စောဘဦးကြီး၏မူ(၄)ရပ်

For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

Archives

မြိုင်ကြီးငူ ဆရာတော် အရှင်သုဇနနှင့် တပ်ဖွဲ့ဝင်အပေါင်းသို့ အသိပေးနှိုးဆော်စာ

Monday, June 15, 2009

ဆရာတော်နှင့် ဒါယကာ(ဒီကေဘီအေ)တပ်ဖွဲ့ဝင်အပေါင်းတို့-

၁။ ဆရာတော်အမှူးရှိသည့် ဗုဒ္ဓဘာသာ ကရင်တပ်မတော်တပ်ဖွဲ့ဝင်များသည် ကေအန်ယူ ဘားအံခရိုင်၊ အမှတ်(၇)၊ တပ်မဟာဌာနချုပ်အား ခရဇ်သက္ဏရာဇ် ၂၀ဝ၉ ခု၊ ဇွန်လပထမပတ်အတွင်းမှစ၍ ယနေ့ ချိန်အခါထိတိုင် အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်စစ်ပြုနေသည်မှာ ကရင်ပြည်နယ် တစ်ဝှမ်းလုံးနှင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ လူသားထုများမှ BBC VOA RFA နှင့် DVBသတင်း ဌာနများ၏သတင်း ထုတ်လွှင့်ချက်အရ သိရှိကြားသိနေရပြီးဖြစ်ပါသည်။

၂။ ကရင်အမျိုးသားထုအဝန်းအဝိုင်း၌ လူမှုရေးလုပ်ငန်းများ ဖေါ်ဆောင်ကြိုးပမ်း အားထုတ်လုပ်ကိုင် နေသည့် အဖွဲ့အစည်းအများအပြားနှင့် ယုံကြည်ချက်၊ ခံယူချက်အရ ကရင့်ဘဝလွတ်မြောက်ရေး အတွက် လက်နက်ကိုင်စွဲ အားထုတ်တောင်းဆိုသည့် ကရင့်အဖွဲ့ အစည်းအချို့လည်း တည်ရှိ လှုပ်ရှားလုပ်ဆောင်နေသည်ကို ဆရာတော်နှင့် ဒါယကာ အပေါင်းတို့မှ မျက်မြင်ကိုယ်တွေ့ သိရှိ သည်မှာ ငြင်းပယ်၍်မရနိုင်ပါ။

၃။ ဒီကေဘီအေသည် ဆရာတော်၏တိုက်ရိုက်ဦးဆောင်မှု၊ ကွပ်ကဲမှုဖြင့် (နအဖ)၏ ပံ့ပိုးမှုများနှင့် အတူ ဆရာတော်၏ ဩဇာအာဏာအောက်တွင် ရပ်တည်လှုပ်ရှား နေသည့်အဖွဲ့အစည်းတစ်ခုဖြစ် သည်ကိုလည်း ကရင်တစ်မျိုးသားလုံးနှင့်မြန်မာပြည်သူ တစ်ရပ်လုံးမှ သိရှိယုံကြည်ပြီးလည်း ဖြစ် သည်။
ယခုကဲ့သို့ ဒီကေဘီအေတပ်ဖွဲ့များမှ တပ်မဟာ(၇)၊ဌာနချုပ်အပေါ် ထိုးစစ် ဆင်တိုက်ခိုက်နေ ခြင်းကိုလည်း ဆရာတော်မှ ဟန့်တားရုပ်သိမ်းစေမည်ဆိုပါက တိုက်ပွဲရပ်တန့် ပြီးဆုံးသွားမည် သာဖြစ်သည်။ ကရင်အမျိုးသားအချင်းချင်းတိုက်ခိုက် သတ်ဖြတ်နေသည်မှာလည်း အခြားသော အမျိုးသားထု အဝန်းအဝိုင်းအလယ်၌် လွန်စွာရှက်ဖွယ်ကောင်းလှပြီး အမျိုးသားစည်းလုံးညီညွတ်မှု ကိုလည်း ကြီးမားစွာ အဟန့်အတားဖြစ်စေပါသည်။ ကရင်အမျိုးသားများဖြစ်ကြသည့် ညီတော် ဆရာတော် အရှင်နှင့်အကျွန်ုပ်တို့သည် အမျိုးကိုကာကွယ်စောင့်ရှောက်ရန် တာဝန်တစ်ရပ်လည်း ရှိသည်ဟု ဆင်ခြင်မိသည်။

၎။ လက်ရှိအခြေအနေနှင့် အနေအထားများအပေါ် စီစစ်သုံးသပ်တွေ့ရှိရသည်မှာ တိုက်ခိုက်လာသူ ဒီကေဘီအေ တပ်ဖွဲ့ဝင်များနှင့် တိုက်ခိုက်ခြင်းခံရနေသူ စစ်ဘက်၊ နယ်ဘက်၊ အရပ်သား လူပုဂ္ဂိုလ်အားလုံးသည် ကရင်အမျိုးသားများသာဖြစ်ပြီး နစ်နာဆုံးရှုံးထိခိုက် သေကြေပျက်စီးကြ သူများမှာလည်း ကရင်အမျိုးသားချည်း သက်သက်သာဖြစ်နေပါသည်။ လောကပါလတရားကင်း မဲ့လာသည်ဟုလည်း နှလုံးသွင်းမိသည်။
ဗုဒ္ဇတရားတော်အရ လူသားဘဝရရှိဖြစ်တည်ရန် လွန်စွာခက်ခဲနက်နဲပြီး လူသားတန်ဖိုးကြီးမား သလို ရရှိဖြစ်တည်လာသည့် လူသားဘဝတစ်သက်တာတွင်လည်း တန်ဖိုးရှိရှိ နေထိုင်ကျင့်ကြံ အားထုတ်သွားလျှက် လောကတ္ထစရိယ၊ ဥာတတ္ထစရိယ၊ ဗုဒ္ဇတ္ထစရိယတရားတော်မြတ်နှင့်အညီ သတ္တဝါများနှင့်အဆွေအမျိုးတော်များ သုခချမ်းသာကောင်းကျိုးအတွက် အားထုတ်ကြိုးပမ်းကျင့် ကြံကြပါလျှင် လူသာဓုခေါ်၊ နတ်သာဓုခေါ် ကြမည်ဟုလည်း ယုံကြည်ပါသည်။

၅။ သို့ဖြစ်ခြင်းအတွက် ညီတော်အနေဖြင့် ယခုလက်ရှိထိုးစစ်ဆင်တိုက်ခိုက်နေသည့် ညီတော်၏ လက်နက်ကိုင်(ဒီကေဘီအေ)တပ်ဖွဲ့အားလုံးအား မူရင်းတပ်စွဲရာ နေရာဒေသ အသီးသီးသို့ပြန် လည်ရုပ်သိမ်း တပ်စွဲစေပါရန် မေတ္တာအရင်းခံဖြင့် အသိပေးနှိုးဆော်သည်။

နောင်တော်



သတင်း-နော်ဖော့ဂေ

0 comments: