စောဘဦးကြီး၏မူ(၄)ရပ်

For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

Archives

မြန်မာ့နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ကမ္ဘာပြည်သူ ၆၀၀,၀၀၀ ကျော် လက်မှတ် ထိုးတောင်းဆို

Thursday, May 28, 2009

5/26/2009


တာကလူး မြန်မာ့ နိုင်ငံရေး အကျဉ်သားများလွတ်မြောက်ရေးအတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းအား လက်မှတ်ထိုး မေတ္တာရပ်ခံသည့် ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုတွင် နိုင်ငံပေါင်း ၁၅၀ မှ ပြည်သူ ၆၀၀,၀၀၀ ကျော် လက်မှတ်ထိုးပူးပေါင်းပါဝင် ခဲ့ကြကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားသူများ၏ ယနေ့ ထုတ်ပြန်ကြေငြာချက်အရ သိရသည်။

�မြန်မာ့နိုင်ငံရေး အကျဉ်သားများ ချက်ချင်းလွှတ်ပေး � ဟု ခေါင်းစဉ်ပေးထားသည့် အဆိုပါ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကို မတ်လ(၁၃)ရက် မြန်မာ့လူ့အခွင့်ရေး နေ့တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ရက်သေတ္တ(၁၀)ပတ်အတွင်း ကမ္ဘာ့ပြည်သူများက ယခုကဲ့သို့ ပူးပေါင်းပါဝင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

�ဒီလှုပ်ရှားမှုကတော့ မြန်မာ့အရေးအတွက် နိုင်ငံတကာမှာ အချိတ်အဆက်မိမိနဲ့ လုပ်နိုင်တဲ့ အကြီးမားဆုံး လှုပ်ရှားမှုပါဘဲ � ဟု နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးလှုရှားမှု ကော်မတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာအောင်နိုင်က ပြောသည်။

အဆိုပါလက်မှတ်ထိုးပြန်ကြားလွှာတွင် မြန်မာ့ဒီမိုကရေစီရေးအတွက် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးသည် မရှိမဖြစ်လိုအပ်သော ပထမအဆင့် ဖြစ်ပြီး၊ ကုလအတွင်းရေးမှူးချုပ်အနေဖြင့် ဦးစားပေး ဆောင်ရွက်ရန် တိုက်တွန်းထားကြောင်းသိရှိရသည်။

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးလှုပ်ရှားသူများက အဆိုပါလက်မှတ်ရေးထိုးတောင်းဆိုမှုကို တင်ပြမည့် အချိန်သည် ဘန်ကီမွန်း အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အင်းစိန်ထောင်တွင် ဖမ်းဆီးခံနေရမှုအပေါ် �အထူးစိုးရိမ်မကင်းဖြစ်ရကြောင်း � ထုတ်ဖေါ်ပြောဆိုခဲ့ပြီး မြန်နိုင်ငံသို့သွားရောက်ရန် နအဖစစ်အစိုးရနှင့် ညှိနှိုင်းနေသည့် အချိန်နှင့်တိုက်ဆိုင်နေသည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နအဖစစ်အစိုးရက သူမ၏နေအိမ်သို့ အမေရိကန်နိုင်ငံသား တစ်ဦး ရေးကူး ၀င်ရောက်ခဲ့မှုကြောင်း အင်းစိန်ထောင်တွင်း၌ တရားစီရင်နေသည်မှာ ရက်သတ္တပတ် တပတ်ပြည့်ပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် အကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၀၀ ကျော်ရှိပြီး၊ ၄င်းအထဲတွင် နအဖတရားခုံရုံးက လွန်ခဲ့သောနှစ်မှစတင်ပြီး ထောင်ဒဏ် ၁၀၄ နှစ်ထိ ကြီးလေးသောပြစ်ဒဏ်များချမှတ်ခဲ့သည့် နိုင်ငံရေးအကျဉ်သားပေါင်း ၃၅၀ ကျော်ရှိကြောင်း အေအေပီပီခေါ် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းကဆိုသည်။

အေအေပီပီ၏တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က �အခုဆိုရင် ကမ္ဘာက ဘန်ကီမွန်းကိုစောင့်ကြည့်နေပြီ။ သူ့အနေနဲ့ နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးအောင် ကြိုးပမ်းဆောင်ရွက်ရမယ်။ နိုင်ငံရေး အကျဉ်းသားတွေ မလွတ်မြောက်သရွေ့ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဘယ်လိုမှ ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး � ဟု ပြောသည်။

အဆိုပါနိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း နှင့် မြန်မာ့ဒီမိုကရေတစ်အင်အားစုတို့က ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး၊ လက်မှတ် ကောက်ခံစုဆောင်းမှု၌ Avaaz အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများနှင့် မြန်မာအဖွဲ့အစည်းများက ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

နိရဉ္စရာ မှကူးယူဖေါ်ပြသည်။

0 comments: