သောကြာနေ့၊ 22 မေလ 2009 သျှမ်းသံတော်ဆင့်
E-mail Print
မေ ၂၁ ရက် သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့၌ နအဖတပ် နှင့် ပုလိပ်လမ်းကင်းတဲ တခုအား သျှမ်းပြည်တပ်မတော် တပ်ဖွဲ့တဖွဲ့က စီးနင်းတိုက်ခိုက်ရာ နအဖစစ်တပ်ဘက်မှ ၅ ယောက်ဆုံးပြီး လက်နက်များလည်း ဆုံးရှုံးကြောင်း သျှမ်းပြည် အလယ်ပိုင်း သတင်းရပ်ကွက်ကဆိုသည်။
[သျှမ်းပြည်တပ်မတော်သား]
“မနေ့က မနက် ၀၄း၃၀ လောက်မှာ သျှမ်းတပ်တွေ ကားလမ်းမြောက်ခြမ်းမှာတဖွဲ့ အနောက်ဖက် ခြမ်းမှာ တဖွဲ့ လဲချား - ပင်လုံ အကြား မိုင်တိုင်အမှတ် ၂၁ မှာ စခန်းချတဲ့ လမ်းကင်းတဲ တခုကို ၀င်တိုက်တယ်။ ဗမာဘက်က ၄-၅ယောက်သေ တယ်လို့ပြောတာဘဲ” - ဟု ပင်လုံမှ ကုန်သည်တဦးကပြောသည်။
သျှမ်းပြည်တပ်မတော်သား
လိုင်းခ ခေါ် လဲချား အခြေစိုက် ခလရ ၆၄ ဒုအရာခံဗိုလ် နှင့် တပ်ဖွဲ့ဝင် ၅ ယောက်၊ ပုလိပ် ၅ ယောက်တို့ လမ်းကင်း စခန်းစောင့်ကြကြောင်း၊ လျှပ်တပြက်တိုက်ခိုက်မှုကြောင့် ဒုအရာခံဗိုလ်တင်အုန်း နှင့် တပ်သား တယောက်၊ ဒုရဲအုပ် အေးမင်းထွန်း နှင့် ရဲသား ၂ ယောက် စုစုပေါင်း ၅ ယောက် သေဆုံးပြီး သေနတ် ၃ လက်ဆုံးရှုံးကြောင်း ဒေသခံများ ပြောဆို၏။
၎င်း ကိစ္စ နှင့်ပတ်သက်၍ သျှမ်းပြည်တပ်မတော်မှတာဝန်ရှိများထံ ကြိုးစားဆက်သွယ်သော်လည်း ဖုန်းလိုင်း အခက် အခဲကြောင့် မေးမြန်းခွင့်မရရှိခဲ့ပါ။
“စစ်သား ၂ ယောက် နဲ့ ပုလိပ် ၃ ယောက်သေတယ်လို့ပြောတယ်။ သျှမ်းသူပုန်တွေ သေနတ် ၃ လက်သိမ်းယူသွား တယ်တဲ့ ” - ဟု ပင်လုံ ဒေသခံတဦးက ဆိုသည်။
၂၀၀၉ မေ ၂၁ ရက်သည် သျှမ်းပြည်အမျိုးသားများ တော်လှန်ရေးနေ့ ၅၁ နှစ်ပြည့်သည့် အချိန်ဖြစ်သောကြောင့် တောင်တန်း - မြေပြန့် တန်းတူရေးအတွက် စတင်တိုက်ပွဲဝင်သည့်နေ့ကို သျှမ်းပြည်တပ်မတော် သားများထာဝရ အောင့်မေ့လျက်ရှိကြောင်း ပြသလိုက်သည်ဟု သျှမ်းပြည်မျိုးချစ်တဦးကဆိုသည်။
စောဘဦးကြီး၏မူ(၄)ရပ်
For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
နအဖ တပ်စခန်းအား သျှမ်းပြည်တပ်မတော် ၀င်ရောက်တိုက်ခိုက်
Friday, May 22, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment