွဲတွင် ၄ ချီ ထိုးကြပြီး သရေကျသွားသည်။



စောငမန်း ၏ ကန်ချက်ကို ကာကွယ်နေသော ဂျပန် လက်ဝှေ့သမား ဂျင်ကာဝါ။

ပထမအချီ ၁ မိနစ် စက္ကန့် ၄၀ အချိန်တွင် ဂျင်ကာဝါ အလဲထိုးခံလိုက်ရသည်။ ထိုပွဲတွင် စောငမန်းသည် ရွှေခါးပတ် နှင့် ဆုကြေးငွေ စုစုပေါင်း ကျပ် ၇ သိန်း ရသွားသည်။ ဂျင်ကာဝါက ဆုဖလားတခု ရရှိသည်။



ဆုယူအပြီး ဓာတ်ပုံအရိုက်ခံနေသည့် စောငမန်း နှင့် ဂျင်ကာဝါ။



လုံးချော နှင့် ဆာမူကာဝါတို့ လေးချီ ထိုးကြသည့် ပွဲမှာ သရေပွဲ ဖြစ်သွားသည်။

လုံးချောသည် အလွတ်တန်း ရွှေခါးပတ် ချန်ပီယံဖြစ်သည်။ ဆာမူကာဝါသည် မြန်မာ့လက်ဝှေ့ကို လေ့လာ လေ့ကျင့်ထားသူဖြစ်သောကြောင့် ကျွမ်းကျင်စွာ ထိုးသတ်နိုင်သူဖြစ်ကြောင်း ကြေးမုံသတင်းစာတွင် ရေးထားသည်။



မြန်မာပြည်သား လက်ဝှေ့သမားများ ပါဝင်သော လေးချီ ငါးချီ စိန်ခေါ်ပွဲများလည်း ပြုလုပ်ခဲ့သည်။

0 comments: