မကွေးတိုင်း၊ ရေစကြိုမြို့မှာအခြေစိုက်တဲ့ ခရလ (၂၅၆)တပ်ရင်းရဲ့စစ်လက်နက်တိုက်ဟာ မနေ့ကမေလ(၄)ရက်နေ့ညပိုင်းမှာ အဖောက်ခံခဲ့ရတယ်လို့ RFA ကစုံစမ်းသိရှိရပါတယ်။ အဲဒီလိုလက်နက်တိုက်အဖောက်ခံရလို့ စစ်သုံးလက်နက်ငယ်နှင့်ကျည်ဆံအပြင် အခြားပစ္စည်းတွေလည်း ပါသွားတယ်လို့သိရပါတယ်။
မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက်တပ်မ(၁၀၁)လက်အောက်ခံ ရေစကြိုမြို့ကခလရ(၂၅၆)တပ်ရင်းဝင်းအတွင်းက စစ်လက်နက်တိုက်အဖောက်ခံခဲ့ရတာ ဖြစ်ပါတယ်။ လက်နက်တိုက်အဖောက်ခံရတာမှန်ကန်ကြောင်းနဲ့ အဲဒီလိုအဖောက်ခံရလို့ စစ်လက်နက်ပစ္စည်းတွေပါသွားတာနဲ့ပတ်သတ်လို့ ခလရ(၂၅၆)တပ်ရင်းမှအရာရှိတစ်ဦးက RFA ကိုအဲ့လိုပြောပါတယ်။
စစ်တပ်အရာရှိ။ ။ "သိတာကညနေစောင်းလောက်မှသိတာ။ (၅)နာရီ(၆)နာရီလောက်မှသိတာ။ အဲ.. အမ်အေ(၃)လက်၊ ကျည်ဆံကျည်ကပ်ပါတယ်၊ ကျည်ဆံက (၁၂၆၀)၊ ကျည်ကပ်က(၁၁)ကပ်၊ တခြားပစ္စည်းတွေလည်းပါတယ်။ တပ်ကလူက အကုန်ရှိတယ်။"
လက်နက်တိုက်အဖောက်ခံတယ်လို့သိတဲ့အချိန်မှာ ခလရ(၂၅၆)တပ်တွင်းမှာကင်းတာဝန်ကျတဲ့ စစ်သားတွေအပါအဝင်အားလုံရှိနေကြောင်းနဲ့ အခင်းဖြစ်တဲ့နေရာကို တိုင်းအဆင့်အာဏာပိုင်တွေ အခုရောက်ရှိနေပေမဲ့လည်း လက်နက်တိုက်ကိုဖောက်တဲ့ လက်သည်တရားခံဘယ်သူဘယ်ဝါဆိုတာ အခုချိန်ထိဖော်ထုတ်နိုင်ခြင်း မရှိသေးတဲ့အခြေအနေကို စောစောကအရာရှိကပဲဆက်ပြောပါတယ်။
စစ်တပ်အရာရှိ။ ။ "အခုဟာကဘယ်သူမှန်းကိုပြောလို့မရဘူးဖြစ်နေတယ်။ အတိအကျကိုပြောလို့မရဘူးဖြစ်နေတာလေ။ အခုဟိုမှာကသတင်းရတဲ့အဆက်အသွယ်တွေလောက် လိုက်နေကြတာပဲ။ မရသေးဘူး။ အခုချိန်ထိလုပ်တုန်း၊ လိုက်တုန်းပဲ။ တိုင်းကလည်းရှိတယ်။"
ခုလိုစစ်တပ်အတွင်းမှာရှိတဲ့ လက်နက်တိုက်အဖောက်ခံရတယ်ဆိုတာ အတွင်းလူပါလို့ လို့ဒေသခံအရပ်သားတွေပြောဆိုနေကြောင်းနဲ့ ဒေသတွင်းပြည်သူတွေလုံခြုံရေးအတွက် စိုးရိမ်နေကြောင်းဒေသခံသံဃာတော်တပါးက အခုလိုမိန့်ပါတယ်။
သံဃာ။ ။ "ရေစကြိုတပ်ရင်း(၂၅၆)လက်နက်တိုက်အဖောက်ခံရတယ်။ တချိန်လုံးဟိုးဟိုးကျော်နေတယ်။ သူတို့ထဲကမပါပဲ မသိပဲနဲ့ ဒါမဖြစ်နိုင်ဘူး။ ဘယ်ကလဲသွားတာမဟုတ်ဘူး။ အဲဒီလိုတွေတောင်ပေါက်တယ်ဆိုတော့ သူတို့လုံခြုံရေးကိုပါစိုးရိမ်နေတယ်ပေါ့။"
မကွေးတိုင်း ပခုက္ကမြို့ က မုံ႟ွာ - ပခုက္ကူပြေးဆွဲနေတဲ့ အောင်ခဵမ်းသာဘုရားအနီးက ရာပြည့် ကားဂိတ်မှာ ၂၀၀၉ခုနှစ် ဖေဖော်ဝၝရီလ ၈ရက်နေႛက ဖောက်ခွဲရေးပစ္စည်းတွေနဲႛအတူ အသက် ၁၅နှစ်အ႟ွယ် ခဵင်းတိုင်းရင်းသား တဦးကို ပခုက္က္ဘြူမို့ ခံ အာဏာပိုင်အဖွဲ့ က ဖမ်းဆီးခဲ့ပၝတယ်။ အဲဒီတုန်းက ဖမ်းဆီးရမိတဲ့ ဖောက်ခွဲရေးပစ္စည်းတွေဟာ စစ်တပ်တွင်း အသုံးပြုတဲ့ ယမ်းနဲႛ စနက်တံတွေဖြစ်တယ်လို အတည်မပြုနိုင်တဲ့ သတင်းတွေထွက်ပေၞခဲ့ပၝတယ်။
စောဘဦးကြီး၏မူ(၄)ရပ်
For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
ခြေလျှင်တပ်ရင်းစစ်လက်နက်တိုက်အဖောက်ခံရ၊ လက်နက်ခဲယမ်းများပါသွား။
Wednesday, May 6, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment