စောဘဦးကြီး၏မူ(၄)ရပ်

For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

Archives

အီးယူဥက္ကဌ၏ကြေညာချက်ကို မြန်မာစစ်အစိုးရတုန့်ပြန်ချေပ

Monday, June 15, 2009

Kaowao ဇွန် ၁၄၊ ၂၀၀၉။

စံခလပူရီ(ဇွန်-၁၄)။ ။ ယခုလဆန်းပိုင်းက ထိုင်းမြန်မာနယ်စပ်၌ KNU တပ်ဖွဲ့အပေါ် စစ်အစိုးရတပ်နှင့် ဒီကေဘီအေ ကရင်လက်နက်ကိုင်တပ်ဖွဲ့တို့ ထိုးစစ်ဆင်တိုက်ပွဲများ ဖြစ်ပေါ်နေမှုကြောင့် ဒေသခံကရင်အရပ်သား ထောင်နှင့်ချီ၍ ထိုင်းနိုင်နိုင်ငံသို့ ဝင်ရောက်ခိုလှုံလျက်ရှိကြရာ ဥရောပသမဂ္ဂ EU ဥက္ကဌက လွန်ခဲ့သည့် ဇွန်လ ၁၁ ရက်နေ့ဖြင့် ယခုဒုက္ခသည်များအရေးကို အလွန်စိုးရိမ်နေမိကြောင်း ဖေါ်ပြခဲ့၍ မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဇွန်လ ၁၃ ရက်နေ့စွဲဖြင့် ပြန်လည်တုန့်ပြန်ချေပခဲ့သည်ကို ယနေ့ထုတ်စစ်အစိုးရ သတင်းစာတွင် အပြည့်အစုံ ဖေါ်ပြထားသည်ကို ဖတ်ရှုရသည်။

ထိုင်းနိုင်ငံသို့ ယခုရောက်ရှိလာသောဒုက္ခသည်များ KWO အဖွဲ့မှလှူဒါန်းနေပုံ (ဓာတ်ပုံ-KIC)
ထိုထုတ်ပြန်ချက်၌ “ပြည်ထောင်စုမြန်မာနိုင်ငံတွင် ၁၉၄၈ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ပြည်တွင်းသောင်းကျန်းမှုသမိုင်းကို နှစ်ပေါင်း ၄၀ ကျော်တွေ့ကြုံရင်ဆိုင်ခဲ့ရခြင်းမှာလည်း အတိတ်သမိုင်းက ကိုလိုနီတို့၏ သွေးခွဲအုပ်ချုပ်မှုစနစ်ဆိုး၏ အမွေဆိုးများဖြစ်ပါသည်” နိဒါန်းချီကာ ဖေါ်ပြခဲ့သည်။
အဆိုပါ စစ်အစိုးရညွှန်းဆိုသော နှစ်ပေါင်း ၄၀ မှာ ၁၉၄၈ မှ ၁၉၈၈ ခုနှစ်ကိုရည်ညွှန်းခြင်းဖြစ်၍ နဝတ၊ နအဖ ခေတ်များတွင် ပြည်တွင်းသောင်းကျန်မှုများ မရှိသည့်ကာလဟု ယူဆထားဟန်တူသည်။

ထို့နောက် “မြန်မာနိုင်ငံအရှေ့ပိုင်း နယ်စပ်တွင်ဖြစ်ပွားနေသော KNU,KNLA တပ်ဖွဲ့နှင့် DKBA တိုက်ပွဲအချင်းချင်း တိုက်ခိုက်မှုဖြစ်ပြီး မြန်မာ့တပ်မတော် တပ်ဖွဲ့ဝင်များ မည်သို့သော အခန်းကဏ္ဍမှ ပါဝင်ပတ်သက်ခဲ့ခြင်းမရှိပါ၊ မြန်မာအစိုးရတပ်ဖွဲ့ဝင်များက ကရင်တိုင်းရင်းသားလူမျိုးစုအား ထိုးစစ်ဆင်နေကြောင်း အီးယူဥရောပ သမဂ္ဂ၏ စွပ်စွဲချက်ဖော်ပြခြင်းကို မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန် ပြတ်သားစွာ ပယ်ချကြောင်း” ယခုကဲ့သို့ ဗြောင်ကျကျ ငြင်းဆိုရေးသားဖော်ပြခဲ့သည်။

RPG-of-SPDC-arrive-in-Thailand (ပုံ-KIC)
ယခုလဆန်းပိုင်းက မြန်မာစစ်အစိုးရတပ်ဖွဲ့ဝင်များနှင့် ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့တို့ KNU,KNLA တို့အား ထိုးစစ်ဆင်နေသည့် သတင်းများကို မြန်မာအစိုးရဘက်မှ သတင်းရေးသားဖော်ပြခဲ့ခြင်း မရှိသော်လည်း BBC, VOA, RFA, DVB ရေဒီယိုနှင့် မြန်မာအင်တာနက် သတင်းများတွင် သက်သေဓါတ်ပုံများနှင့်တကွ ဖေါ်ပြပါရှိခဲ့ကြသည်။

ထွက်ပြေးလာကြသည့် ဒုက္ခသည်အရေအတွက်များမှာ ၆၀၀၀ ကျော်ခန့် ရှိရာ UNHCR နှင့် ကရင်ဒုက္ခသည်ကယ်ဆယ်ရေး အသင်းအဖွဲ့များက အကူအညီပေးလျှက်ရှိသည်။
ထွက်ပြေးလာသူများထဲတွင် ဒီကေဘီအေနှင့် မြန်မာတပ်ဖွဲ့တို့မှ ထွက်ပြေးလွတ်မြောက်လာသော ပေါ်တာအထမ်းသမားများ၊ ဒီကေဘီအေ တပ်ပြေးအချို့လည်း ပါရှိခဲ့၏။

လက်နက်ကြီးကျည်ဆံများ ထိုင်နယ်မြေတွင်းကျရောက်ခဲ့သဖြင့် ထိုင်းတို့က မြန်မာစစ်အစိုးရထံ ကန့်ကွက်လွှာများ ပေးပို့ခဲ့သည်။

ကရင်တိုင်းရင်းသားအပေါ် ယခုထိုးစစ်ဆင်လာမှုကြောင့် အရပ်သားအများအပြား မိမိဒေသတို့ ထွက်ပြေးနေရသည့် ဖြစ်ရပ်အပေါ် အခြားနိုင်ငံများနှင့် NGO အဖွဲ့များကန့်ကွက်လာကြသည်။ ထိုးစစ်များသည်လည်း အရှိန်လျှော့ကျသွားပြီဟု သိရသည်။

0 comments: