Saturday, 06 June 2009 18:22 သန်းထိုက်ဦး
ဧရာဝတီ
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ထိန်းချုပ်ထားသည့် တပ်စခန်းများကို မြန်မာ စစ်အစိုးရ တပ်နှင့်တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) ပူးပေါင်းတပ်များက ယခုလဆန်း မှစတင်၍ တိုက်ပွဲများဆက်လက် ဆင်နွှဲနေရာ ယနေ့တွင် လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်တိုက်ခိုက်ကြောင်း သိရ သည်။
အဆိုပါ နှစ်ဘက် တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ဒေသခံ ကရင်တိုင်းရင်းသားများမှာ စိုးရွံ့ထိတ်လန့်၍ ထိုင်းနိုင်ငံ ဘက်သို့ ထွက်ပြေးတိမ်းရှောင်ကြရာ ယနေ့အထိ လူဦးရေ ၂၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း ကရင်လူငယ်အစည်း အရုံး (KYO) ဥက္ကဌ စောလှထွန်းက ပြောသည်။
[ပုံစာ။ ။ ကရင်ပြည်နယ်တနေရာမှ လက်နက်ကိုယ်စီဖြင့် တွေ့ရသော KNU တပ်သားတချို့ (ဓာတ်ပုံ - Getty Images)]
ယင်း ကရင်ဒုက္ခသည်အများစုမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့ နယ်အတွင်းရှိ ကျေးရွာများမှဖြစ်ပြီး ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အတွင်းရှိ မဲ့သဝေါနှင့် မဲ့သလေမြို့နယ်များသို့ ထွက်ပြေးရောက်ရှိ လာကြောင်းလည်း သိရှိရသည်။
“အခုလို တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အတွက် ဒုက္ခသည်တွေ ဆက်ထွက်လာနိုင်သေးတယ်”ဟု စောလှထွန်းက ဧရာဝတီသို့ ပြောသည်။
၎င်း ကရင်ဒုက္ခသည်များ၏ စားသောက် နေထိုင်ရေးအခက်အခဲများအတွက် ကရင်ဒုက္ခသည်များ ကော်မတီ (KRC) မှ တဆင့် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိဖြစ်ပွားနေသည့် KNLA တပ်မဟာ(၇) ထိန်းချုပ်ထားသည့် တပ်စခန်းများကို မြန်မာ စစ်အစိုးရတပ်နှင့် DKBA ပူးပေါင်း တပ်များ၏ တိုက်ပွဲအခြေအနေများနှင့်ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ဒု ဥက္ကဌ စောဒေးဗစ် တာကပေါက KNU ကို အပြီးသတ် ထိုးစစ်ဆင်နေခြင်း ဟုတ်မဟုတ် စောင့်ကြည့်ရမည်ဖြစ် သည်ဟု ပြောဆိုသည်။
စောဒေးဗစ်တာကပေါက“ အခုလက်နက်ကြီးတော်တော်သုံးတယ် လို့ကြားတယ်၊ မသေချာသေးဘူး၊ ဆိုတော့ ဒီဟာက တိုက်ပွဲသေးလား တိုက်ပွဲကြီးလား ထိုးစစ်ကလေးလာ ထိုးစစ်ကြီးလားတော့ မသိသေးဘူး၊ စောင့်ကြည့် နေတုန်းပဲ၊ စဖြစ်တာကတော့ DKBA က ရွာတွေမှာ စစ်သားလိုက်စုတယ်၊ စစ်သားလိုက်စုတဲ့အခါ ရွာသားတွေက ထွက်ပြေးလာတယ်၊ ထွက်ပြေးလာတဲ့အခါ KNU တပ်တွေကစောင့်ရှောက်တော့ တိုက်ပွဲဖြစ်တယ်”ဟု ပြော သည်။
၎င်း DKBA တပ်ဖွဲ့သည် ပြီးခဲ့သည့် မေလ အတွင်းမှ စတင်၍ နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးအတွက် မွန်ပြည် နယ် သထုံနှင့် ကရင်ပြည်နယ် ဘားအံ ခရိုင် အတွင်းရှိ ဒေသခံများကို တပ်သားသစ်များအဖြစ် အဓမ္မ စုဆောင်း မှုများ ပြုလုပ်ကြောင်း ရွှေ့ပြောင်း ကရင်ဒုက္ခသည်များ ကူညီ စောင့်ရှောက်ရေးကော်မတီ (CIDKP) ၏ ပြောဆို ချက်အရသိရသည်။
မြန်မာစစ်အစိုးရ တပ်မ (၂၂) လက်အောက်ခံတပ်တချို့နှင့်DKBA (၉၉၉) တပ်ဖွဲ့ဝင်များသည် တပ်မဟာ(၇) ဌာန ချုပ်အနီးတွင် ဇွန်လဆန်းမှစတင်၍ တိုက်ပွဲများဖြစ်ပွားခဲ့ရာ ယနေ့အထိဆက်လက် ဖြစ်ပွားနေသည်။
ယင်း နှစ်ဘက် တိုက်ပွဲများကြောင့် အကျအဆုံး မည်မျှရှိသည်ကိုမူ မသိရှိရသေးပေ။
စောဘဦးကြီး၏မူ(၄)ရပ်
For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
စစ်အစိုးရ၊ DKBA နှင့် KNU တိုက်ပွဲများ ဆက်လက်ဖြစ်ပွား
Saturday, June 6, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment