စောဘဦးကြီး၏မူ(၄)ရပ်

For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

Archives

စစ်အစိုးရ၏ ထိုးစစ်ကြောင့် စစ်ဘေးဒုက္ခသည် ၄၀၀၀ ခန့် ထွက်ပြေးလာဟု KNU က ပြော

Saturday, June 6, 2009

ကိုဝိုင်း
စနေနေ့၊ ဇွန်လ 06 2009 20:52 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရတပ်များက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) အပေါ် လတ်တလော ထိုးစစ်ဆင်နေမှုကြောင့် စစ်ဘေးဒုက္ခသည် ၄၀၀၀ ခန့် ထိုင်း-မြန်မာနယ်စပ်သို့ ပိုမို ရောက်ရှိလာနေသည်ဟု ကရင်အမျိးသား အစည်းအရုံးက ပြောဆိုလိုက်သည်။

“လူဦးရေကတော့ ၄၀၀၀ ဝန်းကျင်လောက်တော့ ရှိမယ်ပြောတယ်။ လေးနေရာလောက်မှာ ပျံ့နှံ့ပြီးနေကြတယ် ပြောတယ်။ အဲဒီဂွင် အားလုံးက ထွက်ပြေးလာတဲ့ လူဦးရေပဲလေ။ လယ့်ဘော်ဟဲက လူတွေကတော့ ထိုင်းဘက်ကမ်းကို ထွက်ကုန်ပြီ။ နီးစပ်ရာ ဆွေမျိုးတွေ၊ ဘုန်းကြီးကျောင်းတွေ၊ တချို့ နေလို့ထိုင်လို့ရမယ့်နေရာမျိုးမှာ ဒေသခံလူထုနဲ့၊ TBBC တို့၊ ထိုင်းက ဆေးအဖွဲ့တို့၊ တခြားလူမှုရေးအသင်းအဖွဲ့တွေ က အဲဒီမှာ သွားပြီး နေရာချထားပေး၊ ကူညီပေးနေတယ်ပြောတာပဲ” ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) အတွင်းရေးမှူး (၁) ဗိုလ်မှူးစောလှငွေက မဇ္ဈိမသို့ ပြောသည်။

KNLA ၏ တပ်မဟာ (၇) - ဘားအံခရိုင် ပိုင်ကျုံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်အတွင်းမှ ဒေသခံများသာမက ‘လယ့်ဘော်ဟဲ’ ပြည်တွင်း ဒုက္ခသည် စခန်းမှလည်း ထွက်လာကြသူများ ဖြစ်ပြီး လူဦးရေ (၄၀၀၀) ခန့်ရှိကြောင်း KNLA ၏ နိုင်ငံရေးဦးဆောင် အဖွဲ့ဖြစ်သော ကရင်အမျိုးသားအစည်းအရုံး KNU က ပြောသည်။

စစ်ပြေးဒုက္ခသည်များ ရောက်ရှိနေသည့် နေရာသည် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်း မြို့နယ် အတွင်း၌ ဖြစ်ကြောင်း သိရသည်။

ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က တာဝန်ရှိသူ တဦးကလည်း ၎င်းတို့အဖွဲ့မှ ကွင်းဆင်း လေ့လာသူများနှင့် ဆက်သွယ်၍ မရသေးသဖြင့် နောက်ဆုံးသတင်းကို အတိအကျ မသိရသေးသော်လည်း ‘လယ့်ဘော်ဟဲ’ ပြည်တွင်း ဒုက္ခသည် စခန်းနေသူ လူဦးရေ ၁၂၀၀ ကျော် ရှိနေသည်ဟု ဆိုသည်။

KHRG ကပင် တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် (၇၀၀) ကျော် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေး ရောက်ရှိလာကြောင်း ယမန်နေ့က ထုတ်ပြန်ခဲ့သေးသည်။

KNLA တပ်မဟာ (၇) ၏ ဘားအံခရိုင် ဒေသကို စစ်အစိုးရ တပ်များနှင့်အတူ အပစ်ရပ်ဆဲထားသော DKBA ၏ တပ်မဟာ ၉၉၉၊ ၃၃၃ နှင့် ၅၅၅ တို့၏ ပူးတွဲစစ်ကြောင်းနှင့် KNLA တပ်များအကြား တိုက်ပွဲငယ်များ ဖြစ်ပွားနေခဲ့သည်။

0 comments: