စောဘဦးကြီး၏မူ(၄)ရပ်

For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

Archives

ဘော်လုံးပွဲ၊လက်ဝှေ့ ပွဲများကိုလုံခြုံရေးတင်းကြပ်

Wednesday, May 6, 2009

NEJ / ၅ မေ ၂၀၀၉

ဘောလုံးပွဲနှင့် လက်ဝှေ့ပွဲများကို နအဖအာဏာပိုင်များ တက်ရောက်ကြည့်ရှုသောကြောင့် လုံခြုံရေး အထူးတင်းကျပ်စွာ ချထားကျင်းပခဲ့ကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ပြီးခဲ့သည့်စနေ၊ တနင်္ဂနွေတွင် ရန်ကုန်၌ ကျင်းပခဲ့သည့် ဘောလုံးပွဲနှင့် လက်ဝှေ့ပွဲကို နအဖစစ်အာဏာပိုင်များ ဖြစ်သည့် ရန်ကုန်တိုင်းတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းမြင့်၊ အားကစားဝန်ကြီး ဗိုလ်မှူးချုပ်သူရအေးမြင့်အပြင် ရန်ကုန်တိုင်း စစ်ဌာနချုပ်က စစ်အရာရှိ အများအပြား တက်ရောက်ခဲ့သောကြောင့် လုံခြုံရေးအစီအစဉ်များ ယခုကဲ့သို့ ချထားခြင်းဖြစ်ကြောင်း သိရသည်။

မေလ (၂) ရက်က ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်းကို သွားရောက်ခဲ့သူ တဦးက “အဲဒီနေ့က အောင်ဆန်းကွင်းမှာ ဦးတေဇ ပိုင်တဲ့ ရန်ကုန်ယူနိုက်တက် ကလပ်အသင်းကို ရန်ကုန်လူထုထံ အပ်နှံပွဲဆိုပြီး လုပ်တယ်။ ဇော်ဝင်းထွဋ် အပါအ၀င် နာမည်ကြီး အဆိုတော်တွေနဲ့ ဖျော်ဖြေမယ်။ လာကြည့်တဲ့ လူတွေကို ဦးထုပ်တွေ၊ တီရှပ်တွေ၊ အခြားလက်ဆောင်တွေ ပေးမယ်ဆိုပြီး ကြေညာထားတော့ လူတွေ သောင်းနဲ့ချီ လာကြည့်ကြတာ အထူးတန်း ပြည့်ကြပ်တဲ့အထိပဲ” ဟု ပြောသည်။

“ဒါပေမယ့် ဘယ်သူမှ ဘာလက်ဆောင်မှလည်း မရကြဘူး။ အဲဒီမှာ ရန်ကုန်ယူနိုက်တက် ကလပ်အသင်းက သူ့တသင်းထဲကို အစိမ်းအသင်းနဲ့ အဖြူအသင်းဆိုပြီး နှစ်သင်းခွဲ ခြေစမ်းကစားတယ်။ ပွဲကို တိုင်းမှူး လာတယ်ဆိုတော့ လုံခြုံရေးတွေ ကွင်းပတ်ပတ်လည် နေရာယူထားသလို သေနတ်နဲ့ ဒိုင်းတွေ ကိုင်ထားတဲ့ ရဲတွေကလည်း ကွင်းပတ်ပတ်လည်မှာ နေရာယူထားတယ်။ အောင်ဆန်းကွင်း အပြင်ဘက်မှာလည်း နေရာယူထားတယ်” ဟု ၎င်းက ဆက်လက်ပြောပြသည်။

အဆိုပါ အသင်းပိုင်ရှင်မှာ နာမည်ကြီးစီးပွားရေးသမား ဦးတေဇ ဖြစ်ပြီး အသင်းဥက္ကဋ္ဌမှာ ၎င်း၏သား ပြည့်ဖြိုးတေဇ ဖြစ်သည်။

အလားတူ စနေ၊ တနင်္ဂနွေနေ့ ရန်ကုန်သုဝဏ္ဏအားကစားကွင်း၌ ကျင်းပခဲ့သည့် ဂျပန်-မြန်မာ လက်ဝှေ့ပြိုင်ပွဲတွင်လည်း လုံခြုံရေးတိုးမြှင့်ချထားကြောင်း သွားရောက်ကြည့်ရှုသူများက ပြောသည်။

ယင်းပွဲတွင် အားကစားဝန်ကြီးနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများလာရောက်ကြည့်ရှုကြသဖြင့် လုံခြုံရေး အစီအစဉ်သစ်များ ပိုချထားသည်ဟု ပရိသတ်တဦးက ပြောသည်။

၎င်းက “သုဝဏ္ဏကွင်းပတ်ပတ်လည်မှာရော၊ မီးရထားလမ်းမှာပါ စစ်သားတွေ ချထားတယ်။ အားကစားပြိုင်ပွဲ အဆောက်အဦထဲမှာ အရင်က ရေသန့်ဘူး၊ ဖျော်ရည်ဘူး အပါအ၀င် အစားအသောက် ရောင်းတဲ့ ဆိုင်တွေ နေရာချထားပေးတာ၊ ခု အားလုံး အဆောက်အဦ အပြင်ဘက်မှာပဲ ပေးရောင်းတော့တယ်။ နောက် ပွဲလာကြည့်တဲ့ သူတိုင်း ဘယ်သူ့ကိုမှ ရေသန့်ဘူး အထဲကို ယူခွင့်မပြုဘူး။ အားလုံး ရေကို ကြွပ်ကြွပ်အိတ်ထဲထည့်၊ ပလတ်စတစ် ပိုက်နဲ့ စုပ်သောက်တာမျိုး လုပ်ခိုင်းတယ်။ အဲဒီလောက်အထိ တင်းကျပ်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့်လ ဒဂုန်ရွှေအောင်လံ လက်ဝှေ့ပွဲတွင် ရွှေဆိုင်းနှင့် ထိုးသတ်သည့်ပွဲ၌ ပရိတ်သတ်များက ကြိုးဝိုင်းကို ရေသန့်ဘူးများဖြင့် ပစ်ပေါက်ချိန် မီးမှောင်ချပြီး အားကစားဝန်ကြီးနှင့် စစ်အရာရှိများ ခုံအောက်တွင် ၀ပ်နေခဲ့ရ သည်အထိ ဖြစ်ခဲ့ဖူးသည်။



0 comments: