NEJ / ၅ မေ ၂၀၀၉
တိုးတက်သောကရင်ဗုဒ္စဘာသာအဖွဲ့ (ဒီကေဘီအေ) ကို နယ်ခြားစောင့်တပ်အဖြစ် မြန်မာစစ်အစိုးရက ပြင်ဆင်ဖွဲ့စည်းပေးမည်ကို သဘောတူလက်ခံသော်လည်း တပ်ဖွဲ့ဝင်အင်အားလျှော့ချမည့် ကိစ္စနှင့်ပတ်သက်၍ ဒီကေဘီအေအတွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေသည်ဟု အဖွဲ့၏အဆင့်မြင့်အရာရှိတဦးက ပြောသည်။
၎င်းက “၂၀၁၀ ရွေးကောက်ပွဲပြီးရင် ဒီကေဘီအေကို နိုင်ငံတော်က နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမှာကို သဘောတူပေမယ့် တပ်ဖွဲ့ဝင်အင်အား လျှော့ချမယ့် ကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဒေသအသီးသီးက ခေါင်းဆောင်တွေနဲ့ ဗဟိုအဆင့်ခေါင်းဆောင်တွေ သဘောထားကွဲနေကြလို့ ဒီလဆန်းကနေ စပြီးတော့ ဌာနချုပ်မှာ အစည်းဝေးထိုင်နေရတယ်” ဟု ပြောသည်။
ဒေသတခုတွင် ရှိသည့် တပ်ရင်းတရင်းကို တပ်ဖွဲ့ဝင် (၃၀၀) သာ ကန့်သတ်ထားကာ တပ်ရင်းမှူးနဲ့ ဒု-ရင်းမှူးမှာ ဒီကေဘီအေက အရာရှိဖြစ်သော်လည်း ကျန်သည့် အထက်အဆင့်နှင့် အောက်ခြေအဆင့်များကို တပ်မတော်က အဆင့်ဆင့်ကွပ်ကဲအုပ်ချုပ်သွားမည် ဖြစ်သည့်အတွက် အစည်းအဝေးထိုင်ရခြင်းဖြစ်ကြောင်း ဒီကေဘီအေမှ အဆိုပါ အဆင့်မြင့်အရာရှိက ပြောသည်။
ဒီကေဘီအေအနေဖြင့် နိုင်ငံတော်နှင့်ငြိမ်းချမ်းရေးရယူထားသည့် အဖွဲ့အချို့ကဲ့သို့ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ရန် လုံးဝအစီအစဉ်မရှိကြောင်း၊ နအဖစစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီးရဲမြင့် ပြောကြားခဲ့သည့်အတိုင်း နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမည်ကို သဘောတူညီခဲ့သော်လည်း ယခုကဲ့သို့ တပ်အင်အားအဆပေါင်းများစွာ လျှော့ချမည့်ကိစ္စကို ဒီကေဘီအေ ခေါင်းဆောင်အချို့က သဘောမတူကြဟု သိရသည်။
ဒီကေဘီအေဖွဲ့စည်းပုံအရ မြိုင်ကြီးငူဗဟိုဌာနချုပ်အပါအ၀င် လက်အောက်ခံ (၃၃၃၊ ၅၅၅၊ ၉၉၉) စသည့်တပ်မဟာ (၃) ခုရှိပြီး လက်နက်ကိုင်အင်အား (၃,၀၀၀) ခန့်ရှိသည်ဟု ဒီကေဘီအေ မှတ်တမ်းအရ သိရှိရကာ နအဖသတ်မှတ်ထားသည့်အတိုင်း တပ်အင်အားလျှော့ချမည်ဆိုပါက တပ်ဖွဲ့ဝင်အင်အား (၉၀၀) ခန့်သာ ကျန်ရှိမည်ဖြစ်သည်ဟု သိရှိရသည်။
ဒီကေဘီအေအဖွဲ့သည် ၁၉၉၄ ခုနှစ်က ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှ ခွဲထွက်ခဲ့ပြီး မြန်မာစစ်အစိုးရ၏ ကျောထောက်နောက်ခံဖြင့် ဖွဲ့စည်းခဲ့သည်။ ထိုစဉ်က ခွဲထွက်မှုကို ဦးဆောင်ခဲ့သည့် ဒု-အရာခံ ဗိုလ် စောကျော်သန်းသည် လက်ရှိ ဒီကေဘီအေအဖွဲ့၏ စစ်ဦးစီးချုပ်ဖြစ်သည်။
စောဘဦးကြီး၏မူ(၄)ရပ်
For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
တပ်အင်အားလျှော့ချမည့်ကိစ္စ ဒီကေဘီအေအတွင်းသဘောထားကွဲ
Wednesday, May 6, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment