စောဘဦးကြီး၏မူ(၄)ရပ်

For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

Archives

KNU တပ်မဟာ (၇) ဌာနချုပ် သိမ်းပိုက်ခံရ

Monday, June 22, 2009

Monday, 22 June 2009 19:47 ဧရာဝတီ
စစ်အစိုးရ တပ်ဖွဲ့နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) ပူးပေါင်းတပ်များက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၏ အဓိက တပ်စခန်းဖြစ်သော တပ်မဟာ(၇) ဌာနချုပ်ကို ယမန်နေ့က သိမ်းပိုက်လိုက် ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းတပ်များက ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ KNLA တပ်မဟာ (၇) ဌာနချုပ် ကို ပြီးခဲ့သည့် ဇွန်လ ၁၇ ၊ ၁၈ ရက်များကတည်းက စတင်၍ ပြင်းထန်စွာ ထိုးစစ်ဆင်တိုက်ခိုက် နေခဲ့ပြီး ဇွန်လ ၂၁ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု KNU တွဲဖက်အထွေထွေ အတွင်းရေးမှူး(၁) ဗိုလ်မှူး စောလှငွေ ကပြောသည်။

ယခုအခါ KNLA တပ်မဟာ (၇) တွင် တပ်စခန်း တခုတည်းသာ ကျန်ရှိတော့ကြောင်းနှင့် KNLA တပ်များအနေနှင့် ပြောက်ကျား စစ်ဆင်ရေး နည်းကို ကျင့်သုံးသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

ဇွန်လ ၁၉ ရက်နေ့က တပ်မဟာ (၇) ဌာနချုပ်ကို စတင်တိုက်ခိုက်သည့် တိုက်ပွဲတွင် DKBA ဘက်က ၇ ဦးခန့် ကျဆုံးမှုရှိခဲ့သည်ဟုလည်း ဗိုလ်မှူး စောလှငွေ က ဆိုသည်။

ထို့အပြင် KNLA တပ်ရင်း ၂၁ ၊ ၂၂ နှင့် ၁၀၁ တပ်စခန်းများ ကျဆုံးခဲ့ရပြီး တပ်ရင်း ၂၀၂ ၏ တပ်စခန်း တချို့ကို ထိန်းထားနိုင်ခဲ့ကြောင်း သိရသည်။

ယင်း KNLA တပ်မဟာ (၇) ကျဆုံးခြင်းအတွက် ထိုင်းမြန်မာ နယ်စပ်မြို့ မဲဆောက်တွင် အခြေစိုက်ထားသော မြန်မာအတိုက်အခံအဖွဲ့များ၏ ရပ်တည်ရေးကို ထိခိုက်နိုင်သည်ဟုလည်း ဗိုလ်မှူး စောလှငွေ က ပြောပြသည်။

တိုက်ပွဲများကြောင့် ဇွန်လ ပထမ အပတ်အတွင်း ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသည့် ကရင်ဒုက္ခသည် စုစု ပေါင်း ၄၀၀၀ ကျော် ရှိကြောင်း သိရသည်။ အများစုမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာများမှဖြစ်ပြီး ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အတွင်းရှိ မဲ့သဝေါနှင့် မဲ့သလေမြို့နယ်များသို့ ထွက်ပြေးပုန်းရှောင်နေကြရသည်။

ယင်း ပြင်းထန်သည့် တိုက်ပွဲများကြောင့် ထွက်ပြေးလာရသော ကရင် ဒုက္ခသည်များကို ထိုင်းအာဏာပိုင်များက မြန်မာပြည်ဘက်သို့ အဓမ္မ ပြန်လည် ပို့ဆောင်မှုများပြုလုပ်ကြောင်းလည်း သိရသည်။

ယခုကဲ့သို့ ဒုက္ခသည်များကို အဓမ္မ ပြန်ပို့နေခြင်း အပေါ် ကရင်အမျိုးသမီး အစည်းအရုံး(KWO) က လွန်စွာ စိုးရိမ်မှုရှိကြောင်း ယနေ့ထုတ်ပြန်ချက်တွင် ပြောဆိုသည်။

ထိုင်းနိုင်ငံ တာ့ခ် ခရိုင် ထဆောင်ရန်း ဒေသရှိ ပြန်ပို့ခံနေရသော ကရင် ဒုက္ခသည်မိသားစုများနှင့် ပတ်သက်ပြီး နိုင်ငံတကာက အရေးယူဆောင်ရွက်ပေးရန်၊ ထိုင်းအာဏာပိုင်များနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးအပါအဝင် အကူအညီပေးရေးအဖွဲ့များ ဆွေးနွေးအဖြေရှာကြရန်လား KWO က တောင်းဆိုထား သည်။

KWO အတွင်းရေးမှူး ဒါး အယ် ကလယ်က“ထိုင်းအာဏာပိုင်တွေအနေနဲ့ နောက်ဆုံးအခြေအနေအထိ စောင့်ကြည့် ရပါမယ်၊ အခုလို မိုးတွင်းကြီးမှာ ဒုက္ခသည်တွေကို အဓမ္မ ပြန်ပို့နေတာဟာ သူတို့ရဲ့အသက်ရှင် နေထိုင်ခွင့်နဲ့ လူ့အခွင့်အရေးတွေကိုချိုးဖောက်နေသလိုဖြစ်ပါတယ်”ဟု ပြောသည်။

ယင်း ပြန်ပို့ခံရသည့် ဒုက္ခသည်များသည် အသက် အန္တရာယ်စိုးရိမ်ရကြောင်းနှင့် အမျိုးသမီး ငယ်များဖြစ်ပါက မြန်မာစစ်တပ်၏ အဓမ္မ ပြုကျင့်ခံရမှုများ ရှိသည်ဟုလည်း ၎င်းကဆိုသည်။

လွန်ခဲ့သည့် အပတ်အတွင်းက အသက် ၁၇ နှစ် ခန့်ရှိ ဒုက္ခသည်အမျိုးသမီးငယ် ၂ ဦးသည် ဘားအံခရိုင် အတွင်း ၌ မြန်မာစစ်တပ်၏ အဓမ္မပြုကျင့်ပြီး အသတ်ခံခဲ့ရကြောင်း၊ အဓမ္မပြုကျင့်သူများမှာ မြန်မာစစ်တပ် တပ်ရင်း ၂၀၅ မှ ဖြစ်ကြောင်း၊ အမျိုးသမီး တဦးမှာ ကိုယ်ဝန်ဆောင်သည်ဖြစ်ပြီး တဦးမှာ ၆ လသားအရွယ် ကလေးငယ်တဦး ကျန်ရစ်ကြောင်း KWO ၏ ထုတ်ပြန်ချက်အရ သိရသည်။

0 comments: