Thu 28 May 2009, ကွန်းဟဒေ့
ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ အချို့ကျေးရွာများတွင် ကလေးသူငယ်များ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားလျှက် ရှိသည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။
“ကျုံဖဲကျေးရွာမှာ တစ်အိမ်ဆိုရင် ကလေးသုံးလေးယောက်လောက် လဲနေတာ တွေ့ရတယ်။ ဒီနှစ် တုပ်ကွေးဖြစ်တဲ့သူ တော်တော်များတယ်” ဟု မျက်မြင်တွေ့ရှိခဲ့သူ ဒေသခံတစ်ဦးက ပြောသည်။
ကျုံဖဲကျေးရွာနည်းတူ ဇာသပြင်ကျေးရွာ၊ ခရားကျေးရွာ နှင့် ဘားအံမြို့နယ်အတွင်းရှိ အခြားကျေးရွာများတွင်လည်း တုပ်ကွေးရောဂါ ဖြစ်ပွားလျက် ရှိသည်ဟု ၄င်းက ဆက်ပြောသည်။
“ရွာတဝက်နီးပါးလောက်က တုပ်ကွေး ဖြစ်နေကြတယ်။ သေဆုံးသူတော့ မရှိဘူး၊ ဒါပေမယ့် ခရားကျေးရွာမှာ ကျမတို့ရွာထက် ဖြစ်တဲ့သူ ပိုများတယ်၊ အဲဒီရွာမှာက ကလေးတစ်ယောက်နှစ်ယောက် သေဆုံးသွားတယ်လို့ ကြားတယ်၊ တခြားရွာတွေမှာလည်း ဖြစ်နေကြတာ ကြားနေတယ် ” ဟု ကျုံဖဲကျေးရွာမှ ရွာခံတစ်ဦးက ပြောသည်။
“ဖြစ်တာကတော့ အများကြီးပဲ၊ လူကြီးလည်း ဖြစ်တယ်၊ ဒါပေမယ့် ကလေးလောက်တော့ မများဘူး၊ ကလေးတွေ အဓိကဖြစ်တာပေါ့၊ လွန်ခဲ့တဲ့ နှစ်ရက်ကျော်ကျော်ကလည်း သွေးလွန်တုပ်ကွေးရောဂါနဲ့ ကလေးသေဆုံးသွားတာ ရှိတယ်” ဟု ခရာကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။
ဇာသပြင်ကျေးရွာတွင်လည်း ကလေးသူငယ်များ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ရှိသည်ဟု ဇာသပြင်ရွာသားတစ်ဦး၏ ပြောပြချက်အရ သိရသည်။
တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ ဘားအံဆေးရုံကို ဆက်သွက်မေးမြန်းရာတွင် ဖုန်းမှားသည်ဟု ဆိုပြီး ငြင်းဆိုခဲ့သည်။
ပဲခူးတိုင်း မြို့နယ်အချို့တွင်လည်း တုပ်ကွေးရောဂါ၊ ဝမ်းရောဂါ ဖြစ်ပွားနေသည့် ကလေးများရှိပြီး၊ အများစုမှာ သွေးလွန်တုပ်ကွေးရောဂါပင် အဖြစ်များကြသည်။ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူလည်း ရှိသည်ဟု ဒီဗီဘီ သတင်းတွင် ဖော်ပြထားပါသည်။
သို့ရာတွင် မွန်ပြည်နယ်၌ တုပ်ကွေးရောဂါ ဖြစ်ပွားသူ မရှိသေးဟု သိရသည်။
လွတ်လပ်သောမွန်သတင်းအေဂျင်စီမှကူးယူဖေါ်ပြသည်။
စောဘဦးကြီး၏မူ(၄)ရပ်
For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
ကရင်ပြည်နယ်တွင် ကလေးသူငယ်များ တုပ်ကွေးရောဂါ ဖြစ်ပွား
Thursday, May 28, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment