စောဘဦးကြီး၏မူ(၄)ရပ်

For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

Archives

ဒုက္ခသည်များကူညီစောင့်ရှောက်ရေး ရံပုံငွေရှာပွဲ

Saturday, June 27, 2009

ဇွန် ၂၇၊၂၀၀၉
သတင်း၊ဓါတ်ပုံ-စောကျော်ခွိ

ဒေါက်တာဂျိုးနှင့်သူဇနီးဇနီးရှယ်လီ
စစ်ပြေး IDP ဒုက္ခသည်များကူညီစောင့်ရှောက်ရေး ရံပုံငွေရှာပွဲတခုကို သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ 
ဂရမ်းဗေးYouth and Community Recreation Centre တွင် (၂၇.၀၆.၀၉)ရက်နေ့ က ဒေါက်တာ
ဂျိုး(နယ်ခြားမဲ့ဆရာဝန်)နှင့်ဆရာဝန်များက ကမကထပြုကျင်းပခဲ့ပါသည်။

ဒုက္ခသည် IDP များအတွက် အဝတ်အထည်ချုပ် အသေးစား အပ်ချုပ်စက်ရုံကို မဲဆောက်တွင် ဖွင့်လှစ်
ထားရှိပြီး ပုံမှန်လည်ပတ်နေနိုင်ရန်နှင့်လှုပ်ရှားမှုပြုနိုင်ရန် ထိုရံပုံငွေရှာပွဲကို ကျင်းပရခြင်းဖြစ်သည်။
ရင်သွေးငယ်များက ကရင့်ရိုးရာ ဒုံးအကနှင့်၎င်း၊ မုံရွှေရည် အကပဒေသာနှင့်၎င်း ဖျော်ဖြေတင်ဆက်
ခဲ့ကြပါသည်။

Hallခန်း အခက်အခဲဖြစ်၍ ရရှိသောနေရာသစ်သို့  ပြောင်းရွှေ့ ပြီး ထိုရံပုံငွေရှာပွဲကို ကျင်းပခဲ့ရာ
အခက်အခဲကြားမှ ပရိတ်သတ်(၄၀)ကျော် လာရောက်အားပေးခဲ့ကြပါသည်။ ဟင်းသီးဟင်းရွက်၊
အချိုပွဲ၊ ငါးပိထောင်းနှင့်အခြား အမှတ်တရပစ္စည်းများရောင်းချမှုပြုပြီး ရံပုံငွေရှာခဲ့ကြပါသည်။
မနက်(၁၀)နာရီမှ နေ့ လည်(၂)နာရီအထိ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။











ဒီကေဘီအေ (၉၉၉) တပ်ရင်းမှူး ချုံခိုတိုက်ခိုက်ခံရသဖြင့် သေဆုံး

Friday, June 26, 2009

NEJ / ၂၆ ဇွန် ၂၀၀၉
တိုးတက်သော ကရင်ဗုဒ္ဓဘာသာအဖွဲ့ (ဒီကေဘီအေ) ၉၉၉ တပ်ရင်း (၇) မှ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး အဆင့်ရှိသူ စောစံပြုံး (ခေါ်) ဗိုလ်ဆန်ပြုတ်နှင့်အဖွဲ့ကို အမည်မသိအဖွဲ့တဖွဲ့က ယနေ့နံနက်၌ ချုံခိုတိုက်ခိုက်ရာ ၎င်း၏ရဲဘော်များနှင့်အတူ သောင်ရင်းမြစ်အတွင်း သေဆုံးသွားသည်။

ယနေ့နံနက်ပိုင်းက ဗိုလ်ဆန်ပြုတ်နှင့်အဖွဲ့သည် တပ်မဟာ (၇) ဒေသအား ထိုးစစ်ဆင်အပြီး ၉၉၉ အထူးတပ်ရင်းတည်ရှိရာ မြဝတီခရိုင် ရွှေကုက္ကိုရွာသို့ တပ်မဟာ (၇) ဒေသမှတဆင့် စက်လှေဖြင့် သောင်ရင်းမြစ်အတိုင်း ဆန်တက်ရာ မယ်တန်နှင့် မယ်လအကြားရှိ မောင်ကလာဝဲဟုခေါ်သည့် နေရာအရောက် တွင် မြန်မာနိုင်ငံဘက်အခြမ်းမှ အမည်မသိ လက်နက်ကိုင်အဖွဲ့ တဖွဲ့၏ ချုံခိုတိုက်ခိုက်မှုကြောင့် ဗိုလ်ဆန်ပြုတ် အပါအဝင် တပ်ဖွဲ့ဝင် (၁၀) ဦး သေဆုံးသွားသည်ဟု မျက်မြင်သက်သေ တဦးက ပြောသည်။

သေဆုံးသူများ၏ ဈာပနကို ရွှေကုက္ကိုရှိ ၉၉၉ အထူးတပ်ရင်းတွင် စစ်အခမ်းအနားဖြင့် ပြုလုပ်မည်ဖြစ်ပြီး သေဆုံးသူများအတွက် မဲဆောက်မြို့မှ ဝယ်ယူသွားသည့် အခေါင်း (၁၀) လုံးဖြင့် ပြင်ဆင်ထားသည်ဟု ဒီကေဘီအေ အရာရှိတဦးက ပြောသည်။

ယခုသေဆုံးသွားသူ ဗိုလ်ဆန်ပြုတ်သည် ၂၀၀၈ ခု ဖေဖော်ဝါရီလက မဲဆောက်မြို့တွင် လုပ်ကြံခံရသည့် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်းအား လုပ်ကြံခဲ့ရာတွင် အဓိကဦးဆောင်သူဟု ကရင်အမျိုးသားထုအတွင်း သင်္ကာမကင်းခံရသူဖြစ်သည်။

ဗိုလ်ဆန်ပြုတ်နှင့်အဖွဲ့ တိုက်ခိုက်ခံရသည့်ဒေသမှာ ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် နအဖတပ်များ လှုပ်ရှားသည့်နေရာဖြစ်သည့်အတွက် မည်သူမည်ဝါ၏လက်ချက်ဟု ပြောရန်ခက်ကြောင်း ဒေသခံ များက ပြောသည်။

တိုက်ခိုက်ခံရသည့် ဗိုလ်ဆန်ပြုတ်အဖွဲ့မှ ဒဏ်ရာအပြင်းအထန်ရရှိသည့် တပ်ဖွဲ့ဝင် (၈) ဦးကို ယနေ့ညနေပိုင်းတွင် မဲဆောက်ဆေးရုံသို့ ပို့ဆောင်ကုသရာ ဆေးရုံတွင် (၁) ဦး ထပ်မံသေဆုံးသွားသည်ဟု မျက်မြင်သက်သေတဦးက ပြောသည်။

ယခုလဆန်း (၂) ရက်နေ့မှစ၍ တပ်မဟာ (၇) ဒေသတွင် ဖြစ်ပွားသည့်တိုက်ပွဲများသည် ကရင်အဖွဲ့များအချင်းချင်း ဖြစ်ပွားသည့် တိုက်ပွဲသာဖြစ်ပြီး မိမိတို့အနေဖြင့် တစုံတရာပါဝင်ပတ်သက်မှုမရှိကြောင်း နအဖက ပြောကြားခဲ့သော် လည်း ဒီကေဘီအေတပ်ဖွဲ့ဝင်များကမူ ဤထိုးစစ်အား နအဖတပ်နှင့် ပူးတွဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ဘားအံခရိုင်ဒေသကို နအဖနှင့်ဒီကေဘီအေ ပူးပေါင်းအဖွဲ့က ယခုလဆန်း (၂) ရက်နေ့မှစတင် ထိုးစစ်ဆင်ရာတွင် ဗိုလ်ဆန်ပြုတ်သည် ဒီကေဘီအေတပ်ဖွဲ့ကို အဓိကဦးဆောင်ပြီး တိုက်ခိုက်ခဲ့သူဖြစ်သည်။

KNU တပ်စခန်းများ ထပ်မံ ထိုးစစ်ဆင်ခံရဖွယ်ရှိ

Thursday, 25 June 2009 19:25 သန်းထိုက်ဦး

မြန်မာ စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) ပူးပေါင်းတပ်များသည် ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ KNLA တပ်မဟာ (၆)ဌာနချုပ်မှ တပ်စခန်းများကို ထပ်မံ၍ ထိုးစစ်ဆင် တိုက်ခိုက်ရန် ရှိကြောင်း သိရှိရသည်။

ဇွန်လ ၂၁ ရက်နေ့တွင် အဆိုပါ ပူးပေါင်းတပ်များသည် KNU ၏ တပ်မဟာ (၇) ဌာနချုပ်မှ တပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ၎င်းတို့၏ တပ်မဟာ (၆) ဌာနချုပ်ရှိ တပ်စခန်းများကို ထပ်မံ ထိုးစစ်ဆင်တိုက်ခိုက်ရန် သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၆) ဌာနချုပ်မှ တပ်စခန်းများကို တိုက်ခိုက်မှု နှင့် ပတ်သက်၍ DKBA တပ်ဖွဲ့များက အကျိုးစီးပွားရေးအတွက်သော်လည်းကောင်း၊ နယ်မြေ စိုးမိုး ရေး အတွက်သော်လည်းကောင်း သိမ်းပိုက်နိုင်ရေး ဆက်လက်ကြိုးစားသွားရန်ရှိသည်ဟုလည်း DKBA နှင့် နီးစပ်သူ ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။

“DKBA ၉၉၉ လုံးက နယ်ခြားစောင့်တပ်လုပ်ဖို့ လက်ခံလိုက်ပြီ၊နယ်ခြားစောင့်တပ်ဖွဲ့ လုပ်ဖို့အတွက် လက်မှတ် လည်းထိုးလိုက်ပြီး၊ လုပ်မယ်ဆိုတော့ သူတို့ နယ်စပ်မှာ ရှိတဲ့သူတွေ(KNLA)ကို ဒါ နယ်ခြားစောင့်တပ်ရဲ့တာဝန် တိုက်ရမယ်ဆိုတော့ တိုက်လိုက်တာဖြစ်တယ်”ဟု ဆိုသည်။

ယင်း KNU တပ်မဟာ (၆) နှင့် တပ်မဟာ (၇) ဌာနချုပ်များသည် ကရင်ပြည်နယ် ဘားအံ ခရိုင်တွင် လှုပ်ရှားနေ ပြီး အဓိက တပ်စခန်းများလည်းဖြစ်သည်။

KNLA တပ်မဟာ (၇) ဌာနချုပ် တပ်စခန်းများကို သိမ်းပိုက်ရန် ကြိုးစားပြီးနောက်ပိုင်း DKBA တပ်ဖွဲ့ဝင်များက ထိုဒေသများတွင် ရှိသော သစ်များကို ထိုင်းနိုင်ငံနှင့် ဆက်သွယ်ပြီး စီးပွားရေးလုပ်ရန်ရှိကြောင်းလည်း DKBA နှင်းနီးစပ်သူက ဆက်လက်ပြောဆိုသည်။

“သူတို့က ထိုင်းဘက်မှာပဲ ရောင်းမှာပေါ့၊ ဖောက်သည်တွေ အများကြီးရှိတာကိုး၊ အခုတိုက်ပွဲမှာတောင် ဒဏ်ရာရ တာတို့ တိုက်ပွဲဖြစ်တဲ့ နေရာကနေမြဝတီ၊ မြ၀တီကနေ မဲဆောက်အထိရောက်လာကြတာပဲ”ဟုလည်း သူက ပြော သည်။

တချိန်တည်းမှာပင် တိုက်ပွဲများသည် KNLA တပ်ဖွဲ့များနှင့် DKBA သိမ်းပိုက်ထားသည့် တပ်မဟာ (၇) ဌာနချုပ် အနီး နှင့် တောင်ငူမြို့အပါအ၀င် ညောင်လေးပင်၊ သထုံ၊ ဖာပွန်မြို့နယ်များတွင် ပြောက်ကျားတိုက်ပွဲ အငယ်များ ဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။

KNU ဒု ဥက္ကဌ စောဒေးဗစ်တာကပေါကမူ“ မြန်မာစစ်အစိုးရအနေနဲ့ အခုလို တိုက်ခိုက်နေခြင်းဟာ KNU လက်အောက်ခံ တပ်စခန်းများကို အပြုတ်ချေမှုန်းရေး ဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာစစ်အစိုးရက DKBA ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်အရ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရန် ပြောကြားခဲ့ရာ DKBA က သဘောတူခဲ့သည်။
DKBA သည် မြန်မာစစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် အပစ်အခတ် ရပ်စဲရန် သဘောတူညီခဲ့သည့် အဖွဲ့တဖွဲ့ဖြစ် သည်။

မြန်မာစစ်အစိုးရသည် အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ကိုနယ်ခြား စောင့်တပ်အဖြစ် အသွင်ပြောင်းလဲရန် မကြာသေးခင်က ညွှန်ကြားခဲ့သည်။

ဇွန်လဆန်းမှ စတင်၍ မြန်မာစစ်အစိုးရတပ်နှင့် DKBA ပူးပေါင်းတပ်များသည် KNLA တပ်မဟာ (၇) ဌာနချုပ်မှ တပ်စခန်းများကိုဆက်တိုက်ထိုးစစ်ဆင်ခဲ့ရာ ကရင်ရွာသားပေါင်း ၄၀၀၀ ကျော် စစ်ပြေး ဒုက္ခသည် အဖြစ် ထိုင်း နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

တိုင်းပြည်အကျိုးမျှော် ဒေါ်အောင်ဆန်းစုကြည် အသက်ရာကျော် ရှည်စေသော်

NEJ / ၁၈ ဇွန် ၂၀၀၉
ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သူပြည်သားအားလုံး မဆလ တပါတီအာဏာရှင်စနစ်ကို အမြစ်ပါမကျန် တွန်းလှန်ဖြိုဖျက်ရန် ကြိုးပမ်းနေချိန် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကာလအတွင်း မြန်မာ့နိုင်ငံရေးလောကသို့ အချိန်ကိုက် ၀င်ရောက်လာသည့် နိုင်ငံရေးခေါင်းဆောင်ဖြစ်သည်။

ရှစ်လေးလုံးအရေးတော်ပုံ ဖြစ်ပွားနေချိန် ၁၉၈၈ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံးရောဂါကုသဆောင်ရှေ့ရှိ စာပေအနုပညာရှင်များ၏ တရားဟောစင်မြင့်ပေါ်၌ ဗွေဆော်ဦးမိန့်ခွန်း မြွက်ကြားခြင်း ဖြင့် မြန်မာ့နိုင်ငံရေးလောကသို့ စတင်ခြေချခဲ့သူဖြစ်သည်။ ထိုနေ့က သူမ၏ မိန့်ခွန်းတွင် “စည်းကမ်းရှိ ညီညွတ်ပြီး အမှန်တရားနဲ့ ကိုက်ညီတဲ့ အင်အားမျိုးကို ကျမတို့ ထူထောင်ရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ထိုမှ နောက်တနေ့ ၁၉၈၈ ခုနှစ် သြဂုတ်လ (၂၆) ရက်နေ့တွင် ရွှေတိဂုံဘုရား အနောက်ဘက်မုခ်ရင်ပြင်၌ ကျင်းပသည့် (လူထုပရိသတ် သိန်းချီတက်ရောက်သည့်) လူထုအစည်းအဝေးပွဲကြီးသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။ ထိုလူထုအစည်းအဝေးကြီးတွင် ဒေါ်အောင်ဆန်းစုကြည်က “ကျမဖေဖေ ထူထောင်ခဲ့တဲ့ တပ်မတော်ဟာ ကျမတို့ပြည်သူလူထုဘက်က မားမားမတ်မတ် ရပ်တည်တဲ့ ပြည်သူ့တပ်မတော်အဖြစ် ကျမ မြင်ချင်ပါတယ်။ တပ်မတော်ဆိုတာ ပြည်သူလူထုကို စိတ်နဲ့တောင် မပြစ်မှားရပါဘူး” ဟု ထည့်သွင်း ပြောကြားခဲ့သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည် မျှော်မှန်းသော သူမ၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့သည့် တပ်မတော်သည် ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်မှ ယနေ့အထိတိုင် စစ်အာဏာရှင်အဆက်ဆက်၏ ကြိုးဆွဲရာ ကရသည့် ရုပ်သေးတပ်မတော်ဖြစ်ခဲ့ရပြီး ပြည်သူ့တပ်မတော်ဟူသည့် ဂုဏ်ပုဒ်နှင့် တဖြည်းဖြည်း ဝေးကွားခဲ့ရသည်ကို စိတ်မချမ်းမြေ့ဖွယ်ရာ မြင်တွေ့ရပေသည်။

စစ်အာဏာရှင် ဗိုလ်နေ၀င်းလက်ထက် (၂၆) နှစ်အတွင်း ဖြစ်ပွားခဲ့သည့် အရေးအခင်းအဆက်ဆက်တွင် တပ်မတော်ကို လိုရာကြိုးကိုင်၍ ကျောင်းသားပြည်သူများကို ပစ်ခတ်သတ်ဖြတ် နှိမ်နင်းခဲ့သလို ၁၉၈၈ ခုနှစ် န၀တ စစ်အုပ်စု အာဏာသိမ်းချိန်မှ ယနေ့အထိလည်း လက်တဆုပ်စာ စစ်အုပ်စုက တပ်မတော်ကို ခါးပိုက်ဆောင်တပ် အသွင် ခုတုံးလုပ်အသုံးချပြီး အာဏာရှင်စနစ်ကို ဆက်လက်ဆန့်ကျင်သည့် ရဟန်းရှင်လူ ကျောင်းသားပြည်သူ အပေါင်းအား ရက်ရက်စက်စက် သတ်ဖြတ်နှိမ်နင်းခဲ့၊ နှိမ်နင်းဆဲဖြစ်သည်ကို တွေ့ရမည် ဖြစ်ပေသည်။

ထို့အပြင် တပ်မတော်ကို ကုပ်ခွစီးထားသည့် န၀တ/နအဖ စစ်အုပ်စုသည် မြန်မာပြည် ဒီမိုကရေစီရရှိရေးအတွက် လူထုဘက်က မားမားမတ်မတ် ရပ်တည်၍ ဦးဆောင်တိုက်ပွဲဝင်နေသည့် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ်အကျယ်ချုပ် အကြိမ်ကြိမ်ချကာ ဖမ်းဆီးချုပ်နှောင်မှုများ ပြုလုပ်ခဲ့ပေသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ် ဇူလိုင်လ (၂၀) ရက်မှ ၁၉၉၅ ခုနှစ် ဇူလိုင်လ (၁၀) ရက်အထိ တကြိမ်၊ ၂၀၀၀ ပြည့်နှစ် စက်တင်ဘာလ (၂၃) ရက်မှ ၂၀၀၂ ခုနှစ် မေလ (၆) ရက်အထိ တကြိမ်နှင့် ၂၀၀၃ ခုနှစ် မေလ (၃၀) ရက်မှ ယနေ့အထိတိုင်လည်း စစ်အုပ်စု၏ မတရားဖမ်းဆီး ထိန်းသိမ်းချုပ်နှောင်မှုကို ခံနေရဆဲဖြစ်သည်။

စစ်အုပ်စုအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား အချုပ်အနှောင်မှ မလွှတ်ရဲဘဲ ဆက်လက် ဖမ်းဆီးထိန်းသိမ်း ထားခြင်းသည် နိုင်ငံတကာနှင့် လူထုထောက်ခံမှု တနေ့ထက်တနေ့ ပိုမိုရရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်ကို လူထုနှင့် အဆက်ဖြတ်ရန် ကြံစည်လုပ်ဆောင်ခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်၊ နိုင်ငံရေးယုံကြည်ချက်၊ စိတ်ဓာတ်၊ ခံနိုင်ရည်စွမ်းအားတို့ မှေးမှိန်ကျဆင်း ပျောက်ကွယ်သွားစေရန် ကြိုးစားအားထုတ်ခြင်းဟုဆိုလျှင် မှားမည်မဟုတ်ပေ။

သို့သော် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျနေစဉ်မှာပင် သူမထူထောင်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ၁၉၉၀ ပြည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် (၈၂) ရာခိုင်နှုန်းကျော်ဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့၏။ အဆိုပါ ၁၉၉၀ ပြည့် အောင်ပွဲရလဒ်သည် ဒေါ်အောင်ဆန်းစုကြည်လှိုင်းလုံး တတိုင်းတပြည်လုံးသို့ ရိုက်ခတ်ခဲ့သည်ကို ပြဆိုခြင်းဖြစ်ပြီး တနည်းအားဖြင့် သူမ၏ အရှိန်အ၀ါ ကြီးမားမှုကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရခြင်း ဖြစ်ပေသည်။

၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ပဲရစ်ဒေကွေးလျားက ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန်တောင်းဆိုသည်ကို စစ်အုပ်စုက “သူမအနေဖြင့် ခင်ပွန်းသည်၊ ကလေးများနှင့် အတူတူနေထိုင်ရန် ဆန္ဒရှိလျှင် လူသားချင်း စာနာထောက်ထားသောအားဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာခွင့်ပြုမည်” ဟု တုံ့ပြန်ခဲ့သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်က စစ်အုပ်စု၏ ကမ်းလှမ်းချက်ကို ငြင်းပယ်ကာ သူမ၏ ခင်ပွန်းသည် ကွယ်လွန်ချိန်၌ပင် အင်္ဂလန်သို့ မသွားဘဲ ဒီမိုကရေစီတိုက်ပွဲအပေါ် သစ္စာစောင့်သိမှုကို အထင်အရှား ပြသခဲ့သည်။

၁၉၉၁ ခုနှစ် အောက်တိုဘာလ (၁၄) ရက်နေ့တွင် နော်ဝေနိုင်ငံ နိုဘယ်လ်ဆုရွေးချယ်ရေးအဖွဲ့မှ ပထမအကြိမ် အကျယ်ချုပ်ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်အား နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခဲ့လေသည်။ ဒေါ်အောင်ဆန်းစုကြည်အား နိုဘယ်လ်ဆုပေးအပ်ချီးမြှင့်ခြင်းနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် တဦးဖြစ်သည့် ချက်သမ္မတဟောင်း ဗားကလပ်ဟာဗဲလ်က “လွတ်လပ်မှုနှင့် လူ့ဂုဏ်သိက္ခာအတွက် စစ်အာဏာရှင် စနစ်အား ဆန့်ကျင်သည့် သူမ၏ တိုက်ပွဲကို ယခုအခါ အပြည်ပြည်ဆိုင်ရာက အသိအမှတ်ပြုလိုက်ခြင်းပင် ဖြစ်သည်” ဟု သူ၏ အမြင်သဘောထားကို ဒေါ်အောင်ဆန်းစုကြည်၏ ‘Freedom from Fear’ စာအုပ်အမှာစာတွင် ရေးသားခဲ့လေသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်မှ ပြန်လွှတ်ချိန် အခိုက်အတန့်များတွင်လည်း ပြည်သူလူထုကြီးက ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးသွားလေရာ၌ တခဲနက်လိုက်ပါ ထောက်ခံအားပေးသည်ကို တွေ့ရသည့်အတွက် စစ်အုပ်စုက အကြီးအကျယ် စိုးရိမ်ထိတ်လန့်ပြီး ဒီပဲယင်းအရေးအခင်းကို ဖန်တီးကာ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံဖို့ ကြိုးစားခဲ့လေသည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည် နောက်တွင်ရှိသည့် လူထုအင်အားကို စစ်အုပ်စု အကြီးအကျယ် ကြောက်ရွံ့နေမှန်း သိသာထင်ရှားလေသည်။ ထို့ကြောင့်လည်း ယနေ့အချိန်တွင် ယက်တောအမှုကို လုပ်ကြံဖန်တီးကာ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ဖမ်းဆီးချုပ်နှောင်ဖို့ စစ်အုပ်စု ကလိန်ဉာဏ်ဆင်နေခြင်းဖြစ်၏။

သို့သော် စစ်အုပ်စုက သူမအပေါ် မည်သို့ ကောက်ကျစ်ကောက်ကျစ်၊ မည်သို့ အပုပ်ချ ပြောဆိုရေးသား ၀ါဒဖြန့်စေ ကာမူ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ငြိုငြင်စိတ်လုံးဝမထားဘဲ မြန်မာပြည် အမျိုးသားပြည်လည်သင့်မြတ်ရေး အတွက် စစ်အုပ်စုနှင့် တွေ့ဆုံဆွေးနွေးရန် အကြိမ်ကြိမ် ကမ်းလှမ်းခဲ့သည်။ ပြည်သူလူထုကို သွေးထွက်သံယို မဖြစ်စေဘဲ ငြိမ်းချမ်းသောနည်းဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရန် စိတ်ရှည်သည်းခံစွာဖြင့် စောင့်ဆိုင်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတိုက်ပွဲတလျှောက် ဘ၀ကို ပေးဆပ်မြှုပ်နှံမှု၊ လူထုနှင့် တသားတည်းရှိမှု၊ ဦးဆောင်စည်းရုံးနိုင်မှု၊ တိုက်ပွဲအပေါ် သစ္စာစောင့်သိမှု၊ ယုံကြည်ချက် ရပ်တည်ချက် ခိုင်မာမှု၊ အမြော်အမြင်ကြီးမှုတို့ကြောင့် ယခင်က ဒေါ်အောင်ဆန်းစုကြည်အား လူထုခေါင်းဆောင်အဖြစ် အသိအမှတ်ပြုရန် ၀န်လေးသူများပင် ယနေ့အချိန်အခါ၌ မြန်မာတနိုင်ငံလုံး၏ အရေးကိစ္စ ပြဿနာအ၀၀ကို ဦးဆောင်ဖြေရှင်းပေးနိုင် မည့် လူထုခေါင်းဆောင်အဖြစ် တညီတညွတ်တည်း လက်ခံယုံကြည်လာကြသည်ကို တွေ့ရပေသည်။ ဤသည်မှာ ရေရှည်တိုက်ပွဲအတွင်း အစမ်းသပ်ခံရင်း ထွက်ပေါ်လာသည့် အဖိုးမဖြတ်နိုင်သည့် ဆုလာဘ်ကြီးတခုကို မြန်မာပြည်သူလူထု ပိုင်ဆိုင်လိုက်ရခြင်းပင် ဖြစ်သည်။

ထိုသို့ ပေါ်တောင့်ပေါ်ခဲ၊ တိုင်းရင်းသားပြည်သူလူထုတရပ်လုံးက ယုံကြည်ကိုးစားသည့် လူထုခေါင်းဆောင်တဦး သက်ရှိထင်ရှားရှိနေဆဲ အချိန်အခိုက်အတန့်အတွင်း သူမအနေဖြင့် မြန်မာပြည် ငြိမ်းချမ်းသာယာဝပြောသည်အထိ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များတွင် ဦးဆောင်ပါဝင်နိုင်ဖို့ မျှော်လင့်တောင့်တမိပေသည်။ တနည်း အားဖြင့်ဆိုရလျှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သူ တရပ်လုံး၏ မျှော်လင့်အားထားရာ ဖြစ်သည့် အားလျော်စွာ အသက်ရှည်ကျန်းမာစွာဖြင့် တိုင်းပြည်အကျိုး သယ်ပိုးနိုင်စေရေးအတွက် သူမ၏ (၆၄) နှစ်မြောက် မွေးနေ့အခါသမယတွင် “တိုင်းပြည်အကျိုးမျှော် ဒေါ်အောင်ဆန်းစုကြည် အသက်ရာကျော် ရှည်စေသော်ဝ်” ဟု ခေတ်ပြိုင်က ဆုတောင်းပတ္ထနာ ပြုလိုက်ရပါကြောင်း …။

မြန်မာနိုင်ငံနဲ့  လူမျိုးတစ်ရပ်လုံးအပေါ်မှာ စော်ကားခဲ့တဲ့ မြောက်ကိုးရီးယား၏ လုပ်ရပ်ဖြစ်တဲ့ အာဇာနည်ဗိမာန်အား ဗုံးဖောက်ခွဲခဲ့မှုအပြီး မြင်ကွင်းမှတ်တမ်း။

Thursday, June 25, 2009



နစ်နေမန်းမှ ကူးယူဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်တရားခွင်ရွှေ့ဆိုင်းရဦးမည်

NEJ / ၂၄ ဇွန် ၂၀၀၉
ဒေါ်အောင်ဆန်းစုကြည်တို့အား ရုံးတင်စစ်ဆေးနေသည့် အင်းစိန်အထူးတရားရုံး၏ သောကြာနေ့တရားခွင်ကို ရွှေ့ဆိုင်းရဦးမည်ဖြစ်သည်။

ဗဟိုတရားရုံးချုပ်သို့ တင်ပြထားသော သက်သေထွက်ဆိုခွင့်အယူခံအတွက် နှစ်ဘက်ရှေ့နေများ၏ လျှောက်လဲ ချက်ကို ယနေ့ကြားနာခဲ့ပြီး တရားရုံးက စီရင်ချက်မချမှတ်သေးသဖြင့် အင်းစိန်တရားခွင် ရုံးချိန်းမှာ အလိုအလျောက် ရွှေ့ဆိုင်းပေးရလိမ့်မည်ဟု ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

“ဒီနေ့ကတော့ နှစ်ဘက်ရှေ့နေတွေရဲ့ လျှောက်လဲချက်တွေကိုပဲ ကြားနာသွားပါတယ်။ အစိုးရဘက်က ရှေ့နေတွေ တင်ပြသွားတဲ့ အချက်နှစ်ခုရှိပါတယ်။ အဲဒါက ဦးတင်ဦးဟာ နေအိမ်အကျယ်ချုပ်ချခံထားရတဲ့အတွက် သက်သေ ထွက်ခွင့်မရှိပါဘူးတဲ့။ နောက် ဦးဝင်းတင်ကိုလည်း ပြည်ပမီဒီယာများကို အင်တာဗျူးများပေးနေခြင်းကြောင့် အစိုးရကို ဝေဖန်နေသဖြင့် သက်သေထွက်ခွင့် မပြုထိုက်ပါဘူးဆိုတဲ့ သဘောမျိုးတွေ ပြောပါတယ်” ဟု ဦးဉာဏ်ဝင်း
က တရားခွင် လျှောက်လဲချက်များကို ရှင်းပြသည်။

ယခုကဲ့သို့ သက်သေထွက်ဆိုခွင့်အယူခံ ပြင်ဆင်ခွင့် တင်ရခြင်းမှာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၂၅၇ (၁) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရန်နှင့် အောက်ရုံးများက ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်ခဲ့ခြင်း မရှိသဖြင့် တင်ပြရခြင်းဖြစ်ကြောင်း လျှောက်ထားခဲ့သည်ဟု သိရသည်။

“တကယ်တမ်းက ဥပဒေနဲ့ မလျော်ညီလို့ ထပ်မံလျှောက်ထားတာကို အစိုးရဘက်က ဒီကိစ္စကို တလုံးမှ မပြောဘဲနဲ့ ပုဂ္ဂိုလ်ရေးကိစ္စတွေပဲ ပြောနေတယ်။ ဦးတင်ဦးကို ပြောတဲ့ (၁၀/ခ) ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တရားရုံးကို တင်ပြခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ (၁၄) ရက် (၅) လက အင်းစိန်တရားရုံးကို တရားစွဲတင်ခံရတယ်။ အဲဒီအချိန်ဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အကျယ်ချုပ်ခံထားရဆဲဖြစ်တဲ့အတွက် အကျယ်ချုပ်ခံထားရသူဟာ ရုံးရှေ့မရောက်နိုင်ဘူးဆိုတာ မမှန်ဘူးလို့ တင်ပြခဲ့ပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဦးဝင်းတင် အင်တာဗျူးပေးခြင်းနှင့် စပ်လျဉ်း၍လည်း ၎င်း၏ တသီးပုဂ္ဂလပြောဆိုခွင့်ဖြစ်ကြောင်း၊ တရားရုံးအား အနှောင့်အယှက်ပြုနေသည်မဟုတ်ကြောင်း ပြန်လည်လျှောက်ထားခဲ့သည်ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ရှေ့နေများက သက်သေ (၄) ဦး တင်သွင်းခဲ့သော်လည်း အင်းစိန်တရားရုံးက သက်သေတဦးသာ ခွင့်ပြုခဲ့သည့်အတွက် အထက်တရားရုံးများသို့ တင်ပြရာ ရန်ကုန်တိုင်းတရားရုံးက နောက်သက်သေ ဒေါ်ခင်မိုးမိုးကို ထပ်မံခွင့်ပြုခဲ့သည်။

ကျန်သက်သေ (၂) ဦးဖြစ်သည့် ဦးတင်ဦးနှင့် ဦးဝင်းတင်တို့ကို ထွက်ဆိုခွင့်မပြုခဲ့ခြင်းကြောင့် ဗဟိုတရားရုံးသို့ ထပ်မံအယူခံဝင်ထားခြင်းဖြစ်သည်။

ယနေ့တရားခွင်တွင် အစိုးရရှေ့နေများ၏ပြောဆိုချက်နှင့်ပတ်သက်၍ ဦးဝင်းတင်က “ကျနော်က ကျနော့်အမြင် သဘောထား လွတ်လပ်စွာပြောတာပဲဗျာ။ ဒီလိုပြောတာဟာလည်း တရားရုံးရဲ့လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်ပြီး ဝေဖန်နေတာလည်း မဟုတ်ဘူး။ တခြားပါတီအရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ပြောတာတော့ ပြောရမှာပဲလေ။ အဲလိုပြောတာနဲ့ တရားရုံးမှာ သက်သေထွက်ခွင့်မပြုနိုင်တာနဲ့တော့ မဆိုင်ဘူးဗျ” ဟု သူ့သဘောထားကို ပြောဆိုသည်။

ကရင်စစ်ပြေးဒုက္ခသည်များအားခိုလှုံခွင့်တခုတည်းစုစည်းထားရှိသွားမည်

NEJ / ၂၄ ဇွန် ၂၀၀၉


စစ်ပွဲဂယက်များကြောင့် ထိုင်းဘက်ထွက်ပြေးလာသည့် ကရင်စစ်ပြေးဒုက္ခသည်များအား ခိုလှုံခွင့်တခုတည်းတွင် စုစည်းထားရှိသွားမည်ဟု ကရင်ဒုက္ခသည်ကော်မတီ (KRC) အဖွဲ့ဥက္ကဋ္ဌ ရောဘတ်ထွေးက ပြောသည်။

၎င်းက “ဒီဒုက္ခသည်တွေကို တနေရာတည်းမှာ စုစည်းထားဖို့ အူးသူးထာ့ နေရာကို ရွေးထားတယ်။ အဲဒီမှာ အိမ်ထောင်စု (၅၀၀) အတွက် နေထိုင်ဖို့ စီစဉ်နေပါတယ်။ နယ်မြေခံ ထာ့ဆောင်ရမ်း မြို့ပိုင် အဲဒီနေရာကို လာကြည့်ဖို့ရှိတယ်။ သူလာကြည့်ပြီးရင်တော့ အဲဒီကို ပြောင်းရွှေ့ရမယ့်ရက်ကို သိရမယ်” ဟု ပြောသည်။

ထိုင်းအာဏာပိုင်များ၊ UNHCR, KRC, TBBC, IRC နှင့် အခြားအစိုးရမဟုတ်သောအဖွဲ့များကလည်း ယာယီခိုလှုံရေး စခန်း (၃) ခုမှ စစ်ပြေးဒုက္ခသည်များကို အူးသူးထာ့ စခန်းတခုတည်းတွင်သာ စုပေါင်းထားရှိရန် စီစဉ်နေသည်ဟု သိရသည်။

စစ်ပြေးဒုက္ခသည်များတွင် နယ်မြေအေးချမ်းသွားပါက ပြန်မည့်သူများ ရှိသကဲ့သို့ လယ်ပေါ်ဟဲပြည်တွင်း ဒုက္ခသည်စခန်းမှ ဒုက္ခသည်များကမူ ၎င်းတို့စခန်းသို့ ပြန်နေထိုင်ရန် မဖြစ်နိုင်ကြောင်း ပြောသည်။

လယ်ပေါ်ဟဲစခန်းနေရာတွင် ဒီကေဘီအေတပ်များက စခန်းထိုင်ထားသောကြောင့် ထိုစခန်းမှ ဒုက္ခသည်များသည် ထိုင်းဘက်ခြမ်းတွင် ရေရှည်နေရမည့်သဘောဖြစ်နေပြီး ၎င်းတို့ကို တရားဝင်ဒုက္ခသည်အဖြစ် ထိုင်းက အသိမှတ် ပြုပေးနိုင်မည့် အနေအထားမျိုးရှိကြောင်း ကရင်ဒုက္ခသည်ကော်မတီ ဥက္ကဋ္ဌက ပြောသည်။

စစ်ပြေးဒုက္ခသည်များ နေရပ်သို့ ပြန်နိုင်ပြီဟု တိုးတက်သောကရင်ဗုဒ္ဓဘာသာအဖွဲ့ ဒီကေဘီအေ (၉၉၉) တပ်ရင်း (၇) မှ ဒု-ရင်းမှူး အဆင့်ရှိသူက ထိုင်းဘက်ခြမ်း နောင်ဘိုးရွာသို့ ယခုရက်ပိုင်းအတွင်းက လာရောက်ပြောကြားခဲ့ သော်လည်း စစ်ပြေးဒုက္ခသည်များက အခြေအနေကို ယုံကြည်မှုမရှိသည့်အတွက် ဒီကေဘီအေ၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သည်။ ထိုင်းနယ်ခြားစောင့်တပ်၏ အစီအစဉ်ဖြင့် ဒီကေဘီအေက လာရောက်ပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်ပြေးဒုက္ခသည်များအား တစုတစည်းထားရှိခြင်းသည် လုံခြုံရေးအရ ကောင်းမွန်ကြောင်း မဲ့စလေရွာမှ ထိုင်းနိုင်ငံသားများက ပြောသည်။

“လောလောဆယ် ဒုက္ခသည်တွေပြန်သွားရင် သူတို့ရဲ့ ကံကြမ္မာ ဘယ်လိုဖြစ်လာမလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ မနေ့ကတောင်မှ ကျနော်တို့ မဲ့စလေ ရွာဘက်မှာ ဒီကေဘီအေစစ်သားတွေ ထိုင်းဘက်ကူးလာပြီး ထိုင်းဘက်ခြမ်းမှာ ရောက်နေတဲ့ ကရင်ရွာသား (၂) ယောက်ကို လာပြီး ပစ်သတ်သွားတယ်။ ဒါကြောင့်မို့ သူတို့ကို အခုလို အာဏာပိုင်တွေရဲ့ ကြည့်ရှု စောင့်ရှောက်မှုအောက်မှာ ထားမယ့်ကိစ္စဟာ အင်မတန်ကောင်းတဲ့ အစီစဉ်ပဲ” ဟု မဲ့စလေမှ ထိုင်းနိုင်ငံသား ၀န်ထမ်းတဦးက ပြောသည်။

နအဖနှင့် ဒီကေဘီအေ ပူးပေါင်းအဖွဲ့များသည် ယခုလ (၂) ရက်နေ့မှစတင်ကာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် တပ်မဟာ (၇) ဘားအံခရိုင်ဒေသကို အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေမှုကြောင့် ကရင်ရွာသား (၄,၀၀၀) ခန့် ထိုင်းဘက်သို့ စစ်ပြေးဒုက္ခသည်များအဖြစ် ထွက်ပြေးလာကြသည်။

ယင်း စစ်ပြေးဒုက္ခသည်များကို ထိုင်းနိုင်ငံရှိ နောင်ဘိုး၊ အူးသူးထာ့၊ မဲ့စလေ စသည့်နေရာ (၃) ခုတွင် ယာယီခိုလှုံခွင့် စခန်းများ ဖွင့်လှစ်စောင့်ရှောက်ထားသည်။

NEJ မှကူးယူဖော်ပြသည်။

ထိုင်းဘက်ကမ်းရှိ ကရင်ရွာသားနှစ်ဦးကို အမည်မသိ သေနတ်သမားများ ပစ်သတ်သွား

Wednesday, June 24, 2009

ဇွန် ၂၄ရက်၊ ကေအိုင်စီ

အခင်းဖြစ်ပွားရာနေရာ
ထိုင်းနိုင်ငံ။ မဲဆောက်မြို့ နှင့် ၁၁၅ကီလိုမီတာ ကွာဝေးသည့် မဲ့တရီဂွင်မှ ရွာသားနှစ်ဦးကို ဇွန်လ ၂၃ရက်နေ့ ညတွင် အမည်မသိ သေနတ်သမား၃ဦးက ပစ်သတ်သွားခဲ့သည်ဟု အနီးတဝိုက်မှ ဒေသခံများ၏
ပြောပြချက်အရ သိရသည်။

ယမန်နေ့ ည (၈း၃၀)နာရီခန့် အချိန်တွင် အဆိုပါသေနတ်သမားများသည် ဆိုင်ကယ်နှစ်စီးဖြင့် ထိုင်း
ဘက်ခြမ်းရှိ မဲ့တရီမှ ၈ကီလိုမီတာ ကွာဝေးသော သေဘေထာ့ရွာရှိ နေအိမ်တအိမ်တွင် ရောက်ရှိလာပြီး
အိမ်ပေါ်မှ ဖါးမော်ကလိုး ၃၆နှစ်နှင့် ဖါးအဲ့ခလိန်း ၂၈နှစ်တို့ ကို သေနတ်ဖြင့် ချိန်ရွယ်ခေါ်
ဆောင်သွားကာ လမ်းတွင် ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံတဦးက ပြောသည်။

“မနေ့ ည ၈နာရီခွဲလောက်မှာပဲ၊ ဆိုင်ကယ်နှစ်စီးနဲ့  သေနတ်သမားသုံးယောက်က အိမ်ပေါ်တက်လာပြီး ဖါးမော်ကလိုးနဲ့  ဖါးအဲ့ခလိန်းကိုအောက်ဆင်းလာဖို့ ခေါ်တယ်။ ဖါးမော်ကလိုးက ၂နှစ်အရွယ်သားလေး
ကိုချီပြီး ဆင်းလာတော့ သေနတ်သမားက ကလေးကိုထားခဲ့၊ မထားခဲ့ရင် ကလေး
ပါပစ်သတ်မယ်လို့ ပြောတယ်။ သူတို့ နှစ်ယောက်ကို ခေါ်သွားပြီး ကားလမ်းဘေးက ဈေးဆိုင်ဟောင်း
နေရာအရောက်မှာရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဖါးမော်ကလိုးကို အရှေ့ ဖက်က နှစ်ချက်ပစ်တော့
ပွဲချင်းပြီးသေတယ်။ ခေါင်းကိုထုပြီး နောက်ကျောဖက်ကနေ နှစ်ချက်အပစ်ခံရတဲ့
ဖါးအဲ့ခလိန်းက တညလုံးကူညီမဲ့သူမရှိဘဲ မိုးလင်းမှ မဲ့တန်ဆေးရုံပို့ မယ်လုပ်တော့ လမ်းမှာပဲ
သေသွားတယ်”ဟု ဆိုသည်။

အဆိုပါအခင်းဖြစ်ပွားရာနေရာသို့  ယနေ့ နံနက်ပိုင်းတွင် ဒေသဆိုင်ရာ ထိုင်းအာဏာပိုင်များက
လာရောက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြပြီး အလောင်းကို ထိုနေရာ့ပင် မြုပ်နှံသင်္ဂြိုလ်လိုက်
ကြသည်ဟု မျက်မြင်တဦးကကရင်သတင်းစဉ်ကို ယခုလို ပြောသည်။သူက “ဒီမနက်အထိတော့
အခင်းဖြစ်တဲ့နေရာမှာ ထိုင်းဘက်က ရဲတွေ။ စစ်တပ်တွေနဲ့  ထောက်လှမ်းရေးတွေ လာစစ်ဆေးတော့ ရှုတ်ယှက်ခတ်နေတယ်။ သေဆုံးသွားတဲ့သူတွေရဲ့ အလောင်းကို အဲဒီနေရာမှာပဲ မြုပ်လိုက်တယ်။
သိပ်ကြာကြာမထားဘူး၊ လူတွေလာကြည့်မှာစိုးလို့  ထင်တယ်။ဖါးမော်ကလိုးရဲ့  မိန်းမနဲ့  ကလေး
(၄)ယောက်၊ ဖါးအဲ့ခလိန်းရဲ့  မိန်းမနဲ့  ၂လသားအရွယ်ကလေး ကျန်ရစ်ခဲ့တယ်”ဟု ပြောသည်။ထိုသို့ ဝင်ရောက်ပစ်ခတ်သွားသူများမှာ ဒီကေဘီအေတပ်ဖွဲ့ 
ဝင်များဖြစ်နိုင်ကြောင်းကိုလည်း ကေအဲန်ယူဘက်က ခန့် မှန်းပြောဆိုသည်။ “ကြား
ရသလောက်က သေဆုံးသွားသူတွေကို သေနတ်သမားတွေက ကေအဲန်ယူရှိသလားလို့ 
လာမေးတယ်၊ ငွေတောင်းတယ်။ နောက်ပြီး ရုန်းရင်းဆန်ခတ်နဲ့ ပြန်ခုခံတော့ ပစ်သတ်လိုက်တယ်။
လတ်တလောအခြေအနေမှာ ညကြီးမင်းကြီး ထိုင်းကလည်း လာမေးမှာမဟုတ်ဘူး။ ရွာသားတွေဟာ
တနေ့ လုပ်တနေ့ စားပြီး ဘယ်အဖွဲ့ အစည်းနဲ့ မှ ပတ်သက်တာမဟုတ်ဘူး၊ အဲလိုလာမေးပုံထောက်တော့
ဒါဟာ ဒီကေဘီအေကလွဲပြီး တခြားဘယ်သူမှမဖြစ်နိုင်ဘူး”ဟုကေအဲန်ယူ တွဲဖက်အတွင်းရေးမှူး(၁)
ဗိုလ်မှူးစောလှငွေက ပြောသည်။

ဇွန်လဆန်းပိုင်းကတည်းက ထိုင်း-မြန်မာနယ်စပ်တွင် ဖြစ်ပွားနေသည့် နအဖ၊ ဒီကေဘီအေတပ်ဖွဲ့ နှင့် ကေအဲန်ယူတပ်မဟာ(၇)၏ တိုက်ပွဲကာလအတွင်း နအဖနှင့် ဒီကေဘီအေဘက်မှ ပစ်ခတ်သည့်
လက်နက်ကြီးးများ ထိုင်းဘက်ခြမ်းသို့  ကျရောက်ခဲ့သော်လည်း ယခုလို ပစ်ခတ်သတ်ဖြတ်မှုမှာ
ပထမဆုံးဖြစ်ပြီး တရားခံကို ဖမ်းဆီးနိုင်ခြင်းမရှိသေးဟု သိရသည်။

သတင်း ပေးပို့ သူ နန်းဖော့ဂေအား ကျေးဇူးတင်ရှိပါသည်။

World Refugee Day in Australia 2009

Tuesday, June 23, 2009

ပူးပေါင်းတပ် ထိုးစစ်ကြောင့် ကေအဲန်ယူ တပ်မဟာ (၇)ကို လက်လွတ်ရ

ခွန်အောင်မြတ်။
ဇွန်လ ၂၂ ရက်၊ ၂၀၀၉ ခုနှစ်။

တိုးတက်သော ကရင်ဗုဒ္ဓဘာသာအစည်းအရုံးနှင့် မြန်မာစစ်တပ်ပူးပေါင်းထိုးစစ်ကြောင့် ကရင်အမျိုးသားအစည်း အရုံး (ကေအဲန်ယူ)က ၎င်း လက်အောက်ခံ တပ်မဟာ (၇) ဌာနချုပ် စခန်းကို ယမန်နေ့က ဆုတ်ခွါပေးလိုက် သည်။

KNUတပ်မဟာ (၇) ဌာနချုပ်အ၀င်ဂိတ်တခုပုံ။ ဓါတ်ပုံ-KIC


ကေအဲန်ယူတပ်ဖွဲ့များကို လွန်ခဲ့သောရက်ပေါင်း ၂၀ ခန့်က စတင်ကာ အစိုးရတပ်က လက်နက်ကြီးဖြင့်ပစ် ခတ် ပေးပြီး၊ ဒီကေဘီအေက ရှေ့တန်းတက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယမန်နေ့က တပ်မဟာ (၇) ဌာနချုပ်အား ဆုတ်ခွါပေးလိုက်ရခြင်းဖြစ်သည်ဟု ကေအဲန်ယူ တွဲဖက်အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက ပြောသည်။

“တပ်မဟာ(၇) ဌာနချုပ်ကတော့ ပြောက်ကျားအနေအထားပဲထားပြီးတော့ ဆုတ်ပေးသွားပြီလေ။အဲဒီ နေရာတွေက ပြောင်သလင်းကြီးပဲ။ အမြောက်ပစ်ကွင်းတွေချည်းပဲဆိုတော့ အဲဒီမှာ မိုင်းတွေဘာတွေပဲ ထားခဲ့တာပေါ့။ အဲဒါကြောင့် မိုင်းတွေ နှစ်လုံး၊ သုံးလုံးလောက် ပေါက်တယ်။ အဲဒါနဲ့ အဲဒီမှာ သူတို့ ရောက်လာပြီး သူတို့မိုင်းရှင်းတုန်းပဲလား မပြောတတ်ဘူး။ ဟိုရှေ့ဆက် တက်မလား မသိဘူး။ ဟိုရှေ့ မှာကတော့ အေပေထာ ဆိုတဲ့ နေရာကတော့ ပဒိုမန်းရှာတို့ ကျောက်တိုင်တွေ ဘာတွေ ရှိတဲ့နေရာ လေ။”

ယမန်နေ့ တပ်မဟာ (၇) ဌာနချုပ်ရှိရာသို့ မြန်မာစစ်အစိုးရတပ်က လက်နက်ကြီးကျည် အလုံး ၃၀ ကျော် ပစ် ခတ်တိုက်ခိုက်ခဲ့သည်။ ကေအဲန်ယူဘက်က လက်နက်ကြီး ကျည် ၂ လုံးဖြင့် ပြန်လည်ပစ်ခတ်သဖြင့် ဒီကေဘီ အေ တပ်သား ၂ ဦးထက်မနည်း ဒဏ်ရာရရှိသည်ဟု ဗိုလ်မှူးစောလှငွေက ပြောသည်။

တပ်မဟာ (၇)ကို လက်လွတ်လိုက်ရသဖြင့် အခြားတပ်မဟာများနှင့် အဆက်အသွယ်များ ပြတ်တောက်သွားနိုင် သည်ဟု ဗိုလ်မှူးစောလှငွေက ပြောသည်။

“ဒီအလည်ပိုင်း control (ထိန်းချုပ်မှုပိုင်း)မှာတော့ လစ်ဟာမှု တခုဖြစ်သွားတာပေါ့။ အခုနယ်မြေ တွေ ကို ကျနော်တို့ဒီ ကျန်တဲ့ တပ်မဟာ(၂-၃) တခြားတပ်မဟာတွေ မလုပ်နိုင်ခင် ကာလ အတောတွင်း မှာတော့ ကျနော်တို့ရဲ့ တောင်နဲ့မြောက်ပိုင်း အဆက်အသွယ်ကတော့ ပြတ်သွား တာပေါ့။ နောက် တခုကတော့ ကိုယ်အဲဒီမှာ ပြန်ပြီးတော့ ပြန်ဝင်ဖို့ဆိုရင် အချိန်ပြန်ယူရမှာပဲ။ ဘာဖြစ်လို့လဲဆို လူထု ကလည်း လူထုအခြေခံကလည်း ပျက်သွားတယ်။ နောက်ပြီးတော့ ဆက်သွယ်ရေး စခမ်းတွေကလည်း လောလောဆယ်ဆယ် အသိမ်းခံထားရတယ်ဆိုတော့ ပြန်ရဖို့ဆိုတာ မလွယ်လှဘူး။”

မြန်မာစစ်အစိုးရနှင့် ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့သည် အခြား တပ်မဟာများကိုလည်း ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်သွားနိုင်သည်ဟု ၎င်းက ပြောသည်။

ဇွန်လဆန်းပိုင်းမှ စ၍ ပူးပေါင်းတပ်ဖွဲ့က ကေအဲန်ယူ တပ်မဟာ (၇) ထိန်းချုပ်နယ်မြေကို ထိုးစစ်ဆင်တိုက်ခိုက် ရာ ပူးပေါင်းတပ်ဖွဲ့ ဒီကေဘီအေ တပ်သားအများစု အပါအ၀င် ၁၄၀ ကျော် ထိခိုက်ကျဆုံးပြီး၊ ကေအဲန်ယူ ဘက်ကမှ တပ်သား ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ တပ်မဟာ (၇) ဌာနချုပ်ကို လက်လွတ်ဆုံးရှုံးလိုက်ရသည်ဟု ကေအဲန်ယူက ပြောသည်။

ယင်းတိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည် (၄၀၀၀) ကျော် ထိုင်းနယ်မြေအတွင်းသို့ ထွက်ပြေး ခိုလှုံလျှက်ရှိသည်။

ယခုဖြစ်ပွားသည့် တိုက်ပွဲတွင် ကရင်အချင်းချင်းဖြစ်ပွားသည့် တိုက်ခိုက်မှုများသာဖြစ်ပြီး လက်နက်ကိုင် ပဋိပက္ခ အတွင်းတွင် မြန်မာ့တပ်မတော်က ပါဝင်ပတ်သက်ခဲ့ခြင်း မရှိဟု မြန်မာစစ်အစိုးရထုတ် နေ့စဉ် သတင်းစာတွင် ဖော်ပြထားသည်။


သတင်းနှင့်မီဒီယာကွန်ယက် မှကူးယူဖော်ပြသည်။

မြောက်ကိုရီးယားရန်ကို အမေရိကန် ကာကွယ်ဖိုႛ အသင့်ပြင်ဆင်္ဘပီး

2009-06-22
Radio Free Asia
မြောက်ကိုရီးယားက အမေရိကန်ပိုင်နက်ကို ဒံုးပဵံနဲႛ တိုက္ခိုက္လာမယ္ဆိုရင္ အေမရိကန္အေနနဲႛ ခုခံကာကြယ္ဖိုႛ အျပည့္အဝ ျပင္ဆင္ထား႓ပီး ျဖစ္တယ္လိုႛ အေမရိကန္သမၼတ မစ္စတာဘာရက် အိုဘားမားက ပြောလိုက်ပၝတယ်။

တောင်ကိုရီးယားနိုင်ငံ တုန်ဒူခေဵာင်တွင် အမေရိကန်နှင့် ကိုရီးယားတပ်ဖွဲ့ မဵား ဇွန်လ ၂ရက်နေႛက ပူးတွဲ စစ်ရေးလေ့ကဵင့်နေပုံ ဖြစ်ပၝသည်။ေူမာက်ကိုရီးယား၏ ဒုံးကဵည်္ဘခိမ်းခြောက်မှု အန္ဓရာယ်ကြောင့် တောင်ကိုရီးယားနှင့် အမေရိကန်တပ်မဵားကို အဆင့်မြှၟင့် တပ်လှန်ႛထားသည်။ (Photo: AFP)

အေမရိကန္အစိုးရနဲႛ အေမရိကန္စစ္တပ္အေနနဲႛ ဘယ္လို ဖြစ်လာမဲ့ အခြေအနေမဆို ဖြေရှင်းဖိုႛ အပြည့်အဝ ပြင်ဆင်ထား္ဘပီး ဖြစ်ေုကာင်း၊ စစ်ရေးအရ လက်တုံႛပြန်မယ်၊ မပြန်ဘူးဆိုတာကို ကြိုပြီး ထုတ်ဖော် မပြောလိုေုကာင်း၊ ဒၝပေမဲ့ အမေရိကန် ပြည်သူတွေအတွက် အရေးကြုံလာရင် အသေးစိတ် အသင့်ဖြစ်န္ဘေပီးဆိုတာကို စိတ်ခဵစေလိုကြောင်း သမ္မတ အိုဘားမားက ပြောပၝတယ်။

္ဘပီးခဲ့တဲ့အပတ်က ကောက်ယူခဲ့တဲ့ Gallup လူထုစစ်တမ်းတရပ်ရဲ့ အဆိုရ အမေရိကန်ပြည်သူ ၅၁ ရာခိုင်နှန်းဟာ မြောက်ကိုရီးယားဟာ အီရန်၊ အီရတ်၊ အာဖဂန္နစၥတန္နဲႛ ပၝကစၥတန္တိုႛထက္ ပို႓ပီး စစ်ရေးအရ္ဘခိမ်းခြောက်မှုရှိတယ်လိုႛ ယုံကြည်ကြောင်း ဖော်ပြခဲ့အ္ဘပီး အခုလို အမေရိကန်သမ္မတက ပြောလိုက်တာပၝ
သည်။

တခဵိန်တည်းမှာလည်း အမေရိကန် ရေတပ်ဖဵက်သဘေဿာ USS John McCain ဟာ ဒုံးပဵံနည်းပညာ ပစ္စည်းတွေ အရင်က ရောင်းဝယ်ရာမှာ သုံးဖူးတဲ့ မြောက်ကိုရီးယား သင်္ဘော Kang Nam အမှတ် ၁ ကို နောက်ယောင်ခံ လိုက်နေပၝတယ်။ ဒီသင်္ဘောဟာ မြောက်ကိုရီးယားကန္ဘေပီးခဲ့တဲ့ အပတ်က ထွက်ခွာလ္ဘာပီး စင်္ကာပူကနေ မြန်မာနိုင်ငံကို ဦးတည် ခုတ်မောင်းနေတယ်လိုႛ ဆိုပၝတယ်။

ဒီသင်္ဘောဟာ မြန်မာနိုင်ငံ သွားခဲ့မယ်ဆိုရင် စစ်အစိုးရနဲႛ မြောက်ကိုးရီးယားအစိုးရတိုႛ ပူးပေၝင်း္ဘပီး နေပြည်တော်မှာ လျှို့ှဝှက်လိုင်ခေၝင်း တူးဖော်နေတာတွေနဲႛလည်း ပတ်သက် ဆက်စပ်နိုင်တယ်လိုႛ ကေအင်ယူ ကရင်အမဵိုးသားအစည်းအ႟ုံးရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင် စောဒေးဗစ်တောက RFA ကို ပြောပၝတယ်။

စောဒေးဗစ်တော။ ။“မြန်မာနိုင်ငံကို ဒီလက်နက်တွေ ရောင်းခဵတယ်ဆိုတာကတော့ ကျွှန်တော်ထင်တယ်၊ မြန်မာနိုင်ငံမှာ ပြည်ပ အန္ဓရာယ်တွေလည်း ဒီလောက် ကြီးကြီးမားမား ရှိတာလည်း မဟုတ်ဖူး။ တဖက်က ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံကတော့ ဒီ စစ်လက်နက် ပစ္စည်း အသစ်အဆန်းတွေကို ရမယ်ဆိုရင် သူႛအေနနဲႛကေတာ့ ဘာပဲပြောပြော လက်နက်အင်အားပေၞမှာ ကိုယ့်ကိုယ်ကို ပ္ဘိုပီးတော့ မြှင့်တင်လိုတဲ့ သဘောဆန္ဒရှိတာကို တွေ့ ရတယ်။ တဖက်ကကြည့်မယ်ဆိုရင်လည်း ဒီ မြောက်ကိုရီးယားရဲ့ လက်နက်ပစ္စည်းတွေက အဆက်အစပ်အရ ပြောမယ်ဆိုရင်တော့ နေပြည်တော်လိုႛ ခေၞတဲ့ ဝန်းကဵင်မှာ သူတိုႛ လုပ်နေတဲ့ ဥမင်လိုင်ခေၝင်းနဲႛ ဆက္နြယ္မယ္လိုႛေတာ့ ကၽႊန္ေတာ္တိုႛ အဲလိုပဲ ယူဆပၝတယ္။”

ဒၝအျပင္ စစ္အစိုးရအေနနဲႛ ၂၀၁၀ ေ႟ႊးေကာက္ပဲြ မတိုင်ခင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တွေအပေၞ ဖိအားပေးနိုင်ဖိုႛ လက်နက်အင်အား ခိုင်မာအောင် စုဆောင်းနေတာ ဖြစ်တယ်လိုႛ စောဒေးဗစ်တောက ပြောပၝတယ်။

စောဒေးဗစ်တော။ ။“တိုင်းရင်းသား အပစ်အခတ်ရပ် အဖွဲ့ တွေရော၊ အပစ်မရပ် အဖြဲႚေတြေရာ ဒီစစ္အစိုးရအေနနဲႛ သူႛရဲ့ လက္နက္အဆင့္ကို မြၟင့်တင်ခြင်းအားဖြင့် တဖက်က္ဘခိမ်းခြောက်လိုတဲ့ ဆန္ဒရှိတယ်ဆိုတာကတော့ သိသာထင်ရှားပၝတယ်။ ဘာဖြစ်လိုႛလဲဆိုတော့ အခု ဒီ နယ်စပ်ဒေသနဲႛ ပတ်သက်္ဘပီးတော့ အပစ်ရပ်ထားတဲ့ ဝတိုႛ၊ ကိုးကန္ႛတိုႛ အစရွိတဲ့ ကခဵင္အဖြဲ ့ေတြ အေပၞမွာ သူႛရဲ့ သြဇာလွမ်းမိုးမှုက နည်းနေတဲ့အခၝမှာ ဒီလို လက်နက်အင်အား ပ္ဘြပီးတော့ အနိုင္ယူခဵင္တဲ့ သေဘာဆနၵမ်ိဳးလိုႛပဲ ကၽႊန္ေတာ္တိုႛ ယူဆပၝတယ္။”

မြောက်ကိုရီးယားအနေနဲႛ နောက်ဆုံးအကြိမ် နူးကလီးယားလက်နက် စမ်းသပှ်ုပြုလုပ်ခဲ့တဲ့အပေၞ နိုင်ငံတကာ အသိုင်းအဝိုင်းနဲႛ သဘောထား တင်းမာနေတဲ့အခဵိန်မှာ စစ်အစိုးရအနေနဲႛ မြောက်ကိုးရီးယားအစိုးရတိုႛ နီးနီးကပ်ကပ် ဆက်ဆံလာတဲ့အတွက် ဒေသတွင်းနိုင်ငံတွေအနေနဲႛ အထူး စိုးရိမ်နေတယ်လိုႛလည်း သတင်းတွေ ထွက်ပေၞနေပၝတယ်။

စင်္ကာပူအစိုးရကတော့ တကယ်လိုႛ လက်နက်ပစ္စည်း သယ်လာတယ်လိုႛ အတည်ပြုနိုင်ရင် ဒီသင်္ဘောကို ရှာဖွေအရေးအယူဖိုႛ အသင့်ဖြစ်ကြောင်း ဒီကနေႛ ဇွန်လ ၂၂ရက်မှာ ထပ်္ဘပီး ပြောကြားလိုက်ပၝတယ်။

္ဘပီးခဲ့တဲ့ ကြာသပတေးနေႛကလည်း မြောက်ကိုရီးယားဟာ ဟာဝိုင်ယီကျွှန်းကို ဒံုးပဵံနဲႛ ပစ်နိုင်တယ်ဆိုတဲ့ အလားအလာကြောင့် ဟာဝိုင်ယီအနီး အမေရိကန်တပ်တွေအသင့်ပြင်ထားတယ်လိုႛ အမေရိကန် ကာကွယ်ရေးဝန်ကြီးRobert Gates က ပြောခဲ့ပၝတယ်။

KNU တပ်မဟာ (၇) ဌာနချုပ် သိမ်းပိုက်ခံရ

Monday, June 22, 2009

Monday, 22 June 2009 19:47 ဧရာဝတီ
စစ်အစိုးရ တပ်ဖွဲ့နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) ပူးပေါင်းတပ်များက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၏ အဓိက တပ်စခန်းဖြစ်သော တပ်မဟာ(၇) ဌာနချုပ်ကို ယမန်နေ့က သိမ်းပိုက်လိုက် ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းတပ်များက ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ KNLA တပ်မဟာ (၇) ဌာနချုပ် ကို ပြီးခဲ့သည့် ဇွန်လ ၁၇ ၊ ၁၈ ရက်များကတည်းက စတင်၍ ပြင်းထန်စွာ ထိုးစစ်ဆင်တိုက်ခိုက် နေခဲ့ပြီး ဇွန်လ ၂၁ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု KNU တွဲဖက်အထွေထွေ အတွင်းရေးမှူး(၁) ဗိုလ်မှူး စောလှငွေ ကပြောသည်။

ယခုအခါ KNLA တပ်မဟာ (၇) တွင် တပ်စခန်း တခုတည်းသာ ကျန်ရှိတော့ကြောင်းနှင့် KNLA တပ်များအနေနှင့် ပြောက်ကျား စစ်ဆင်ရေး နည်းကို ကျင့်သုံးသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

ဇွန်လ ၁၉ ရက်နေ့က တပ်မဟာ (၇) ဌာနချုပ်ကို စတင်တိုက်ခိုက်သည့် တိုက်ပွဲတွင် DKBA ဘက်က ၇ ဦးခန့် ကျဆုံးမှုရှိခဲ့သည်ဟုလည်း ဗိုလ်မှူး စောလှငွေ က ဆိုသည်။

ထို့အပြင် KNLA တပ်ရင်း ၂၁ ၊ ၂၂ နှင့် ၁၀၁ တပ်စခန်းများ ကျဆုံးခဲ့ရပြီး တပ်ရင်း ၂၀၂ ၏ တပ်စခန်း တချို့ကို ထိန်းထားနိုင်ခဲ့ကြောင်း သိရသည်။

ယင်း KNLA တပ်မဟာ (၇) ကျဆုံးခြင်းအတွက် ထိုင်းမြန်မာ နယ်စပ်မြို့ မဲဆောက်တွင် အခြေစိုက်ထားသော မြန်မာအတိုက်အခံအဖွဲ့များ၏ ရပ်တည်ရေးကို ထိခိုက်နိုင်သည်ဟုလည်း ဗိုလ်မှူး စောလှငွေ က ပြောပြသည်။

တိုက်ပွဲများကြောင့် ဇွန်လ ပထမ အပတ်အတွင်း ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသည့် ကရင်ဒုက္ခသည် စုစု ပေါင်း ၄၀၀၀ ကျော် ရှိကြောင်း သိရသည်။ အများစုမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာများမှဖြစ်ပြီး ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အတွင်းရှိ မဲ့သဝေါနှင့် မဲ့သလေမြို့နယ်များသို့ ထွက်ပြေးပုန်းရှောင်နေကြရသည်။

ယင်း ပြင်းထန်သည့် တိုက်ပွဲများကြောင့် ထွက်ပြေးလာရသော ကရင် ဒုက္ခသည်များကို ထိုင်းအာဏာပိုင်များက မြန်မာပြည်ဘက်သို့ အဓမ္မ ပြန်လည် ပို့ဆောင်မှုများပြုလုပ်ကြောင်းလည်း သိရသည်။

ယခုကဲ့သို့ ဒုက္ခသည်များကို အဓမ္မ ပြန်ပို့နေခြင်း အပေါ် ကရင်အမျိုးသမီး အစည်းအရုံး(KWO) က လွန်စွာ စိုးရိမ်မှုရှိကြောင်း ယနေ့ထုတ်ပြန်ချက်တွင် ပြောဆိုသည်။

ထိုင်းနိုင်ငံ တာ့ခ် ခရိုင် ထဆောင်ရန်း ဒေသရှိ ပြန်ပို့ခံနေရသော ကရင် ဒုက္ခသည်မိသားစုများနှင့် ပတ်သက်ပြီး နိုင်ငံတကာက အရေးယူဆောင်ရွက်ပေးရန်၊ ထိုင်းအာဏာပိုင်များနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးအပါအဝင် အကူအညီပေးရေးအဖွဲ့များ ဆွေးနွေးအဖြေရှာကြရန်လား KWO က တောင်းဆိုထား သည်။

KWO အတွင်းရေးမှူး ဒါး အယ် ကလယ်က“ထိုင်းအာဏာပိုင်တွေအနေနဲ့ နောက်ဆုံးအခြေအနေအထိ စောင့်ကြည့် ရပါမယ်၊ အခုလို မိုးတွင်းကြီးမှာ ဒုက္ခသည်တွေကို အဓမ္မ ပြန်ပို့နေတာဟာ သူတို့ရဲ့အသက်ရှင် နေထိုင်ခွင့်နဲ့ လူ့အခွင့်အရေးတွေကိုချိုးဖောက်နေသလိုဖြစ်ပါတယ်”ဟု ပြောသည်။

ယင်း ပြန်ပို့ခံရသည့် ဒုက္ခသည်များသည် အသက် အန္တရာယ်စိုးရိမ်ရကြောင်းနှင့် အမျိုးသမီး ငယ်များဖြစ်ပါက မြန်မာစစ်တပ်၏ အဓမ္မ ပြုကျင့်ခံရမှုများ ရှိသည်ဟုလည်း ၎င်းကဆိုသည်။

လွန်ခဲ့သည့် အပတ်အတွင်းက အသက် ၁၇ နှစ် ခန့်ရှိ ဒုက္ခသည်အမျိုးသမီးငယ် ၂ ဦးသည် ဘားအံခရိုင် အတွင်း ၌ မြန်မာစစ်တပ်၏ အဓမ္မပြုကျင့်ပြီး အသတ်ခံခဲ့ရကြောင်း၊ အဓမ္မပြုကျင့်သူများမှာ မြန်မာစစ်တပ် တပ်ရင်း ၂၀၅ မှ ဖြစ်ကြောင်း၊ အမျိုးသမီး တဦးမှာ ကိုယ်ဝန်ဆောင်သည်ဖြစ်ပြီး တဦးမှာ ၆ လသားအရွယ် ကလေးငယ်တဦး ကျန်ရစ်ကြောင်း KWO ၏ ထုတ်ပြန်ချက်အရ သိရသည်။

လေးစားရပါသော ကရင်အမျိုးသားများသို့ 

လေးစားရပါသော ကရင်အမျိုးသားများသို့ 
ကျနော် ကိုယ်ကျနော်မိတ်ဆက်ပါရစေ၊ ကျနော် ဟာ ဒီကေဘီအေ မှာ ထိပ်ပိုင်းတာဝန်ယူရတဲ့
သူတဦးဖြစ်ပါတယ်။ ကျနော်အခု တင်ပြ ပြောပြချင်တဲ့ အချက်ကတော့ ကျနော်လုံးဝမခံစားနိုင်တော့လို့  ရင်ဖွင့်ရခြင်းဖြစ်ပါတယ်။

ကျနော်ဟာ ဟိုး ဒီကေဘီအေ စဖြစ်ကတည်းက ဒီကေဘီအေထဲမှာစပြီး ပါဝင်တဲ့လူဖြစ်ပါတယ်။
ဒီကေဘီအေစစဖြစ်ခြင်း တကယ်ဘဲ ကျနော်လည်းထင်ခဲ့မိတယ်။ ကေအဲန်ယူ ဟာ ဘာသာရေး ခွဲခြားပြီး
သူတို့ (ခရစ်ယာန်) နဲ့မတူတဲ့ ဘာသာရေး ကိုးကွယ်တဲ့လူတွေကို ကေအဲန်ယူထဲမှာ ကြီးမားတဲ့ရာထူး
ကြီးမားတဲ့တာဝန်တွေ မပေးခဲ့ဘူးဆိုတဲ့အမြင်ကို ယုံခဲ့မိတယ်။ စစ်အုပ်စုကလည်း ၁၉၉၄ ခုနှစ် ဒီကေဘီအေ
ပြန်ဆင်းလာခဲ့ မယ်ဆိုရင် (၁)နှစ်အတွင်းသူတို့ တပ်တွေရုပ်သိမ်းပြီးတော့ ကရင်ပြည်နယ် အသိအမှတ်
ပြုပေးပြီး အုပ်ချုပ်ရမယ်တဲ့။ ကျနော်လည်းတော်တော်ပျော်သွားတယ်။ ကျနော်တို့ လိုချင်တာကလည်း
လွတ်လပ်တဲ့ ကရင်ပြည်နယ်နဲ့ မိမိတို့ ခေါင်းဆောင်တွေနဲ့အုပ်ချုပ်ရမယ်၊ နေရမယ်ဆိုပြီး အရမ်းကို ဝမ်းသာသွားတယ်။
ဒီအတွက်နဲ့ဘဲ ကေအဲန်ယူရဲ့ ဌာနချုပ် မာနယ်ပလောကို တိုက်ဖို့ အတွက် ကျနော်တို့ ဟာ ဗိုလ်ချုပ်မောင်လှ
ရဲ့ဗမာတပ်တွေနဲ့ပေါင်းပြီး လမ်းပြအဖြစ်ထိပ်တိုက်မှာ ကျနော်တို့ ပါဝင်ခဲ့တယ်။ ကေအဲန်ယူဟာ ကျနော်
တို့ ကို မပစ်ဘဲသူတို့ ရဲ့ မာနယ်ပလော ဌာနချုပ်ကို လွယ်လွယ်ဘဲ ဆုတ်ပေး လိုက်တယ်။ နောက်ပိုင်း
ကျနော်သေသေချာချာပြန်စဉ်းစားမိတော့ (ကေအဲန်ယူဟာ ကရင်အမျိုးသား တွေဖြစ်တဲ့ ကျနော်တို့ ကို
မပစ်ဘဲနေတာဖြစ်တယ်။ ကရင်ကရင်ခြင်း မသတ်ဖြတ်ချင်တဲ့သဘောဖြစ်တယ်။

အဲဒီနောက်ပိုင်း ကျနော်တို့  ဒီကေဘီအေဟာ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး ဝင့်ကြွားလာတယ်။ ဗမာ
တပ်ဗိုလ်တွေကလည်း ကျနော်တို့ တပ်တွေအင်အားကောင်းလာဖို့  စီးပွားရေးလုပ်ပိုင်ခွင့်တွေကို ခေါင်းဆောင်ပိုင်းတွေအပေါ်ပေးလာတယ်။ အါဝါဒေး တွေကို ကိုယ့်ရပ်ကိုယ့်ရွာ အဆင့်မှာဘဲ ကြိုက်တဲ့
နေရာ မှာ လုပ်လို့ ရအောင်ဗမာတပ်တွေက ကျနောတို့ ကို လုပ်ခွင့်ပေးတယ်။ မသိရင်တော့ ကျနော်တို့ 
ဟာ ဗမာတွေပြောထားတဲ့ (၁)နှစ်အတွင်းကရင်ပြည်ပေးမယ်ဆိုတာ အါဝါဒေး ကိုဘဲပေးသလားပေါ့။ မသိရင်တော့ ကရင်ပြည်နယ်အတွင်းမှာ ကျနော်တို့ ဒီကေဘီအေဟာ ဘာမဆိုလုပ်ပိုင်ခွင့် ရနေ
သယောင် ရှိနေတယ်ပေါ့။ အာဏာနှင့်လုပ်ပိုင့်ခွင့် အပြည့် ရှိတယ်ပေါ့၊ဒါပေမဲ့ ကျနော်တို့ ရဲ့အာဝါဒေးရဲ့
အကျိုးရလာဒ်ဟာ ကျနော်တို့  ကရင်ပြည်သူတွေ လောင်းကစား တတ်လာတယ်။မူးယစ်ဆေးဝါးတွေသုံးစွဲ
လာတယ်။ အကြွေးတွေ သိန်းနှင့်ချီပြီး တင်နေကြတယ်။ မူးယစ်ဆေးဝါး ရောင်းဝယ်ဖေါက်ကားမှုတွေကလည်း
ကရင်ပြည်နယ်အတွင်းမှာ ဈေးရောင်း သလိုဘဲဖြစ်နေတယ်။ ဒါလား ကျနော်တို့  ရဲ့လွပ်လပ်တဲ့ကရင်ပြည်။
လွပ်လပ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တဲ့လား။ ကျနော်စဉ်းစားရင်း အရမ်းကိုရင်နာတယ်။

နောက်(၂၀ဝ၄)ခုနှစ်မှာ ဗိုလ်ခင်ညွန့်ပြုတ်ပြီးနောက်ပိုင်း ကျနော်တို့ ပြည်နယ်မှာ ဗမာတွေကားလိုက်
သိမ်းတယ်။ ကျနော်တို့  ဘာမှ မကူညီနိုင်ဘူး၊ကျနော်တို့ ကရင်ပြည်သူတွေတော်တော်ထိသွားတယ်။
မြိုင်ကြီးငူအတွက်ကတော့ နည်းနည်းရလိုက်တာဘဲရှိတယ်၊။နောက်(၂၀ဝ၆)ခုနှစ်မှာ ဗမာတွေဟာ
နေပြည်တော်ကို ပျဉ်းမနားကြပ်ပြေးမှာ တည်တဲ့အချိန် ကြပ်ပြေးနဲ့အနီးအနားမှာရှိတဲ့ရွာတွေကို လူမနေရ
ဧရိယာဖြစ်သွားအောင် နယ်မြေရှင်းလင်းရေးထိုးစစ်မှာ ကျနော်တို့ ကရင်ပြည်သူတွေအနေများတဲ့ တောင်ငူ၊ညောင်လေးပင် ဒေသ ရှင်းလင်းသုတ်သင်ရေးမှာလည်း ကျနော်တို့ ဟာကျနော်တို့ ရဲ့ ကရင်ပြည်
သူတွေကို ဘာမှမကူညီပေးနိုင်ဘူး။ ဒါလား ကျနော်တို့  ဒီကေဘီအေ ဟာကရင်အမျိုးသားရေး အတွက်ဖြစ်
တယ်ဆိုတာ ဘာနဲ့သက်သေပြလို့ ရမှာလဲ။နောက်တခုက ဗမာတပ်ဗိုလ်တွေဟာ ကျနော်တို့  ဒီကေဘီအေ
တွေကို ဘာသာရေးတပ်အဖြစ်နဲ့ဖြစ်အောင်ဖန်တီးထားတာကလည်း ကမ္ဘာမှာ တခါမှမရှိခဲ့ဘူးသေးတဲ့
တခုတည်းသော ဘာသာရေးလက်နက်ကိုင်တပ်ဖြစ်ခဲ့အောင် ကရင်တွေရဲ့ သမိုင်းမှာ လုံးဝကိုမဖြစ်
သင့်တဲ့ သမိုင်းအမဲစက်ကြီးကို ကျန်ရစ်ခဲ့အောင်ဖန်တီးခဲ့တာဘဲ။ ဒါကို ကျနော်တို့  ဒီကေဘီအေ
ကလက်ခံခဲ့တယ်တဲ့လား။ ကျနော်လည်း လုံးဝကိုစဉ်းစားမရနိုင်အောင်ဖြစ်ခဲ့တယ်။ ဗမာစစ်ဗိုလ်တွေက
တော့ပြောတယ် မင်းတို့  ဒီကေဘီအေ တပ်ဟာ ဘာသာရေးကိုအခြေခံတဲ့တပ်ဖြစ်တဲ့အတွက်
နိုင်ငံတော်က စဉ်းစားပေးမယ်တဲ့။ ကျနော်တို့ အတွက် ဘာကို စဉ်းစားပေးမယ်ဆိုတာစဉ်းစားလို့ မရဘူး၊

နောက် ကျနော်တို့  ဒီကေဘီအေအတွက် အရှက်ဆုံးအရာက (၂၀ဝ၇)ခုနှစ် စက်တင်ဘာလမှာ
ဗမာစစ်တပ်တွေက ရဟန်းသံဃာတွေကို ပစ်ခတ်ရိုက်နှက်သတ်ဖြတ်တဲ့အချိန်မှာ မြန်မာပြည်တခုလုံးမှာ
ရှိတဲ့ပြည်သူတွေကော တကမ္ဘာလုံးမှာရောက်ရှိနေကြတဲ့ မြန်မာပြည်သူပြည်သားတွေဟာ ကျနော်တို့ 
ဒီကေဘီအေကိုလှမ်းမေးတယ်။ ဘာသာရေး သာသနာရေး ကို လုပ်ဆောင်ပေးနေတဲ့ ဒီကေဘီအေ
စစ်တပ်တွေရဟန်းသံဃာတွေကို ပစ်ခတ်သတ်ဖြတ်နေတဲ့အချိန်မှာ သာသနာတော်အတွက်
ရဟန်းသံဃာတွေအတွက်ဘာမှမကာကွယ်ပေးဘူးလားတဲ့။ အဲဒီအချိန်တုန်းကဆိုရင် ဒီကေဘီအေ တွေရဲ့
မျက်နှာဟာ လုံးဝ မျက်နှာပြမရဲတော့လောက်အောင် အိမ်တွင်းပုန်းနေခဲ့ရတယ်။ ဘာဖြစ်လို့ လဲဆိုတော့
ဒီကေဘီအေ လို့ အမည်ခံထားတဲ့စစ်တပ်ဟာ ဘာသာရေးနဲ့သာသနာရေးအတွက်ဖြစ်တယ်။ ကရင်ပြည်သူတွေ
အတွက်ဖြစ်တယ်၊ ကရင်ပြည်သူတွေအတွက်ကတော့ထားပါတော့။ ဘာသာရေးနဲ့ သာသနာရေးအတွက်ဆို
တော့ ရဟန်းသံဃာတွေကို ဗမာတွေပစ်ခတ်သတ်ဖြတ်နေချိန်မှာ ဒီကေဘီအေ က ဘာမှကို မကူညီပေးနိုင်ခဲ့ဘူး။ ဗမာတို့ ရဲ့  သတ်ဖြတ်ခြင်း ခံရတဲ့ရဟန်းသံဃာတွေဘက်အတွက်လည်း ဗမာတွေ သတ်လို
့မရအောင်မဟန့်တားပေးနိုင်ခဲ့တဲ့အပြင်။ လိုအပ်ရင်ရဟန်းသံဃာတွေကို အပြတ်ရှင်းဖို့  ဒီကေဘီအေ ကို ဗမာတွေအမိန့် တွေထပ်ပေးလာလို့  ကျနော်တို့ ဘာလုပ်ရမယ်မှန်းမသိတော့လောက်အောင် ဖြစ်ခဲ့ရတယ်။

ကျနော်တို့ အတွက် အိပ်မက်ဆိုးတွေ ခြောက်လှန့် တဲ့ကာလဖြစ်ခဲ့တယ်ပေါ့။ ဒါတဲ့လား ဒီကေဘီအေ ဆိုတာ အမျိုးဘာသာ သာသနာအတွက် ဆိုတာ။အခုနောက်ဆုံး (၂၀၁၀) ရွေးကောက်ပွဲပြီးရင် နိုင်ငံတခုမှ
တခုတည်းသော တပ်မတော်အောက်မှာဘဲလက်နက်ကိုင်တပ်ဖွဲ့ ကိုထားရှိမယ်တဲ့။ ဗမာစစ်ဗိုလ်တွေ
နေပြည်တော်ရဲ့အမိန့် နဲ့လာပြီး ကျနော်တို့  ဒီကေဘီအေကိုလာချပြတယ်။ ဆွေးနွေးတာမဟုတ်ဘူး ချပြတာ
ဖြစ်တယ်။ လက်နက်ကိုင်ချင်ရင် နယ်ခြားစောင့်တပ်အဖြစ်တပ်မတော်ရဲ့လက်အောက်ခံအနေနဲ့ လုပ်ပေါ့။
တပ်ရင်းတရင်းမှာ ဗမာစစ်တပ်က လုပ်တတ်ကိုင်တတ်တဲ့စစ်ဗိုလ်အရာရှိတွေ(၃၀)ယောက်လည်း လာကူ
ပေးအုံးမယ်တဲ့။ လခ ကိုတောင် ပေးလိုက်အုံးမယ်တဲ့။လခပေးတဲ့နောက်တော့ လခစားဖြစ်တဲ့နောက်တော့
ဒီကေဘီအေဟာ ဗမာကြေးစားတပ်လုံးလုံးဖြစ်ပြီးပေါ့။လုပ်မလား မလုပ်ဘူးလားပေါ့။ ဖိအားပေါ့။ ဒါဆို
ဒီကေဘီအေဆိုတာ ဘာဖြစ်သွားမလဲပေါ့။ နောက်ပြီး သူတို့ ကထပ်ပြောပြလိုက်သေးတယ် ကျနော်တို့ 
ဒီကေဘီအေကို ဘာသာရေးတပ်မတော် ဖြစ်တဲ့အတွက် စဉ်းစားပေးတာတဲ့၊
အဲဒီမှာ ကျနော်တို့  ဒီကေဘီအေ ခေါင်းဆောင်တွေပြသာနာကောင်းကောင်းတက်
်တော့တာဘဲ။ တဖက်မှာဗိုလ်ခင်ညွန့် ကောင်းစားခဲ့စဉ် လုပ်ထားခဲ့တဲ့ မူးယစ်ဆေးဝါးထုတ်လုပ်ခဲ့မှု၊
မှောင်ခိုရောင်းဝယ်ခဲ့မှု မှတ်တမ်းမှတ်ရာတွေဟာ နေပြည်တော်ရဲ့ ထောက်လှမ်းရေးဖိုင်ထဲမှာ နာမည်တွေက
လျှောက်လွာစာရွက် အပြည့်ဆိုတော့လက်မခံရင် ထွက်ပြေးပေါ့။ ထွက်ပြေးဖို့ ကလည်း စည်းစိမ်ဥစ္စာတွေက
စွန့် ပစ်လို့ မရနိုင်အောင် မဖြစ်နိုင်အောင်ရှိပြီးဖြစ်တဲ့အတွက် လုံးဝကိုဆုတ်လမ်းမရှိတော့ဘူးပေါ့။
အဲဒီလိုဖြစ်နေအောင် ဗမာစစ်ဗိုလ်တွေ က လုပ်ပိုင်ခွင့်တွေပေးခဲ့တယ်ဆိုတာ အခုမှ သဘောပေါက်တော့တယ်။
ဆုတ်လဲစူး စားလဲရူးပေါ့။ လက်အောက်ငယ်သားကတော့လုံးဝကိုလက်မခံနိုင်ဘူးပေါ့။ ပြောတော့ စောဘဦးကြီးရဲ့ မူကို လက်ကိုင်ထားတယ် အခုဘာဖြစ်လို့  ဗမာစစ်တပ်ဖြစ်သွားရတာလဲတဲ့။ ကျနော်တို့ 
ဘာမှပြန်မဖြေနိုင်ခဲ့ဘူး၊အဲဒါတွေကြောင့် ကျနော်ဟာ ဒီကေဘီအေ ရဲ့ တကယ့်လက်ရှိ အဖြစ်မှန်တွေက
ို ဖေါ်ထုတ်ဖို့ သင့်ပြီးလို့ ကျနော်ယူဆခဲ့လို့  အခုလိုရင်ဖွင့်ရခြင်းဖြစ်ပါတယ်။ ကေအဲန်ယူ အတွက်
ကျနော်ကျေးဇူး ပြန်ဆပ်လို့ ရတဲ့ တခုတည်းသောနည်းလမ်းနဲ့ ကျေးဇူးဆပ်ခွင့် ရတဲ့အတွက်
ကျနော်ကိုယ်ကျနော် နောက်ဆုံး ဂုဏ်ယူတယ်။ ကျနော်လည်းအသက်ကြီးပြီး။ သိသွားတော့လည်း သူတို့ သတ်လို့  သေရုံမှတပါး အခြားကို မျှော်လင့်မထားဘူး။ ဒါဟာ ကျနော့်ရဲ့ကရင်အမျိုးသားတွေအပေါ်
မှားခဲ့တဲ့ ကျနော်ရဲ့ လုပ်ဆောင်မှု တွေအတွက် အကြွေးကို ပြန်ဆပ်ပေးလိုက်တယ်လို့ ဘဲ
ကျနော်ခံယူတယ်။ နောက်ဆုံး မေလ(၇)ရက်နေ့ မှာ ဒီကေဘီအေ ရဲ့ အနာဂါတ် ပုံဖေါ်ပွဲ အစည်းအဝေးမှတ်တမ်းကိုကျနော် အသိပေးလိုက်ပါတယ်။

ဒါဟာ အခု နယ်ခြားစောင့်တပ်ဖြစ်စေဖို့  ကရင်ပြည်နယ်ကျေးရွာတွေမှာ
ဒီကေဘီအေ စစ်သားသစ်မဖြစ်မနေ လုပ်ရမဲ့ကိစ္စတွေ၊ တပ်မဟာ(၇)ကို ဝင်ရောက်တိုက်ခိုက်ရတဲ့ အဖြစ်မှန်တွေကိုသိရမှာဖြစ်ပါတယ်။ ကျနော်ကိုနားလည်ခွင့်လွတ်ပေးကြပါလို့  ဦးညွတ်တောင်းပန်ရင်း
ကေအဲန်ယူ ရဲ့ ကရင်အမျိုးသားလွတ်မြောက်မှုတိုက်ပွဲ တော်လှန်ရေး အောင်မြင်ပါစေ - ဒီစာကိုရရှိတဲ့သူများ ဆက်လက်ဖြန့် ဝေစေချင်ပါတယ်။ကရင်အမျိုးသားများကို တောင်းပန်ခြင်းများစွာဖြင့်-
ဒီကေဘီအေ ခေါင်းဆောင်တဦး ။ မြိုင်ကြီးငူ။ (ဇွန်လ-၁၇ ရက်။၂၀ဝ၉ ခုနှစ်)၊

ဒုက္ခသည်များနေ့ အခမ်းအနား ဓါတ်ပု့များ



















ဦးဝင်းတင်ပြောတဲ့ ဒေါ်စုအတွက် ၆၄ မွေးနေ့စကား

ဇွန် ၂၀၊ ၂၀၀၉

ဦးဝင်းတင်ပြောတဲ့ ဒေါ်စုအတွက် ၆၄ မွေးနေ့စကား

ကိုဇော်မိုးအောင် (ကိုရီးယား)က ပို့ပေးပါတယ်
ဒေါ်စုမွေးနေ့မှာ ဒေါ်စုအကြောင်း အထူးသဖြင့်ကတော့ ဒေါ်စုရဲ့အရည်အချင်း သို့မဟုတ်လည်း ဂုဏ်သတ္တိ သို့မဟုတ်လည်း စိတ်ဓာတ်ကို ကျွန်တော်ပြောချင်ပါတယ်။ ဒ်ါစုရဲ့ နိုင်ငံရေးဆောင်ရွက်ချက်တွေ ဆိုတာကတော့ ကမ္ဘာသိ ဖြစ်နေတဲ့အတွက် ကျွန်တော် မပြောတော့ဘူး။ ဒေါ်စုရဲ့စိတ်ဓာတ်အရည်အချင်းလေး ပြောချင်တယ်။

အဲဒီဟာက ဘာလဲ ဆိုလို့ရှိရင် ဒေါ်စုရဲ့စိတ်ဓာတ် အရည်အချင်းဟာ မကြောက်တရားဆိုတာ ဒါ အဓိကတခု ဖြစ်ပါတယ်။ ဒါ ထိပ်ဆုံးကနေ ရှိတဲတရားပဲ။ ဒါအပြင်ကို သူ့မှာ ဇွဲသတ္တိတွေ ရှိတယ်၊ ဉာဏ်ပညာတွေ ကြီးတယ်၊ ရဲစွမ်းသတ္တိတွေ ရှိတယ်။ တာဝန်သိမှုတွေ ရှိတယ်။ စည်းကမ်းရှိမှုတွေရှိတယ် ဆိုတာဟာ ဒါ အလွန် အရေးကြီးတဲ့ သူရဲ့ စိတ်ဓာတ်သတ္တိတွေပဲလို့ ကျွန်တော် သတ်မှတ်ပါတယ်။

အဲဒီအတွက်လည်း ဒါကြောင့်လည်း ဒီလို သတ္တိတွေ၊ ဂုဏ်သတ္တိတွေကြီးမားခြင်းကြောင့်လည်း ကျွန်တော်တို့တွေဟာ နိုင်ငံရေးအရ သူ့ထက် ဝါရင့်တဲ့ ပုဂ္ဂိုလ်တွေရော၊ ဝါနုတဲ့ ပုဂ္ဂိုလ်တွေရော၊ အသက်ကြီးတဲ့ ပုဂ္ဂိုလ်တွေရော၊ အသက်ငယ်တဲ့ ပုဂ္ဂိုလ်တွေရော၊ တိုင်းသူပြည်သားအားလုံးရောက၊ နောက်တခါ ဒါ့အပြင်ကို ကမ္ဘာကပါ သူ့ကို ထောက်ခံ နေကြတာ၊ ဝိုင်းဝန်းနေကြတာ၊ ဝန်းရံနေကြတာ ဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

အဲဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော် ဂျပန်ကဗျာနည်းပေါ့၊ ဟိုက္ကူကဗျာစပ်နည်းနဲ့ ဒေါ်စုရဲ့အရည်အချင်းတွေကို စပ်ထားတဲ့ ကဗျာလေးကို ကျွန်တော် ရွတ်ပြချင်ပါတယ်။ အဲဒါက ဘာလဲဆိုရင် …

‘ရဲ’ ‘ဇွဲ’ ‘ဉာဏ်’ ‘စည်း’ ‘တာ’

မကြောက်တရား တေးကဗျာ

မီးပုံထဲက ကြာ

ဆြိုပီးတော့ ရေးထားပါတယ။် အဲဒီကဗျာလေးက ဂျပန်ဟိုက္ကူကဗျာပုံစံနည်းနဲ့ ရေးထားတဲကဗျာ ဖြစ်ပါတယ်။ အဲဒီထဲမှာ ရှေ့ဆုံးမှာပါတဲ့ ‘ရဲ’ ‘ဇဲ’ွ ‘ဉာဏ်’ ‘စည်း’ ‘တာ’ ဆိုတာက

‘ရဲ’ ရဲစွမ်းသတ္တိရှိခြင်း၊ အလွန်ရဲရင့်ခြင်း၊

နောက်ပြီးတော့ ‘ဇွဲ’ဆိုတာကတော့ ဇွဲသတ္တိကြီးမားခြင်း၊ ဒီနေ့အထိ မြန်မာပြည်အရေးကို နှစ်မြုပ်ပြီးတော့၊ ဘဝကို နှစ်မြုပ်ပြီးတော့၊ ဒီလောက် နှစ်ပေါင်း များစွာကြာအောင်၊ နှစ်ပေါင်း(၂ဝ)ကျော် ဟုတ်လား ကြာအောင် လုပ်နေတဲ့ ဇွဲ သတ္တိ၊

နောက်တခါ ‘ဉာဏ်’ ဆိုတာကလည်း အလွန်ကြီးမားတဲ့ ဉာဏ်ပညာ ရှိပါတယ်။ ဒါ ကျွန်တော်တို့ အားလုံးက အသိအမှတ်ပြုပါတယ်။ ကျွန်တော် စောစောက ပြောခဲ့သလိုပဲ နိုင်ငံရေးဝါရင့်တဲ့ ပုဂ္ဂိုလ်ကရော၊ ဝါနုတဲ့ ပုဂ္ဂိုလ်ကရော၊ အသက်ြကီးတဲ့ ပုဂ္ဂိုလ်ကရော၊ အသက်ငယ်တဲ့ ပုဂ္ဂိုလ်ကရော အားလုံးကနေပြီးတော့ ဒေါ်စုရဲ့ ဉာဏ်ပညာကြီးမားမှု၊ ဉာဏ်ပညာဆိုတဲ့နေရာမှာလည်း နိုင်ငံရေးဉာဏ်ပညာပေါ့ဗျာ၊ နိုင်ငံရေးဉာဏ်ပညာကြီးမားကြောင်းကို ပြောတာ ဖြစ်ပါတယ်။

‘စည်း’ ဆိုတာက ဒေါ်စုဟာ စည်းကမ်းရှိပါတယ်။ စည်းကမ်းရှိတယ်ဆိုတာ ခုစစ်အစိုးရကတော့ စည်းကမ်းရှိတယ်ဆိုတာကို ပြော ပြော နေတာပေါ့။ စည်းကမ်းပြည့်ဝသောတို့ ဘာတို့။ သူတို့ စည်းကမ်းပြည့်ဝတဲ့ဆိုတာက လူတွေကို ဖိနှိပ်ဖို့၊ ချုပ်ချယ်ဖို့၊ ကန့်သတ်ဖို့အတွက် စည်းကမ်းကို သူတို့ ပြောနေတာ။ စည်းကမ်းဆိုတဲ့ စကားလုံးကို ယူပြီးတော့။ ဆိုလိုတာကတော့ သူတို့ရဲ့ သံဆူးကြိုး သို့မဟုတ်လည်း သူတို့ရဲ့လက်ထိပ်တွေကို သူတို့က စည်းကမ်းနဲ့ ထပ်တူပြောနေ တယ်။ ကျွန်တော်တို့က စည်းကမ်းလို့ မမြင်ဘူး၊ လက်ထိပ်လို့ မြင်တယ်။ ကျွန်တော်တို့က စည်းကမ်းလို့ မမြင်ဘူး၊ သံ ဆူးကြိုးလို့ မြင်တယ်။ အဲဒါ။

အဲဒီတော့ ဒေါ်စုက စည်းကမ်းဟာ၊ ကျွန်တော် နည်းနည်းလေး ဆက်ပြောလိုက်အုန်းမယ်။ ကျွန်တော်တို့ အရေးတော်ပုံကာလ ၁၉၈၈မှာ ဒေါ်စုကို စင်တင်ပြီးတော့၊ ပထမဦးဆုံး ပွဲဦးထွက်ပေါ့ဗျာ။ ဟို နောက်ထပ် နှစ်ရက်ကြာမှာ ကျင်းပမယ့်၊ သြဂုတ်လ (၂၆)ရက်နေ့မှာ ကျင်းပမယ့် ဟိုဒင်းကို ပြောတာ မဟုတ်ဘူး။ ရွှေဂုံတိုင်ပွဲ ၁ မဟုတ်သေးဘူး။ အဲဒီမတိုင်ခင်မှာ စာရေးဆရာ စာနယ်ဇင်းသမဂ္ဂရဲ့ စင်မြင့်ပေါ်မှာ ဒေါ်စု ပထမဆုံးအကြိမ် လူထုနဲ့ ထိတွေ့ပြီးတော့၊ မြန်မာပြည်မှာ ပထမဦးဆုံးအကြိမ် လူထုနဲ့ထိတွေ့ပြီးတော့ စကားပြောတဲ့စကား။

အဲဒီစကားမှာ သူဘာပြောလဲ၊ တိုတိုလေးပဲ ပြောသွားတယ်။ “ဒီမိုကရေစီ လိုချင်ရင် စည်းကမ်းရှိကြပါ”ဆိုတဲ့ စကားကို ပြောသွားတယ်။ အဲဒါကို ကျွန်တော်က ဒီ ‘စည်း’ ဆိုတဲ့ဟာကိုလည်း ထည့်ထားပါတယ်။ ဒေါ်စုဟာ စည်းကမ်းပြည့်ဝဖို့ စည်းကမ်းကြီးဖို့ စည်းကမ်း လိုက်နာဖို့ စည်းကမ်းကို လေးစားဖို့ဆိုတာကို အလွန် တန်ဖိုးထားတယ်ဆိုတာ သူ့ရဲ့ ဂုဏ်အရည်အချင်းတခု ဖြစ်ပါတယ် လို့ ပြောချင်ပါတယ်။

နောက်တခုကတော့ ‘တာ’ဆိုတာကတော့ တာဝန်သိဖို့။ တာဝန်သိဖို့ကို စည်းကမ်းရှိပြီးတော့၊ ခုဒီစစ်အစိုးရက အမြဲတမ်းပြောတယ်။ စည်းကမ်းရှိဖို့ကိုပဲ ပြောနေတယ်။ ခုနက ပြောသလို သူတို့က လက်ထိပ်ခတ်ချင်တယ်၊ သံဆူးကြိုးကာချင်တယ်၊ ဒါအတွက် သူတို့က စည်းကမ်းပဲ ပြောနေတယ်။ သူတို့ကြတော့ တာဝန်ယူမှုတို့၊ တာဝန်ခံမှုတို့၊ တာဝန်သိမှုတို့ကြတော့ စစ်အစိုးရမှာ လုံးဝ မရှိဘူး။ ဒေါ်စုက အဲဒီလို မဟုတ်ဘူး။ ဒေါ်စုက စည်းကမ်းပြည့်ဝမှု၊ စည်းကမ်းလိုက်နာမှု၊ စည်းကမ်းလေးစားမှု ဆို တာတွေကို တန်ဖိုးထားသလိုပဲ၊ တချိန်တည်းမှာပဲ တာဝန်သိခြင်း၊ တာဝန်ယူခြင်း၊ တာဝန်ခံခြင်းဆိုတဲ့ဟာတွေကို အများကြီး အလေးထားပါတယ်။ ဒါကြောင့် ကျွန်တော်က ‘တာ’ဆိုတဲ့ စကားလုံးကို သုံးတာပါ။ အဲဒါကြောင့် ကျွန်တော်ကဗျာရဲ့ အစမှာ ‘ရဲ’ ‘ဇဲ’ွ ‘ညဏ်’ ‘စည်း’ ‘တာ’ဆိုပြီးတော့ အဲဒီစကားလုံးနဲ့ ဖွင့်ထားတာ ဖြစ်ပါတယ်။

‘မကြောက်တရား တေးကဗျာ’ ဆိုတာကတော့ အားလုံးသိတယ့်အတိုင်းပဲ။ မကြောက်တရားကို ဒေါ်စုက ကိုင်ဆွဲတဲ့နေရာမှာ ရိုးရိုးနိုင်ငံရေးဆောင်ပုဒ်လို၊ ကြွေးကြော်သံလို ဒီလို မဟုတ်ဘူး။ ရင်ထဲအသဲထဲမှာ စြွဲပီးတော့ ဦးနှောက်ထဲမှာ စွဲသွားအောင် ရှိစေတဲ၊့ ရသ သဘောဆောင်တဲ့၊ အလင်္ကာသဘောဆောင်တဲ့  တေးကဗျာတပုဒ်ပဲ။

ဒေါ်စုရဲ့ မကြောက်တရားဆိုတာ ကျွန်တော်တို့ လူတိုင်းရဲ့ ရင်ထဲအသဲထဲမှာ စွဲသွားစေတဲ့  တရားမျိုးကို သူက ပြောတာ။ နိုင်ငံရေး ဆောင်ပုဒ်ကို ပြောတာ မဟုတ်ဘူး၊ မကြောက်တရားဟာ။ ဒါကြောင့် ကျွန်တော် မကြောက်တရား တေးကဗျာလို့ ပြောပါတယ်။

နောက်တခု ‘မီးပုံထဲက ကြာ’ ဆိုတာကတော့ အားလုံးသိကြတဲ့အတိုင်းပဲ။ မြန်မာပြည်ဟာ မီးပုံကြီးလို ဖြစ်နေပါတယ်။ အဲဒီမီးပုံကြီးကြားထဲမှာ လူတိုင်းဟာ အကုန်လုံးဟာ ညိုးနွမ်းကြေမွပြီးတော့ ပြာပုံ, ပြာတွေ ဖြစ်လုမတတ် ဖြစ်နေ တဲအ့ ချိန်မှာ ဒေါ်စုဟာ အဲဒီပြာထဲကနေပြီးတော့ ဒီကြားထဲကနေ ရုန်းထွက်လာတ့၊ဲ မီးပုံထဲက ဖီးနစ်ငှက်လိုပေါ့ဗျာ့၊ မီးပုံထဲက ရုန်းထွက်လာတဲ့ ငှက်လိုပဲ၊ မီးပုံထဲကနေပြီးတော့ သူက ကြာပွင့်တပွင့်လို ပွင့်လာတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်လို့ ကျွန်တော်ပြောပါတယ်။

ဒါပါပဲ ခင်ဗျာ။

ကျွန်တော် ပြောချင်တာကတော့ ဒေါ်စုဟာ၊ ဒေါ်စု သူရဲ့ ဂုဏ်ရည်သတ္တိတွေဟာ စိတ်ဓာတ်တွေဟာ အလွန်ကိုကောင်းပါတယ်။ ကျွန်တော်တို့ကို လမ်းပြကြယ်ကြီးလိုကို ဖြစ်နေတယ်။ အထူးသဖြင့်ကတော့ ကျွန်တော်စောစောက ကျွန်တော့်ကဗျာလေးထဲမှာ ပါတဲ့အတိုင်းပဲ။ မကြောက်တရားဟာ ဒေါ်စုရဲ့ တကဲ့အရေးအကြီးဆုံး ဘဝ လောက အမြင်ပါပဲ။ သို့မဟုတ်ရင်လည်း ဘဝဒဿနပါပဲလို့ ကျွန်တော်ပြောချင်ပါတယ်။

အဲဒီအတိုင်းပဲ ကျွန်တော်တို့ ပြည်ပမှာရောက်နေတဲ့  မြန်မာအမျိုးသားတွေ အမျိုးသမီးတွေ အားလုံးဟာလည်း မကြောက်တရားကိုတော့ ကိုင်စြွဲကပါ။ မကြောက်တရားကို ဖေါ်ထုတ်ကြပါ။ ကျွန်တော်တို့ ပြောနေတာ ကျွန်တော်တို့ နိုင်ငံရေးအတွက်တွင် ပြောတာမဟုတ်ပါဘူး။

လူ့ဘဝတခုလုံးမှာ ကျင့်သုံးတဲ့နေရာမှာလည်း ကျွန်တော်တို့တွေဟာ အားနာတယ်ဆိုတဲ့  စကားကို အကြောင်းပြုပြီးတော့ ကြောက်တဲ့ဘက်ကို ရွေ့ရွေ့, ရွေ့ရွေ့ သွားတယ်။ အဲဒီတော့ ကျွန်တော်တို့ကတော့ မကြောက်ပါနဲ့၊ ဘာဖြစ်ဖြစ် အကုန်လုံးကို။

ကျွန်တော်တို့ ပြောပြောနေတဲ့  စကားရှိပါတယ်။ ဘာလဲဆိုတော့ သည်းခံကြပါ။ ဒီမိုကရေစီ လုပ်တဲ့နေရာမှာ သည်းခံရမယ်၊ စိတ်ရှည်ရမယ်၊ ခွင့်လွှတ်ရမယ်၊ လိုက်လျောရမယ် ဆိုတာတွေဟာ ကျွန်တော်တို့ရဲ့ သည်းခံခြင်းတရားတွေပဲ။ ဒါ ဒီမိုကရေစီပါရမီ ဖြည့်တာပဲ။

သို့သော် ကျွန်တော်တို့ဟာ ခေါင်းငုံတော့ မခံဘူး။

အဲဒါက ဘာလည်းဆိုတော့ မကြောက်တရားပါပဲ။

ဒီမိုကရေစီ ကျင့်သုံးခြင်းဟာ ကျွန်တော်တို့က ဒီ သည်းခံလိုက်လျောခြင်းကို

လုပ်သော်ငြားလည်း၊ ကျွန်တော်တို့က ဒီမိုကရေစီ ကျင့်သုံးတဲ့နေရာမှာပဲ တဖက်ကနေပြီးတော့ ကျွန်တော်တို့ လိုအပ်တဲ့ စွမ်းရည်တခု၊ လက်နက်တခုက ဘာလဲဆိုရင် မကြောက်တရားပါပဲ။ မဟုတ်လျှင် ခေါင်းငုံမခံခြင်းပါပဲ။

အဲဒါနှစ်ခုစလုံးကို ပေါင်းစည်းလိုက်လျှင် ခုနကလို ဒီမိုကရေစီခန္တီတရားနဲ့ တိုက်ပွဲဝင်တဲ့ ခေါင်းငုံမခံတဲ့တရား နှစ်ခုပေါင်းလိုက်လျှင် ဒါ မကြောက်တရားရဲ့ လက္ခဏာတွေပဲ ဖြစ်လာပါလိမ့်မယ်လို့ ကျွန်တော်တို့ ပြောချင်ပါတယ်။

နောက်တချက် ကျွန်တော်ပြောချင်တာကတော့ ဒေါ်စုရဲ့မွေးနေ့မှာ ဒေါ်စုဟာ ဒုတိယအရေးအကြီးဆုံး၊ ဒုတိယအကြီးမားဆုံးသော စိတ်ပိုင်းဆိုင်ရာသတ္တိက ဘာလဲဆိုရင် အနစ်နာခံခြင်းပါပဲ။ အနစ်နာခံခြင်းဆိုတာ အားလုံးသိကြ တဲ့အတိုင်းပါပဲ။ ဒေါ်စု ဘယ်လောက်အနစ်နာခံတယ်ဆိုတာ ကျွန်တော်တို့ အနီးကပ်တဲ့လူတွေက ပိုသိပါတယ်။

သူရဲ့ ကိုယ်ရေးကိုယ်တာတွေ အကုန်လုံး စွန့်လွှတ်ထားတယ်၊ သူရဲ့ဘဝတခုလုံး ဒီမှာ မြုပ်နှံထားတယ်။ လူတိုင်းကထင်တာ ဒေါ်စုက မြန်မာပြည်လာပြီးတော့ နည်းနည်းပါးပါး တောပြောတောင်ပြော ပြောမယ်၊ နိုင်ငံရေးလေး ဘာလေး လုပ်လို့ရရင် လုပ်မယ်၊ လုပ်မရ ပြန်သွားမယ်ဆိုတဲ့ လူစားမျိုးလို့ သူတို့က ဘယ်လောက်ပဲ ပုံဖေါ်နေနေ၊ ဒေါ်စုက အဲဒီလို လူမျိုး မဟုတ်ဘူးဆိုတာကို ခု နှစ်ပေါင်း ၂၀ တိတိ သက်သေပြခဲ့ပြီ။

ဒေါ်စုရဲ့အရည်အချင်းတွေဟာ ပုလဲလုံးမှာ အဆီတက် သလို ဂုဏ်ရည်တွေ တနေ့တခြား တက်လာတယ်။ အဲဒီ ဂုဏ်ရည်တွေထဲမှာ အခိုင်မာဆုံး ဂုဏ်ရည်ကတော့ စွန့်လွှတ်ခြင်း ပေါ့။ ကိုယ်ရေးကိုယ်တာတွေကော အကုန်လုံးကို စွန့်လွှတ်ခြင်း၊ ဒါဟာလည်း အရေးကြီးပါတယ်။ အဲဒီတော့ ဒီစိတ်ဓာတ် မျိုးကိုလဲ ကျွန်တော်တို့ တန်ဖိုးထားဖို့ လိုပါတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

ကျွန်တော်ပြောချင်တာကတော့ ဒေါ်စုကို ပြောတဲ့နေရာမှာ ခုနက ပြောတဲ့  နိုင်ငံရေးစကားတွေ ပြောတာထက်၊ သို့မဟုတ် နိုင်ငံရေးလုပ်ရပ်တွေက ဒါတွေ တကမ္ဘာလုံး သိနေတဲ့ကိစ္စမို့လို့ ကျွန်တော် မပြောတော့ပါဘူး။ ကျွန်တော် ပြောချင်တဲ့ဟာကတော့ အဲဒီ နှစ်ခုပါပဲ။

ကျွန်တော်ကဗျာထဲမှာပါတဲ့ ‘ရဲ’ ‘ဇဲ’ွ ‘ဉာဏ်’ ‘စည်း’ ‘တာ’တွေ ဆိုတာတွေဟာလည်း ကိုယ့်က လိုက်နာ၊ ဒေါ်စုလိုပဲ နမူနာယူပြီး လုပ်ရင်လဲ အကောင်းဆုံးပေါ့ဗျာ။ လုပ်ကြဖို့ပေါ့။ အထူးသဖြင့် ကတော့ မကြောက်တရားဆိုတာကို ကိုင်စွဲကြပါ။

နောက်တခုကတော့ စွန့်လွှတ်မှုဆိုတာ - အများအတွက် စွန့်လွှတ်ရမယ်၊ တိုင်းပြည်အတွက် စွန့်လွှတ်ရမယ်၊ မိတ်ဆွေအပေါင်းအသင်းအတွက် စွန့်လွှတ်ရမယ်၊ မိသားစုအတွက် စွန့်လွှတ်ရမယ်ဆိုတာ၊ စွန့်လွှတ်တဲ့စိတ်ဓာတ်ကတော့ ကျွန်တော်တို့ ဘယ်အဆင့်မှဖြစ်ဖြစ် ကျင့်သုံးလို့ ရပါတယ်။ အနိမ့်ဆုံး ကိုယ်ရဲ့ ဒီဘဝ အတွက်တောင်မှ ကိုယ့်တဘဝ ကိုယ်တယောက်တည်းအတွက်တောင်မှ ဆိုလိုတာကတော့ နောင်သံသရာအတွက်ကို မျှော်ကိုးပြီးတော့ ကိုယ့်ရဲ့ လက်ရှိ ဘဝမှာ စွန့်လွှတ်မှုတွေ လုပ်ရပါတယ်။ အနစ်နာခံမှုတွေ လုပ်ရပါတယ်။ ပါရမီဖြည့်ရပါတယ်ဆိုတဲ့ သဘောပဲဗျ။

ချုပ်လိုက်ရင်တော့ (ဒေါ်စုရဲ့) ကျွန်တော် ဒီနေ့ တိုက်တွန်းချင်တာကတော့ ဒေါ်စုမှာ အကောင်းဆုံးဖြစ်တဲ့  စိတ်ဓာတ် စိတ်ပိုင်းဆိုင်ရာ ဂုဏ်ရည်ဟာ ဒီ မကြောက်တရားနဲ့ စွန့်လွှတ်မှုပဲ ဖြစ်ပါတယ်။ အဲဒါကိုလည်း တတ်နိုင်သမျှ ကျင့်သုံးကြပါ။ အဆင့်ဆင့် ကျင့်သုံးကြပါ။ ပုံစံအမျိုးမျိုးနဲ့ ကျင့်သုံးကြပါ။ နည်းမျိုးစုံနဲ့ ကျင့်သုံးပါ။ အခါခပ်သိမ်းလည်း ကျင့်သုံးကြပါ။ နေရာတိုင်းမှာလည်း ကျင့်သုံးကြပါ။ ခု ပြည်ပမှာတင် မဟုတ်ဘူး၊ ပြည်တွင်းမှာလည်း ကျင့်သုံးပါ။

ခုပြည်တွင်းမှ မဟုတ်ဘူး၊ ပြည်ပမှာလည်း ကျင့်သုံးပါလို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်။ ဒီလောက်ပါပဲ ခင်ဗျ။

ဗိုလ်ချစ်သူရဲ့ လက်ရုံးတဲ့။

Sunday, June 21, 2009

ဇွန် ၂၁၊၂၀၀၉
ဓါတ်ပုံ၊သတင်း-နန်းဖော့ဂေ(ကေအိုင်စီ)

ဒုက္ခသည်တွေကို ထိုင်းနဲ့ညှိပြီး ပြန်လာခေါ်နေတဲ့ ဒီကေဘီအေ တပ်မဟာ(၉၉၉)က ဖာ့ခါကလိုး။
ဒီဓာတ်ပုံထဲက တီရှပ်အဖြူနဲ့လူက ဖာ့ခါကလိုး။

ဇွန် 18 ရက်က မဲ့တရိရွာကို ထွက်ပြေးရောက်ရှိလာတဲ့ဒုက္ခသည် ခလယ့်ခို့ရွာသားတွေကို လာခေါ်သွားတဲ့ နအဖ ခွေး။

သြစတြေလျနိုင်ငံ ဆစ်ဒနီမြို မှ ဒုက္ခသည်များနေ့ အခမ်းအနားတရပ်

Saturday, June 20, 2009

ဇွန် ၂၁၊၂၀၀၉
သတင်း၊ဓါတ်ပုံ-စောကျော်ခွိ


ဒုက္ခသည်များနေ့ အခမ်းအနားတရပ်ကို သြစတြေလျနိုင်ငံ ဆစ်ဒနီမြို့ တွင်(၂၀.၀၆.၀၉)ရက်နေ့ 
ညနေ(၄း၀၀)နာရီမှ ည(၇း၀၀)နာရီအထိစည်ကားသိုက်မြိုက်စွာကျင်းပနိုင်ခဲ့ကြပါသည်။
ထိုအခမ်းအနားကို ဖိတ်ကြားထားသောဧည့်သည်များအပြင်အဖွဲ့ စည်းအသီးသီးမှ ကိုယ်စားလှယ်များ
လာရောက်ကြပြီး လူဦးရေ(၁၀၀)ကျော်တက်ရောက်ခဲ့ကြပါသည်။


Australian Karen Organisation (AKO)ကရင့်ကွန်မြူနတီ ဥက္ကဌ တီးစောလွင်ဦးမှ အဖွင့်အမှာစကေား
ပြောကြားပြီး ယနေ့ ဖြစ်ပေါ်နေသောဒုက္ခသည်များပုံရိပ်ကိုဆလိုက်ရှိုးနှင့် ပြသခဲ့ကြပါသည်။ ၾသစေၾတးလ်
ယဉ်ကျေးမှုဆိုင်ရာ တာဝန်ရှိသူများနှင့်ဒုက္ခသည်များဆိုင်ရာ တာဝန်ရှိသူများကလည်း ယနေ့ ကြုံတွေ့ နေ
ရသောအခက်အခဲများကို သုံးသပ်တင်ပြခဲ့ကြပါသည်။



ထို့ နောက် သြစတြေးလျ အလံတော်သီချင်း၊ ကရင့်အမျိုးသားသီချင်းတို့ ကို ပြိုင်တူရွှတ်ဆိုခဲ့ကြပါသည်။ အခမ်းအနားတက်ရောက်လာသူများကို ကရင့်ရိုးရာ မုန့် ဟင်းခါးနှင့်တည်ခင်းဧည့်ခံကျွှေးမွှေးပြီး ဒုက္ခသည်များနေ့ အခမ်းအနားကိုည (၇း၀၀)နာရီတွင် ရုတ်သိမ်းခဲ့ကြပါသည်။

ၾသစေၾတးလ် ကရင္ဆနၵျပပြဲပံုရိပ္မ်ား။

ဓါတ်ပုံ-စောကျော်ခွိ

ကရင်လူကြီးတစ်ဦးမှဆန္ဒလာပြရခြင်းအကြောင်းကိုရှင်းလင်းနေဟန်။


ကြွေးကြော်ဆန္ဒပြနေဟန်ဖြစ်သည်။

သြစတြေးလျမှ မြန်မာသံရုံးဆိုသည်မှာ။

အေးချမ်းသောရာသီဥတုဒဏ်ကို မီးဖိုအံတုရင်းဆန္ဒပြခရီးအတွက် မျိုးချစ်လူငယ်များဆိုင်းဘုတ်ရေးနေဟန်။


ဆန္ဒပြခရီးစတင်ရန် ဘတ်စ်ကားပေါ်သို့ တက်နေဟန်။

ကမ်ဘာရာမြို့ သို့ လာရာ ဘတ်စ်ကားအတွင်းမြင်ကွင်း။

ခံစားချက် ဆိုင်းဘုတ်ကိုယ်စီနှင့် ကြွေးကြော် ဆန္ဒပြနေဟန်။

ခံစားချက် ဆိုင်းဘုတ်ကိုယ်စီနှင့် ဆန္ဒပြနေဟန်။

ကရင်တွေ ဆန္ဒလာပြမည်ကိုသိ၍ ကားကို တမင်တကာပိတ်ထားလေသလား။

ကရင်တွေ ဆန္ဒလာပြမည်ကိုသိ၍ ကားကို တမင်တကာပိတ်ထားလေသလား။

ခံစားချက် ဆိုင်းဘုတ်ကိုယ်စီနှင့် ဆန္ဒပြနေဟန်။

ခံစားချက် ဆိုင်းဘုတ်ကိုယ်စီနှင့် ဆန္ဒပြနေဟန်။

စစ်ပြေး ကရင်ဒုက္ခသည်များဓါတ်ပုံကို ကိုင်ရင်းဆန္ဒပြခဲ့ကြသည်။



ထိုင်းသံရုံးသို့  ညီညီညာညာ ချီတက်လာကြစဉ်



ထိုင်းသံရုံးရှေ့ ငြိမ်းချမ်းစွာစုရုံးရောက်ရှိနေကြသော ကရင့်မျိုးချစ်များ။



ကရင့်ကိုယ်စားလှယ်များအား လာရောက်ထွက်တွေ့ စကားပြောနေသော ထိုင်းသံအမတ်။

ထိုင်းသံအမတ်၏ ကရင်လူထုအပေါ်ပြန်လည်တုံ့ ပြန် ပြောကြားနေဟန်။



ဆန္ဒပြပွဲအပြီးJapanese Garden တွင်ကရင့်မိတ်ဆွေများအမှတ်တရပုံဖြစ်သည်။

Australian Karen Organisation(AKO) ဥက္ကဌနှင့်တွေ့ ဆုံမေးမြန်းခန်း


၁၉.၀၆.၀၉ရက်နေ့  ကမ်ဘာရာမြို့ မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲအကြောင်း
Australian Karen Organisation(AKO) ဥက္ကဌနှင့်တွေ့ ဆုံမေးမြန်းခန်းဖြစ်ပါသည်။

ပေးပို့ သူ ဖန်းလေးအားကျေဇူးတင်ပါသည်။

Australia နိုင်ငံ Camberra မြို့  မြန်မာသံရုံးရှေ့ ၌ အဝေးရောက် ကရင်မျိုးချစ်များဆန္ဒပြ

Friday, June 19, 2009

သတင်း၊ဓါတ်ပုံ-စောကျော်ခွိ


Australia နိုင်ငံ Camberra မြို့  မြန်မာသံရုံးရှေ့ ၌ အဝေးရောက် ကရင်မျိုးချစ်များက (၁၉.၀၆.၀၉)ရက်နေ့ တွင်
ဆန္ဒပြခဲ့ကြသည်။

နအဖနှင့်ဒီကေဘီအေတို့ ၏ ကေအန်ယူပေါ် အမြစ်ပြတ် ထိုးစစ်ဆင်နေမှုအပေါ်ရပ်တန့် ရန်၊ ကရင်အမျိုး

သားထုအပေါ်သွေးခွဲဖြိုဖျက်နေတဲ့ နအဖ စစ်အုပ်စုတို့ ၏လုပ်ရပ်ကို ရပ်တန်းကရပ်ပေးရန် ထိုဆန္ဒပြပွဲတွင် တောင်းဆိုခဲ့ကြသည်။

ထိုဆန္ဒပြပွဲတွင် Perth,Brisbane, Canberra, Aldilate, Melbourne, Sydneyမြို့ တို့ မှ ကရင်မျိုးချစ်များ
နှင့်အခြားတိုင်းရင်းသားများစုစုပေါ်င်း လူဦးရေ (၃၀၀)ကျော်ပါဝင် တက်ရောက်ဆန္ဒပြခဲ့ကြသည်။



Australia နိုင်ငံခြားရေး ၀န်ကြီးရုံးသို့ လည်း လက်ရှိဖြစ်ပေါ်နေတဲ့စစ်ပြေးကရင်ဒုက္ခသည်များအရေး နအဖနှင့် ဒီကေဘီအေစစ်အုပ်စုတို့ ၏ကေအန်ယူအပေါ် ထိုးစစ်ဆင်နေမှုအရေးကို ကရင်လူကြီးအချို့ တို့ ကသွားရောက်ဆွေးနွေးတင်ပြညှိနှိုင်းခဲ့ကြသည်။ မြန်မာသံရုံးရှေ့ တွင်(၂)နာရီမျှတက်ကြွစွာဆန္ဒပြခဲ့ကြပြီးနောက်
ထိုင်းသံရုံးဆီသို့ အေးချမ်းစွာ ချီတက်လမ်းလျှောက်ပြီး ထိုင်းသံမတ်ကြီးမှတဆင့် ဘုရင်ဘူမိဘောဆီသို့ မေတ္တာရပ်ခံ
သ၀ဏ်လွှာစာပေးအပ်ခဲ့သည်။

ထိုနောက် ပါလီမန်အဆောက်အုံသို့  သွားရောက်ခဲ့ကြပြီး Japanese gardenတွင်ကရင်မိတ်ဆွေများစုဝေးပြီး
စည်းဝေးတိုင်ပင်မှုတွေပြုခဲ့ကြသည်။ Canberra နှင့် Melbourneမှ ကရင့်မျိုးဆက် ဆွေမျိုးများကလည်း
ထမင်း၊ဟင်း၊ အချိုရည်များနှင့်ကျွှေးမွှေး ဧည့်ခံပေးခဲ့ကြသည်။ ညနေ ၄နာရီခန့် တွင်ဆန္ဒပြ ကရင်မိတ်ဆွေများ ကိုယ်နေရပ် ဒေသအသီးသီးသို့ အောင်မြင်စွာ ပြန်လည် ထွက်ခွာသွားကြသည်။