Melbourneမှ၂၇၄၈ခုကရင့်နှစ်သစ်ကူးနေ့ ဝါးညှပ်အက
စောဘဦးကြီး၏မူ(၄)ရပ်
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
Melbourneမှ၂၇၄၈ခုကရင့်နှစ်သစ်ကူးနေ့ ဝါးညှပ်အက
Monday, December 29, 2008Posted by (လင်္ကာဒီပ) at 2:24 AM 0 comments
Labels: video
2748ခုနှစ်မြောက်ကရင့်နှစ်သစ်ကူးကဗျာ
Nov 19, '08 1:47 PM
for everyone
ကရင် နှစ်သစ်ကူးနေ
က….. ကရင်ဌာနေ၊ တို့ရပ်မြေလျှင်-
စိုပြေသာမော၊ လယ်ယာတောနှင့်-
တောင်ကြောသေလာ၊ သယံဇာတ ပေါကြွယ်ဝတည့်။
ရင်….. ရင်မှာကြည်နူး၊ နှစ်သစ်ကူးပွဲ-
ဆင်ယင်နွဲကြ၊ ဒုံးအကနှင့်-
ဆိုကြတေးသံ၊ ဘ၀ဂ်ညံသည်-
မြန်ပြည်အနှံ့၊ စည်ကားပြန့်တည့်။
နှစ်….. နှစ်သစ်ကူးမှာ၊ ချစ်ကြည်စွာနှင့်-
ညီညာလက်တွဲ၊ သွေးမခွဲခြား-
တိုင်းရင်းသားချင်း၊ ညီနောင်ရင်းချာ-
ရိုင်းပင်းကာပင်၊ နွဲပျော်ရွှင်တည့်။
သစ်…..သစ်လွင်တောက်ပ၊ ခိုင်စိတ်ဓာတ်ဖြင့်-
ချစ်ကြမျိုးဆွေ၊ မြတ်စာပေနှင့်-
ရိုးမွှေထုံးတမ်း၊ လက်ဆင့်ကမ်းကြ-
ထိန်းသိမ်းတတ်စေ၊ ညီညွတ်လေလော့။
ကူး…..ကူးပြောင်းနှစ်သစ်၊ နှစ်ဟောင်းညစ်ကြေး-
စင်အောင်ဆေး၍၊ အတွေးသစ်လွင်-
ဥာဏ်မြော်မြင်ဖြင့်၊ တွယ်ခင်ရိုးရာ-
မျိုးဘာသာကို၊ စဉ်လာမပျက်၊ ထိန်းသိမ်းလျက်တည့်။
နေ့…..နေ့ဟောင်းမှသည်၊ နေ့သစ်ဆီသို့-
ဦးတည်မျှော်မှန်း၊ အောင်စခန်းဆီ-
တက်လှမ်းညီညာ၊ လန်းဆန်းဖြာဝေ-
ဆုမွန်ချွေကြ၊ နှစ်သစ်မြတ်ကို၊ တို့များကြိုဆို ဂုဏ်ပြုစို့….။
(မလေးရှားမှကဗျာ)
Posted by (လင်္ကာဒီပ) at 1:39 AM 0 comments
Labels: poem
Australia နိုင်ငံMelbourneမြို့ ကရင်နှစ်သစ်ကူး
Sunday, December 28, 200827,December,2008(စောကျော်ခွိ)
ကရင့်သက္က၇ာဇ်၂၇၄၈ခုနှစ်က၇င့်နှစ်သစ်ကူးကိုAustraliaနိုင်ငံMelbourneမြို့ ဝေါ်လဘီ၇ပ်ကွက်မူလတန်းကျောင်းတွင်က၇င့်Communityမှခ၇စ်သက္က၇ာဇ်(၂၇.၁၂.၂၀၀၈)၇က်စနေနေ့ တွင်မနက်(၉)နာ၇ီမှညနေ(၃)နာ၇ီအထိစည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။ဖိတ်ကြားထားသောဧည့်သည်များ၊နိုင်ငံခြားသားများ၊အနယ်နယ်အ၇ပ်၇ပ်ကက၇င့်မျိုးဆက်များလာေ၇ာက်ပူးပေါင်းပါဝင်မှုရှိကြပြီးအခန်းအနားကိုနှစ်သစ်ကူးနှုတ်ခွန်းဆက်စကားနှင့်ဖွင့်လှစ်ပြီးအပိတ်အခန်းအနားကိုAustraliaနိုင်ငံတော်သီချင်းနှင့်Karenအမျိုးသားသီချင်းကိုပြိုင်တူရွတ်ဆိုပြီးရုပ်သိမ်းခဲ့ပါသည်။
href="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxCH6oNeS_crstGDY1Jyk64YsoatMh8eHZ7V3v50yEH3JNtAvk8txwfAeCpwd6mdc4d6zUi5qD-jTmH7XFHiDI4BaWro27u-QKIXgx4JfWMWEY6jtoWj8OdOFh5sfyQpcLDq71mVTJsFi-/s1600-h/Picture+435.jpg">
ထို့ အပြင်က၇င့်တော်လှန်ေ၇းအနှစ်(၆၀)မြောက်အထိမ်းအမှတ်အဖြစ်အချို၇ည်ေ၇ာင်းချပွဲ
ိက၇င့်ရိုး၇ာမုန့် ဟင်းခါး၊ခေါက်ဆွဲနှင့်အခြားစားစ၇ာေ၇ာင်းချမှုများရှိပါသည်။
က၇င့်ရိုး၇ာဝါးညှပ်အကများ၊လူငယ်များ၏တေးဂီတဖျော်ဖြေပွဲများဝိုင်ခြင်း၊ပိုက်ကျော်ခြင်း၊ဘော်လုံးပြိုင်ပွဲများ
လင်ဗန်းရွက်ပြေးပြိုင်ပွဲ၊ဗူဘောင်းမှုတ်ဖောက်ပြေးပြိုင်ပွဲ၊ကင်းမီးကောက်ထောင်ပြေးပွဲ၊ခြေသုံးချောင်းထောက်ပြေးပြိုင်ပွဲ၊အနောက်ပြန်ပြေးပြိုင်ပွဲများအစရှိတဲ့အားကစားပွဲများကိုစည်ကားသိုက်မြိုက်ပျော်ရွှင်စွာကျင်းပခဲ့ပါသည်။
Posted by (လင်္ကာဒီပ) at 12:53 PM 0 comments
Labels: photo
Australia နိုင်ငံVictoriaပြည်နယ်Melbourneမြို့  က၇င့်နှစ်သစ်ကူးပုံရိပ်များ
Saturday, December 27, 2008Posted by (လင်္ကာဒီပ) at 3:05 AM 0 comments
Labels: photo
ပြည်ပရောက်ကရင်မလေးမူးလယ်ရှာရဲ့ ၂၇၄၈ ခုနှစ်မြောက်ကရင့်နှစ်သစ်ကူးခံစားချက်
အဝေးေ၇ာက်ကရင့်သမီးပျိုနော်မူးလည်ရှာ
27 December 2008(စောကျော်ခွိ)
မူးလည်ရှာသည် ထိုင်းမြန်မာနယ်စပ်MaeLaဒုက္ခသည်စခန်းမှ Australiaကိုရောက်လာသော ကရင်မလေးတရောက်ဖြစ်ပါသည်။ (၂၇.၁၂.၀၈)ရက်နေ့ Melbourneကရင့်နှစ်ကူးနေ့ တွင် စောကျော်ခွိမှ ၄င်းကိုပြည်ပရောက် ကရင်လူငယ်လေးတယောက်ရဲ့ ၂၇၄၈ခုနှစ်မြောက်ကရင့်နှစ်သစ်ကူးခံစားချက်ကို မေးမြန်းထားချက်ဖြစ်သည်။
မေး။ အခုလိုကရင်နှစ်သစ်ကူးရောက်လာတော့ ပြည်ပရောက်ကရင်လူငယ်လေးတယောက်အနေနဲ့  နှစ်သစ်ကူးမှာ ဘယ်လိုထင်မြင်ခံစားရပါသလဲခင်ဗျာ။
ဖြေ။ ဟိုးအရင်ကျမတို့ ရဲ့  မွေးရပ်မြေမှာနှစ်သစ်ကူးတွေကျင်းပရင် မိတ်ဆွေဟောင်းမိတ်ဆွေသစ်ပြန်လည်တွေ့ ဆုံရင်းနှီးရသလို အခုလိုရေခြားမြေခြားတိုင်းတပါးကို ရောက်လာကြတဲ့အဝေးရောက်ကျမတို့ ကရင်လူငယ်အနေနဲ့  ကရင်တမျိုးသားလုံးရဲ့ နေ့ ထူးနေ့ မြတ်ဖြစ်တဲ့ ကရင့်နှစ်သစ်ကူးမှာဝေးကွာနေတဲ့ သူငယ်ချင်း၊ဆွေမျိုး၊အပေါင်းများကို စုစုဝေးဝေးပြန်လည်ဆုံတွေ့ရတဲ့အပြင် ပျော်ပျော်ရွှင်ရွှင်နဲ့တနှစ်မှာ တခါဆင်နွှဲခွင့်ရတဲ့အတွက် ၀မ်းသာ၊ကြည်နူး၊ပီတိများစွာ ဝေခဲ့ရပါတယ်။ ဒီလိုမျိုးသာဥမကွဲ၊ သိုက်မပျက် အစဉ်ထာဝရလက်မြဲမြဲတွဲနိုင်ကြပါစေလို့  ဆုတောင်းမိပါတယ်။
အခုလိုဖြေကြားပေးတဲ့အတွက်ကရင့်သမီးပျိုလေးမူးလယ်ရှာကိုအထူးကျေးဇူးတင်ပါသည်။
Posted by (လင်္ကာဒီပ) at 2:03 AM 0 comments
Labels: news
လက်နက်ကိုင် မြန်မာတချို့ မဲဆောက်တွင် ဖမ်းဆီးခံရ
Wednesday, December 24, 2008Wednesday, 24 December 2008 18:15 အေးလဲ့
ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ရှိ အာဏာပိုင်များဖမ်းဆီးထားသော မြန်မာပြည်သား ၁၀ ဦးကျော်တွင် လက်နက်ကိုင်များပါဝင်ပြီး ၎င်းတို့မှာ မြန်မာစစ်အစိုးရက စေလွှတ်ထားသူများဟု ယူဆနေကြကြောင်း သိရသည်။
ယင်းမဲဆောက်မြို့ကိုရောက်ရှိလာသည့် အဖွဲ့တွင် အနည်းဆုံး လူ ၄ ဦးထံမှလက်နက်များ သိမ်းဆည်းရမိပြီး အမျိုးသမီးများလည်း ပါဝင်ကြောင်း ယမန်နေ့ည ဘီဘီစီ ရေဒီယိုသတင်းတွင် ပါရှိသည်။
ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံမဲဆောက်မြို့ရှိ အတိုက်အခံအင်အားစုများကို စစ်အစိုးရဘက်မှ လက်နက် ကိုင်တစုစေလွှတ်ပြီး လုပ်ကြံသတ်ဖြတ်မှုအစီအစဉ်များ ပြုလုပ်နိုင်သည်ဟု မဲဆောက်မြို့ရှိ မြန်မာ အတိုက် အခံများကလည်း ဆိုသည်။
“ဒီရက်ထဲမှာ အဲဒီသတင်းတချို့ကိုကြားတယ်။ ထိုင်းထောက်လှမ်းရေး အသိုင်းအ၀န်း ကို မေးကြည့်တဲ့ သတင်းအရကတော့ ဖမ်းဆီးမှုတွေရှိ တယ်လို့သိရတယ်”ဟု မဲဆောက်မြို့ အတိုက်အခံ အသိုင်းအ၀န်းက ပြောသည်။
ယခုနှစ် ဖော်ဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံးမှ အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာ ကို အမည်မသိ သေနတ်သမားနှစ်ဦးက မဲဆောက်မြို့ရှိ ၎င်း၏နေအိမ်အတွင်း ဝင်ရောက် ပစ်ခတ် သတ်ဖြတ်ခဲ့သည်။ ယနေ့အချိန်အထိ ၎င်းတရားခံကို ဖော်ထုတ်နိုင်ခြင်းမရှိသေးပေ။
ယင်း ဖဒိုမန်းရှာလုပ်ကြံခံရပြီးနောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်တလျောက်ရှိ မြန်မာအတိုက်အခံများက လုပ်ကြံ သတ်ဖြတ်မှုများထပ်မံဖြစ်လာနိုင်ဖွယ်ရှိသည့်အတွက် ၎င်းတို့၏လုံခြုံရေးကို အထူးဂရုပြုနေကြ ကြောင်းလည်း သိရသည်။
မြန်မာအင်တာနက်သတင်းစာမျက်နှာများနှင့် ဘလော့များတွင်လည်း မြန်မာအတိုက်အခံနှင့် တိုင်းရင်းသား ခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်ရန် မြန်မာစစ်အစိုးရက လူ ၂၀ ထက် မနည်း စေလွှတ်ထားသည် ဆိုသော သတင်းများလည်း ပျံ့နှံ့လျှက်ရှိသည်။
Posted by (လင်္ကာဒီပ) at 3:28 PM 0 comments
Labels: news
မြ၀တီမြို့မှာ
မြဝတီခရိုင် အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် မြဝတီမြို့တွင် ဘာသာရေးကို အကြောင်းပြ၍ ပျော်ပွဲရွှင်ပွဲနှင့် လောင်းကစားပွဲမျိုးစုံကို ပြုလုပ်လာခဲ့သည်မှာ (၁၅) ရက်ခန့်ရှိပြီး ရာဇ၀တ်မှုများ သိသိသာသာ များလာသည်ဟု မြို့ခံများက ပြောသည်။
မြဝတီမြို့အမှတ် (၃) ရပ်ကွက်ရှိ ဓမ္မရန်အောင် ဘုန်းတော်ကြီးကျောင်း ပြုပြင်ရန်နှင့် ဘုရားတည်၊ ကျောင်း ဆောက်ရန် အလှူငွေရရှိရေးအတွက် ဒေသခံအာဏာပိုင်များက (အာဝါဒေး) ပွဲပြုလုပ်ရန် ပြီးခဲ့သည့် (၁၅) ရက်မှ စတင်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ညစဉ် သောင်းနှင့်ချီသည့် လောင်းကစားသမားများ ပွဲတော်တွင်း လာရောက်ကာ လောင်းကစားပြုလုပ်ကြသည်။
မြဝတီမြို့ခံတဦးက “ဒီနေ့ပါဆို (၁၅) ရက်ရှိပြီ။ ဓမ္မရန်အောင်ကျောင်းအတွက် အလှူငွေလိုတော့ ခရိုင်လူကြီးတွေ က နားလည်မှုနဲ့ (အာဝါဒေး) ပွဲ ကျင်းပခွင့် တလပေးတယ်။ မြန်မာဇာတ်အဖွဲ့ (၅) ဖွဲ့၊ တဖွဲ့ကို (၃) ညနှုန်းနဲ့ ကတာ အခုဆိုရင် (၁၅) ရက်ရှိပြီ၊ လောင်းကစားကတော့ အစုံပဲ။ အနီထောင်၊ ကာလာခွဲ၊ အန်ဂလုံ၊ ရွှေဘောလုံး၊ ကွန်ပျူတာဆယ်ဆ ကစားနည်း မျိုးစုံပဲ။ နိုင်တဲ့လူရှိသလို ရှုံးတဲ့လူလည်းအများကြီးပဲ။ တချို့ဆို ပွဲလာတာ ဆိုင်ကယ်နဲ့လာတယ်၊ ပြန်တော့ ဆိုင်ကယ် မပါတော့ဘူး။ ကစားတာရှုံးလို့ သူများကို ပေးလိုက်ရတယ်။ ပွဲလုံခြုံ ရေးကိုတော့ ဒီကေဘီအေက တာဝန်ယူပေးတယ်။ အကျိုးဆက်ကတော့ မြဝတီနယ်မှာ ဂျပိုးသူခိုးတွေ များလာ တယ်။ အာဏာပိုင်တွေကိုယ်တိုင်က ခွင့်ပြုတော့ ဘယ်သူမှမပြောရဲဘူး” ဟု ပြောသည်။
အဆိုပါကစားဝိုင်းများသို့ လူကြီးလူငယ်၊ ကျားမ မရွေး လာရောက်ကစားကြပြီး ကျောင်းသူကျောင်းသားများ လည်း လူကြီးများနည်းတူ လာရောက်ကစားကြသောကြောင့် မိဘအများစုမှာ သားသမီးများအတွက် ရတက် မအေး ဖြစ်ကြရသည်ကို မြဝတီကမ်းနားတွင် စက်လှေမောင်းသူတဦးက “ပွဲက လဝက်လောက်ရှိပြီ။ ကလေး တွေလည်း ပြောမရဆိုမရနဲ့ တချို့ဆို အိမ်ကပစ္စည်းခိုးရောင်းပြီး သွားကစားတာတွေလည်း အများကြီးပဲ။ တခု သေချာတာကတော့ မြဝတီမှာ ဒီလိုပွဲမျိုးလုပ်ရင် သူခိုးပေါမယ်၊ စက်ဘီးပျောက်မယ်၊ ဆိုင်ကယ်ပျောက်မယ်၊ ဒါကတော့ ပုံမှန်ပဲ။ ကျနော့်သားဆိုရင် ဘယ်လိုမှပြောလို့မရဘူး ညတိုင်းသွားတယ်။ ဒီလိုပွဲမျိုးကတော့ မလုပ် စေချင်ဘူး” ဟု ပြောသည်။
ဓမ္မရန်အောင်ကျောင်းတွင် ကျင်းပပြုလုပ်သည့် အာဝါဒေးပွဲတော်နှင့်ပတ်သက်၍ မြဝတီခရိုင် သံဃနာယက ဥက္ကဋ္ဌ ကိုးနဝင်းကျောင်းဆရာတော် ဦးဇောတိပါလက “ဓမ္မရန်အောင်ကျောင်းမှာ ပွဲလုပ်တာတော့သိတယ်။ ဘာပွဲလည်းတော့ ဘုန်းကြီးလည်း မသိသေးဘူး။ ဘုန်းကြီးလည်း အခုမှ ခရီးသွားရာက ပြန်ရောက်တယ်” ဟု ခေတ်ပြိုင်သို့ မိန့်ကြားသည်။
ဒေသခံအာဏာပိုင်များက အာဝါဒေးပွဲများကို မြဝတီမြို့တွင်း ကျင်းပခွင့်မပြုဘဲ မြဝတီမြို့ပြင်ရှိ ဒီကေဘီအေအခြေချရာ စခန်းများနှင့် ၎င်းတို့ ကြီးစိုးရာ နေရာဒေသများတွင်သာ ကျင်းပကြသော်လည်း ယခုကျင်းပသည့်ပွဲသည် မြဝတီမြို့၏ အမှတ် (၃) ရပ်ကွက်ထဲတွင် ကျင်းပခွင့်ပြုသဖြင့် ဒေသခံများကြားတွင် အာဏာပိုင်များ၏ လုပ်ရပ်ကို နားမလည်ဖြစ်ကြရသည်ဟု မြို့ခံတဦးက ဆိုသည်။
လောင်းကစားဝိုင်းတဝိုင်းလျှင် တညတာဝိုင်းကြေးအဖြစ် (၁) သိန်းမှ (၅) သိန်းအထိ ပွဲတော်ကျင်းပရေးအဖွဲ့သို့ အလှူငွေပေးဆောင်ရသည်။ လောင်းကစားဝိုင်းကြီးများမှာ (၁၀) ဝိုင်းခန့်ရှိပြီး ဝိုင်းအသေးများမှာလည်း အများ အပြားရှိသည်။
အာဝါဒေးပွဲတွင် လာရောက်ကပြသည့် မြန်မာဇာတ်သဘင်အဖွဲ့တခုမှ မင်းသားကြီးတဦးက “ကျနော်တို့ ကရင်ပြည်နယ်မှာ လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကစပြီး မြန်မာဇာတ်အဖွဲ့နဲ့ ကရင်ဇာတ်အဖွဲ့တွေ အားလုံးပေါင်း အဖွဲ့ (၁၅) လောက် ရှိတယ်။ ဒါကလည်း ဒီကေဘီအေပေါ်ပြီးတဲ့နောက်မှာ သူတို့ကို လောင်းကစားပွဲတွေ လုပ်ခွင့်ပေး တော့ ဟန်ပြအနေနဲ့ ဇာတ်အဖွဲ့ကို မိုးအလင်းကပြခိုင်းတယ်။ ကရင်ပြည်နယ်တကြောမှာ ဒီကေဘီအေက သူတို့ ရန်ပုံငွေရဖို့ အာဝါဒေးပွဲလုပ်တော့ အာဝါဒေးပွဲတွေရဲ့ တောင်းဆိုချက်အရ ဇာတ်အဖွဲ့တွေလည်း များလာတာဖြစ် တယ်။ ကျနော်တို့ဇာတ်ကို မိုးအလင်းကပေမယ့် ကြည့်တဲ့လူတွေကတော့ ကြက်ဝိုင်းသာသာလောက်ပဲရှိတယ်။ ညကြေးတော့ အပြည့်ပေးပါတယ်။ ဖေတော့၊ မောင်တော့နဲ့ပဲ မိုးလင်းအောင် ဟန်ပြကပေးရတာပဲရှိတယ်။ အဓိက လောင်းကစားပွဲဖြစ်ဖို့ ကျနော်တို့က အဖြည့်ခံတွေပါ” ဟု ပြောသည်။
အဆိုပါ မင်းသားကြီးကပင် လာမည့် (၂၇) နေ့တွင်ကျရောက်မည့် ကရင်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် လည်း ဒီကေဘီအေအဖွဲ့က ၎င်းတို့ဇာတ်အား ကပြရန် ငှားရမ်းထားပြီး အာဝါဒေးပွဲနှင့်အတူ အနည်းဆုံး (၅) ည ကပြရန်ရှိသည်ဟု ဆက်လက်ပြောကြားသည်။
လောင်းကစားနှင့် ပျော်ပွဲရွှင်ပွဲကို အခြေခံသည့် အာဝါဒေးပွဲကို ဒီကေဘီအေအဖွဲ့စတင်ပေါ်ပေါက်သည့် ၁၉၉၄ ခုနှစ် ဒီဇင်ဘာလ (၂၁) ရက်နေ့ နောက်ပိုင်းတွင် ကရင်ပြည်နယ်အတွင်းရှိ ကျေးလက်တောရွာများတွင် ရန်ပုံငွေပွဲ အဖြစ် နေရာဒေသအနှံ့ ကျင်းပကြသဖြင့် အာဝါဒေးနှင့် ဒီကေဘီအေသည် ဖွားဖက်တော်ဖြစ်သည်ဟု ကရင်ပြည် နယ်မှ အထင်ကရ ကရင်ဘုန်းတော်ကြီးတပါးက မိန့်ကြားခဲ့ဖူးသည်။
Posted by (လင်္ကာဒီပ) at 3:18 PM 0 comments
Labels: article
ိမိစ္ဆာများ
Monday, December 22, 2008
ရန်...ငါမပြတ်လို
့ သံဃာအသတ်ခံရတာ
သွေးကြွေးမှာ
ဆွေးနွေးစရာအကြောင်းမရှိ။
(အောင်ဝေး)
Posted by (လင်္ကာဒီပ) at 10:48 PM 0 comments
Labels: video
မျင်စိင်အှ်
Saturday, December 20, 2008ညီညွတ်ကြပါစေ။
Posted by (လင်္ကာဒီပ) at 9:41 PM 0 comments
Labels: video
ရဲဘော်သို့ ပေးစာ
ရဲဘော်အယ်ကော်ရေ...... ကရင်ဆိုတဲ့လူမျိုးဟာစာပေ၊ယဉ်ကျေးမှု၊တ်စားဆင်ယဉ်မှု၊ဓလေ့ရိုးရာ၊နယ်မြေ၊သက္ကရာဇ်၊သမိုင်းစသည့်အဂါင်္ရပ်များနှင့်ပြည်စုံသောလူမျိုးဖြစ်ပါသည်။ကမ္ဘာကြီးပေါ်တွင်ကျနော်တိုလူမျိုးသည်အမှန်တကယ်တည်ရှိနေပါလားဆိုသည့်အသိမျိုးမပျောက်စေဘဲဆက်လက်ထိန်းသိန်းထားသင့်ပါသည်။ အခုလိုကရင်နှစ်သစ်ကူးရောက်လာတိုင်းကျနော့်အဝေးရောက်ကရင်လူငယ်တရောက်အနေနှင့်နှစ်ဟောင်းရဲ့ကောင်းကြိုးဆိုးပြစ်သင်ခန်းစာများစွာကိုဆေးကြောပြုပြင်ပြီးနှစ်သစ်မှနေလူ့ တာဝန်၊လူမျိုးတာဝန်၊နိုင်ငံ့တာဝန်များစွာကိုပိုမိုကောင်းမွန်အောင်ဆက်လက်လုပ်ဖို့စိတ်စွမ်းအားတွေဖြစ်မိပါသည်။ကရင့်ပဋိပက္ခတွေအမြန်ပြေလည်ကောင်းမွန်လာကြပါစေလို့ ဆုတောင်းနေမိပါသည်။
ဂရုဏာများစွာဖြင့်
ရဲဘော်စောကျော်ခွိ
Posted by (လင်္ကာဒီပ) at 8:48 PM 0 comments
Labels: news
ဥပဒေကျောင်းသူမဟန်နီဦးကို
Friday, December 19, 2008ပြီးခဲ့သည့်လပိုင်းအတွင်း ဖမ်းဆီးထောင်ချခြင်းခံခဲ့ရသည့် နောက်ဆုံးနှစ်ဥပဒေကျောင်းသူ မဟန်နီဦးအား ရန်ကုန်အင်းစိန်ထောင်မှ လားရှိုးထောင်သို့ နိုဝင်ဘာ (၂၄) ရက်တွင် ပြောင်းရွှေ့ခဲ့သည်ဟု ဖခင်ဖြစ်သူက ခေတ်ပြိုင်သို့ ပြောသည်။
မဟန်နီဦးအား အာဏာပိုင်များက အသင်းအဖွဲ့ ပုဒ်မ(၆)၊ ၅၀၅/ခ စသည့်ပုဒ်မများဖြင့် ထောင်ဒဏ် (၉) နှစ်ခွဲချမှတ်ခဲ့ပြီး ယခုကဲ့သို့ လားရှိုးထောင်သို့ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ လားရှိုးထောင်တွင် ဒေါပုံမြို့နယ်မှ ကိုအုံးဂျော်၊ ကိုထွန်းမြင့်ထွန်း၊ ကိုမင်းဇေယျ၊ ကိုမြင့်ဟန်၊ မဂ္ဂင်ဆရာတော်တို့လည်း ရှိသည်။
မဟန်နီဦးအား စစ်အစိုးရအာဏာပိုင်များက ပြီးခဲ့သည့်နှစ် စက်တင်ဘာအရေးအခင်းအပြီးတွင် ဖမ်းဆီးခဲ့ပြီး သူမနှင့်အတူ ကိုစည်သူမောင်ကိုလည်း ဖမ်းဆီးခဲ့ကာ ယခုကဲ့သို့ပြစ်ဒဏ်များချမှတ်ခြင်းခဲ့ခြင်းဖြစ်သည်။
နောက်ဆုံးနှစ်ဥပဒေကျောင်းသူ မဟန်နီဦးသည် စက်တင်ဘာ လူထုချီတက်လမ်းလျှောက်ဆန္ဒပြပွဲတွင် တက်ကြွစွာပါဝင်လှုပ်ရှားခဲ့သူတဦးလည်းဖြစ်ကြောင်း သူမ၏ဖခင်က ပြောသည်။
“ထောင်ဝင်စာတွေ့ စဉ်ကလည်း ကျနော်တို့ကို (၁၅) မိနစ်လောက်ပဲ တွေ့ခွင့်ပေးတာပါ။
နောက်ရက်ကျတော့ စကားတောင်ပြောခွင့်မပေးတော့ဘူးလို့တောင်ပြောတယ်။ ဒါပေမယ့် ကျနော်တို့က အတင်းတောင်းဆိုတော့မှ စကားပြောခွင့်ပေးပါတယ်။ ကျနော်စိုးရိမ်တာက ကျနော့်သမီးမှာ လေးဘက်နာရောဂါရှိတယ်။ အခုရောက်နေတဲ့ထောင်ကလည်း ရှမ်းပြည်နယ်ဆိုတော့ အအေးကတော့ သိတဲ့အတိုင်းပဲ။ ကျန်းမာရေးအတွက် အရမ်းကိုစိုးရိမ်ပါတယ်။ ခရီးကလည်း အရမ်းကိုဝေးကွာနေပြီး တကယ်လို့ သမီးတခုခုဖြစ်ရင်တောင် ကျနော်တို့အချိန်မီ သိဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါကြောင့်လည်း သမီးရဲ့ ကျန်းမာရေးအတွက် အရမ်းကိုစိုးရိမ်မိပါတယ်ဟု” မဟန်နီဦး၏ဖခင်က ခေတ်ပြိုင်သို့ ပြောကြားသည်။
Posted by (လင်္ကာဒီပ) at 1:40 AM 0 comments
Labels: news
ကေအန်ယူနှင့် ဗမာစစ်တပ်တို့ တိုက်ခိုက်မှုအပြီး ဒေသခံများ ထိန်းသိမ်းခံရ
Thursday, December 18, 2008Wed 17 Dec 2008, လရီမွန်
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး အနောက်ဘက်ကမ်း ထီးပေါ့ကလိုကျေးရွာအနီးတွင် ကေအန်ယူနှင့် ဗ မာစစ်တပ်တို့ ခြုံခိုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တွင် ဒေသခံများကို ကေအန်ယူနှင့် အဆက်အသွယ်ရှိသည်ဟူသော သံသယဖြင့် ဗမာစစ်တပ်မှ ထိန်းသိမ်းခဲ့သည်။
အထိန်းသိမ်းခံရသူများမှာ တိုက်ပွဲဖြစ်ပွားခဲ့သော ထီးပေါ့ကလို ကျေးရွာဥက္ကဋ္ဌနှင့်အတူ ရွာသားနှစ်ဦးကို စစ်ပွဲဖြစ်ပွားခဲ့သည့်နေ့မှစ၍ ၃ ရက်ခန့် ထိန်းသိမ်းခံထားခဲ့သည်။
"စစ်တပ်က ဥက္ကဌ ဦးဝင်းသိန်းနဲ့ တခြားရွာသားနှစ်ယောက်ကို ကေအန်ယူနဲ့ အဆက်အသွယ် ရှိတယ်ထင်လို့ ခေါ်သွားခဲ့တာ၊ ပထမနေ့မှာ မိသားစုတွေ သွားတွေ့ပေမယ့် သူတို့က တွေ့ခွင့်မပေးဘူး၊ ဒါပေမယ့် သုံးရက်လောက် အထိန်းအသိမ်းခံပြီးတော့ ပြန်လွတ်လာကြ တယ်'' ဟု ထီးပေါ့ကလို ဒေသခံတစ်ဦးက ပြောသည်။
စစ်တပ်မှ ဖမ်းဆီးထားသူများကို ငွေကြေးတောင်းယူခြင်း၊ ရိုက်နှက်နှိပ်စက်ခြင်း မရှိသော်လည်း ထိုကဲ့သို့ တိုက်ပွဲသည် ကျေးရွာအနားတွင် ဖြစ်ပွားခဲ့ရာ ဒေသခံများသည် စစ်ပွဲကို ကြောက်ရွံ့ နေကြရသည့်အပြင် ဖမ်းဆီးထိန်းသိမ်းခံရခြင်းကြောင့် ဒေသခံပြည်သူများမှာ ဗမာစစ်တပ်ကို ပို၍ ကြောက်လန့်လာနေကြသည်ဟု ထိုဒေသခံက ဆက်ပြောသည်။
၎င်းတိုက်ပွဲသည် ဒီဇင်ဘာ ၁၀ ရက်နေ့ ညနေ ၅ နာရီတွင် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (ကေအန်ယူ) မှ တပ်ရင်း ၁၆၊ တပ်ခွဲ ၁ ၏ တပ်စိပ်တစ်စိပ်သည် ဗ မာစစ်တပ် ခလရ ၂၃၊ ခမရ ၂၈၃၊ ခမရ ၂၈၄ တို့ကို ခြုံခိုတိုက်ခိုက်ခဲ့သည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ် ဒူးပလာယာခရိုင်မှ ဗိုလ်ကြီး ထက်နေက လက်ခံရရှိသော ကြေးနန်းစာအတိုင်း လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။
"အဲဒီ တိုက်ပွဲမှာ ဗ မာဘက်က ၄ ယောက်ကျပြီး ကေအန်ယူဘက်မှာတော့ အကျအဆုံး မရှိဘူး၊ သူတို့ဘက်က ထပ်တက်လာရင်တော့ တိုက်ပွဲက ထပ်ဖြစ်ဖို့တော့ ရှိတယ်" ဟု ၎င်းက ဆက်ပြောသည်။
သို့သော် သေဆုံးသွားသည့် ဗမာစစ်သား တစ်ဦးနှင့် ဒဏ်ရာရ သွားခဲ့သူ နှစ်ဦးအား သယ်ဆောင်သွားသည်ကို တွေ့ခဲ့သည်ဟု မျက်မြင်ဒေသခံတစ်ဦးက ဆိုသည်။ ၄င်းတိုက်ပွဲသည် ထီးပေါ့ကလိုရွာဝင်ဝနားတွင် ဖြစ်ပွားခဲ့သည်။
ယခုဗမာစစ်တပ်သည် ကြာအင်းဆိပ်ကြီး ဒေသတစ်ဝိုက်တွင် တပ်စွဲထားပြီး ပြန်လည် ထိုးစစ်ဆင်ရန် ရှိသေးသည်ဟု ကေအန်ယူတို့ က သတင်းရရှိထားသော်လည်း ၎င်းတို့ဘက်မှ တစ်စုံတစ်ရာလှုပ်ရှားမှု မရှိသေးပါ။
--------------------------------------------------------------------------------
Posted by (လင်္ကာဒီပ) at 1:37 AM 0 comments
Labels: news
ကရင်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမြ သားငယ် စစ်အစိုးရနဲ့ ဆွေးနွေး
Monday, December 15, 2008
ကွယ်လွန်သွားပြီဖြစ်တဲ့ ကေအန်ယူ ကရင်အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်ကြီး
စောဘိုမြရဲ့ သားအငယ်ဖြစ်တဲ့ ကေအန်အယ်လ်အေ ကရင်အမျိုးသား လွတ်မြောက်
ရေး တပ်မတော်က ဗိုလ်ကြီးအဆင့် စောနေစိုးမြခေါ် ဗိုလ်ကြီးတေးလေးဟာ မြန်မာ
စစ်အစိုးရနဲ့ ဆွေးနွေးစကားပြောဖို့ နေပြည်တော်ကိုရောက်ရှိနေတယ်လို့ သိရပါတယ်။
ဗိုလ်ကြီးတေးလေးဟာ ဘယ်လိုပုံစံမျိုးနဲ့ စစ်အစိုးရနဲ့ သွားရောက်တွေ့ဆုံတာလဲ၊
ဒီအပေါ် ကေအန်ယူဘက်ကရော ဘယ်လိုသဘောထားရှိလဲဆိုတာနဲ့ ပတ်သက်ပြီး
ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက ကေအန်ယူ တွဲဖက်
အတွင်းရေးမှူး ဗိုလ်မှူးစောလှငွေကို ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။
အခု နေပြည်တော်ကိုသွားရောက်ခဲ့တယ်လို့ပြောတဲ့ ဗိုလ်ကြီးတေးလေးရဲ့ လက်ရှိ
တာဝန်ကို ပြောပြပေးပါ။
"အခုလက်ရှိတာဝန်ကတော့ တပ်ခွဲမှူးပဲ။ တပ်ခွဲမှူးဆိုတော့ ဗိုလ်ကြီးပေါ့။ ကေအန်
အယ်လ်အေတပ်ရင်း ၂၀၂ ရဲ့ တပ်ခွဲ ၃ က။ ဟိုတုန်းက သူ့အစ်ကိုက အဲဒီမှာ
တပ်ရင်းမှူးပဲ။"
အခုသွားရောက်မှုဟာ ကရင်အမျိုးသား အစည်းအရုံးရဲ့ စေလွှတ်မှုနဲ့ သွားရောက်တာ
ပါလား။
"သွားတာကတော့ သူ့သဘောနဲ့သူ သွားတာပါ။ ကျနော်တို့ ကေအန်ယူက ခွင့်ပြုချက်
မရှိဘူး၊ ခွင့်ပြုစရာအကြောင်းလည်း မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူသွားတဲ့ကိစ္စက
ကျနော်တို့ ပထမကြားတာ သူ့မိသားစုအတွင်း သူတို့ လင်ခန်းမယားခန်းမှာ စကား
များကြရာက အမျိုးသမီးထွက်သွားတဲ့နောက်ကို သူလိုက်တယ်ပေါ့။ အဲဒီအနေအထားပဲ
ကျနော်တို့က သိတယ်။ နောက်တော့မှ ၁၁ ရက်နေ့က ဘန်ကောက်သံရုံးထဲကို
ဗိုလ်ချုပ်မြရဲ့ သားတယောက်က ၀င်သွားတယ်ဆိုတဲ့သတင်းရမှ ကျနော်တို့လည်း
ပြန်သိရတာ။
"နောက်ဆုံးတော့ ဒါက အမြတ်ထုတ်တယ်လို့ပဲ ကျနော်တို့က တွက်တာပေါ့။ ဘာပဲ
ဖြစ်ဖြစ် ဗိုလ်ချုပ်မြလို အစဉ်အလာကြီးမားတဲ့ ခေါင်းဆောင်ကြီးတယောက်ရဲ့သား၊
တပ်ခွဲမှူးတယောက်လည်း ဖြစ်တယ်ဆိုတဲ့အခါကြတော့ အဲလိုအနေအထားမျိုးမှာ
သူတို့က ကျနော်တို့အဖွဲ့အစည်းအတွင်းမှာ စိတ်ဝမ်းကွဲမှု ရှိသယောင်ယောင် သူတို့
ခွဲထုတ်တဲ့ပုံစံမျိုးနဲ့ နိုင်ငံရေးကစားချင်လို့ ခေါ်သွားတယ်လို့ ကျနော်တို့က အဲဒီလိုပဲ
သတ်မှတ်ပါတယ်။
"အဖွဲ့အစည်းအရတော့ ဒီမှာ ပျော့တဲ့လူတွေ၊ ယိုင်တဲ့လူတွေ၊ မခိုင်တဲ့လူတွေနဲ့ သူတို့က
ရှာနေတာပေါ့။ မာတဲ့လူတွေတောင်မှ သူတို့က ဆွယ်နေသေးတာပဲဆိုတော့။"
ကရင်အမျိုးသား အစည်းအရုံးအနေနဲ့ အရင်တုန်းကလည်း တွေ့ဆုံဆွေးနွေးမှုတွေ
လုပ်ခဲ့တယ်ဆိုတော့ အခုရော တွေ့ဆုံဆွေးနွေးဖို့ အလားအလာတွေ ရှိပါသလား။
"တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ကတော့ အဓိကက နအဖဘက်ပါပဲ။ တိုင်းပြည်
အာဏာကို အတင်းအကျပ် သိမ်းပိုက်ပြီး ဆုပ်ကိုင်ထားတဲ့လူက ဆန္ဒရှိတယ်၊ ပြေလည်
ချင်တယ်၊ အမျိုးသားရေးအရ ညီညွတ်ချင်တယ်ဆိုရင်တော့ သူတို့ကပဲ ဖွင့်လာရမှာ
ပေါ့။ ကျနော်တို့ဘက်ကတော့ အမြဲတမ်းပဲ တံခါးဖွင့်ထားတယ်၊ ကမ်းလှမ်းထားတာပဲ။
"တရားမျှတတဲ့နည်းနဲ့ နိုင်ငံရေးပြဿနာတွေ ဖြေရှင်းမယ်၊ အမျိုးသားရေးပြဿနာကို
တကယ်ပဲ မှန်မှန်ကန်ကန် ရှာဖွေကြမယ်ဆိုရင် ကျနော်တို့က အဆင်သင့်ရှိပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တခါမှလည်း တံခါးပိတ်မထားပါဘူး၊ ဘူးခံပြီးတော့လည်း မငြင်းပါ
ဘူး။ သို့သော်လည်း လက်ခုပ်က နှစ်ဖက်တီးမှပဲ မြည်မယ့်ကိစ္စဖြစ်တဲ့အတွက် တဖက်ရဲ့
အပေါ်မှာပဲ မူတည်ပါတယ်။"
အခုလို အဖွဲ့အစည်းရဲ့ သဘောတူညီချက်မရဘဲ မိမိသဘောနဲ့ သွားရောက်ခဲ့တာနဲ့
ပတ်သက်ပြီး သူပြန်လာမယ်ဆိုရင်ရော ဘယ်လိုများ ဆုံးဖြတ်မလဲ။
"သူပြန်လာမယ်ဆိုရင်တော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ရဲ့ အုပ်ချုပ်မှုအောက်၊
ခေါင်းဆောင်မှုအောက်မှာ ရှိတဲ့ လူတယောက်အနေနဲ့ ကျနော်တို့က သူ့ကိုခေါ်ယူပြီး
မေးမြန်းရမှာပေါ့၊ ဘယ်အကြောင်းကြောင့်ဆိုတာ။ အဲဒီအပေါ်မှာ ကျနော်တို့က
ကေအန်ယူရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းဥပဒေ၊ တပ်မတော်ရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းဥပဒေ၊
ထုံးတမ်းအစဉ်အလာတွေအရ သူက အမှုတခုကို ကျူးလွန်တဲ့ အနေအထားပေါ်မှာ
ဆိုရင် အဲဒီဥပဒေအတိုင်း သူ့အနေနဲ့ အရေးယူဆောင်ရွက်မှု တခုခုတော့ ခံရမှာပေါ့။"
မြန်မာစစ်အစိုးရနဲ့ ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံးကြားမှာ လွန်ခဲ့တဲ့
၂၀၀၄၊ ၂၀၀၅၊ ၂၀၀၆ ခုနှစ်လောက်ကစပြီး ဆက်ဆံရေးကိုယ်စားလှယ်တွေကတဆင့်
တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ဖူးပါတယ်။ စစ်အစိုးရဘက်ကလည်း ဗိုလ်ချုပ်ကြီး
စောဘိုမြ မကွယ်လွန်ခင် အချိန်ကစပြီး စစ်ဖက်ရေးရာအရာရှိ ဗိုလ်မှူးကြီးမြတ်ထွန်းဦး
ကို စေလွှတ်ပြီး ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှုရယူပြီး အပစ်အခတ်ရပ်စဲရေး လုပ်နိုင်ဖို့
အတွက် ကြိုးစားခဲ့ပါသေးတယ်။
နောက်ပိုင်းမှာ ကေအန်ယူ တပ်မဟာ ၇ သာ စစ်အစိုးရနဲ့ ပူးပေါင်းသွားခဲ့ပြီး တပ်မဟာ
၇ ရဲ့ တပ်မှူး၊ တပ်သားတွေကြားမှာ အချင်းချင်း ပစ်ခတ်မှုတွေ ဖြစ်ခဲ့ရပါတယ်။
နောက်ဆုံး ဗိုလ်ချုပ်ကြီးစောဘိုမြ ကွယ်လွန်တဲ့အချိန်မှာလည်း စစ်အစိုးရဘက်က
ဗိုလ်မှူးကြီးမြတ်ထွန်းဦးကို စေလွှတ်ခဲ့ပါသေးတယ်။
ကေအန်ယူဘက်ကတော့ ဒါကို တရားဝင်လမ်းကြောင်းတွေဘက်ကနေ တွေ့ဆုံ
ဆွေးနွေးချင်တာမဟုတ်ဘဲ နောက်ဖေးဘက်ကနေ ရယူနေတဲ့ နားလည်မှုတွေသာ
ဖြစ်ကြောင်း ဒီကနေ့မှာ ဆက်ပြောသွားပါတယ်။
ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Posted by (လင်္ကာဒီပ) at 1:33 AM 0 comments
Labels: news
မြန်မာစစ်တပ် အင်အားတိုးချဲ့ ကေအဲန်ယူနှင့် တိုက်ပွဲနေ့စဉ်ဖြစ်ပွား
Thursday, December 11, 2008ခွန်အောင်မြတ်။
ဒီဇင်ဘာလ ၁၁ ရက်၊ ၂၀၀၈ ခုနှစ်။
ခြောက်သွေ့ရာသီရောက်လာသည့် အတွက် ကရင်အမျိုးသား အစည်းအရုံး(ကေအဲန်ယူ) အခြေစိုက်ရာ နယ် မြေများအတွင်း မြန်မာစစ်အစိုးရတပ်နှင့် ဒီကေဘီအေ တပ်ဖွဲ့တို့ ပူးပေါင်းပြီး တပ်အင်အားတိုးချဲ့မှုကြောင့် နေ့ စဉ်တိုက်ပွဲဖြစ်နေသည်ဟု ကေအဲန်ယူက ပြောသည်။
မြန်မာစစ်အစိုးရတပ်အင်အား တိုးချဲ့လာခဲ့သဖြင့် ယခုလဆန်းပိုင်းတွင် တိုက်ပွဲပေါင်း ၂၀ကျော် ဖြစ်ပွားခဲ့သည်ဟု ကေအဲန်ယူ တွဲဖက်အတွင်းရေးမှူး(၁) ပဒို စောလှငွေက ပြောသည်။
"တိုက်ပွဲက နေ့တိုင်းဖြစ်နေတယ်၊ ဒီလမှာ ၂၅ ပွဲလောက်တော့ ရှိမယ်ထင်တယ်။ တိုက်ပွဲကြီးတွေ ပြန် နုတ်မယ်ဆိုလို့ရှိရင် အထိအခိုက်များတယ်ဆိုလို့ရှိရင် တိုက်ပွဲကြီးက ခြောက်ပွဲ လောက်တော့ရှိမယ်။ အဲဒီဟာတွေက ဒီဇင်ဘာအတွင်းမှာ ဖြစ်တာပဲလေ။ ခြောက်သွေ့ ရာသီလည်းရောက်လာပြီဆိုတော့ သူတို့လည်းပဲ ရိက္ခာပို့၊ ကားလမ်းလုံခြုံရေးယူ၊ ကားလမ်း လုံခြုံရေး ယူနိုင်ဖို့အတွက် အဲဒီ အနီးနား မှာရှိတဲ့ ကျနော်တို့ တပ်တွေနဲ့ လူထုတွေရှိမယ့် နေရာကို လိုက်ရှင်းဆိုတဲ့ အခါကျတော့ တိုက်ပွဲပိုများ လာတယ်။"
မြန်မာစစ်အစိုးရတပ်များသည် ကေအဲန်ယူ လှုပ်ရှားရာ ဒေသများတွင် ထပ်မံအင်အား တိုးချဲ့ထား သည်ဟု ပဒို စောလှငွေက ပြောသည်။
"ဒီလေးရက်နေ့ကနေ ဒီဇင်ဘာလ(၆)ရက်နေ့မှာ တပ်မ (၇၇) ကနေပြီးတော့မှ ကားအစီး ၁၃၀ နဲ့ မုန်းမြို့ကို တက်လာတယ်။ မုန်းမြို့ကနေပြီးတော့ ကျောက်ကြီးကို တက်လာတယ်။ နောက်တခုက စကခ (၅) ဗိုလ်မှူးချုပ် ကောင်းမြတ် ခေါင်းဆောင်တဲ့အဖွဲ့ကလည်း ကြာအင်းဆိပ်ကြီးကို ကားအစီး ၃၀ နဲ့ ရောက်လာတယ်။ အဲဒီ တပ်မဟာ (၂) ဖက်မှာပဲပေါ့။ အဲဒါကတော့ တပ်မဟာ(၃)နဲ့ တပ်မဟာ (၂)ဘက်မှာ စပြီးတော့ အနီးကပ်ဆုံး သူတို့ အခြေခံစခန်းကို ဦးတည်ပြီးတော့ ဦးတည်လာတဲ့ သဘောတော့ရှိတယ်။ စစ်မြေပြင်တော့ မရောက်သေးဘူး။ "
ဒီဇင်ဘာ ၆ ရက်နေ့မနက်တွင် DKBA ဗိုလ်ကျော်သက်တပ်နှင့် မြန်မာစစ်အစိုးရတပ် ခမရ ၅၄၈ ပူးပေါင်းတပ်ကို KNLA တပ်ရင်း ၁၈ မှ မယ်ပလယ်နှင့် ပနွယ်ပူအကြား တိုက်ခိုက်ရာ စစ်အစိုးရတပ်သား ၃ ဦးသေပြီး ၆ ဦး ဒဏ်ရာရရှိသည်ဟု ၎င်းက ပြောသည်။
ယခုလ ၄ ရက်ညနေတွင် စစ်အစိုးရတပ် ခမရ ၅၈၃ မှ တပ်ကြပ်စောမြင့်ဦးနှင့် တပ်သား ခလယားပေါ် တို့သည် MA-1 တလက်၊ MA-4 တလက်၊ ကျည်ဘောက် ၈ ချပ်၊ ကျည် ၁၉၅ တောင့်၊ M-79 ဗုံးသီး ၁၁ လုံးနှင့်အတူ KNLA တပ်မဟာ ၁ သို့ လက်နက်ချခဲ့သည်။
ဒီဇင်ဘာ ၂ ရက်နေ့တွင် ကေအဲန်ယူ တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း ၁၈သည် ကော့ကရိတ်မြို့နယ် မောလော်အီဖိုရှိ DKBA စခန်းကို တိုက်ခိုက်ခဲ့ရာ DKBA တပ်ကြပ်ကြီး ၁ဦး တပ်သား ၁ ဦး သေဆုံးပြီး ကြားဖြတ် ဖမ်းစက် ၁လုံး၊ ဆက်သွယ်ရေးစက်ကြီး ၁လုံး၊ လမ်းလျှောက်စကားပြောစက် ၁လုံး၊ တယ်လီဖုံးအထိုင်စက်ကြီး ၁လုံးနှင့် မိုဘိုင်းဖုံး ၁လုံး တို့ကို သိမ်းပိုက်ရမိခဲ့သည်ဟု ကေအဲန်ယူက သတင်းထုတ်ပြန်ထားသည်။
သတင်းနှင့်မီဒီယာကွန်ယက်မှဖော်ပြသည်။
Posted by (လင်္ကာဒီပ) at 11:34 PM 0 comments
Labels: news
ကရင်သက္ကရာဇ်၂၇၄၈ခုနှစ်သစ်ကူးကိုကြိုဆိုလျှက်
Wednesday, December 10, 2008
ကရင်အမျိုးသားတိုင်း မိမိတို့ ယဉ်ကျေးမှု၊စာပေ၊စကား၊ရိုးရာဓလေ့ထုံးစံတို့ ကိုစဉ်လာမပျက်ထိမ်းသိမ်းပြီးသာတူညီမျှ၊စိတ်ဝမ်းမကွဲဘဲလက်တွဲလျှောက်လှမ်းနိုင်ကြပါစေလို့ နှုတ်ခွန်းဆက်သလိုက်ပါသည်။
ကရင့်community(sydney)မှကြီးမှူးကျင်းပမည်ဖြစ်သောကရင့်နှစ်သစ်ကူးပွဲတော်ကိုဒီဇင်ဘာ(၂၇)၂၀၀၈၊နေ့ လည်(၁၁)နာရီမှညနေ(၄)နာရီထိတစ်ကြိမ်၊ညနေ(၄)နာရီမှညပိုင်း(၁၁)နာရီအထိတစ်ကြိမ်ကျင်းပမည်ဖြစ်ပါသည်။
Posted by (လင်္ကာဒီပ) at 9:28 PM 0 comments
Labels: news
မြန်မာအရေးလှုပ်ရှားသူများ ယူအန်န်အိတ်ခ်ျစီအာရ် ရုံးရှေ့တွင်ဆန္ဒပြတောင်းဆို
နွယ်လေး။
ဒီဇင်ဘာလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ယူအန်န်အိတ်ခ်ျစီအာရ်ရုံး ရှေ့ တွင် ချိုးဖောက်ခံရသည့် လူ့အခွင့်အရေးများအတွက် မြန်မာ့အရေးလှုပ်ရှား သူများအဖွဲ့ -Burma Democratic Network (BDN) က ဦးဆောင်ပြီး ယနေ့နံနက်တွင် တောင်းဆို ဆန္ဒပြခဲ့ကြသည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်းကို သဘောတူ လက်မှတ်ရေးထိုးရာ နှစ်(၆၀) ပြည့် ယနေ့ ဒီဇင်ဘာလ ၁၀ရက် နံနက် ၁၁ နာရီခန့်တွင် မြန်မာပြည်သူများ၏ လူ့အခွင့်အရေး ဆုံးရူံးမှုများအတွက် မြန်မာ အရေးလှုပ်ရှားသူများအဖွဲ့မှ ဦးဆောင် တောင်းဆိုဆန္ဒပြကြခြင်းဖြစ်သည်ဟု ယင်းအဖွဲ့မှ ကိုစောလှဝင်းက ပြော သည်။
“မြန်မာပြည်သားတွေ လူ့အခွင့်အရေး ဆုံးရှုံးနေတာကို ယူအန်န်အိတ်ခ်ျစီအာရ်က ကူညီဆောင်ရွက် ပေးဖို့ ကျနော်တို့ အဓိက တောင်းဆိုတာ”
လူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့် ပတ်သက်ပြီး တောင်းဆိုချက်ပါသည့် စာတစောင်ကို ယူအန်န်အိတ်ခ်ျစီအာရ် ရုံးရှိ တာဝန်ရှိသူအား ပေးအပ်ခဲ့သည်ဟု ဆန္ဒပြအဖွဲ့မှ ကိုကျော်ဦး က ပြောဆိုသည်။
“အဓိက အချက် (၃) ချက်ဖြစ်တဲ့ နအဖအစိုးရကို ဆန့်ကျင်ရှုတ်ချတာ၊ ဒီမိုကရေစီနဲ့ ဆန့်ကျင်တဲ့ ၂၀၀၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မြန်မာပြည်ကိုယ်စား လက်မခံဘူး။ စစ်အာဏာရှင်ရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်တယ်ဆိုတဲ့စာကို ဆန္ဒပြအဖွဲ့မှ ဦးဆောင်ပြီး ယူအန်န်အိတ်ခ်ျစီအာရ် ရုံး မှာ စာတင်တောင်းဆိုတယ်။”
မြန်မာအရေးလှုပ်ရှားသူ အင်အား ၁၀၀နီးပါးခန့်သည် နိုင်ငံရေး အကျဉ်းသားများကို နှစ်ရှည်ထောင်ဒဏ် ချမှတ် သည့် လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ အောင်ဆန်းစုကြည် အပါအ၀င် ဖမ်းဆီးထားသည့် နိုင်ငံရေးသမားများအား လွှတ်ပေးရေး၊ မြန်မာအစိုးရမှ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် သုံးပွင့်ဆိုင် ဆွေးနွေး ရေးနှင့် မြန်မာစစ်အစိုးရ ကိုယ်ကျိုးရှာသည့် လုပ်ရပ်များကို ကန့်ကွက်ရှုတ်ချသည့် ပိုစတာများအား ကိုင်ဆောင် ကာ ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ တရားဝင် ရပ်တည်ခွင့် တရားဝင် အလုပ်သမားအခွင့် အရေး ရရှိခွင့်များကိုလည်း ထည့်သွင်းတောင်းဆိုကြသည်။
၎င်းတို့မတိုင်မီ ထိုင်းပြည်သူ ၂၀၀ နီးပါး ခန့်လည်း ယနေ့နံနက် ၁၀ နာရီအချိန်တွင် အလုပ်သမားများ နစ်နာ ဆုံးရှုံးသည့် အခွင့်အရေးများကို ဘန်ကောက်ရှိ ယူအန်န်အိတ်ခ်ျစီအာရ် ရုံးတွင် လာရောက် တောင်းဆို ဆန္ဒပြခဲ့ကြသည်။
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် ခေါင်လတ် အခြေစိုက် အခြေခံလူထု လူ့အခွင့်အရေး အဖွဲ့သည် အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ကျင်းပမည်ဟု သိရှိရသည်။
Posted by (လင်္ကာဒီပ) at 4:14 PM 0 comments
Labels: news
ထိုးစစ်ဒေသက ထွက်ပြေးလာတဲ့ ကရင် ဒုက္ခသည်တွေရဲ့ ဝေဒနာ
စောရန်နိုင်။ ဇွန်လ ၁၁ ရက်၊ ၂၀၀၇
ဝါးတဲလေးတခုပေါ်မှာထိုင်နေတဲ့ ကရင်အမျိုးသားလေးဟာ ပါးပြင်ပေါ်မှာ သနပ်ခါးတွေ ဖြူဖွေးနေအောင် ချယ်သ လိမ်းထားပါတယ်။ သူနံမည်က ကိုမြစန်းဖြစ်ပါတယ်။ သူက တောင်ငူခရိုင် တင်နထာကျေးရွာ က ပါ။
သူဟာ သတင်းလောကတွေနဲ့ ထိတွေ့ကျင်လည်နေသူ မဟုတ်ဘူးဆိုတာ ကိုသူ့ရဲ့မူလရုပ်လုံးပုံပန်းသဏ္ဍာန်က ပေါ်လွင်နေပေမယ့်သူနဲ့ မိတ်ဆက် အပြီးမှာ သူ့ဆီကချက်ချင်း ကြားလိုက်ရတဲ့ ထူးခြားတဲ့စကားတွေ ကတော့ “ကျနော်တို့က သတင်းထောက်တွေကို ကြိုဆိုလျက်ပါ။ သတင်း ထောက် တွေ ရွာထဲကို လာစေ ချင်တယ်။ သတင်းထောက်တွေနဲ့ တွေ့ချင်တယ်၊ ပြောပြချင်ပါတယ်။ ကျနော်တို့ကို မေးပါ။ ကျနော် တို့အခက်အခဲတွေ ကို ပြောပြပါမယ်။” ဆိုတဲ့စကားပဲ ဖြစ်ပါတယ်။
ကိုမြစန်းရောက်နေတဲ့ နေရာကတော့ အီးတူထ ဆိုတဲ့ ပြည်တွင်း ဒုက္ခသည် စခန်းတခုမှာပါ။ အီးတူထစခန်းဟာ ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံရဲ့ နယ်နမိတ်ကို ပိုင်းခြားထားတဲ့ သံလွင်မြစ်ရဲ့ မြစ်ကမ်းနှံဘေးမှာ တည်ရှိတဲ့ ရွာလေးတ ရွာ သို့မဟုတ် ဒုက္ခသည်စခန်းတခု ဖြစ်ပါတယ်။
နအဖထိုးစစ်ကြောင့် ထွက်ပြေးလာတဲ့ ဒေသခံရွာသား ၃၀၀၀၀ သောင်းကျော်ထဲက ထိုင်းနိုင်ငံမှာရှိတဲ့ ဒုက္ခ သည်စခန်းထဲကို ၀င်ရောက်အခြေမချလိုသော၊ ဒါမှမဟုတ် ၀င်ရောက်အခြေချခွင့်မရသော အိုးအိမ်မဲ့ပြည်တွင်း ဒုက္ခများအတွက် ၂၀၀၆ ခုနှစ် ဧပြီလတွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ အီးတူထစခန်းမှာ အိမ် ခြေ ၆၀၀ လောက်ရှိပြီး လူဦးရေ ၃၀၀၀ ကျော်သွားပါပြီ။ အရင်ကဆိုရင် ဒီဒုက္ခသည်ရွာကလေးကို သတင်း ထောက် တယောက်စ နှစ်ယောက်စပဲ ရောက်ဖူးပါတယ်။
သတင်းနဲ့အတွေ့အကြုံမရှိပေမဲ့ သတင်းထောက်ကို လုံးဝမရှိန်တဲ့ ကိုမြစန်းဟာ ရင်ထဲမှာ သိမ်းဆည်းထားတဲ့ ခံ စားချက်ပေါင်းများစွာကို သဘာဝကျကျ ရင်ဖွင့်ချင်တယ်လို့ ဆိုပါတယ်။
တကယ်တော့ ဒီဒုက္ခသည်စခန်းမှာ ရောက်ရှိလာတဲ့သူတွေအားလုံးဟာ ရင်နာစရာ အဖြစ်ဆိုးတွေနဲ့ ရင်ဆိုင် ကြုံ တွေ့ရလို့ ဘ၀ပျက်ခဲ့ရတဲ့ သူတွေချည်းပါပဲ။ ကိုမြစန်း လိုပါပဲ ထောင်နဲ့ချီတဲ့ အီးတူထစခန်းက ရွာသူရွာသား တွေကလည်း တချိန်က ရင်ထဲမှာ ကြိတ်မှိတ်မြိုသိပ် ထားခဲ့ရတဲ့ ကိုယ်စီ ခံစားချက်တွေနဲ့ ပြည့်နှက်လို့ ရင်ဖွင့် ချင်ကြတဲ့သူချည်းပါပဲ။
တောင်ငူခရိုင်၊ ညာမူဒဲကျေးရွာမှ ကရင်အမျိုးသမီး တဦးဖြစ်တဲ့ နော်ဆာ လယ်ဝါး ကတော့ အတိတ်က ရင်နာစရာ အဖြစ်အပျက်တွေ ပြန်လည်စဉ်း စားမိတိုင်း ထွက်လာတဲ့ ဒေါသတွေဟာ ပေါက်ကွဲစရာမရှိလို့ ကလေးတွေ အပေါ်ပဲ ပုံချနေမိတယ်လို့ ပြောပါတယ်။ “အရင်က အဖြစ်အပျက်တွေ ပြန်စဉ်းစားရင် ထမင်းတောင်မစား ချင်ပါဘူး။ စားလို့လည်းမ၀င်ပါ ဘူး။ ကလေးတွေ ပြောစကား နားမထောင်ရင် ဒေါသထွက်လာ တယ်။ တခါတလေ ဒေါသ ထွက်လာရင် ကလေးကို ရိုက်သတ်ချင် တယ်။” လို့ ကရင်စကားနဲ့ ပြောပြသွားပါတယ်။
သူမ ခံစားနေရတာတွေဟာ တကယ်တော့လည်း ရူးသွပ်နိုင်လောက်ပါတယ်။ သူ့ခင်ပွန်းကို စစ်ဆင်ရေး အတော အတွင်းမှာ နအဖစစ်တပ်က ဖမ်းမိပြီး အညာအတာကင်းမဲ့ကာ လူမဆန်စွာ သတ်လိုက် တဲ့အတွက် ကလေး တွေနဲ့ ကျန်ရစ်ခဲ့တဲ့ မုဆိုးမ တယောက်ပါ။ ရက်ရက်စက်စက် အသတ်ခံရတဲ့ သူ့ခင်ပွန်းသည်၏ အဖြစ်ဆိုးကို ဆို့နင့်နာကြင်စွာ ခံစားနေရတဲ့အကြောင်းကို ပြောပြနေစဉ်မှာပဲ နင့်မွန်းတုန်ယင် တဲ့လေသံနဲ့အတူ မျည်ဝန်းထဲ က မျက်ရည်စက် လေးတွေ ပါးပြင်ပေါ် စတင်စီးဆင်းလာပါတော့တယ်။
ဟန်ဆောင်လို့မရမှန်းသိလိုက်တဲ့အတွက် မျက်ရည်တွေနဲ့အတူ သူမ ဆက်ပြီးရင်ဖွင့်ပါတယ်။ မောပန်း အားငယ် စွာနဲ့ သူက “ဒီကျမသမီးလေးဟာ သူ့အဖေကို ဗမာစစ်တပ်တွေသတ်တဲ့အချိန်မှာ အသက်တနှစ်ပဲ ရှိ သေးတယ်။ မိုးတွင်းမှာ ဆိုတော့ သွားရလာရ၊ သယ်ရပြုရတာ တအားခက်ခဲတယ်။ ကူမယ့်လူလည်း မရှိဘူးလေ။ ကလေးတဖက်နဲ့ ဆိုတော့ အခက်အခဲကတော့ အများကြီးပေါ့ရှင်။” လို့ ပြောပါတယ်။
နော်ဆာလယ်ဝါးဟာ တောင်ယာလုပ်ကိုင်စားသောက်နေတဲ့ ရွာသားတယောက်ဖြစ်ပါတယ်။ သူ့ခင်ပွန်းကလည်း အရပ်သားတယောက်ဖြစ်ပြီး အီးတူထစခန်းမရောက်လာခင် တောတောင်ထဲ ပုန်းအောင်နေတဲ့အချိန်မှာပဲ အ သတ်ခံရတာ ဖြစ်ပါတယ်။
ရက်ရက်စက်စက် အသတ်ခံလိုက်ရတဲ့ သူ့ခင်ပွန်း ဘယ်လိုဆုံးပါးသွားသည့်အကြောင်းကို ပူလောင်ဆူပွက်တဲ့ ပါးပြင်ပေါ်က မျက်ရည်စက်နဲ့အတူ ဆို့နင့်ကွဲအက်တဲ့လေသံနဲ့ အခုလို ဆက်ပြောပြပါတယ်။
“သူ့ကိုသတ်တာက သူ့လက်ကို နောက်ကြောမှာကြိုးနဲ့ ချည်ထားတယ်။ နောက်ပြီး မျက်လုံးနှစ်လုံး စလုံးကို ဖေါက်ထုတ်တယ်။ ပြီးတော့ ဒီလိုပဲ တောထဲမှာ လွှတ်လိုက်တယ်။ ဒီလူတွေလုပ်တာက နည်း နည်းလေး မဟုတ်ဘူး။ သူ့ကိုအဲ့လိုလွှတ်လိုက်တော့ သူလည်းလမ်းမမြင်ဘာမမြင်နဲ့ တောထဲမှာ ထ မင်းမစားရ ဘာမစရားရ အဲ့လိုလျှောက်သွားရင်းနဲ့ သွေးလွန်ပြီးသေသွားတယ်လေ။”
သူ့ခင်ပွန်းဟာ တောင်ယာတဲက အပြန်လမ်းမှာ နအဖစစ်တပ်က ဖမ်းမိတာပါ။ သူ့ခင်ပွန်း အဖမ်းခံရတဲ့ အချိန် တုန်းကတော့ သူမကိုယ်တိုင်မသိပါဘူး။ တောင်ယာက ပြန်လာမယ့် ခင်ပွန်းသည်ကို မျှော်လင့်ချက် ကြီးစွာနဲ့ သူမဟာ အိမ်ကနေ စောင့်မျှော်နေခဲ့မိတယ်။ ဒါပေမယ့် တပတ်လောက်အကြာမှာ မမျှော်လင့် ထားတဲ့ သတင်း ဆိုးက သူမရဲ့နားတစုံမှာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတယ်။ အဲ့ဒါကတော့ နအဖစစ်သားက သူ့ခင်ပွန်း ကို ဖမ်းမိလို့ပါပဲ။ အဲ့ဒီအချိန်မှာ သူမဟာ အလူးအလဲ ပေါ့။
ဖြစ်ပျက်သမျှကို သင်္ခါရတရားလို့ ပြောနိုင်ပေမယ့် မနစ်လိုဖွယ်ရာ ဘ၀ဒဏ်ရာဒဏ်ချက်တွေနဲ့ ဆက်လက် နစ် မွန်း ရှင်သန်နေရတဲ့ နေ့ရက်များရဲ့ နေ၀င်ချိန်ဟာ သူမအတွက် ကြာရှည်လွန်းပါတော့တယ်တဲ့။
တကယ်တော့ ၂၀၀၆ ခုနှစ်အစောပိုင်းက တောင်ငူနဲ့ ညောင်လေးပင်ခရိုင်မှာ စတင်ခဲ့တဲ့ နအဖရဲ့ထိုးစစ်ကြောင့် ထွက်ပြေးလာကြတဲ့ ရွာသူရွာသားတိုင်းဟာ အမျိုးမျိုးသော ဒုက္ခတွေကိုယ်စီနဲ့ပါ။ စစ်ဆင်ရေးအတွင်းမှာ ပစ္စည်း ဥစ္စာပိုင်ဆိုင်မှု ဆုံးရှုံးသွားတဲ့သူ၊ အတင်းအဓမ္မပြုကျင့်ခံခဲ့ရတဲ့သူ၊ မတရားအသတ်ခံရလို့ ဘ၀အဆုံးသတ် ခဲ့ရသူ၊ မြေမြုပ်မိုင်း နင်းမိလို့ ဒုက္ခိတ ဘ၀ရောက်ခဲ့ရသူ၊ ခင်ပွန်းသည် အသတ်ခံရလို့ မုဆိုးမဘ၀ ရောက်ရတဲ့သူတွေ အီးတူထ စခန်းမှာ ဒုနဲ့ဒေးပါ။
၂၀၀၆ ခုနှစ် အစောပိုင်းကစပြီး ထိုးစစ်ဆင်ခဲ့တဲ့ကာလမှာ မြန်မာစစ်တပ် များဟာ တောင်ငူခရိုင်မှာ ရွာပေါင်း ၅၄ ရွာ၊ ညောင်လေးပင်ခရိုင်အတွင်းမှာ ရွာပေါင်း ၁၀၀ နဲ့ ဖာပွန်ခရိုင်က ရွာပေါင်း ၁၀ ရွာကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ကရင်ပြည်နယ်မှာ နအဖစစ်တပ်များက ရွာပေါင်း ၂၈၀၀ ရွာကို ဖျက်ဆီးခဲ့တဲ့အတွက် နအဖ စစ်အစိုးရဟာ ကမ္ဘာပေါ်တွင် အဆိုးဆုံး အစိုးရအဖြစ် အသိမှတ်ပြုခံရကြောင်း ၂၀၀၆ ခုနှစ် မေလ ၃ ရက် နေ့ထုတ် ကရင်အမျိုးသမီးအဖွဲ့အစည်းရဲ့ ထုတ်ပြန်ကြေညာမှာ ဖေါ်ပြ ထားပါတယ်။
အသက် ၆၀ ကျော် အရွယ်ရှိတဲ့ ဆံပင်ဖြူဖြူ၊ ခပ်ပိန်ပိန် အမျိုးသမီးကြီးတယောက်ဖြစ်တဲ့ နော်ဆာဖေါ ကလည်း ဆာလယ်ဝါး လိုပဲ ဘ၀တူတယောက်ပါ။ တစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်တဲ့ သူ့ခင်ပွန်းရဲ့ အဖြစ်အပျက်တွေကို သူမ အတွက်တော့ မနေ့ကလိုပါပဲတဲ့။
နော်ဆာဖေါ ညည်းတွားပြောပြသွားတာက “ရွာကိုသတိရတယ်။ အေးအေးဆေးဆေး တောင်ယာလုပ်စား တာ ပျော်တယ်။ နအဖစစ်သားမလာရင် နေလို့ပျော်တယ်။ နအဖစစ်သားတွေ လာပြီးမီးရှို့ရင် နေလို့ မပျော် တော့ဘူး။ ထွက်ပြေးရတယ်။”
မိသားစုစားဝတ်နေရေး အဆင်ပြေစေရန် ရည်စူးပြီး တခြားနေရာကို ခရီးထွက်သွားတဲ့ သူမရဲ့ခင်ပွန်းဟာ မမျှော် လင့်ဘဲ နအဖစစ်တပ်က ဖမ်းမိလို့ အသတ်ခံရတာပါ။
သူမယောက်ျား အသတ်ခံရတဲ့အကြောင်းကို သူက “ဆီဖိုး၊ ဆားဖိုး၊ ငါးပိဖိုး သွားရှာမယ်လို့ ပြောထား ပြီးတော့ ခရီးထွက်တာပေါ့။ အကြာကြီးပဲ၊ ကျမတို့ဆီလည်း ပြန်မရောက်လာဘူး။ ကျမက မျှော်နေ တာပေါ့။ ဒါပေမယ့် ပြန်မလာဘူး။ နောက်တော့ သူ့ကို နအဖက ဖမ်းမိလို့ ပြန်ကြားရတယ်။ သူ့ကို ဖမ်းတာက ဟို့း့  တခြားရွာတရွာက ဖမ်းမိတာ။ အဲ့ဒီနားက ရွာသားတွေလည်း သူ့ကို မထောက်ခံ ရဲဘူးလေ။ နအဖစစ်သားက သူ့ကို သေနတ်ရှိတယ် လို့ပြောပြီးတော့ သူ့ကိုဖမ်းပြီးသတ် လိုက်တယ် ။” လို့ ပြောပြပါတယ်။
အမှန်တကယ်တော့ သူ့ခင်ပွန်းဟာ ကေအဲန်ယူစစ်သားမဟုတ်ဘဲ ရိုးရိုးအရပ်သား တယောက်ပါ။
နော်ဆာဖေါဟာ အိမ်ထောင်ကျပြီးသား သူမရဲ့သမီးတယောက်နဲ့အတူ ထွက်ပြေးလာပြီး သူ့မှာ အရွယ်ရောက် ပြီးသား သားသမီး ၃ ယောက် ကျန်ခဲ့ပါတယ်။ တောတောင်ထဲမှာ ပုန်းအောင်နေရတဲ့ ရွာက ကျန်ခဲ့တဲ့ သားသမီး ၃ ယောက်ကို ပြန်လည်သတိရတိုင်း သူမ တယောက်တည်း စကားတွေ ပြောပြောနေတတ်တယ်လို့ သူ့အိမ်နီး ချင်း တွေက ပြောပါတယ်။
ထွက်ပြေးလာစဉ်က တောတောင်ထဲပုန်းအောင်းနေရတဲ့အတွက် ထမင်းမစားရဘဲ ၀ါးမြှစ်၊ အသီးအရွက်နဲ့ သစ်ဥ များ စားရတဲ့နေ့တွေလည်းရှိသလို တခါတလေဆိုလည်း ဘာမှ မစားရဘဲ အစာငတ်ခံနေရပါတယ်တဲ့။
နအဖစစ်သား ဖမ်းမိလို့ အသတ်ခံရမှာကို ကြောက်ပြီး နေ့မရှောင် ညမရှောင်ဘဲ လျောက်လှမ်းခဲ့ရတဲ့ ခက်ခဲ ကြမ်းတမ်းတဲ့ ခရီးစဉ်ကို သူက ဆက်ပြီး ညည်းညူသွားပါတယ်။
“ကျမတို့ လမ်းမှာ ထွက်ပြေးလာတာ တလောက်ကြာတယ်။ နအဖစစ်သားတွေ ကျမတို့ကို လိုက် တယ်။ ညဘက်လည်း သွားရတာပဲ။ ထွက်ပြေးလာတုန်းကဆိုရင် ညဘက်မှာပဲ လမ်းဖြတ်ကူးရတယ်၊ ဘာမှမမြင်ရဘူး။ အသက်က လည်းကြီးပြီးဆိုတော့ အာ့း့  တအား ပင်ပန်းတယ်။”
စစ်ဆင်ရေးကာလအတွင်း နအဖစစ်တပ်များသည်၊ ရွာကိုမီးရှို့ဖျက်ဆီးခြင်း၊ ရွာအနီးတွင် မြေမြုပ်မိုင်းများ ထောင် ထားခြင်း၊ ရွာသားများကို မတရားသတ်ဖြတ်ခြင်း၊ အတင်းအဓမ္မခိုင်းစေခြင်း၊ ရွာသားပိုင်ပစ္စည်းများကို သိမ်းယူ ခြင်းနဲ့ တောထဲမှာ ရွာသားတွေ သိုဝှက်ထားတဲ့ ရိက္ခာများကိုတွေ့လျှင် မီးရှို့ဖျက်ဆီးပစ်တယ်လို့ ထွက်ပြေးလာ တဲ့ ရွာသားတွေက ပြောပြကြပါတယ်။
၂၀၀၆ ခုနှစ်အစောပိုင်းမှ စတင်ခဲ့တဲ့ တောင်ငူ၊ ညောင်လေးပင်ခရိုင်အတွင်း နအဖ၏ စစ်ဆင်ရေးဟာ ယခုနှစ် အ စောပိုင်းတွင် အနည်းငယ်လျှော့ကျခဲ့ပြီး ယခုနှစ် ဧပြီလမှာ ညောင်လေးပင်နဲ့ ဖာပွန်ခရိုင်အတွင်း စစ်ဆင်ရေး ပြန် လည်ပြုလုပ်လာတဲ့အကြောင်းကို ကရင်ပြည်နယ် အိုးအိမ့်မဲ့ဒုက္ခသည်များ ကူညီဆောင်ရွက်ပေးနေတဲ့ လူမှုကယ် ဆယ်ရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ (Committee for Internally Displaced Karen People) အဖွဲ့ မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဧပြီလ ၂၆ ရက်နေ့မှာ ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ ထိုးစစ်ရေးလုပ်လာ တဲ့အတွက် ဒေသခံရွာပေါင်း ၇ ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ ၄၀၀၀ ကျော်က တောတောင်ထဲကို ထွက်ပြေး ပုန်းရှောင်လျက်ရှိပါတယ်။
နအဖက အရပ်သားတွေအပေါ် ထိုးစစ်ဆင်တာနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ၏ အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလာဖန်း က “တွေ့တဲ့ရွာမှန်သမျှ အကုန်လုံး လက်နက်ကြီးတွေနဲ့ ပစ်ချ၊ ထွက်ပြေးတယ်ဆိုရင် သူတို့ ဖျက်ဆီးတယ်။ သူတို့က (Genocide) လုပ်တာပဲ။ ရွာသားတွေက လုံးဝ အသက်ရှင်ရပ်တည်လို့ မရတော့အောင် ပန်းကန်တွေ ထိုးဖေါက်တယ်၊ ထမင်းအိုးတွေ ထိုး ဖေါက်တယ်၊ စပါးကျီတွေ မီးရှို့တယ်၊ တောင်ယာတွေ မီးရှို့လိုက်တယ်၊ ဘာမှလုပ်စားလို့ မရတော့ ဘူး။ အဲ့လိုဆိုတော့ ဒါက လူတွေအကုန်လုံးမျိုးတုံးသွားအောင် သူက လုပ်တယ်။” လို့ ပြောပါတယ်။
ညောင်လေးပင်ခရိုင်မှာ လက်ရှိထိုးစစ်ဆင်လှုပ်ရှားနေတဲ့ နအဖတပ်တွေကတော့ တပ်မ ၁၁ လက်အောက်ခံ ခမ ရ ၂၁၆၊ ၂၁၅၊ ၂၁၈၊ ၂၂၀ စတဲ့ တပ်ရင်းတွေဖြစ်ကြပြီး ဖာပွန်ခရိုင်အတွင်းမှာတော့ တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းတွေဖြစ်ကြတဲ့ ခမရ ၁၀၃၊ ၃၀၁၊ ၄၁၆၊ ခလရ ၁၃ နဲ့ စကခ ၁ လက်အောက်ခံတပ်ရင်းများ ဖြစ်ကြ ပါတယ်လို့ (CIDKP) မှ တာဝန်ရှိ အဖွဲ့ခေါင်းဆောင်တဦး က ပြောပါတယ်။
၂၀၀၆ ခုနှစ်အစောပိုင်းက စတင်ခဲ့တဲ့ နအဖထိုးစစ်ကြောင့် တောင်ငူ၊ ညောင်လေးပင်နဲ့ ဖာပွန်ခရိုင်မှ ထွက်ပြေး ပုန်းရှောင်နေရတဲ့ ဒေသခံဦးရေ ၃၀၀၀၀ ကျော်ရှိပြီး ၁၆၀၀၀ ကျော်မှာ ယခုအခါ တောတောင်ထဲကို အိုးအိမ်မဲ့ ပြည်တွင်းဒုက္ခသည်အဖြစ်နဲ့ ပုန်းအောင်းလျက်ရှိတယ်လို့ ကရင်ပြည်အတွင်း လူမှုကယ်ဆယ်ရေး အဖွဲ့တဖွဲ့ဖြစ် တဲ့ (Free Burma Rangers) အဖွဲ့ က ခန့်မှန်းပါတယ်။
၁၉၇၄ ခုနှစ်ကတည်းက နအဖဟာ ကရင်လူထုတွေအပေါ် တောက်လျှောက်ထိုးစစ်ဆင်လာခဲ့ပြီး ၁၉၈၈ ခုနှစ် လူထုအုံကြွမှုအတောအတွင်းတွင် အနည်းငယ်လျှော့ချခဲ့ပြီးနောက် သိပ်မကြာခင်မှာ ထပ်ပြီး စစ်ဆင်ရေးကြီးတွေ ပြုလုပ်လာခဲ့ကာ ၂၀၀၄ ခုနှစ်အတွင်း နအဖနဲ့ ကေအဲန်ယူအကြား နှုတ်ဂတိအရ အပစ်အခတ်ရပ်စဲရေး သဘော တူညီမှု ရရှိခဲ့ပြီးနောက်တွင်တကြိမ် အနည်းငယ်လျှော့ချခဲ့ပြီး ၁၉၉၆ ခုနှစ် အစောပိုင်းကစပြီး ယခုထိ သက်ဆိုင် ရာဒေသထဲကို ထိုးစစ်ဆင်နေတယ်လို့ ကေအဲန်ယူရဲ့ အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလာဖန်း က ပြောပါ တယ်။
ဒေသခံပြည်သူလူထုတွေ ပြည်တွင်းစစ်ကို ၁၉၇၄ ခုနှစ်ကစပြီး နှစ်ပေါင်းများစွာ ခံစားလာရပေမယ့် သူတို့ တ တွေရဲ့ ဘ၀တွေဟာ ယခုချိန်ထိ မအေးချမ်းနိုင်သေးပါဘူး။
ဒီလို ဒုက္ခတွေမျိုးစုံ ကြုံခဲ့ရတဲ့ တောင်ငူခရိုင် တင်နထာကျေးရွာက ကိုမြစန်းက သူ့ရဲ့ အဖြစ်ချင်ဆုံးဆန္ဒကို အခု လို ပြောပြခဲ့ပါတယ်။ “ကမ္ဘာကို ပြောချင်တာကတော့ ကျနော်တို့ပြည်သူတွေ အေးချမ်းမှုကိုပဲ လိုချင် တယ်လေ။ စစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးတွေ။ လူ့အခွင့်အရေးဆိုတာလည်း ကျနော်တို့ စာစောင်ထဲမှာလည်း နည်းနည်းပါးပါး ဖတ်ဖူးတယ်၊ ရေဒီယိုထဲမှာလည်း နားထောင်ဖူးတယ်။ လူ့ အခွင့်ရေး ဆိုတာကတော့ ကျနော်တို့ ပြည်သူလူထုနဲ့ အထိုက်တန်ဆုံး စကားလုံးတလုံးနဲ့ အထိုက် တန်ဆုံးရဲ့ အခွင့်အရေးတခုကိုး။ ဒါကြောင့်မို့လို့ ကျနော်တို့ ပြည်သူလူထုက အေးချမ်းတဲ့အရိပ် အောက်မှာ နေချင်တယ်။ အေးချမ်းတဲ့အရိပ် ရှိအောင်၊ အေးချမ်း သာယာအောင် ကမ္ဘာက စစ်အာ ဏာရှင်ကျသွားအောင် ကမ္ဘာက တိုက်တွန်းပေးပါ၊ လုပ်ပေးပါ အမြန်ဆုံး နည်းနဲ့ လုပ်ပေးပါလို့ ကမ္ဘာ သိအောင် ကျနော်တို့ ပြောချင်ပါတယ်။”
Posted by (လင်္ကာဒီပ) at 3:43 PM 0 comments
Labels: article
အရိုးစားသူများ
တေဇ၊ သန်းရွေ၊ မက်ဇော်ဇော် ၊ စိုးသာ၊ အောင်သောင်း တို့  နဲ့ သူတို့  သားသမီးတွေ ငွေကိုလေ လို သုံး နေချိန်မှာ မြန်မာလူမျိုးတွေကတော့ စားစရာ မရှိတော့ဘူး။အရိုးကိုသွားတောင်းစားနေရပြီ။ ဓါတ်ပုံတွေကတော့မူစလင် ဘာသာဝင်တွေရဲ့  အစ်နေမှာ လျူဒန်းတဲ့ အမဲ သားငါးတွေ ရဖို့  တန်းစီစောင့်နေတဲ့လူထု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရွေ ၀ါရောင်တော်လှန်ရေးမှာ မူလစလင်ဘာသာဝင်တွေကသံဃာတော်တွေနဲ့ လူတွေ ကို ရေနဲ့  ဒန်ပေါက် ဆွမ်းတွေ အကြီးအကျယ်လျူဒန်းခဲ့ကြသေးတယ်။ ရန်ကုန်မြို့  ထဲနဲ့ ရွာသာကြီးဖက်မှာအမဲရိုးသွားကောက်ကြတဲ့ လူထုတွေ ကိုတွေ့ ရစဉ်။ (
Posted by (လင်္ကာဒီပ) at 12:28 AM 0 comments
Labels: news