Monday, 04 May 2009 19:08 သန်းထိုက်ဦး
စစ်အစိုးရနှင့် အပစ်ခတ် ရပ်စဲထားသော တရုတ် - မြန်မာနယ်စပ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို ၂၀၁၀ ရွေးကောက်ပွဲ အပြီးတွင် နယ်ခြားစောင့် တပ်ဖွဲ့များအဖြစ် အသွင်ပြောင်း ရေးအတွက် အသွင်ကူးပြောင်းရေး လုပ်ငန်းကော်မတီ( ၃ )ခု ဖွဲ့စည်းရန် စစ်အစိုးရမှ ကမ်းလှမ်းထားကြောင်း သိရသည်။
အဆိုပါ ဖွဲ့စည်းပုံတွင် အသွင်ကူးပြောင်းရေး မူဝါဒကော်မတီ၊ အသွင်ကူးပြောင်းရေး လုပ်ငန်းကော်မတီ၊ အသွင်ကူးပြောင်းရေး တိုင်းအဆင့် လုပ်ငန်းကော်မတီတို့ ဖြစ်သည်ဟု တရုတ်နယ်စပ် သတင်းရပ်ကွက်က ပြောသည်။
အသွင်ကူးပြောင်းရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး စစ်အစိုးရဘက်မှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဥက္ကဌ၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုဥက္ကဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး ( ကြည်း/ရေ/လေ ) အဖွဲ့ဝင်၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ အတွင်းရေးမှူး (၁) ၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဝင် အဖွဲ့ဝင်များ၊ တပ်မတော် စစ်ဖက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ် အတွင်းရေးမှူးနှင့် ညွှန်ကြားရေးမှူး ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူး ရုံးတွဲဖက် အတွင်းရေးမှူးများ ပါဝင်ဖွဲ့စည်းမည်ဟု ဆိုသည်။
ယင်းဖွဲ့စည်းပုံတွင် နယ်ခြားစောင့်တပ် တစ်တပ်တွင် အရာရှိ အဆင့် ၁၈ ဦးနှင့် တခြားအဆင့် ၃၀၈ ဦးပါဝင်ကာ အင်အား စုစုပေါင်း (၃၂၆) ဦးတို့ဖြစ်ပြီး အုပ်ချုပ်မှု၊ တပ်ရေး၊ တပ်ထောက် စသည့် အရေးကြီးသည့် နေရာများနှင့် ရုံးတာဝန်များတွင် နအဖ စစ်တပ်မှ အရာရှိ ၃၀ ခန့် ပါဝင်မည် ဖြစ်ကြောင်းလည်း သိရှိရသည်။
အဆိုပါ တပ်ဖွဲ့များအား တပ်နေရာချထားရေးနှင့် ပတ်သက်ပြီး နောက်ပိုင်းတွင် ညှိနှိုင်းရန်နှင့် နယ်ခြားစောင့် တပ်များအနေဖြင့် ကိုယ့်နယ်မြေ အတွင်း၌သာ တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။
ထိုအပြင် လွန်ခဲ့သည့်လ ၂၈ ရက်နေ့၌ နအဖ တာဝန်ရှိသူများက ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDA-K)၊ ကိုးကန့်တပ်ဖွဲ့၊ ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) (SSA-N)၊ ဝပြည် သွေးစည်း ညီညွတ် ရေးပါတီ (UWSP) အစရှိသည့် လက်နက်ကိုင် တပ်ဖွဲ့များအား ယင်းကိစ္စရပ်အတွက် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရသည်။
ယခုတွေ့ဆုံမှုမှာ လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့ပေါင်းစုံကို တစ်ရက်တည်းဖြင့် နအဖ တာဝန်ရှိသူများက လူများခွဲ၍ တွေ့ဆုံခဲ့ကြသည်။
၎င်း တွေ့ဆုံခဲ့သည့် နအဖ တာဝန်ရှိသူများမှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးဝင်း ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် ၊လောက်ကိုင် ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ် ဒကစ မှူး ဗိုလ်မှူးချုပ်ဝင်းမောင်၊ စစ်ဖက်ဆိုင်ရာလုံခြုံရေး အရာရှိချုပ် ဒု ဗိုလ်ချုပ် ကြီးရဲမြင့်တို့ပါဝင်ကြောင်း သိရသည်။
ဝ နှင့် ကိုးကန့် တပ်ဖွဲ့များ ငြိမ်းချမ်းရေး ယူပြီးနောက်တွင် လက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့ထက်မနည်း ငြိမ်းချမ်းရေး ယူခဲ့ကြသည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ် ရပ်စဲခဲ့သည့် လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များက ဆိုသည်။
စောဘဦးကြီး၏မူ(၄)ရပ်
For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
အပစ်ရပ်အဖွဲ့များ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမည်
Tuesday, May 5, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment