စောကျော်ခွိ(28.02.09)
ဖြစ်ရလေ ဖူ့ ထိန်မောင်နဲ့ အပေါင်းအပါတို့ ရေ။ ပြောတော့ ကရင့်တမျိုးသားလုံးကိုချစ်တယ်ဆိုပြီး
ကျဆုံးလေသူ ကရင့်အာဇာနည်သုရဲကောင်းရဲဘော်တွေရဲ့ ကိုယ်၊လက်၊အင်္ဂါ၊အသက်၊သွေး၊ချွေး
ရက်ရက်ရောရော ပေးဆပ်ခဲ့တာကိုမှမထောက် ရန်သူ့ ဆီဘက်ပြောင်းပြီး ကိုယ့်အင်အား ကိုပြန်ရိုက်ချိုး
ရသတဲ့လား။
ို
စောဘဦးကြီး၏မူ(၄)ရပ်
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
ကြီးမိုက်များ
Saturday, February 28, 2009Posted by (လင်္ကာဒီပ) at 1:43 AM 0 comments
Labels: video
မန်းဝင်းမောင် အတ္ထုပတ္တိ အပိုင်း (၁၀)
Friday, February 27, 2009ဖေဖေါ်ဝါရီ ၂၇၊ ၂၀၀၉
ဆွဲတဲ့နေရာမှာ လဲ တသမတ်တည်း မဟုတ်ဆွဲလိုက်၊ ရပ်လိုက်လုပ်တော့ ခံရတဲ့လူဟာ တအော်ထဲအော် နေရပြီး ညနေကြမှ အသံပျောက်သွားပါတယ်လို့ ထပ်မံ သိရှိရတယ်။ ရွာထဲရှိအိမ်တချို့မှာ လဲ သေနတ်ဒဏ်ကြောင့် ပေါက်ပြဲနေတာ တွေ့ရသလို ရွာနည်းစပ်သစ်ပင် တွေမှာ လဲကျိုးပဲ့နေတာ တွေ့ရပါတယ်။
ဟင်္သာရွာကို ပါပါတို့ရောက်တဲ့နေ့ဟာ ကချင်အမျိုးသားနှင့် ချိန်းဆိုထားသော နေ့ဖြစ်ပါတယ်။ ညမိုးချုပ်သော်လည်း ပေါ်လာသည်ကို မတွေ့ရပါ။ နောက်တစ်နေ့ ထပ်မံစောင့်ပါတယ်။ သို့သော် အရိပ်အရောင်မျှ မတွေ့။
နိုဝင်ဘာလ (၁ဝ) ရက်သို့မဟုတ် (၁၁) ရက်မှာ ဟင်္သာရွာသို့ သူအရောက်လာမယ့်အကြောင်း မြတောင် တောရမှာ ဦးစောအောင်ခင်လှ ရှေ့တွင် ပါပါကိုသူ ပြောတယ်။ သူလာနိုင်အောင်လဲ သူ့ကို ရွှေဒဂါးတစ်ပြား ပေးထားတယ်။ ချိန်းဆိုထားတဲ့ရက်ကုန်ဆုံးသွားသော်လည်း ပေါ်လာနိုးနဲ့ ပါပါတို့ နောက်ထပ်တစ်ရက်စောင့်ရန် ဆုံးဖြတ်တယ်။
ဟင်္သာရွာမှာ ကချင်အမျိုးသားကို စောင့်စောင့်မျှော်ရင်း ပါပါတို့နဲ့ပါလာတဲ့ ပိုးဖျင် အဝါရောင်မြေပုံကို ထပ်မံလေ့လာကြတယ်။ တကောင်းမှာ ရှိစဉ် လေ့လာပြီးသား ဖြစ်တဲ့အတွက် ထပ်မံလေ့လာခြင်း ဖြစ်တယ်။ လမ်းပြအဖြစ် ကချင်အမျိုးသားလာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ ပါပါတို့ ရွှေဂူဘက်သို့ ဦးတည်ပြီး သွားရန် ဆုံးဖြတ်ကြတယ်။ ၎င်းမှ တဆင့် မြစ်ကြီးနားကို သွားရန် ဖြစ်တယ်။ မသွားဘူး မလာဘူးတဲ့နေရာဖြစ်သော်လဲ ပိုးဖျင်အဝါရောင်မြေပုံဟာ ပါပါတို့အတွက် လမ်းပြသဘွယ် ဖြစ်နေပါတယ်။
နောက်ထပ်တစ်ရက်ပိုစောင့်သော်လည်း၊ ကချင်အမျိုးသားဟာ ပေါ်မလာပါ။ (ပါပါဝန်ကြီးအဖြစ် ကချင်ပြည်နယ်ရောက်စဉ် ဟင်္သာမှာ ပါပါတို့နဲ့ ချိန်းဆိုထားတဲ့ ကချင်အမျိုးသားကို ပြန်လည် တွေ့ဆုံပါတယ်။ ပါပါသူ့ကို တွေ့တဲ့အချိန်မှာ သူ့ရဲ့အဖွဲ့မှာ အမှုထမ်း နေပါတယ်။ ဟင်္သာရွာသို့ သူမလာနိုင်တဲ့အကြောင့်း သူ့ဇနီးမျက်နှာ မြင်နေသောကြောင့် ဖြစ်တယ်လို့ သူပြောပြပါတယ်။
ပါပါတို့လဲ မူလ အစီအစဉ်အတိုင်း ဦးစံဒွန်းနှင့် ဒေါ်စကာ တို့ကို နှုတ်ဆက်ပြီး ဟင်္သာရွာမှ ထွက်ခွာသွားပါတယ်။) (ပါပါဝန်ကြီးအဖြစ် ကသာကို နယ်လှည့်ထွက်ရာ ဦးစံဒွန်းနှင့် ဒေါ်စကာတို့အကြောင်းကို စုံစမ်းမေးမြန်းတယ်။ ဦးစံဒွန်းတော့ သေဆုံးသွားပြီး သိရှိရတယ်။ ဒေါ်စကာကို ရန်ကုန်အလည် လိုက်ဘို့ ပါပါခေါ်လာပါတယ်။ ပါပါသမ္မတဖြစ်တော့လဲ ဒေါ်စကာကို အလည်ခေါ်ပါသေးတယ်) ဟင်္သာရွာမှ ပါပါတို့ လှေဘိုရွာကို သွားကြပါတယ်။ ၎င်းမှတစ်ဆင့် ရွှေလီမြစ်ကမ်းမှာ ရှိတဲ့အင်းရွာသို့ ရောက်ရှိသွားပါတယ်။ အင်းရွာသူကြီးအိမ်မှာ တည်းခိုပါတယ်။
သူကြီးအိမ်ဟာ သစ်သားနှစ်ထပ် အိမ်ကြီးဖြစ်ပါတယ်။ အိမ်ကြီး ဖြစ်သော်လည်း စစ်ပြေးများလာရောက်ခိုလှုံ နေပါသဖြင့် တစ်အိမ်လုံး လူပြည့်နေပါတယ်။ ရောက်စမှာ သူကြီး အိမ်အလှူများ ရှိနေသလားလို့ ထင်ရပါတယ်။ လူပင်များသော်လည်း ပါပါတို့ကို ဧည့်ဝတ်ကျေပွန်စွာ ဧည့်ခံ ကျွေးမွေးပါတယ်။
ရွှေလီမြစ်သည် တရုတ်ပြည်တွင် မြစ်ဖျားခံ၍ မြန်မာပြည်တွင်းသို့ နယ်စပ်ရွာ စီနူးမှ ဖြတ်၍ မကိန်းတောင် ကုန်းရွာအတိုင်း စီးဆင်းသော မြစ် ဖြစ်သည်။ ၎င်းရွာတွင် ဧရာဝတီမြစ်နှင့် ဆုံသည်။ ၎င်းရွာမှ ရွှေချောင်း (ရွှေလီမြစ်လက်တက်ချောင်း) အရောက် ဆန်တက်ခဲ့ရသည်။ အစုံခရီးမဟုတ်ပါ။
နောက်တစ်နေ့ အင်းရွာမှ မိုးမိတ်နယ် ပြချောင်းရွာသို့ မြေပုံအရ ပါပါတို့ ရေးဆွဲထားသော ခရီးစဉ်အတိုင်း ဆက်လက် ခရီးထွက်ခွာ ပါတယ်။ ပြချောင်းသို့ ရွှေလီမြစ်အတိုင်း လှေဖြင့် စုန်ဆင်း ရမယ်ဖြစ်တဲ့အတွက် ညနေကြမှ ခရီးစတင် ထွက်ပါတယ်။ အင်းရွာမှ ထွက်ခွာပြီး မကြာမီ ကျောက်တောင်နှစ်ခုကြားသို့ အရောက်မှာ ညနေဆည်းဆာချိန်ဖြစ်သည့်အားလျော်စွာ လေကလေး တဖြူးဖြူး တိုက်ခတ်လာသဖြင့် အလွန်မှ ချမ်းစိမ့်လာပါတယ်။ တောင်ကမ်းပါးမှာ လဲ စံပယ်ကုံးများ ဆွဲထားသည့်အလား ရေတံခွန်များ ဖွေးခနဲ ဖြာဆင်းလာပြီး သစ်ပင်ပေါ်ရှိ မျောက်များမှာ တစ်ပင်မှတစ်ပင်သို့ ကူးလူးသွားလာ နေကြပါတယ်။ လှေသမားလဲ လှေခပ်မှန်မှန် လှော်ရင်း ည (၁ဝ) နာရီ အချိန်ခန့်မှာ ပြချောင်းရွာသို့ ချောမောစွာ ရောက် ရှိသွားပါတယ်။
ပြချောင်းရွာရောက်ပြီးနောက် တစ်နေ့ မန်းကလေးရွာသို့ ဆက်လက်ခရီးထွက်ရန် ဖြစ်သော်လဲ အခြေအနေ လေ့လာရန် အတွက် ပြချောင်းရွာမှာပဲ နေပါတယ်။ ပါပါတို့ပြချောင်းရွာ ရောက်ရှိတဲ့အချိန်မှာ ရှေ့တန်းစစ်မြေမျက်နှာ ပြင်ဖြစ်နေကြောင်း သိရှိရပါတယ်။
ရှေ့တန်း စစ်မြေမျက်နှာပြင် မှာ အဖော်ကသုံးယောက်ထဲ ဘီဒီအေယူနီဖောင်း ကားကား ဝတ်ပြီး ဘာများ လာလုပ်သလဲ အကြည့်မျိုးနဲ့ သူကြီးက ပါပါတို့ကို ကြည့်နေပါတယ်။ နောက် ပါပါတို့ ပြချောင်းကနေ ဆက်သွားမလဲလို့ မေးပါတယ်။ ပါပါတို့က မန်းကလေးရွာသို့ ဆက်သွားရန် အစီအစဉ်ရှိကြောင်း ပြောပြရင်း သူကြီး သံသယကင်းရှင်းရန် တပ်မတော်အတွက် ရှေ့တန်းစစ်မျက်နှာ အခြေအနေကို သတင်းရယူရန် လာရောက်ခြင်း ဖြစ်ကြောင်း ဆက်လက် ပြောပြပါတယ်။
ပြချောင်းရွာမှာ ပါပါတို့နှစ်ည အိပ်ပါတယ်။ ပထမညအိပ်ပြီး မိုးလင်းသောအခါ ဗိုလ်မှူးချစ်ကောင်းက ညကအိပ်မက်တဲ့ အကြောင်း ပြောပြပါတယ်။ အနားမှာလဲ လေထီး ဦးအုန်းမောင်က ရှိပါတယ်။ ဗိုလ်မှူး ချစ်ကောင်းက သူ့အိပ်မက်အကြောင်း အံ့သြစွာဖြင့် ပြောပါတယ်။
အိပ်မက်ပုံက ဒီလိုပါ။ ပါပါကို ဂျပန်ဖမ်းသွားတယ်။ နောက်လှံစွပ်နဲ့ ထိုးသတ်တယ်။ သုံးခါတိတိ ထိုးတယ်။ ထိုးတိုင်းထိုးတိုင်း လှံစွပ်၊ ကောက်သွားတယ်။ ဒီအိပ်မက်ကို ကြားရတော့ အောင်မြနင်းရန် နီးပြီးဖြစ်ကြောင်း ပါပါ၊ သူတို့ကို ပြန်ပြောတယ်။
ပြချောင်းရွာမှာ နှစ်ရက်နေပြီး ပါပါတို့ခရီးစဉ်အရ မန်းရွာလေးရွာသို့ ကုန်းလမ်းအတိုင်း သွားပါတယ်။ မန်းကလေးရွာသို့ ညနေရောက်သောအခါ ရွာဟာ သုသာန်တစလို ဆိတ်ငြိမ်းပြီး အိမ်တိုင်း လိုလို တံခါး ပိတ်ထားတာကို တွေ့ရတယ်။ အိမ်တစ်အိမ်မှာ လူတစ်ယောက်ကို လှမ်းမြင်တော့ သူ့အိမ်ကို သွားရာ ရွာခေါင်းဖြစ်မှန်း သိရပါတယ်။ ရွာခေါင်းပြောပြချက်အရ သိရှိရသည်မှာ ရွှေဂူမြို့ကို အမေရိကန်နှင့် တရုတ်တပ်များ သိမ်းပိုက်ထားပြီး ဖြစ်ကြောင်း၊ လွန်ခဲ့တဲ့နှစ်ရက်တုံးက အမေရိကန် သြဇာခံ ချန်ကေရှိက် တရုတ်တပ်များ၊ မန်းကလေးရွာကိုလာပြီး ညအိပ်သွားကြောင်း၊ ရွာသူရွာသားများ ကြောက်ရွှံ့သည့်အတွက် ရွာမှာ မနေရဲဘဲ တောထဲသို့ ထွက်ပြေးတိမ်းရှောင် နေကြောင်း အစရှိသည်တို့ ဖြစ်ပါတယ်။
ရွာခေါင်းအိမ်မှာ ပါပါတို့စခန်းချပြီး ပါပါတို့ဟာ တပ်မတော်ထောက်လှမ်းရေး မှဖြစ်ကြောင်း၊ ရှေ့တန်းစစ်မြေမျက်နှာပြင် အခြေအနေနဲ့ ပတ်သက်၍ လာရောက်စုံစမ်းထောက်လှမ်းကြောင်း ယခု အမေရိကန်နှင့် တရုတ်တပ်များ ရွှေဂူသို့ ရောက်ရှိနေကြောင်း ကြားသိရ၍၊ ရွှေဂူသို့ သွားရောက်စုံစမ်းလိုကြောင်း ကို ရွာခေါင်းအား ပါပါပြောပြ ပါတယ်။ ပါပါပြောပြချက်ကို ရွာခေါင်းက ယုံကြည်သဖြင့် သူကိုယ်တိုင် ရွှေဂူသို့ လိုက်ပို့မယ့်အကြောင်း ပြောပါတယ်။ လမ်းခရီးမှာ တောတောင် ထူထပ်ပြီး ဆင်၊ ကျား၊ ကျားသစ်များ တွေ့တတ်ကြောင်းလဲ သူပြောပြပါတယ်။
အစီအစဉ်အရ နောက်တစ်နေ့ ရွှေဂူကို ပါပါနှင့် ရွာခေါင်းသွားပြီး မဟာမိတ်တပ်နှင့် အဆက်အသွယ်ရသောအခါ ဗိုလ်မှူးချစ်ကောင်း နှင့် လေထီး ဦးအုန်းမောင်တို့ကို ပြန်လာခေါ်ရန် ဖြစ်တယ်။ ရွှေဂူကို အရပ်သားအဖြစ် လားဝယ်သွားရန် သဘောခရီးသွားရန် ဖြစ်တယ်။ နွားဝယ်သွားရန် လက်မှတ်ကို ရွာသူကြီးက ထုတ်ပေးပါတယ်။ အရပ်သားအဖြစ် ဝတ်ဆင်ရန် တစ်ပတ်နွမ်း အဝတ်အထည်များကို ရှာဖွေ ဝယ်ယူရပါတယ်။
သားရဲတိရိစ္ဆာန်ထူပြော၍ လျှိုမြောင် ပေါသော တောကြီးဖြစ်စေကာမူ လူတို့၏ ဇွဲ၊ သတ္တိ၊ လုံ့လဖြင့် အောင်မြင်စွာ ကျော်ဖြတ်နိုင်မည်ဟူသော စိတ်ဓာတ်ဖြင့် နံနက် (၂) နာရီ အချိန်မှာ ပါပါနှင့် ရွာခေါင်းတို့ စတင်ခရီး ထွက်ကြပါတယ်။ လင်းမှာ စားရန် ကောက်ညှင်းပေါင်း ယူသွားပါတယ်။ ဓားမ တစ်ချောင်းလဲ ပါတယ်။ ရွာခေါင်းနည်းတူ ပါပါလဲ ဖိနပ်မစီး ရပါ။ ရွာအလွန်မှာ တောကြီးထဲ ရောက်သွားပါတယ်။ တစ်တောလုံး ဆိတ်ငြိမ်ပြီး နေပြောက်များ မကျရောက်နိုင်သည့် မြိုင်တောမျိုး ဖြစ်တယ်။ လူသွားလမ်းရယ်လို့ အတည်အကျ မရှိပါ။ အချို့နေရာမှာ လှည်းသွားနိုင်လောက်အောင် ကျယ်ဝန်းပြီး တချို့နေရာကျတော့ ကိုင်းပင်များ ၊ ကြိမ်ပင်များ ရောယှက်ပေါက်နေသော လမ်းကျဉ်းလေး ဖြစ်ပါတယ်။
လမ်းပေါ်တချို့နေရာများမှာ စီးကရက် အတိုအစ၊ မီးခြစ်ခွံ၊ စစ်ဖိနပ်၊ ခြေရာများ တွေ့ရှိရသဖြင့် မန်းကလေးကို လာရောက်သွားသော တရုတ်စစ်တပ်၏ ခြေရာလက်ရာဖြစ်ကြောင်း သိရှိရပါတယ်။ နေ့လယအချိန်မှာ ပါပါတို့နဲ့ သိပ်မဝေးတဲ့လမ်းဘေး တစ်နေရာမှာ ချဲကိုထိုးရင်း ဗုံးခနဲ့အသံမြည်ကာ လမ်းပေါ်သို့ ရုတ်တရက် တောတိရစ္ဆာန်သား အမိနှစ်ကောင် ပေါ်လာပါတယ်။ ပါပါတို့လဲ လန့်ဖြန့်ပြီး ကြည့်လိုက်တော့ ဆတ်သား အမိနှစ်ကောင် ဖြစ်နေတာ တွေ့ရလို့ စိတ်အေးသွားပါတယ်။ ပါပါလဲ ဖိနပ် မစီးရလို့ ခြေဖဝါးတွေ ကြိမ်းပြီး နာကျင်စဖြစ်လာတယ်။ မလျော့သော ဇွဲလုံ့လဖြင့် ခရီးပြင်းဆက်လက် သွားရာ ရွှေဂူမြို့ပြင် ဘက်မှာ တပ်စွဲထားသော တရုတ်တပ်သို့ ညနေ (၄)နာရီမှာ ရောက်ရှိ သွားပါတယ်။
တရုတ်စစ်သား တစ်ယောက်က တရုတ်စစ်ဗိုလ်ဆီ ခေါ်ဆောင်သွားပါတယ်။ ဗမာစကား မတတ်တစ်တတ် စကားပြန်နဲ့ ပါပါတို့ စစ်ဆေးမေးမြန်းပါတယ်။ ပါပါတို့လဲ လားလာဝယ်တဲ့ အကြောင်းပြောပြီး သူကြီးပေးတဲ့ လက်မှတ်ကို ထုတ်ပြတော့ ပါပါတို့ကို သွားခွင့် ပြုပါတယ်။ စစ်ဗိုလ်ဟာ သဘောကောင်းပါတယ်။ ပါပါရေသောက်ချင်တယ် ပြောတော့ သူ့ဓာတ်ဘူး ထဲက လက်ဖက် ရည်ကြမ်းကို ထုတ်ပေးပါတယ်။
ရွှေဂူမြို့ထဲသို့ ပါပါ (၂) နာရီအချိန်မှာ ရောက်သွားပါတယ်။ အုပ်ချုပ်သော အမေရိကန်စစ်ဗိုလ်ထံ သွားရောက်တွေ့ဆုံကာ ပါပါတို့လာရတဲ့အကြောင်း ကို ရှင်းလင်းပြောပြပါတယ်။ အမေရိကန်စစ်ဗိုလ်က ပါပါကို အင်္ဂလိပ်စစ်ဗိုလ်လက်သို့ လွှဲပြောင်း ပေးလိုက်ပါတယ်။ အင်္ဂလိပ်စစ်ဗိုလ်ဟာ ကတ်(စ်)ဘီ ခေါ် မြို့ပြအုပ်ချုပ်ရေး အရာရှိအဖြစ် လိုက်လာသော စစ်ဗိုလ်ဖြစ်တယ်။ ပါပါတို့ လာရတဲ့အကြောင်းရင်း အင်္ဂလိပ်စစ်ဗိုလ်က သိရှိတဲ့အခါ မင်းတို့ဂျပန်တော်လှန်ရေးသမားတွေဟာ တို့မဟာမိတ်နိုင်မယ်သိတော့ တို့နဲ့လာပေါင်းတယ်၊ မဟုတ်လား 'လို့ ပါပါ့ကို ခနဲ့စကား ပြောပါတယ်။' နောက်ပါပါ နေထိုင်စားသောက်ဘို့ စီစဉ်ပေးတယ်။ ပါပါ့ခြေဖဝါးတွေ ပေါက်ပြီး အနာဖြစ်နေတဲ့အတွက် လိုအပ်သလို ကုသပေးရန် ဆေးမှူးအား တာဝန်ပေးပါတယ်။ ဖန်ရေဆေးရန် ခွက်မရှိသဖြင့် စစ်သား ဆောင်း သံဦးထုပ်ကိုပဲ အသုံးပြုပါတယ်။ ဆေးထည့်ပြီး ခြေဖဝါးနှစ်ဖက်စလုံးကို ပတ်တီး စီးထားပါတယ်။
ဆောင်းဝင်ပြီးဖြစ်သဖြင့် ရွှေဂူမြို့ဟာ အလွန်မှ အေးပါတယ်။ မန်းကလေးကို ရွာခေါင်းနဲ့ ပါပါကို တစ်အိမ်ထဲမှာပဲ နေရာပေးပါတယ်။ ပါပါနဲ့အတူ ဗိုလ်မှူးချစ်ကောင်းနှင့် လေထီး ဦးအုန်းမောင်တို့ ပါလာပြီး သူတို့ကို မန်းကလေးရွာမှာ ထားခဲ့ကြောင်း လက်နက်ခဲယမ်း မီးကျောက်များ ပါပါလာကြောင်း အင်္ဂလိပ် စစ်ဗိုလ်အား ပြောသွားပြီး ဖြစ်သဖြင့် သူတို့ကို သွားခေါ်ရန် အင်္ဂလိပ်စစ်ဗိုလ်က အစီအစဉ် လုပ်ပါတယ်။
ကချင်စစ်ဗိုလ်နှင့် စစ်သားလေးယောက်ဟာ မန်းကလေးရွာမှာ ကျန်ရစ်ခဲ့တဲ့ ဗိုလ်မှူးချစ်ကောင်းတို့ကို နောက်တစ်နေ့သွားရောက် ခေါ်ရန်နှင့် ရွာခေါင်းက လမ်းပြအဖြစ် ပြန်လိုက်သွားရန် ဖြစ်ပါတယ်။ မန်းကလေးသို့ ရွာခေါင်းပဲ ပြန်သွားရမယ် ဖြစ်တော့ ပါပါ ရွှေဂူမှာ အဖမ်းခံတယ်လို့ သူထင်တယ်။ သူစိတ်မကောင်းကြောင်း ပါပါ့ကို ပြောတယ်။ ပါပါလဲ မသိလိုက်ဘာသာ နေပြီး သူပြောတာကိုပဲ နားထောင်တယ်။
နောက်တစ်နေ့ နံနက်လင်းသောအခါ ရွာခေါင်းဟာ လမ်းပြအဖြစ် ကချင်စစ်ဗိုလ်နောက်သို့ မန်းကလေးကို ပြန်လိုက်သွားရတယ်။ နံနက် (၉) နာရီအချိန်မှာ မြစ်ကြီးနားမှ လေယာဉ်ပျံငယ်ကလေး ရွှေဂူသို့ ရောက်လာပြီး ပါပါ့ကို မြစ်ကြီးနားသို့ ခေါ်ဆောင်သွား ပါတယ်။ ပါပါ့အနေနဲ့ ပထမဆုံး လေယာဉ်ပျံ စီးရခြင်းဖြစ်တယ်။ လေယာဉ်ပျံပေါ်မှ အောက်သို့ ငုံ့ကြည့်သောအခါ ရွှေဂူနှင့် မြစ်ကြီးနားကြားမှာ တောအထပ်ထပ် တောင်အထပ်ထပ် တွေ့ရပါတယ်။ အကယ်၍သာ ရွှေဂူမြို့သို့ အမေရိကန်တပ်၊ တရုတ်တပ်တွေ မသိမ်းပိုက်သေးလျှင် ပါပါတို့ ဒီတောဒီတောင်တွေကို ဖြတ်သန်းသွားလာရမှာပဲလို့ တွေးမိရင်း၊ ရင်လေးမိပါတယ်။ ရွှေဂူမှ ထွက်ပြီး တစ်နာရီကြာသောအခါ ပါပါတို့ မြစ်ကြီးနားကို ချောမောစွာ ရောက်ရှိသွားပါတယ်။ (ပါပါကို လေယာဉ်ဖြင့် လာခေါ်သော လေယာဉ်မောင်း အရာရှိကို ပါပါဝန်ကြီးဖြစ်ပြီးနောက် ရန်ကုန်မှာ ပြန်လည် တွေ့ဆုံကြပါသေးတယ်။ ဧည့်ခံပွဲတစ်နေရာမှာ တွေ့ဆုံခြင်း ဖြစ်တယ်။)
Posted by (လင်္ကာဒီပ) at 1:29 PM 0 comments
Labels: history
အောင်ပွဲကို အတူနွှဲမယ့် ကရင်အမျိုးသားနေ့
Thursday, February 26, 2009အောင်ပွဲကို အတူနွှဲမယ့် ကရင်အမျိုးသားနေ့
နှင်းပန်းအိမ်
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ 25 2009 16:57 - မြန်မာစံတော်ချိန်
ဆောင်းရက် ကုန်ခါနီးချိန်ဖြစ်တဲ့ ဖေဖော်ဝါရီလမှာ ရုတ်တရက် အအေးဓာတ်က ပိုလာတယ်။ မြူတွေဆိုင်းနေတဲ့ နို့ဖိုး ဒုက္ခသည် စခန်းလေးကို တောတွေ တောင်တွေကြားမှာ တွေ့ရမယ်။ တောတောင်အလယ်က ပြားဝပ်နေတဲ့ စခန်းလေးကိုမြင်ရင် ကျမစိတ်ထဲ လွမ်းရမလို၊ ဆွေးရမလိုနဲ့ တမျိုးပဲ ခံစားရတယ်။ အနှစ် ၄၀ ကျော် ဖြတ်သန်းခဲ့ရတဲ့ ကျမဝန်းကျင်နဲ့ လားလားမှမတူတဲ့ ဒီဝန်းကျင်ကို ဒုက္ခသည်အဖြစ်နဲ့ ရောက်နေရတဲ့အဖြစ်က ကျမအတွက် အိပ်မက်ထဲ လမ်းလျှောက်နေရသလိုပါပဲ။
ဘဝရဲ့ အချိုးအကွေ့တွေထဲမှာ ဒုက္ခသည်ဆိုတာကို တွေးထင်မထားခဲ့ဘူး။ ဒီဘဝကို ကျမက ရွေးချယ်ခဲ့တာ မဟုတ်ဘဲ၊ အခြေအနေတွေက ကျမကို ရွေးချယ်ခဲ့တယ်။
ဒုက္ခသည်စခန်းထဲမှာ ကျမတို့ဘဝတွေကို ဘယ်အချိန်ထိ မြှုပ်နှံထားရမယ်၊ ဘယ်အချိန်မှ တတိယနိုင်ငံ ထွက်ရမယ်၊ ဘယ်အချိန်မှ အမိမြေကို ပြန်ခွင့်ရမယ်ဆိုတာ ဘယ်သိပါ့မလဲ။ ကျမရဲ့ ဘဝတွေကို မြန်မာပြည် ဒီမိုကရေစီတော်လှန်ရေးမှာ ပေးဆပ်ခဲ့ရတယ်ဆိုရင် သိပ်များ ကြီးကျယ်သွားမလား။ ကြီးကျယ်တယ်လို့ မထင်ပါနဲ့။ စစ်အာဏာရှင်တံတိုင်းကို ဘဝနဲ့ ရိုက်ချိုးပြခဲ့တဲ့ ဖခင်နဲ့ ခင်ပွန်းသည်တို့ရဲ့ သမီးဘဝ၊ ဇနီးသည်ဘဝနဲ့ မြန်မာပြည် ဒီမိုကရေစီတော်လှန်ရေးကို ဖြတ်သန်းခဲ့ရတာ ကျမအသက် ၄၂ နှစ်တိုင်တဲ့ ဒီကနေ့ အချိန်အထိပါပဲ။
ကျမတို့ဘဝတွေထက် ဆိုးရွားတဲ့ ကရင်တိုင်းရင်းသား လူမျိုးတွေရဲ့ ဘဝကလည်း ကြေကွဲနာကျင်စရာ။ တောတောင်ထဲမှာ အိုးအိမ်စွန့်ခွာပြီး စစ်ပြေးဒုက္ခသည်အဖြစ် နေနေရတာ ပြည်တွင်းစစ် နှစ် ၆၀ ကျော်တဲ့ ဒီကနေ့အထိပါပဲ။ ကိုယ့်အိမ်ကိုယ့်ယာ ကိုယ့်လယ်မြေမှာ စိတ်ချလက်ချ စိတ်အေးလက်အေး မနေနိုင်တဲ့ ဘဝတွေ၊ စာသင်ခန်းထဲ ဝင်နိုင်ဖို့ထက် ဗမာစစ်သားမြင်ရင် ပြေးရမယ်ဆိုတဲ့ ဘဝအသိနဲ့ ကြီးပြင်းရတဲ့ ကလေးတွေ၊ မြေကြီးပေါ် ထမင်းပုံပြီး စစ်ပြေးရင်း ပုန်းရင်း စားရတဲ့ စစ်ပြေးဒုက္ခသည်တွေ၊ ကလေးတွေကို မောင်းထဲထည့်ထောင်း၊ မိန်းမပျိုလေးတွေကို အဓမ္မကျင့်၊ မီးဖိုထဲ အရှင်လတ်လတ် မျက်နှာအပ် အသတ်ခံရသူတွေ အို --- နာကျင်စရာ ကောင်းလိုက်တာ။
အောင်ပွဲကို အတူနွှဲမယ့် ကရင်အမျိုးသားနေ့
ကျောင်းစာသင်ခန်းနဲ့ ဆရာ၊ ဆရာမကို သူတို့ကလေးဘဝမှာ မမြင်ခဲ့ရဖူးတဲ့၊ ပလိုင်းတွေထဲ လွယ်ပိုးပြီး ဆင့်ထက်ကဲ ချီပိုးပြေးရတဲ့ စစ်ပြေးဒုက္ခသည်ဘဝနဲ့ ကြီးပြင်းရတဲ့ သူတို့ မျက်နှာစိမ်းတဲ့သူကို သတိထားဆက်ဆံတတ်တယ်။ စစ်ရေးအမြင်နဲ့ ကြည့်မြင်တတ်သူတွေ ဒုက္ခကို ခံစားရပုံချင်း မတူပေမယ့် ဒုက္ခရောက်ရတာချင်းကျတော့ အတူတူပါပဲ။
ကျမတို့ရဲ့ ဒုက္ခနဲ့ သူတို့ဒုက္ခတွေ ပေါင်းစည်းသွားတော့ ကျမတို့ တသားထဲ ဖြစ်သွားပါတော့တယ်။ သဘာဝတရားကလည်း တောတောင်ရေမြေကို လောကလက်ဆောင်အဖြစ် ပေးပြီး၊ ကျမတို့ ဒုက္ခသည်စခန်းလေးကို သာယာအောင် ဖန်တီးပေးတယ်။
နို့ဖိုးဒုက္ခသည်စခန်းဘေးက တောင်ကြီးကို အဝေးကကြည့်ရင် ကိုယ်ဝန်ဆောင်မိန်းမ ပက်လက်လှန်အိပ်နေသလို မြင်ရမယ်။ ကျောက်တောင်ကြီးရဲ့ထိပ် အဖုအထစ်တွေက သဘာဝအတိုင်း ကိုယ်ဝန်ဆောင်မိခင်ရဲ့ သားမြတ်အသီးလေးအတိုင်း ရှိနေတာလည်း အံ့သြစရာ။
အဲ့ဒီတောင်ကြီးဘေးမှာ သက်ကယ်၊ အင်ဖက်မိုး၊ ဝါးခင်း၊ ဝါးကပ်ကာ အိမ် မည်ကာမတ္တ တဲလေးတွေထဲမှာ ဒုက္ခသည်တွေရဲ့ ဘဝမျိုးစုံ ရှိပါတယ်။ အရောင်အသွေးစုံ၊ ဘဝစုံ၊ ရည်ရွယ်ချက်အစုံနဲ့ စိတ်ကူးတွေကလည်း နို့ဖိုးတောင်ထက် ကြီးပါတယ်။ ညနေစောင်းရင် မြန်မာပြည်ဘက်ကို တဖြေးဖြေး နိမ့်ဝင်သွားတဲ့ နေလုံးကြီးကိုကြည့်ပြီး ကျမတို့ လွမ်းရပြန်ရော။
မြန်မာပြည်အလွမ်းတွေနဲ့ ကျမတို့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ကရင်အမျိုးသားနေ့ကို ဒုက္ခသည်စခန်းထဲမှာပဲ ကျင်းပခဲ့ကြတယ်။ မနက်စောစောမှာတော့ စခန်းရုံးထဲမှာ လူတွေ ပြည့်နေပြီ။ ရိုးသားပွင့်လင်း ကရင်လူမျိုးတွေ ရိုးရာအဝတ်အစားတွေနဲ့ လှပတင့်တယ်နေကြတယ်။ စင်ပေါ်မှာတော့ ဖားစည်ပုံပါတဲ့ ကရင်အမျိုးသားအလံက ဝင့်ဝင့်ကြွားကြွား။
ကရင်အမျိုးသားကြီးတွေက လွယ်အိတ်လွယ်သူ၊ ခေါင်းပေါင်းပေါင်းသူနဲ့ ဆေးတံကိုက်သူကိုက် လွတ်လွတ်လပ်လပ် ထိုင်နေကြတယ်။ မျက်နှာပေါ်မှာ အရေးအကြောင်းတွေ ပေါ်နေတဲ့ ကရင်အဖိုးအိုက ကရင့် တော်လှန်ရေးသမားဟောင်းကြီးလို့ ပြောပါတယ်။ အသက်အရွယ်နဲ့အမျှ စူးရှတောက်ပတဲ့ မျက်ဝန်းတွေကလည်း ကရင့်တော်လှန်ရေး မပြီးဆုံးသေးဘူးလို့ ပြောနေသရောင်။
အောင်ပွဲကို အတူနွှဲမယ့် ကရင်အမျိုးသားနေ့
ကရင်အမျိုးသားနေ့အတွက် အခမ်းအနား စတင်တဲ့အခါ စခန်းဥက္ကဋ္ဌ ဦးလှရွှေက ဒုက္ခသည်တွေကို ခိုလှုံခွင့်ပြုတဲ့ ထိုင်းတော်ဝင် အစိုးရနဲ့ စခန်းတာဝန်ရှိသူတွေကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။ တက်ရောက်လာသူတွေကို “ဝါလေးကေ” လို့ ကရင်လို နှုတ်ဆတ်လိုက်တော့၊ ပရိသတ်ကလည်း “ဝါလေးကေ” လို့ ပြန်နှုတ်ဆတ်လိုက်တာ ခန်းမတခုလုံး ဟိန်းထွက်သွားတယ်။ “ဝါလေးကေ'' ဆိုတာ ကရင်လို ''မင်္ဂလာနံနက်ခင်းပါ” လို့ အဓိပ္ပာယ်ရပါတယ်။
ဦးလှရွှေ မြန်မာလို ပြောတဲ့အထဲမှာ “ကရင်လူမျိုးတွေကို အမြဲတမ်း ဖိနှိပ်သတ်ဖြတ်ညှဉ်းဆဲတဲ့ ဗမာစစ်အစိုးရကို မုန်းသလို ဗမာလူမျိုးတွေကိုလည်း မုန်းခဲ့တယ်။ ကရင်တွေကိုမှ ဗမာစစ်အစိုးရက ညှဉ်းပန်းတာ သတ်ဖြတ်တာလို့ ထင်ခဲ့ပေမယ့် ၁၉၈၈ ခုနှစ် အရေးအခင်းဖြစ်လာတော့မှ ဗမာပြည်သူလူထုပါ သတ်ဖြတ်နှိပ်စက် ခံရတာလို့ သိခဲ့ရတယ်။ ဒါကြောင့် ဗမာနဲ့ ကရင် အတူတူပါပဲ” လို့ ပြောသွားတယ်။
KNU ဗိုလ်ချုပ်မန်းကျော်ဖေကတော့ ကရင်အမျိုးသားနေ့ ဖြစ်ပေါ်ပုံကို ပြောပြပါတယ်။ အခုတတ်ရောက်နေတဲ့ စခန်းထဲက လူမျိုးစုံတွေကိုမြင်တော့ ပင်လုံ ညီလာခံလားလို့ ထင်မြင်မိတဲ့အကြောင်း စတင်ပြောပါတယ်။
“ဖေဖော်ဝါရီ ၁၁ ရက်နေ့ကို ကရင်အမျိုးသားနေ့လို့ ဘာကြောင့် သတ်မှတ်ရသလဲဆိုတော့ ၁၉၄၈ ခု ဖေဖော်ဝါရီ ၁၁ ရက်မှာ မြန်မာတပြည်လုံး ကရင်လူမျိုး ၄ သိန်းကျော် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတယ်။ တောင်းဆိုချက်တွေက (၁) ကရင်ပြည် ချက်ချင်းပေး၊ (၂) ကရင်တကျပ်၊ ဗမာတကျပ် ချက်ချင်းပြ၊ (၃) လူမျိုးရေးအဓိကရုဏ်း အလိုမရှိ၊ (၄) ပြည်တွင်းစစ် အလိုမရှိ ဆိုတဲ့ တောင်းဆိုချက်တွေပါပဲ။
ကရင်တွေ သွေးတစက်မှမကျဘဲ ကရင်ပြည်ရအောင် တောင်းမယ်လို့ ခေါင်းဆောင် စောဘဦးကြီးက ပြောခဲ့တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ငြိမ်းချမ်းရေးကို ကရင်အမျိုးသားတွေ လိုလားတယ် ဆိုတာကို ပြသနေပါတယ်။ ကရင်တွေရဲ့ တောင်းဆိုချက်ကိုကြည့်ရင် အကြမ်းဖက်တာကို မလိုလားပါဘူး။ စစ်အစိုးရရဲ့ အကြမ်းဖက်ဖိနှိပ်မှုကြောင့် ကရင့်အမျိုးသား ငြိမ်းချမ်းရေးနဲ့ ကိုယ့်အမျိုးသားကို ကာကွယ်ဖို့ လက်နက်ကိုင်လမ်းစဉ်ကို မရှောင်မလွှဲသာ လိုက်ခဲ့ရပါတယ်။ ရွေးစရာလမ်းမရှိလို့ လက်နက်ကိုင် တော်လှန်ရေးကို ရွေးခဲ့ရတာပါ” လို့ ကြေကြေကွဲကွဲ ပြောသွားပါတယ်။
ဗိုလ်ချုပ်ဆိုပေမယ့် ဘာအဆောင်အယောင်မှ မရှိရှာဘူး။ တင်းတိမ်ရောင့်ရဲမှုတွေ၊ ဖြူစင်မှုတွေသာရှိတဲ့ တော်လှန်ရေးခေါင်းဆောင်များပါ။
ခေါင်းတွေ ဖွေးဖွေးဖြူနေတဲ့ ကရင့်တော်လှန်ရေး ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဦးဗလာဒူးက “ဟိုတုန်းက ကျနော်တို့ ကရင်တွေနဲ့ ဗမာတွေက ၃ နဲ့ ၄ ပါ။ အခုအချိန်မှာ စစ်အစိုးရရဲ့ ဖိနှိပ်ကို အတူခံနေရတဲ့အတွက် ၄ နဲ့ ၃ ဖြစ်သွားပါပြီ” တဲ့။
ကျမတို့ ဒုက္ခသည်စခန်းထဲမှာ ကချင်၊ ချင်း၊ ကရင်၊ ဗမာ၊ ရခိုင်၊ မွန်၊ ရှမ်း တိုင်းရင်းသားတွေလည်း ရိုးရာဝတ်စုံတွေနဲ့ ကရင့်အမျိုးသားနေ့ကို တတ်ရောက်အားပေးကြပါတယ်။ တယောက်ကိုတယောက် မှီတွယ်ပေါင်စည်းလျက်ရှိတဲ့ ခွန်အားတွေ၊ စိတ်ဓာတ်တွေက မြစ်ကြီးတခုထဲကို ရေပေါင်းများစွာ ပေါင်းစပ်စီးဆင်း နေသလိုပါပဲ။
အောင်ပွဲကို အတူနွှဲမယ့် ကရင်အမျိုးသားနေ့
ရိုးရာအစားအစာတွေကိုလည်း ပြပွဲလုပ်သွားပါတယ်။ ကရင်လူမျိုးတို့ရဲ့ ရိုးရာအမှတ်အသား အစားအစာဖြစ်တဲ့ “တာလပေါ” ဟင်းကို ကရင်စာသင်တဲ့ ကျောင်းဆရာကြီးက ရှင်းပြတော့ ကျမမှာ အံ့သြချီးမွမ်း တုန်လှုပ်သွားရတယ်။ ပြောတတ်လိုက်တာလို့လည်း နှုတ်က ဖွင့်ဟမိတဲ့အထိပါ။
“ကျနော်တို့ ကရင်လူမျိုးတွေမှာ ဖူလုံတဲ့ အစားအစာနဲ့ မဖူလုံတဲ့ အစားအစာဆိုပြီး နှစ်မျိုး ရှိပါတယ်။ ကျနော်တို့ ကရင်လူမျိုးတွေကို နှိမ့်နှိမ့်ချချ တာလပေါစားကြီးတဲ့ ကောင်တွေလို့ ပြောကြတယ်။ တာလပေါဆိုတာ ဆန်ကိုလှော်ပြီး အသီးအနှံမျိုးစုံနဲ့ ချက်တဲ့ဟင်းကို ပြောတာပါ။ ကျနော်တို့ ဒေသတောင်ယာတွေက ထွက်တဲ့ ဆန်၊ အသီးအနှံတွေ ရောချက်ထားတဲ့၊ ဖူလုံရင်တော့ အသားငါး ထည့်ပါတယ်။ တာလပေါထဲမှာ ကြိမ်ဖူးလည်း ပါပါတယ်။ ကြိမ်ဖူးက ဆိမ့်သက်ပြီး စိတ်ဓာတ်ခွန်အား ပေးပါတယ်။ ဒါကြောင့် ရှေ့တန်းစစ်မျက်နှာပြင်မှာ တာလပေါထဲကို ကြိမ်ဖူးထည့်ပေးတယ်။ တာလပေါစားပြီး ကရင့်တော်လှန်ရေးကို တိုက်ပွဲဝင်နေကြတာ နှစ်ပေါင်း ၆၀ ကျော်ပါပြီ။
တာလပေါစားပြီး အသက်ဆက်ရတဲ့ ကရင့်တော်လှန်ရေးက ကြေကွဲဖွယ်ရာ တာလပေါအကြောင်း နားထောင်ပြီးတော့ ပရိသတ်က ငြိမ်သက်သွားတယ်။
ကျမတို့ ဗမာအစားအစာကတော့ ကြက်သားနဲ့ ဘူးသီး ကာလသားချက်နဲ့ လက်ဖက်ပွဲပါ။ ကြက်သားနဲ့ ဘူးသီးကို အလွယ်တကူမို့သာ ချက်ရတယ်။ ရိုးရာဟင်းတော့ မဟုတ်ပါဘူး။ ရိုးရာမဟုတ်ပေမယ့် ပျော်စရာအဖြစ် ကာလသားတွေ ကြက်ခိုး၊ ဘူးသီးခိုးပြီး အပျော်ချက်စားကြပါတယ်။ ကြက်သားချက်ရင် ဆရာကြီးသော်တာဆွေ ပြောတဲ့ စကားကို သတိရမိပါတယ်။ သဘာဝအလျောက် ပျော်ရွှင်နေတဲ့၊ သေရမယ်မှန်းမသိတဲ့ ကြက်က ပိုချိုတယ်တဲ့။ ဒါကြောင့် ထင်ပါရဲ့၊ တောရွာတွေရောက်လို့ ဆွေမျိုးတွေ ချက်ကြွေးတဲ့ ကြက်သားဟင်းက သိပ်စားလို့ ကောင်းပါတယ်။ ကြက်ဆိုရင် တောင်ပံ၊ ဆီဖူး လူမဦးစေနဲ့လို့ အဆိုရှိပါတယ်။ ကာလသားချက်က ဆီနည်းနည်းနဲ့ အရည်သောက်ဟင်းမို့ ထမင်းမိန်ပြီး စားကောင်းတယ် ဆိုတဲ့အကြောင်း ဒေါ်နွယ်နွယ်ဝင်းက ပြောသွားပါတယ်။
ဗမာအသင်းတာဝန်ခံ ကိုထိန်လင်းအောင် က ကျမကို လက်ဖက်ပွဲအကြောင်း ပြောပြပေးပါတဲ့။ တာလပေါဟင်းအကြောင်းလို ရသစုံအောင် ပြောနိုင်ဖို့ ကျမဘက်က ကြိုတင်ပြင်ဆင်မထားနိုင်ပေမယ့် အတတ်နိုင်ဆုံးတော့ ကြိုးစားပြောခဲ့ပါတယ်။
တာလပေါအကြောင်း နားထောင်နေတုန်းက ကျမရင်ထဲ ခံစားရပါတယ်။ ဒေသအစားအစာဆိုတာ ကိုယ့်ဒေသထွက်တဲ့ ထွက်ကုန်ပေါ်မှီပြီး အသက်ရှင် ရပ်တည်ကြရတာမို့လား။ တောင်ယာစိုက်ခင်းများမှ၊ ရာသီဥတုကောင်းပါမှ ဒေသခံများ ဖူဖူလုံလုံ စားရတာပါ။ ကျမရောက်ဖူးတဲ့ ပုံတောင်ပုံညာ ယောနယ်ဘက်မှာ ရာသီဥတု မကောင်းလို့၊ စိုက်ပျိုးစရာ တောင်ယာနည်းလို့ သုံးလွန်းတင်စားရတယ် ကြားတော့ ဘာ့လို့ သုံးလွန်းတင်ခေါ်လည်း မေးကြည့်မိတယ်။ ကြွေဥ၊ ပြောင်း၊ ဆန်အနည်းငယ်ရောပြီး ချက်ရတယ်။ ဆန်တမျိုးထဲ မစားနိုင်ပါဘူး။ ဒါကြောင့် သုံးလွန်းတင်လို့ ခေါ်တာပါတဲ့။
ဒီအကြောင်းကို မြန်မာပြည်မှာ စာရေးဖော်ပြခွင့် မရှိပါဘူး။ ဒါ့ကြောင့် တော်တော်များများ ဒီအကြောင်းကို မသိကြပါဘူး။ တကယ်ဆင်းရဲကြသူတွေ ထမင်းနှစ်နပ် စားခွင့် မရှိပါဘူး။ မနက်စာ၊ ညစာ ပေါင်းပြီး တနပ်ထဲ စားရသူတွေ တောရွာတွေမှာတင် မဟုတ်ပါဘူး။ မြို့ပြတွေမှာလည်း ရှိပါတယ်။ အာဟာရခမ်းခြောက်ပြီး ဘဝလမ်းပျောက်နေရတဲ့ ပြည်သူလူထုတွေ မြန်မာပြည်မှာ အများကြီးပါ။
လက်ဖက်ကို ဘယ်အချိန်ကတည်းက စတင်စားသုံးတယ် ဆိုတာကိုတော့ ကျမ မသိပါဘူး။ လက်ဖက်ကတော့ ကျမတို့ မြန်မာလူမျိုးတွေရဲ့ ရိုးရာအစားအစာတင် မဟုတ်ဘဲ ရိုးရာနတ်တင် ကတော့ပွဲပြင်ရင် လက်ဖက်နဲ့ တင်ရပါတယ်။လက်ဖက်ကို ကြားခံ သံခင်း၊ တမန်ခင်းအဖြစ် အသုံးပြုကြတာ မြန်မာ့ရိုးရာဓလေ့လို ဖြစ်နေပါပြီ။ အလှူပွဲ၊ မင်္ဂလာပွဲများမှာ ဧည့်သည်ကို မွန်မြတ်တဲ့ အစားအစာအဖြစ် လက်ဖက်နဲ့ ဧည့်ခံပါတယ်။
ကျေးလက်တွေမှာ တရားတဘောင်ဖြစ်လို့၊ ပဋိပက္ခဖြစ်လို့ တဖက်နဲ့ တဖက် ကျေအေးချင်လို့ ကျေအေးမယ်ဆိုရင် လက်ဖက်ပွဲ ပြင်သွားကြပါတယ်။ လက်ဖက်ပွဲကို တဖက်လူက ဖွင့်စားတယ်ဆိုရင် အမျက်ပြေ ကျေအေးတယ်လို့ ယူဆပါတယ်။
ဒါ့ကြောင့် ကျမတို့ လက်ဖက်ပွဲကို ကရင်အမျိုးသားခေါင်းဆောင်များနှင့် ကရင်အမျိုးသားများ စားပြီး ဗမာပြည်သူလူထုကို အမျက်ဖြေကြပါ။ ဒီလက်ဖက်ပွဲကို ကြည့်ရင် လက်ဖက်ပွဲလို့ ထင်ကြမယ်။ ရိုးရိုးလက်ဖက် မဟုတ်ပါဘူး။ လက်ဖက်အသားက ရှမ်းပြည်က ထွက်ပါတယ်။ ကြက်သွန်ကြော်၊ နှမ်း၊ ပဲကြော်က ကျမတို့ အညာမြေလတ်က ထွက်ပါတယ်။ ဒီငြုပ်သီးလေးက နို့ဖိုးဒုက္ခသည်စခန်းက ကရင်အမျိုးသမီးလေးတွေ စိုက်ထားတဲ့ ငြုပ်သီးမို့ ကျမတို့ မျှော်လင့်နေတဲ့ ဖက်ဒရယ် ပြည်ထောင်စု လက်ဖက်ပွဲဆိုရင် မမှားပါဘူး။
ကရင်အမျိုးသားနေ့ကို ဒုက္ခသည်အဖြစ်နဲ့ ကျင်းပရပေမယ့် ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး အကြောင်းကို သီဆိုတီးမှုတ် ဖျော်ဖြေသွားကြသူတွေက ရခိုင်အမျိုးသားအဆိုတော်၊ တယောထိုးသူက ချင်းအမျိုးသား၊ ဂစ်တာ ဒရမ်တီးသူတွေက ကရင်အမျိုးသားတွေ တပ်မဟာ ၂၄ က တော်လှန်ရေးသမားများ။ ဗမာ၊ ရခိုင်၊ မွန် အမျိုးသားတွေ ဝိုင်းဝန်းသီဆိုသွားပါတယ်။ သီချင်းသံက စခန်းအတွင်းက ပရိသတ်ပါ အားမာန်တက်ကြွ မြူးခုန်ကြတာ မဟုတ်ပါဘူး။ ကောင်းကင်က လမင်းနဲ့ ကြယ်တွေပါ ကခုန်နေကြတာများ ကြယ်တွေဆိုတာ တဖျပ်ဖျပ်နဲ့။
ခေါင်းဆောင်ဆိုတာ တိုက်ပွဲကြားက ပေါ်ခဲ့တယ်ဆိုတာ ကရင့်အမျိုးသားခေါင်းဆောင် စောဘဦးကြီးက သက်သေပြခဲ့ပါပြီ။
ကရင့်အမျိုးသားတွေ ငြိမ်းချမ်းရေးကို လိုချင်ပေမယ့် အခြေအနေက လက်နက်ကိုင် တော်လှန်ရေးကို တွန်းပို့ခဲ့တယ်ဆိုတာကို ကျမတို့ နားလည်ခံစားခဲ့ရတဲ့ နေ့ပါပဲ။
Posted by (လင်္ကာဒီပ) at 12:31 AM 0 comments
Labels: article
ကရင့်ရိုးရာလက်ဝှေ့  ဂျပန်တွေမမေ့နိုင်ပါ
Wednesday, February 25, 2009
ဖုံးကွယ်ထားသော ကရင့်အောင်မြင်မှုများ
Posted by (လင်္ကာဒီပ) at 1:14 AM 1 comments
Labels: boxing
ကရင့်ရိုးရာလက်ဝှေ့  ဂျပန်တွေမမေ့နိုင်ပါ
ဖုံးကွယ်ထားသော ကရင့်အောင်မြင်မှုများ
Posted by (လင်္ကာဒီပ) at 12:46 AM 0 comments
Labels: video
ဗိုလ်ထိန်မောင်အဖွဲ့နှင့် ပူးပေါင်းသူများ ရွာသားတွေဖြစ်ဟု ကေအန်ယူငြင်းဆို
Monday, February 23, 2009ဗိုလ်ထိန်မောင်အဖွဲ့နှင့် ပူးပေါင်းသူများ
ရွာသားတွေဖြစ်ဟု ကေအန်ယူငြင်းဆို
NEJ / ၂၃ ဖေဖော်ဝါရီ ၂၀၀၉
ဗုဒ္ဓဟူးနေ့က ကေအန်ယူ၊ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် သွားရောက် ပူးပေါင်းခဲ့သူ (၁၃) ဦးသည် ကရင်အမျိုးသား လွတ်မြှောက်ရေးတပ်မတော်မှ စစ်သည်များ မဟုတ်ဘဲ ကော့ကရိတ်မြို့နယ်ရှိ စက်က၀က်ရွာမှ ရွာသားများသာဖြစ်သည်ဟု ကရင်အမျိုးသား လွတ်မြှောက်ရေးတပ်မတော် တပ်မဟာ (၆) တပ်မဟာစစ်ရုံးမှ ဒု-ဗိုလ်မှူးကြီးတဦးက ခေတ်ပြိုင်သို့ပြောသည်။
၎င်းက " ဒီလ (၁၈) ရက်နေ့ ညနေက တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၁၈) တပ်ခွဲ (၃) က M- ၁၆ (၄) လက်၊ M- ၁၆ (၇၉) မော်တာ (၁) လက်၊ M- ၁၆ ကျည် (၁၆၀) ၊ M- ၇၉ ကျည် (၂၁) လုံး၊ စကားပြောစက် (၁) လုံးနဲ့အတူ သွားပြီးပူးပေါင်းကြတဲ့ လူတွေဟာ စက်က၀က်ရွာသားတွေဖြစ်တယ်။ ရှေ့တန်းမှာ ကျနော်တို့ ရဲဘော်တွေဟာ ရွာသားတွေနဲ့ အတူနေပြီးသွားလာလှုပ်ရှားတယ်။ ကိုယ်ရောင်ဖျောက်ပြီး သွားလာတဲ့အခါမှာ လိုအပ်လို့ရှိရင် လက်နက်တွေကို ရွာသားတွေဆီမှာပဲ အပ်ထားတယ်။ အဲ့ဒီရွာသားတွေက အပ်ထားတဲ့ လက်နက်ကိုယူပြီးတော့ ဗိုလ်ထိန်မောင်တို့အဖွဲ့နဲ့ သွားပူးပေါင်းတာဖြစ်တယ်" ဟု ပြောသည်။
အဆိုပါရွာသားများမှာ စောဖါးကျော့၊ ကျော်နီဟဲ၊ ဖားထီးသိုး၊ ကျော်မူးဂေ၊ ဖားအော်တူး၊ ကျော်ဖရီး၊ ကျော်အဲ၊ ဖားကလိ၊ ဖားအော်လဲ၊ ဖားမော်းကို၊ မောင်ထွေး၊ ကျော်ယု၊ ကျော်ပလဲထူး တို့ဖြစ်သည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ကေအန်ယူ၊ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီမှ ပုံကြီးချဲ့၍ ၀ါဒဖြန့်နေသော်လည်း ဖြစ်စဉ်အမှန်ကို သိရှိနိုင်ရန်အတွက် ရှင်းပြခြင်း ဖြစ်ကြောင်း ၄င်း ဒု-ဗိုလ်မှူးကြီးက ဖြည့်စွက်ပြောကြားသည်။
အခြေအနေမှန်ကို အသေးစိတ်သိရှိနိုင်ရန် ကေအန်ယူ၊ ကေအန်အယ်လ်အေငြိမ်းချမ်းရေး ကောင်စီအဖွဲ့မှ ဗိုလ်ချုပ်ယဉ်နုအား ခေတ်ပြိုင်မှ ဆက်သွယ်မေးမြန်ရာ ဖုန်းပိတ်ထားသည်။
Posted by (လင်္ကာဒီပ) at 10:29 PM 0 comments
Labels: news
လက်ဝှေ့ ချန်ပီယံ လုံးချော
Friday, February 20, 2009Posted by (လင်္ကာဒီပ) at 11:47 AM 0 comments
Labels: video
ကရင့်ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲ(လုံးချော နှင့် ရွှေဝါထွန်း)
Posted by (လင်္ကာဒီပ) at 7:20 AM 0 comments
Labels: boxing
ကရင့်ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲ(လုံးချော နှင့် ၀မ်ချိုင်း)
Posted by (လင်္ကာဒီပ) at 6:39 AM 0 comments
Labels: boxing
ဆုကြေးငွေအများဆုံးပေးမဲ့ မြန်မာ့လက်ဝှေ့ ပွဲ ရန်ကုန်တွင်ကျင်းပမည်
http://www.dvb.no/burmese/news.php?id=6895
Posted by (လင်္ကာဒီပ) at 4:08 AM 0 comments
Labels:ူboxing
ကလိုထူးမှပေးစာ
Thursday, February 19, 2009ကလိုထူးမှပေးစာ
၁၉ ဇန်န၀ါရီ ၂၀၀၉(စောကျော်ခွိ)
ပြည်ပမှ ဘလော့များကို မြန်မာနိုင်ငံ ပြည်တွင်းမှဖတ်၍မရသောကြောင့်သတင်းရယူလိုသူများထံသို့ 
email မှတဆင့်ပို့ ပေးပြီး သတင်းဖလှယ်ရပါသည်။ "ဒီကေဘီအေ တပ်တွေ ကရင်ရွာက်ုမီးရှို့  "ကိုဖတ်ရသောကရင်တိုင်း ထိမ့်လန့်  အံသြ ယူကြုံးမရဖြစ်ခဲ့ရပါသည်။
ကျွန်ုပ် emailမှတဆင့်ပို့ ပေးခဲ့သော ထိုသတင်းအား ကလိုထူး(ကရင်)မှ ဖတ်ပြီး ဤသို့ ခံစားမှုစာလွှာ
လေး အကြောင်းပြန်ခဲ့ပါသည်။
"အခုလို သတင်းအချက်အလက်တွေ အတွက် ကျေးဇူးတင်ပါတယ်..
ဒါပေမယ့် ဒါဟာ အဖြစ်မှန်ဆိုရင် ဘယ်လိုမှ ခံစားလို့ မရနိုင်တဲ့ 
အဖြစ်ဆိုးပါပဲ..
ဒီကေဘီအေ အဖွဲ့ ကို မြန်မာပြည် ရွေးကောက်ပွဲပြီးရင်
နယ်ခြားစောင့်တပ် အဖြစ် အမည်ပြောင်းပြီး ဖွဲ့ စည်းမယ်လို့ 
ကြားသိရပါတယ်..
အရင်က ဒီအဖွဲ့ ဟာ ကရင်လူထု အတွက် အားဆေး
တစ်ခွက်လို့ ယူဆရပေမယ့် နအဖ လက်ကိုင်တုတ်ဖြစ်ပြီးနောက်
လူထုအတွက် အဆိပ်တစ်ခွက် ဖြစ်သွားရပါပြီ...
ဒါပေမယ့် အဆိုးထဲမှာ မျှော်လင့်ရတာက ဒီကေဘီအေ
အဖွဲ့ ဟာ မြိုင်ကြီးငူဆရာတော်ရဲ့  သြ၀ါဒကို ဆက်လက်ခံယူပြီး
ဆက်လှမ်းမယ်ဆိုရင် အဆင်ပြေလိမ့်မယ်..
ယုတ်စွအဆုံး ဆရာတော်ရဲ့  ပြည်သူဘက်က သြ၀ါဒကို
ချိုးဖေါက်မယ်ဆိုရင် သူ့ တို့ လမ်းဟာ အမှောင်အတိပါပဲ..
ဒီကေဘီအေ အရေးကို မြိုင်ကြီးငူဆရာတော် ကိုင်တွယ်
လိမ့်မယ်လို့  တွေးမိပြီး ဖြေသာနေရပါတယ်...သူငယ်ချင်းရေ..."
ဤစာလွှာပေးပို့ သူ ကလိုထူးအား အထူးကျေးဇူးတင်ရှိပါသည်။
ကရင်တွေ ကရင်မှန်းသိကြပါစေ။
Posted by (လင်္ကာဒီပ) at 12:47 AM 0 comments
Labels: news
ကင်တားနား၏ ဘားအံခရီးစဉ် ကေအန်ယူခွဲထွက် လက်နက်ချအဖွဲ့များနှင့်သာ အဓိက တွေ့ခွင့်ရ
Wednesday, February 18, 2009ကင်တားနား၏ ဘားအံခရီးစဉ်
ကေအန်ယူခွဲထွက် လက်နက်ချအဖွဲ့များနှင့်သာ အဓိက တွေ့ခွင့်ရ
မင်းနိုင်သူ / ၁၇ ဖေဖော်ဝါရီ ၂၀၀၉
ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာတောမတ်ကင်တားနား၏ ဘားအံခရီး စဉ်တွင် ငြိမ်းချမ်းရေးအဖွဲ့များနှင့်တွေ့ဆုံခဲ့ပြီး ရခိုင်နှင့် ကချင်ပြည်နယ် ခရီးစဉ်များသွားဖြစ် လိမ့်မည် မဟုတ်ကြောင်း ရန်ကုန်ကုလသမဂ္ဂရုံး ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ယနေ့ ထုတ်ပြန်ပြောကြားသည်။
မစ္စတာတောမတ်ကင်တားနားသည် ယနေ့ ရန်ကုန်မြို့တွင်ပင်ရှိနေပြီး သံတမန်အချို့နှင့် အချိန်အတော်ကြာ တွေ့ဆုံခဲ့ပြီး ကုလအဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံနေကြောင်းသိရသည်။ ကင်တားနားနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ခွင့်ရရေးကိစ္စမှာ အလားအလာနည်းပါးသည်ဟု ရန်ကုန် နိုင်ငံခြားသတင်းထောက်အချို့က သုံးသပ်သည်။
လွန်ခဲ့သောစနေနေ့က မြန်မာနိုင်ငံသို့ရောက်ရှိခဲ့သော မစ္စတာတောမတ်ကင်တားနားသည် လူအခွင့်အရေး စုံစမ်းမှုခရီးစဉ်အဖြစ် ဘားအံသို့ ဦးစွာသွားရောက်ခဲ့ပြီး ဗိုလ်ချုပ်စောဌေးမောင် ၏ KNU-KNLA ငြိမ်းချမ်းရေးကောင်စီအဖွဲ့၊ ပဒိုအောင်ဆန်း၏ ဘုရားကုန်းငြိမ်းချမ်းရေးအဖွဲ့၊ ဦးသာထူးကျော်၏ ဒီကေဘီအေ ငြိမ်းချမ်းရေးအဖွဲ့များနှင့် တွေ့ဆုံခဲ့ကာ ဘားအံ အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများနှင့်လည်း တွေ့ဆုံခဲ့သည်ဟု ဦးအေးဝင်း ကပြောသည်။
ယမန်နေ့ကမူ အင်းစိန်အကျဉ်းထောင်သို့သွားရောက်ကာ ဒေါက်တာတင်မင်းထွဋ်၊ ကိုကျော်ကိုကို၊ ဦးညီညီထွေး၊ ဦးညီပု၊ ပုဏ္ဏမီခေါ် ဒေါ်မြညွှန့်တို့နှင့် တွေ့ဆုံခဲ့ကြောင်း၊ အကျဉ်းသားတဦးလျှင် မစ္စတာကင်တားနားနှင့် (၁၀)မိနစ်၊ (၁၅)မိနစ်ခန့် စကားပြောခွင့် ရခဲ့ကြောင်းသိရသည်။
မစ္စတာတောမတ်ကင်တားနား၏ မြန်မာနိုင်ငံခရီးစဉ်အစတွင် နိုင်ငံရေးအကျဉ်းသား အများအပြားထိန်းသိမ်းထားရာ ရခိုင်နှင့်ကချင်ပြည်နယ်များသို့ သွားရောက်မည်ဟု သတင်းများပေါ်ထွက်ခဲ့သော်လည်း ယခုအခါ သွားရောက်ဖြစ်တော့မည် မဟုတ်ကြောင်း ဦးအေးဝင်းက ဆိုသည်။
“အဲဒီခရီးစဉ်တွေသွားဖြစ်မှာ မဟုတ်တော့ပါဘူး။အကြောင်းမညီညွတ်လို့မသွားဖြစ်တာပါ”ဟု ဦးအေးဝင်းက ပြောသည်။
ရခိုင်နှင် ကချင်ပြည်နယ်များတွင် လူအခွင့်အရေး ချိုးဖောက်မှုများရှိကြောင်း ကင်တားနားကို တိုင်ကြားမှုများရှိနေသည့်ကြားမှ ခရီးစဉ်ပျက်ခဲ့ရခြင်းဖြစ်သည်။ ၂၀၀၈ ခုနှစ် ခရီးစဉ်အတွင်း စစ်အစိုးရအား ကင်တားနားအကြံပေးချက် (၄) ချက်အနက် “နှိမ်ချခွဲခြားဆက်ဆံထားသည့် ဥပဒေများကို ပယ်ဖျက်ပစ်ရမည်။ အထူးသဖြင့် မွတ်စလင် အသိုင်းအ၀န်း အများအပြား နေထိုင်ရာ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ခွဲခြားနှိမ်ချထားသည့် ဥပဒေများကိုပယ်ဖျက်ရန်နှင့် ခွဲခြားဆက်ဆံမှုများကို ရှောင်ကြဉ်ရန်” ဆိုပြီးထည့်သွင်းထားသည့်အတွက် ရခိုင်ပြည်နယ်မှာ ခွဲခြားဆက်ဆံမှုများရှိနေကြောင်း ထင်ရှားသည်။ မည်သည့်အတွက် စစ်အစိုးရက ကင်တားနား အား ရခိုင်နှင့် ကချင်ခရီးစဉ်တွေ ဖျက်ခဲ့သည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
The NEJမှကူးယူဖေါ်ပြသည်။
Posted by (လင်္ကာဒီပ) at 12:20 AM 0 comments
Labels: n
ဒီကေဘီအေ တပ်တွေ ကရင်ရွာက်ုမီးရှို့ 
Tuesday, February 17, 2009ဒီဗီဘီမှကူးယူဖေါပြသည်။
မောင်တူး
၁၆ဖေဖေါ်ဝါရီ ၂၀၀၉ ထိုင်းနှို်ငံ ဖို့ ဖရမြို့ နယ် နယ်စပ်အနီးမြ၀တီမြို့ နယ်က တအိုးထကျေးရွာကို ဒီကေဘီအေ
၉၉၉တပ်ရင်းကဖေဖေါ်ဝါရီလ ၁၁ရက်နေ့ က ၀င်ရောက် မီးရှို့ ဖျက်ဆီးလိုက်ပါတယ်။
လူနေရွာတွေကို မီးရှို့ ဖျက်ဆီးတဲ့အပေါ် ကရင်ရွာသားတွေက မကျေနပ်ကြပါဘူး။
"ကျနော်တော့ စိတ်လုံးဝမကောင်းဘူး။ဘာဖြစ်လို့ လဲဆိုတော့ကရင်အချင်းချင်းဘဲ။
ပြီးတော့ကျနော်တို့ လူထုအချင်းချင်းဘဲ။"
"ကျနော်တို့ လူထုအတွက်တော့ရင်နာစရာကောင်းခဲ့တာကြာပါပြီ။အခုလည်းလုပ်တုန်းပါလဲ။
ကရင်လူထုရဲ့ ရွာကိုမီးရှို့ တယ်ဆိုတာကတော့ ဘယ်လိုမှကောင်းတဲ့ဘက်ကလှည့်ပြီး စဉ်းစားလို့ မရဘူး။"
နှစ်လအတွင်း မီးရှို့ ဖျက်ဆီးမှုဟာ ဒါ ဒုတယအကြိမ်ဖြစ်တယ်။
အခုလို ကေဘီအေရဲ့  လုပ်ရပ်တွေကို ကရင်ပြည်သူတယောက်က"နောက်ပိုင်းကျတော့ သူတို့ မလှုပ်ရှားနိုင်တဲ့အခါ သူတို့ အပြစ်သူတို့ သိမယ်လို့  ကျနော်တို့ မျှေလင့်တယ်။"လို့ ဝေဖန်ပါတယ်။
ဒီကေဘီအေဟာ ၁၉၉၄ခုနှစ်မှာ ကေအန်ယူကနေခွဲထွက်ပြီးဖွဲ့ စည်းလိုက်တာပါ။
အခုအခါ နအဖစစ်အစိုးရရဲ့ ညွန်ကြားမှုအတိုင်း လုပ်ဆောင်နေတယ်လို့ ကရင်အမျိုးသားတစ်ဦး
ကပြောပါတယ်။
"အခု အကြပ်ကိုင်ခံရတာတွေလည်းရှိတယ်။ အခုကျနော်တို့ ရတဲါသတင်းအရ လက်နက်ချပြီးတော့ စီးပွားရေးလုပ်မလား၊နအဖရဲ့  လက်အောက်ခံတပ်အနေနဲ့  ပြန်လုပ်မလားဆိုတဲ့ မေးခွန်းတွေ
ရှိလာပြီ။ တချိန်မှာ ဒီကေဘီအေ နာမည်မရှိတော့ဘဲနဲ့ နအဖရဲ့ လက်အောက်ခံတပ်အနေနဲ့ 
ပဲ ဆက်လက်ရပ်တည်သွားမယ်လို့ျြမင်ပါတယ်။"
တချိန်တည်းမှာဘဲကရင်ပြည်နယ်အတွင်း လူ့ အခွင်အရေး ချိုးဖောက်မှုတွေလည်း ပိုမို
ဆိုးရွားနေတယိလို့ ပြောပါတယ်။
"အဆုံးစွန်သော ဆိုးရွားခြင်းဘဲ။ လူထုတွေကပြုသမျှ နုရတဲ့ဘ၀ဖြစ်နေတာ။ သူတို့ မိဘတွေ
လဲ လူထုတွေဘဲဆိုတာ ပြန်ပြီးတော့ကိုယ်ချင်းစာသင့်ပြီ။ ဒီအသိတရားတွေ ဘာလို့ ခေါင်းပါးနေ
လဲဆိုတာ ကျနေည်တို့ လည်း တွက်လို့ မရတော့ဘူး။ သိရဲ့ သားနဲ့ လုပ်တယ်။ အခူ တောထဲမှာ
ပြေးရှောင်ပုန်းခိုနေရတယ်။"
တချို့ ကရင်ရွာတွေမှာ အမျိုးသမီးငယ်တွေကို နအဖစစ်တပ်တွေကအဓမ္မပြုကျင့်မှုတွေ ကျူး
လွန်တာ၊ရွာသားတွေကို သ်ဖြတ်ပစ်တာတွေအထိဖြစ်နေပါတယ်။
Posted by (လင်္ကာဒီပ) at 10:37 PM 0 comments
Labels: news
မြ၀တီမြို့ လက်နက်ကြီးထိ
Monday, February 16, 2009မြ၀တီမြို့ လက်နက်ကြီးထိ
ဧရာဝတီ
Monday, 16 February 2009 18:29 ဇာနည်ဝင်း
ကမ္ဘာ့ ကုလသမဂ္ဂ အရာရှိကြီးတဦး ကရင်ပြည်နယ်သို့ သွားရောက် စစ်ဆေးသည့် အချိန်တွင် အဆိုပါ ဒေသအတွင်း လက်နက်ကြီး ကျည်ဆန် ၄ လုံး ကျရောက် ပေါက်ကွဲခဲ့သည် ဟု မြန်မာစစ်အစိုးရက ကြေညာလိုက်သည်။
ကရင်ပြည်နယ် မြဝတီမြို့ပြင်တွင် ကျည်ဆန် ၂ လုံး ကျရောက်ခဲ့ပြီး ကျန် ၂လုံးမှာ ‘ဇေ’တည်းခိုခန်းအနီး နှင့် တောရဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက်ခဲ့သည်ဟု ဆိုသည်။ ထိခိုက်သေဆုံးမှုမရှိဟု သတင်းစာတွင် ဖော်ပြထားသည်။
ကရင်အမျိုးသားအစည်းအရုံး KNU ၏ လက်ချက်ဖြစ်သည်ဟု သတင်းစာတွင် ဖော်ပြထားသည်။
ဤအတောအတွင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တာနားသည် ကရင်ပြည်နယ်ရှိ ဘားအံမြို့အကျဉ်းထောင်၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ၏ မြိုင်ကြီးငူ ဌာနချုပ်တို့ကို သွားရောက်စစ်ဆေးခဲ့သည်။
ကုလသမဂ္ဂ ကိုယ်စားလှယ် ရောက်ရှိနေချိန်နှင့် အချိန်ကိုက်ပြီး အဆိုပါသတင်းကို ထုတ်ပြန်ခြင်းဖြစ်သည်ဟု KNU ၏ ဒုတိယ ဥက္ကဋ္ဌ ဒေးဗစ်သာကပေါ က ပြောလိုက်သည်။
“မစ္စတာ ကင်တာနား ရောက်နေတဲ့အချိန်မှာ စစ်အစိုးရက KNU ကို အကြမ်းဖက် အဖွဲ့အစည်း ဆိုပြီး စွပ်စွဲချင်၊ ပြောချင်တဲ့ သဘောပါ” ဟု ဦးဒေးဗစ်သာကပေါ က ဧရာဝတီသို့ ပြောသည်။
ထိုင်း မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးဋ္ဌေးအောင်ကလည်း KNUတွင် အဝေးမှလှမ်းပစ်သည့်လက်နက် မရှိသဖြင့် KNU၏ လက်ချက် မဖြစ်နိုင်ဟု သုံးသပ်သည်။
“နယ်စပ်တကြောလုံးမှာ တန်းစီထားတာ နအဖ တပ်တွေရော ဒီကေဘီအေ တပ်တွေရော အထပ်ထပ် စိတ်နေအောင် တန်းစီထားတယ်လေ။ အဝေးက လှမ်းပစ်ဖို့ဆိုတာ ထိုင်းနိုင်ငံထဲက လှမ်းပစ်တာလည်း မဖြစ်နိုင်ဘူးဗျ။ ထိုင်းကလည်း လက်ခံမှာ မဟုတ်ဘူး” ဟု ဦးဋ္ဌေးအောင်က ဧရာဝတီကို ပြောပြသည်။
မြ၀တီမြို့အနီးတ၀ိုက်တွင် မြန်မာအစိုးရစစ်တပ်၊ အပစ်ရပ်အဖွဲ့ DKBA နှင့် KNU တပ်များ လှုပ်ရှားလျက်ရှိသည်။
KNU သည် နှစ်ပေါင်း ၆ဝ သက်တမ်းရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကြီး ဖြစ်သည်။ မြန်မာအာဏာပိုင်တို့နှင့် ဆွေးနွေးပွဲများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြသော်လည်း ယခုအချိန်အထိ အပစ်အခတ် ရပ်စဲနိုင်ခြင်း မရှိသေးပေ။
Posted by (လင်္ကာဒီပ) at 10:18 PM 0 comments
Labels: news
မြ၀တီလက်နက်ကြီးပေါက်ကွဲမှုကေအန်ယူငြင်းဆို
Sunday, February 15, 2009မြ၀တီလက်နက်ကြီးပေါက်ကွဲမှုကေအန်ယူငြင်းဆို
NEJ / ၁၆ ဖေဖော်ဝါရီ ၂၀၀၉
စနေနေ့ နံနက် ၂ နာရီခန့်က ကရင်ပြည်နယ် မြဝတီမြို့တွင် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့မှုသည် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၏ အကြမ်းဖက်လုပ်ရပ်များ ဖြစ်သည်ဟု နအဖ၏စွပ်စွဲမှုသည် အခြေအမြစ်မရှိသည့် စွပ်စွဲမှုသာဖြစ်သည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) က ငြင်းဆိုလိုက်သည်။
ကေအန်အယ်လ်အေ တပ်မဟာ (၇) မှ တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဂျော်နီက "ဒီကိစ္စ ကေအန်ယူ လုပ်တာ မဟုတ်ဘူးဆိုတာ ခိုင်ခိုင်မာမာပြောရဲပါတယ်။ ဒါမျိုးလုပ်ဖို့ ကေအန်ယူမှာ မူမရှိဘူး။ ကိုယ့်ကိုယ်ကို ကာကွယ်တာတော့ ရှိတယ်။ အရင်သွားတိုက်တာမျိုးတော့ မလုပ်ဘူး။ သူတို့ အရင်လာတိုက်ရင်တော့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်သွားရမှာပဲ။ ကေအန်ယူက နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရပဲဖြေရှင်းရမယ့် မူချထားတာရှိတယ်။ မြဝတီမြို့ပြင် မိုင် (၂၀) ပတ်လည်လောက်မှာ ဒီကေဘီအေအဖွဲ့ရှိတယ်၊ ငြိမ်းချမ်းရေး အဖွဲ့ရှိတယ်၊ ပြည်သူ့စစ်ရှိတယ်၊ နအဖတပ်တွေရှိတယ်။ အဲဒီနေရာတွေကို သူတို့က အဖြူရောင်နယ်မြေ သတ်မှတ်ထားတယ်။ (၆၀) မမ (၈၁) မမ တို့နဲ့ မိုင် (၂၀) အကွာကနေ မြဝတီမြို့ကိုပစ်ရင် ဘယ်လိုမှမရောက်နိုင်ဘူး။ မြဝတီမြို့နဲ့ ကျနော်တို့တပ်စခန်းရှိတဲ့ နေရာတွေဟာ အနည်းဆုံး မိုင် (၂၀) မိုင် (၃၀) လောက်မှာရှိတယ်။ ကျနော်တို့မှာ တာဝေးပစ်ဒုံးကျည်လည်း မရှိဘူး" ဟု ခေတ်ပြိုင်သို့ပြောကြားသည်။
ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် တပ်မဟာ (၆) တပ်မဟာ ရုံးမှ ဒုတိယဗိုလ်မှူးကြီးတဦးက ပြောကြားရာ တွင် "မြဝတီ-ဖားအံ ကားလမ်းမရဲ့ တောင်ဘက်မှာ တပ်မဟာ (၆) အခြေစိုက်ပြီး မြောက်ဘက်မှာ တပ်မဟာ (၇) အခြေစိုက်တယ်။ မြဝတီမှာရှိတဲ့ ကျနော်တို့လူတွေရဲ့ အဆိုအရ အခုကျတဲ့ကျည်ဟာ (၆၀) မမကျည်ဖြစ်တယ်လို့ သိရတယ်။ ကျနော်တို့ တပ်တည်နေရာနဲ့ဆိုရင် (၆၀) မမနဲ့ပစ်လို့ ဘယ်လိုမှရောက်စရာ အကြောင်းမရှိ ဘူး။ မြဝတီမြို့ အနီးပတ်ဝန်းကျင်ကို ပြောက်ကျားနည်းနဲ့ ဝင်တိုက်တာတွေတော့ရှိတယ်" ဟုပြောသည်။
ယခုဖြစ်ရပ်နဲ့ပတ်သက်၍ ဒီကေဘီအေ အဖွဲ့မှ အရာရှိတဦးက "ဒီကိစ္စ ပြောရမယ် ဆိုရင် နိုင်ငံရေးဆိုတာ ကောက်ကျစ် ညစ်ပတ်မှု၊ မဟုတ်ရင် ဘယ်မြဲမှာလဲ။ ဘယ်သူဘယ်ဝါ လုပ်သလဲဆိုတာ သိချင်ရင် ကိုယ့်ဖာသာကိုယ် စဉ်းစားကြ" ဟု ပြောသည်။
မြဝတီမြို့ခံတဦးက အမှတ်(၅) ရပ်ကွက် ဇေ တည်းခိုခန်းအနီးတွင် လက်နက်ကြီးကျည်ကျသဖြင့် တည်းခိုခန်းအနီး ရပ်ထားသည့် တောင်းအေ့စ် ကားတစီး အနည်းငယ်ပျက်စီးသွားပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း၊ အစိုးရမှ ကေအန်ယူ လက်ချက်ဟု ဆိုသော်လည်း မြို့ခံများမှာ စိတ်ဝင်စားမှုနှင့် ယုံကြည်မှု မရှိကြောင်း ပြောကြားသည်။
ယခင်ကလည်း မြဝတီမြို့ ချစ်ကြည်ရေးတံတားထိပ်ရှိ မွန်ပြည်သစ်ပါတီမှ မွန်မြင့်အောင်ပိုင်သည့် ရွှေပြည်စံရာ တည်းခိုခန်းတွင် လူမရှိသည့်အခန်းအတွင်းမှ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ယနေ့ထိ လက်သည်ဖမ်းဆီးရမိခြင်း မရှိဘဲ မြန်မာအာဏာပိုင်များ က မြန်မာအတိုက်အခံအဖွဲ့အစည်းများနှင့် ကေအန်ယူကို အပြစ်ပုံချ စွပ်စွဲထားသည်။
ယမန်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ကေအန်ယူအကြမ်းဖက်သောင်းကျန်းသူများ သည် ကရင်ပြည်နယ် မြဝတီမြို့အတွင်းသို့ လက်နက်ကြီးများဖြင့် အဝေးမှ (၄) ချက်ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည် (၂) လုံးသည် မြို့နှင့် အနောက်တောင်ဘက် (၇) မိုင်အကွာတွင်လည်းကောင်း၊ လက်နက်ကြီးကျည် (၁) လုံးသည် မြဝတီမြို့ ဇေ တည်းခိုခန်း အနီးတွင်လည်းကောင်း၊ ကျန်လက်နက်ကြီး (၁) လုံးသည် တောရဘုန်းကြီးကျောင်းဝင်း အတွင်း၌လည်းကောင်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးထိခိုက်ဒဏ်ရာရရှိမှု တစုံတရာမရှိကြောင်း သိရသည်ဟု ဖော်ပြထားသည်။
Posted by (လင်္ကာဒီပ) at 11:14 PM 0 comments
Labels: news
ကင်တာနား ကရင်ပြည်နယ်သွားရောက် စုံစမ်း
ဗွီအိုအေ မြန်မာ
15 February 2009
မြန်မာနိုင်ငံမှာ ၆ရက်တာ ခရီး ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင်အရေး အထူးကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနားဟာ ဒီနေ့ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ဘက်တွေကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။ မစ္စတာ ကင်တားနားရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး သင်းသီရိက စုံစမ်း တင်ပြထားပါတယ်။
မစ္စတာ ကင်တားနားရဲ့ မြန်မာပြည် အရှေ့တောင်ဘက်ခြမ်း ခရီးစဉ် ဘားအံနဲ့ ကရင်ပြည်နယ်တွင်းမှာ ရှိတဲ့ ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ခေါင်းဆောင် တချို့နဲ့ တွေမယ်လို့ သတင်းရပါတယ်။ မြန်မာနိုင်ငံထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများဆုံးရှိတဲ့ ကရင်ပြည်နယ်ထဲမှာ ဒေသခံတိုင်းရင်းသား ခေါင်းဆောင်တွေကို တွေ့ဆုံမယ်လို့လည်း ယူဆနိုင်ပါတယ်။ အခုလို မစ္စတာ ကင်တားနား ဘားအံကို လာမယ်ဆိုတဲ့အတွက် ဒေသခံအာဏာပိုင်တွေရဲ့ ကြိုတင်ပြင်ဆင်မှုတချို့ကို ဘားအံဒေသခံ တဦးက အခုလို ပြောပြပါတယ်။
“လာတာတော့ ကားနဲ့လာတယ်။ ကင်တာနားမလာခင် ၁ရက်အလိုမှာ တောင်ပေါ်သွားတဲ့ လမ်းတလျှောက်မှာ လေယာဉ်ကွင်းတို့ တောင်တက်ရာ လမ်းတလျှောက်နေရာတွေကို ၀န်ထမ်းတွေ သန့်ရှင်းရေး လုပ်ရတယ်။ ထောင်သားတွေကို အင်္ကျီ အသစ်တွေ ပေးဝတ်ထားတယ်။ ထမင်းစားတော့ ဇွန်းခက်ရင်းနဲ့ ပေးစားတယ်လို့ ကြားရတယ်။”
မစ္စတာကင်တာနားဟာ ဘားအံကတဆင့် မွန်ပြည်နယ်ဘက်ကို ခရီးဆက်နေတယ်လို့ အတည်ပြုမရတဲ့ သတင်းတွေအရ သိရပါတယ်။ မော်လမြိုင်မှာက ICRCအဖွဲ့ရှိနေတော့ လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းဖို့လို့ ယူဆရပါတယ်။ DPA သတင်းဌာနရဲ့ ဖော်ပြချက်အရဆိုရင်တော့ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေကိုလည်း ခရီးဆက်ဖို့ ရှိတယ်လို့ ရေးသားထားပါတယ်။ ဒါပေမယ့် မစ္စတာ ကင်တားနားရဲ့ ခရီးစဉ်ဟာ မြန်မာ စစ်အစိုးရက စီစဉ် ပေးတဲ့ ခရီးစဉ်တွေ ဖြစ်တဲ့အတွက် လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေ ဘယ်လောက်ထိ စုံစမ်းနိုင်မလဲဆိုတာကို စောင့်ကြည့်ရဦးမှာဖြစ်သလို၊ မစ္စတာ ကင်တားနား ဘယ်ကိုသွားလို့ ဘာကိုလုပ်မယ်ဆိုတာတောင် အတည်ပြုဖို့ ခက်ခဲနေပါတယ်။
မြန်မာနိုင်ငံမှာကတော့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မရောက်ခင် ရက်ပိုင်းအလိုမှာပဲ နိုင်ငံအ၀န်းးမှာ ပိတ်ထားတဲ့ ထောင်ဝင်စာတချို့ ပြန်ဖွင့်ပေးခဲ့တာတွေ နှစ်ရှည်ထောင်ဒဏ်ချထားမှတ်ခံထားရတဲ့ ရုပ်ရှင်သရုပ်ဆောင် ကိုဇာဂနာနဲ့ အားကစားဂျာနယ် အယ်ဒီတာဟောင်း ကိုဇော်သက်ထွေးတို့အမှုတွဲတွေကို ပြစ်ဒဏ်လျော့ပေါ့တာတွေ လုပ်ခဲ့ပါတယ်။
မစ္စတာ ကင်တားနား မြန်မာပြည်ကို သွားတာ အခုဆိုရင် ဒုတိယအကြိမ်ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရက ကျင်းပပေးမယ်ဆိုတဲ့ ၂၀၁၀ရွေးကောက်ပွဲ မတိုင်ခင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စ ၄ချက်ကို အကောင်အထည်ဖော်ဖို့အတွက် မြန်မာစစ်အစိုးရကို တိုက်တွန်းထားပါတယ်။ တရားဥပဒေစိုးမိုးရေး၊ အခြေခံဥပဒေသစ်ထဲမှာ လူ့အခွင့်အရေး ပြဌန်း ချက်တွေ ပါမပါဆိုတာနဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့အပြင်၊ စစ်တပ်အတွင်းမှာ လူ့အခွင့်အရေး ကိစ္စတွေကို နားလည် သဘောပေါက်လာအောင် ကျင့်သုံး အသိပေးဖို့ အချက်တွေ ပါဝင်ပါတယ်။
မစ္စတာ ကင်တားနားရဲ့ ပထမအကြိမ်ခရီးစဉ်မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရခဲ့သလို အခုအကြိမ်မှာလည်း တွေ့ဆုံခွင့် ရဖို့ကလည်း မသေချာသေးပါဘူး။
Posted by (လင်္ကာဒီပ) at 10:56 PM 0 comments
Labels: news
အမျိုးသား ပြန်လည် သင့်မြတ်ရေး သူရဲကောင်းဆု ချီးမြှင့်
ဗွီအိုအေ မြန်မာ
15 February 2009
မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် စွန့်လွှတ်စွန့်စားပြီး ဆောင်ရွက်ကြသူတွေအတွက် ဆုချီးမြင့်ပြီး ဂုဏ်ပြုတဲ့ အခမ်းအနားတခုကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့က နော်ဝေးနိုင်ငံ အော်စလိုမြို့မှာ ကျင်းပခဲ့ပါတယ်။ ဒီဆုကို နော်ဝေနိုင်ငံရောက် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ နဲ့ တိုင်းရင်းသားအဖွဲ့ တချို့က ဦးစီးပြီး စီစဉ်ခဲ့တာပါ။ မြန်မာနိုင်ငံမှာ နိုင်ငံရေး တိုးတက်ပြောင်းလဲဖို့အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ ပဓာန ကျတာမို့ ဒီ အမျိုးသား ပြန်လည် သင့်မြတ်ရေး သူရဲကောင်း ဆုကို ချီးမြှင့်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ နော်ရှိုး က မေးမြန်းစုံစမ်းထားပါတယ်။
အခုလို အမျိုးသားပြန်လည် သင့်မြတ်ရေး သူရဲကောင်းဆု ကို ချီးမြှင့်ခြင်း ခံခဲ့ရသူ ၅ ဦးကတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဌ လက်ရှိထောင်တွင်း အကျဉ်းကျနေတဲ့ ဦးခွန်ထွန်းဦး၊ ဇိုမီးအမျိုးသားကွန်ဂရက် က ဦးပူကျင်ရှင်းထန်၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တဦး ဖြစ်ပြီး လက်ရှိထောင်တွင်း ရောက်နေတဲ့ နိုင်ငွေသိန်း၊ ရခိုင်ဒီမိုကရေးအဖွဲ့ချုပ်က ဦးအေးသာအောင်၊ အရင်နှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရတဲ့ ကရင်အမျိုးသား အစည်းအရုံးက ပဒိုမန်းရှာ တို့ ဖြစ်ပါတယ်။ ဒီဆုကို နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ရှိနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ တိုင်းရင်းသား အဖွဲ့တွေက ကော်မတီဖွဲ့ပြီး ပေးအပ်ချီးမြင့်ဖို့ စီစဉ်ခဲ့တာပါ။
ဒီဆုဖြစ်ပေါ်လာပုံနဲ့ ပတ်သက်ပြီး သိရအောင် အဲဒီကော်မတီမှာ အဓိကပါဝင်သူထဲက တဦးဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုသူရိန် ကို မေးကြည့်တော့ သူက အခုလို ဖြေပါတယ်။
“ကျနော်တို့ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးက အဓိက လိုအပ်ချက်ပါပဲခင်ဗျ။ အဲဒီ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရင်ကြားမစေ့နိုင်ဘဲ မည်သည့်အဖွဲ့ မည်သည့်သူကမှ ဘယ်လုပ်ငန်းစဉ်ပဲ လုပ်လုပ် တိုင်းပြည်အတွက်ရော မြန်မာနိုင်ငံသားတွေအတွက်ရော ဘာတခုမှ ဖြစ်ထွန်းတိုးတက်မှာ မဟုတ်ဘူးလို့ ကျနော်တို့တော့ ဒီလိုပဲ ခံယူတယ်ခင်ဗျ။ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့ နိုင်ငံမှာ အမျိုးသားသွေးစည်းမှုကြီးက ရာစုနှစ်ဝက်ကျော်နေပြီခင်ဗျ။ အဲတော့ ကျနော်တို့က အမျိုးသားပြန်လည် သင့်မြတ်ရေးကို အမျိုးသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်ဖို့ လိုလာတယ်ခင်ဗျ။ အဲဒီအခါမှာ ကျနော်တို့က အပေးအယူ အလျော့အတင်းတွေ ရှိဖို့ လိုလာတယ်ခင်ဗျ။”
ဟုတ်ကဲ့။ ဒီပုဂ္ဂိုလ်တွေကို ဘယ်လို အချက်တွေကြည့်ပြီးတော့ ကော်မတီက ရွေးချယ်ခဲ့တာလဲရှင့်။ -
“ဒီခေါင်းဆောင် ၅ ဦးကို ပေးရတာကတော့ သူတို့ရဲ့ ဖြတ်သန်းမှု သူတို့ရဲ့ လုပ်ဆောင်ချက်တွေပေါ့၊ သူတို့ရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေဟာ ကျနော်တို့အနေနဲ့ စံနမူနာ ယူသင့်တယ်။ အမျိုးသား သွေးစည်းညီညွတ်ရေးအတွက် သူတို့က တောင်းဆို တိုက်ပွဲဝင်ခဲ့တယ်။ အဲဒီအတွက်လည်း ဖိနှိပ်သတ်ဖြတ် ခံရတယ်။ လုပ်ကြံသတ်ဖြတ်ခံရတယ်။ ညှင်းပမ်းနှိပ်စက် ခံရတယ်။ ထောင်တွင်းအကျဉ်းကျ ခံရတယ်။ ဒီလို ကြားကနေပြီးတော့ သူတို့ တစိုက်မတ်မတ် နဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံပြီး လုပ်ဆောင်ခဲ့တဲ့အပေါ်မှာ ကျနော်တို့အနေနဲ့က အသိအမှတ်ပြုတယ်။ ဂုဏ်ပြုတဲ့အနေနဲ့ ပေးတာခင်ဗျ။ နောက်ပြီးတော့ ကျနော်တို့ ဒီနေ့ လှုပ်ရှားမှုကြီးတခုလုံးမှာပဲဖြစ်ဖြစ်၊ အတိုက်အခံ အချင်းချင်းကြားမှာပဲ ဖြစ်ဖြစ်၊ အတိုက်အခံနဲ့ နအဖ စစ်အစိုးရနဲ့ကြားမှာပဲဖြစ်ဖြစ် ကျနော်တို့ဟာ အပြန်အလှန် တန်ဖိုထားတတ်မှုတွေ၊ အပြန်အလှန် အသိအမှတ်ပြုမှုတွေ ရှိဖို့ စိတ်ဓါတ်တွေ မွေးဖို့ ကျနော်တို့ လိုအပ်တယ်ခင်ဗျ။ ဒီအခြေခံက ကျနော်တို့ ဘယ်လုပ်ငန်းစဉ်ပဲလုပ်လုပ် ကျနော်တို့ အောင်မြင်မှာမဟုတ်ဘူးခင်ဗျ။ ဒါကြောင့်မိုလို့ ကျနော်တို့က ပြယုဒ် အဖြစ်နဲ့ ကျနော်တို့ ၈၈ မျိုးဆက်တွေကနေပြီးတော့ ဒီခေါင်းဆောင်တွေကို ညီညွတ်မှုရဲ့ ပြယုဒ်အဖြစ် ကျနော်တို့ ဒုတိယ လွတ်မြောက်ရေးတိုက်ပွဲရဲ့ ဒုတိယပင်လုံ ခေါင်းဆောင်တွေအဖြစ် သတ်မှတ်ပြီး ကျနော်တို့ ပေးရခြင်းဖြစ်ပါတယ်ခင်ဗျ။”
ဟုတ်ကဲ့။ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးလို့ ဆိုတဲ့နေရာမှာ ပဋိပက္ခ ဖြစ်နေသူတွေအကြား ပြန်လည်ရင်ကြား စေ့တာကို ဆိုလိုတာလို့ နားလည်းထားကြတယ် ဆိုတော့ အခု ကိုသူရိန်တို့ ရွေးချယ်တဲ့ အထဲမှာ ဒီမိုကရေစီအင်အားစုတွေ ဘက်ကပဲဖြစ်နေတာကို တွေ့ရပါတယ်။
စစ်အစိုးရဘက်ကိုရော ဒီလိုဆုမျိုးနဲ့ အသိအမှတ်ပြုဖို့ အစီအစဉ်ရော ရှိနိုင်မလားရှင့်။ -
“ကျနော်တို့ အချင်းချင်းတင်မဟုတ်ဘဲနဲ့ နအဖ နဲ့ပါ ကျနော်တို့က အပြန်အလှန် နားလည်မှုရှိအောင် လုပ်နိုင်တာ၊ သူတို့ဘက်က တကယ် စစ်စစ်မှန်မှန်နဲ့ လုပ်ဆောင်လာတယ် ဆိုရင်တော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ ဒါကို စစ်စစ်မှန်မှန်နဲ့ တကယ်လုပ်ဆောင်လာတယ် ဆိုရင်တော့ သူ့ကိုလည်း ကျနော်တို့ ဂုဏ်ပြုရမှာပဲခင်ဗျ။ ဒီဆု ချီးမြှင့်ဖို့ ကျနော်တို့က ၀န်မလေးဘူးခင်ဗျ။”
ဆက်လက်ပြီး ကိုသူရိန် က ဒီလိုဆုမျိုးကို နောင်လာမယ့် နှစ်တွေမှာလည်း ချီးမြှင့်နိုင်ဖို့ အစီအစဉ် ရှိတယ်လို့ ပြောခဲ့ပါတယ်။ မနေ့က အခမ်းအနားမှာ ဆုချီးမြှင့်ခြင်းခံသူရသူ တဦးမှ တက်ရောက်နိုင်ခြင်းတော့ မရှိပါဘူး။ မနှစ်ကကျဆုံးသွားတဲ့ ပဒိုမန်းရှာ ကိုယ်စား ဆုလာရောက် လက်ခံခဲ့သူ သမီးဖြစ်သူ နန့် ဇိုရာဖန် ကလည်း ဒီအခမ်းအနာမှာ သူရဲ့ခံစားချက်နဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။
“ကျမ ပဒိုမန်းရှာ ရဲ့သမီး တယောက်အနေနဲ့ ပြီးတော့ ကရင်တမျိုးသားလုံး အတွက် ကျမ ဂုဏ်ယူမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့အဖေ လုပ်ဆောင်ခဲ့တဲ့ အလုပ်အကိုင်တွေပေါ့နော်။ ဒီမိုကရေစီ ရရှိရေးအတွက်ရော၊ တိုင်းရင်းသားအားလုံး ညီညွတ်ရေးနဲ့ တိုင်းရင်းသား အားလုံး တန်းတူရေးပေါ့နော်။ ပျော်ပျော်ရွှင်ရွှင် အတူတကွ နေထိုင်နိုင်ကြဖို့ ဒီ ဖယ်ဒရယ် ပြည်ထောင်စု စနစ်ကို သူ ယုံကြည်ခဲ့ပါတယ်။”
မနေ့က ဒီအခမ်းအနား ကျင်းပတဲ့နေ့ဟာ ပဒိုမန်းရှာ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရတာ တနှစ်တိတိ ဖြစ်တာမို့ ၀ါရှင်တန်ဒီစီ မြို့တော်မှာရော ထိုင်းမြန်မာနယ်စပ်က နိုင်ငံရေး အင်အားစုတွေအကြားမှာပါ အောက်မေ့ဖွယ် အခမ်းအနားတွေကို ပြုလုပ်ခဲ့ကြပါတယ်။ ပဒိုမန်းရှာကို ဘယ်သူက လုပ်ကြံ သတ်ဖြတ်ခဲ့သလဲ ဆိုတာကတော့ အခုထိ လက်သည် မပေါ်သေးပါဘူး။
Posted by (လင်္ကာဒီပ) at 10:49 PM 0 comments
Labels: news
ဦးအောင်နိုင်ဦးနှင့် သူ၏မျက်နှာဖြူဇနီးအား ကြေငြာအသိပေးခြင်း
Saturday, February 14, 2009Saturday, February 14, 2009
ဦးအောင်နိုင်ဦးနှင့် သူ၏မျက်နှာဖြူဇနီးအား ကြေငြာအသိပေးခြင်း
မြန်မာအရေးလေ့လာသူ ဦးအောင်နိုင်ဦးမှ ၃၁.၁.၂၀၀၉ နေ့တွင် KNU အစည်းအရုံးကြီးဧ။် တော်လှန်ရေး အနှစ် ၆၀ ကာလတိုင်တိုင် ကိုင်စွဲခဲ့သော ဥက္ကဌကြီး စောဘဦးကြီးဧ။် မူလေးချက်ကို KNUအစည်းအရုံးကြီးဧ။် ၁၄ ကြိမ်မြောက်
ကွန်ဂရက်မှ ဆက်လက်ကိုင်ဆွဲသွားရန်ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားသင့် ကြောင်းပြောဆို ဝေဖန်ချက်မှာ -
1. သဘောရိုးဖြင့်ဝေဖန်ပြောဆိုခြင်းမဟုတ်ဘဲ KNU အစည်းအရုံးကြီးဧ။် ဦးဆောင်တော်လှန်ရေး တိုက်ပွဲကို တွေဝေသွားစေရန် ရည်ရွယ်ချက်ရှိရှိ ပြောဆိုဝေဖန်ခြင်းဖြစ်သည်။
2. KNU အစည်းအရုံးကြီးဧ။် တရားသော လက်နက်ကိုင်တော်လှန်ရေးစစ်ပွဲကို အသိအမှတ်ပြုရန် ငြင်းဆိုခြင်းဖြစ်သည်။
3. KNU အစည်းအရုံးဧ။် ဒီမိုကရေစီတော်လှန်ရေးကို ပြည်သူတရပ်လုံးဧ။် ရန်သူဖြစ်သော စစ်အာဏာရှင် လက်သို့ အညံ့ခံရန် တစ်ပေါင်းတစ်စည်း တစ်ကျိပ်တစ်ဥာဏ်တည်းဖြစ်သည်ကို တွေ့ရှိရပါသည်။
အောင်နိုင်ဦး သို့-
1. KNU ကရင်အမျိုးသားအဖွဲ့ အစည်း ကြီးဧ။် လက်နက်ကိုင်တော်လှန်ရေး ဖြစ်ပေါ်လာရခြင်းမှာ ဘာကြောင့်လဲ၊
2. ၁၉၄၉ မှ ၁၉၆၂ ခုနှစ်အထိ နိုင်ငံကို အုပ်စိုးခဲ့သော ဖဆပလ အစိုးရ အုပ်ချူပ်ခဲ့သော (၁၄) နှစ်တာ ကာလ အတွင်း လက်နက်ကိုင်တော်လှန်ကြသော တော်လှန်ရေးအဖွဲ့ အစည်းများ နှင့် ဖြေရှင်းရာတွင် မိမိ အစိုးရကိုယ်တိုင် ဘာကြောင့် အာဏာ အသိမ်းခံရသလဲ။
3. တဖန် ၁၉၆၂ မှ ၁၉၈၈ ခုနှစ်အထိ အုပ်စိုးခဲ့သော မဆလ အစိုးရ ဧ။် (၂၆) နှစ် အုပ်စိုးမှု့မှာ မြန်မာလူမျိုးအပါအဝင် ပြည်သူလူထု တိုင်းရင်းသားများဧ။် အုံကြွ ဖြုတ်ချမှု့ကို ဘာကြောင့် ခံရသနည်း။
4. တဖန် ၁၉၈၈ မှ ၂၀၀၈ ခုနှစ်အထိ တတိယ အကြိမ် အာဏာလု တက်လာသော နဝတ/နအဖ အစိုးရဧ။် အနှစ် ၂၀ အုပ်စိုးမှု့အတွင်း မည်သည့်တိုင်းရင်းသားအရေးကိုမျှ ဖြေရှင်းပေးနိုင်ခြင်း မရှိရုံမျှ မက -
• ဖဆပလ (၁၄) နှစ်သက်တမ်း
• မဆလ (၂၆) နှစ် သက်တမ်း
• နဝတ/နအဖ အနှစ် (၂ဝ) သက်တမ်း
စုစုပေါင်း အနှစ် (၆၀) အတွင်း ရှိရင်စွဲ မည်သည့်ပြသနာ မည်သည့်လူမျိုးရေးမျှ ဖြေရှင်းနိုင်စွမ်း မရှိရုံသာမက တနိုင်ငံလုံး - နိုင်ငံရေး၊ လူမှု့ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အဖက်ဖက်မှ ချွတ်ခြုံကျနေသည်မှာ ကမ္ဘာအသိပင်ဖြစ်သည်။
အထဲတွင် -
ဖဆပလ အစိုးရလက်ထက်
မဆလအစိုးရလက်ထက်
အခု နဝတ/နအဖ စစ်အာဏာရှင် အုပ်ချူပ်ရေး ဗမာလူမျိုးအပါအဝင် တိုင်းရင်းသား အားလုံးအနက် - ကရင်အမျိုးသားများကို နည်းမျိုးစုံ
1. ယဉ်ကျေးမှု့
2. စီးပွားရေး
3. လူမှု့ရေး
4. ဘာသာရေးအရသာမက လူမဆန်စွာ ကန်းကုန်အောင် နှိပ်စက်ညှင်းပန်းပြီး
မျိုးဖြုတ်လူမျိုးတုန်းသတ်ဖြတ်နေမှု့မှာ ကမ္ဘာ အသိပင်ဖြစ်သည်။ ယင်းအခြေ အနေအတွက် ကရင် အမျိုးသား တို့သည် ခေါင်းဆောင် စောဘဦးကြီးဧ။် မူ လေးချက်ကို ကိုင်ဆောင်လျှက် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် တိုက်ပွဲဝင်ရုံမှ လွဲ ၍ အခြားလမ်းမရှိကြောင်းကို ကရင်အမျိုးသားများသာမက ကမ္ဘာသို့ တိုက်ပွဲ ဝင်သွားမည်သာဖြစ်ကြောင်း ကြော်ငြာ အပ်ပါသည်။
မဟာမိတ် ဒီမိုကရေစီ အဖွဲ့များထံမှ ရရှိသော သတင်းအတည်ပြုချက်များအရ ဦးအောင်နိုင်ဦးသည် နအဖ ဧ။် အသုံးတော်ခံ ဘက်သားတော်ဖြစ်ကြောင်း သတင်းမှာ လူထု တရပ်လုံးအသိဖြစ်ပါသည်။
ဦးအောင်နိုင်ဦးဧ။် မျက်နှာဖြူဇနီး (Shona Kirwood) မှာ မြန်မာနိုင်ငံအတွင်း တံခါးမရှိ ဓါးမရှိ ဝင်ထွက် ပြီး စစ်အာဏာရှင်အစိုးရ အလိုကျ အတိုင်း လှုပ်ရှားရာတွင် အထူးသဖြင့် ကရင် လူမျိုးများကို ပစ်မှတ်ထား လှုပ်ရှား နေမှု့ကို ကရင်လူမျိုးများက လုံးဝသိရှိနေပါသဖြင့် ယင်းကဲ့သို့ ဆက်လက်လှုပ်ရှားနေပါက ကရင်အမျိုးသားများအနေဖြင့် ဆက်လက်လှုပ်ရှားမှု့ မပြုနိုင်အောင် လိုအပ်သလို ဆောင်ရွက်ရမည် ဖြစ်ကြောင်း ကြိုတင်ကျေငြာအပ်ပါသည်။
ဖားစည်သံဝက်ဆိုက်ဘ်မှ ကူးယူဖော်ပြသည်။
Posted by (လင်္ကာဒီပ) at 5:38 PM 0 comments
Labels: news
ကရင့်အမျိုးသားခေါင်းဆောင် ပဒိုမန်းရှာလားဖန်း ကျဆုံးခြင်း တနှစ်ပြည့်အခမ်းအနားကျင်းပ
Saturday, 14 February 2009 21:58 ရိုးမ ၃
ကရင့်အမျိုးသားခေါင်းဆောင် ပဒိုမန်းရှာလားဖန်း ကျဆုံးခြင်းတနှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ထိုင်း-မြန်မာနယ်တွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ တိုင်းရင်းသားအဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ ဒီမိုကရေစီ မဟာမိတ်အဖွဲ့အစည်းခေါင်းဆောင်များ၊ တိုင်းရင်းသား လူငယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ပဒိုမန်းရှာအား ရည်စူး၍ သံဃာတော်များကို ဆွမ်းဆက်ကပ်လှူဒါန်းနောက် တက်ရောက်လာသည့် အဖွဲ့အစည်းခေါင်းဆောင်များက အမှတ်တရစကား ပြောဆိုခဲ့ကြသည်။
“ပဒိုမန်းရှာဟာ တမျိုးသားလုံးတော်လှန်ရေး ဖက်ဒရယ်တည်ထောင်ရေးအပေါ်မှာ တစိုက်မတ်မတ် ကြိုးစားခဲ့တဲ့ ခေါင်းဆောင်ဖြစ်တယ်၊ နိုင်ငံရေး ဆွေးနွေးတဲ့အခါမှာလဲ တဖက်လူလက်ခံလာအောင် အချက်အလက်စုံလင်စွာနဲ့ ရှင်းပြနိုင်တဲ့ စွမ်းရည်ရှိတယ်၊ အဲဒါကြောင့်လဲ သူ့ကို လူတိုင်းက လေးစားကြတာဖြစ်တယ်” ဟု ကရင်အမျိုးသားအစည်းအရုံးမှ မန်းငြိမ်းမောင်က ပြောသည်။
ကရင်တော်လှန်ရေးအပေါ် ဆက်လက်တာဝန်ယူမည့် မျိုးဆက်သစ်လူငယ်များအနေဖြင့် ပဒိုမန်းရှားလားဖန်းကို အတုယူကာ ဆက်လက်တိုက်ပွဲဝင်သွားရန်နှင့် ဇူလိုင် (၁၉) သည် အာဇာနည်နေ့ဖြစ်သလို ဖေဖော်ဝါရီလ (၁၄) ရက်နေ့သည်လည်း အမျိုးသားလွတ်မြောက်ရေး၊ ဘဝလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရင်း လုပ်ကြံခြင်းခံလိုက်ရတဲ့ ကရင့်အာဇာနည်နေ့ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ပဒိုမန်းရှာလုပ်ကြံခံရခြင်းနှင့် ပတ်သက်၍ “လုပ်ကြံခံရတာက သေနတ်သမားတွေက (DKBA) ကပါ၊ ဒါပေမဲ့ စစ်အာဏာရှင် နအဖရဲ့ အစီအစဉ်ဆိုတာ သိရတယ်၊ မန်းရှာက ရန်ငါ ပြတ်ပြတ်သားသား မြင်တယ်၊ ဒီမိုကရေစီအင်အားစုနဲ့ တိုင်းရင်းသားအင်အားစုအကြား ခိုင်မာတဲ့ ပေါင်းကူးတံတားကြီး ဖြစ်တယ်၊ အဲဒါကြောင့် သူတို့က ငွေကြေးနဲ့ တခြားလိုအပ်တာတွေကို အနောက်က ထောက်ပံ့ပြီး လုပ်ကြံခြင်းဖြစ်ပါတယ်” ဟု (KNU) ဒုတိယဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါက ဆာသူးလေ အထက်တန်းကျောင်းတွင် ပြုလုပ်သည့် ပဒိုမန်းရှာအောက်မေ့ဖွယ် အခမ်းအနားတွင် ပြောသည်။
မတရားသည့်ဝါဒများတိုက်ဖျက်ပြီး အမျိုးသားရေးအနေဖြင့် ကရင်အမျိုးသားများ အဖိနှိပ်ခံဘဝက လွတ်မြောက်ဖို့လိုအပ်ပြီး အခြားသော တိုင်းရင်းသားအားလုံး တော်လှန်ရေးကို ပြတ်ပြတ်သားသား တိုက်ပွဲဝင်သွားရန်တိုက်တွန်းလိုကြောင်း ၎င်းက ဆက်ပြောသည်။
“ကျမပြောချင်တာက ကရင်အမျိုးသားအစည်းအရုံးရော၊ ကရင်အဖွဲ့အစည်းတွေအားလုံးက သူရဲ့ ယုံကြည်ချက်တွေကို လိုက်နာပြီး တော်လှန်ရေးကို ဆက်လက်တိုက်ပွဲဝင်သွားဖို့ ပြောချင်ပါတယ်၊ သူရဲ့ကြိုးစားမှု၊ နိုင်ငံရေးအရ လုပ်ဆောင်မှုတွေဟာ ဒီမိုကရေစီရရှိရေးနဲ့ ဖက်ဒရယ်တည်ဆောက်ရေး တော်လှန်ရေး ပြီးဆုံးအောင် သွားနိုင်ဖို့ မြင်ပါတယ်” ဟု (KNU) အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က ပြောသည်။
ကရင့်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်းသည် ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် ရန်သူ၏ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်။
ပဒိုမန်းရှာလားဖန်းကို ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ တောကျောင်းရွာတွင် ၁၉၄၃ တွင် မွေးဖွားခဲ့ပြီး ၁၉၆၄ တွင် ရန်ကုန်တက္ကသိုလ်မှ သမိုင်းဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ပြီးနောက် ၁၉၆၄ တွင် ကရင့်အမျိုးသားအစည်းအရုံးသို့ ရောက်ရှိခဲ့ပြီး အမျိုးသားတန်းတူရေးနှင့် ဒီမိုကရေစီရေးအတွက် သေဆုံးချိန်အထိ တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။
Posted by (လင်္ကာဒီပ) at 5:27 PM 0 comments
Labels: news
နာမည်မသေသော ဖဒိုမန်းရှာ
Friday, February 13, 2009Friday, 13 February 2009 19:03 အေးလဲ့
ကရင် တိုင်းရင်းသား ခေါင်းဆောင် ဖဒိုမန်းရှာလားဖန်း လုပ်ကြံခံရပြီး ကွယ်လွန်ခဲ့သည်မှာ ၁ နှစ်ပြည့်ပြီ ဖြစ်သော်လည်း ယခုအချိန်အထိ ဒီမိုကရေစီ အင်အားစုများက သတိရနေကြဆဲ ဖြစ်သည်။
ထိုင်း မြန်မာ နယ်စပ်ဒေသ ဒီမိုကရေစီအရေး လှုပ်ရှားနေသည့် အဖွဲ့အစည်းများ အကြားတွင် ဖဒိုမန်းရှာ ကဲ့သို့ နိုင်ငံရေး ခေါင်းဆောင်မျိုး အလွန် ရှားပါးသည် ဟု ပြောဆိုနေကြသည်။
ကွယ်လွန်သူ ကရင်ခေါင်းဆောင်ကြီး နှစ်ဦးဖြစ်သော ဗိုလ်ချုပ်မြနှင့် ဖဒိုမန်းရှာ (ဓာတ်ပုံ - ထိန်လင်း)
ဖဒိုမန်းရှာသည် မြန်မာစစ်အစိုးရအား လက်နက်ကိုင် ဆန့်ကျင်နေသော ကရင်အမျိုးသား အစည်းအရုံး (KNU)တွင် ခေါင်းဆောင်တဦးအဖြစ် နှစ်ပေါင်းများစွာ တာဝန်ယူခဲ့သည်။
ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၁၄ရက်နေ့ က ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ရှိ နေအိမ်တွင် သေနတ်သမား နှစ်ဦး၏ လုပ်ကြံ သတ်ဖြတ်မှုကြောင့် ကွယ်လွန်ခဲ့သည်။ လုပ်ကြံမှု၏ နောက်ကွယ်တွင် မည်သူမည်ဝါ ရှိသည်ကို ယနေ့တိုင် ဖော်ထုတ် နိုင်ခြင်း မရှိသေးပေ။
“သူ့ကို ဆုံးရှုံးခဲ့ရတဲ့ ဆုံးရှုံးမှုက ကျနော်တို့ အတွက် အင်မတန် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်တယ်။ သူရှိတုန်းက ဆိုရင် ကျနော်တို့ လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ သဘောထားတွေကို ပြည်သူတွေ သိအောင် နိုင်ငံတကာ သိအောင် ပြောဆိုတဲ့အခါ ဒီမိုကရေစီ လှုပ်ရှားမှုတွေကို လွှမ်းခြုံနိုင်တယ်။ တိုင်းရင်းသား လှုပ်ရှားမှုတွေကို လွှမ်းခြုံနိုင်တယ်” ဟု လူ့ဘောင်သစ် ပါတီ် ဥက္ကဌ ကိုအောင်မိုးဇော်က ပြောပြသည်။
“သူ မရှိတော့တဲ့ နောက်ပိုင်း အခြေအနေတွေမှာ အဲဒီလို လူမျိုးတယောက် နောက်ထပ် ပေါ်လာဖို့ အခြေအနေဟာ အခုထိ မတွေ့ရသေးဘူး” ဟု ဆိုသည်။
ဖဒိုမန်းရှာကွယ်လွန်ပြီးနောက်တွင် KNU က ၎င်း၏နေရာ၌ ကရင်အမျိုးသမီးခေါင်းဆောင်တဦး ဖြစ်သူ နော်စီဖိုးရာစိန်ကို တာဝန်ပေး ခန့်အပ်ခဲ့သည်။
ဖဒိုမန်းရှာသည် ကရင်တိုင်းရင်းသားထဲတွင်သာမက ဒီမိုကရေစီပေါ်ထွန်းရေး အတွက် လှုပ်ရှားသည့် အင်အားစုများ၊ တိုင်းရင်းသား အင်းအားစုများ အကြား လေးစား စံထားရသူ တဦးဖြစ်သည်ဟု နော်စီဖိုးရာစိန်က ဆိုသည်။
နောင်လာမည့် ကရင်မျိုးဆက်သစ် လူငယ်များအဖို့ ဖဒိုမန်းရှာကဲ့သို့ ဒီမိုကရေစီလှုပ်ရှားမှု အရေးတွင် ပါဝင်လာဖို့ အားပေးတိုက်တွန်းလိုသည် ဟုလည်း နော်စီဖိုးရာစိန်က ပြောပြသည်။
“ကျမတို့ ဒီတော်လှန်ရေးကြီးက မပြီးဆုံးသေးပါဘူး။ ကျမတို့ သွားချင်တဲ့ ပန်းတိုင်ကိုလည်း မရောက်သေးပါဘူး။ ဒါကြောင့် ဒီ ပန်းတိုင် ရောက်တဲ့ အထိ ပြည်တွင်း၊ ပြည်ပ မှာရှိတဲ့ ကရင် လူငယ်တွေ အတူအကွ ဆက်လက် တိုက်ပွဲဝင် သွားစေချင်ပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု ဟု ခေါ်သည့် အဖွဲ့မှ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင် က ဖဒိုမန်းရှာ ကွယ်လွန်ပြီး နောက်ပိုင်း KNU တွင် မျိုးဆက်ကွာဟမှုများ တွေ့ရသည်ဟု ဆိုသည်။
အပေါ် သူ၏ အမြင်ကို “KNU မှာလည်း ဖဒိုမန်းရှာတို့ ရှေ့ပိုင်း generation (မျိုးဆက်) နဲ့ ဒီ နောက်ပိုင်း generation ကြားထဲမှာ နည်းနည်း ကွာဟမှု ရှိနေသလိုပဲ။ ဒီနေရာမှာ နည်းနည်း အားနည်းချက်တွေ ရှိတယ်” ဟု ဒေါက်တာနိုင်အောင်က ပြောသည်။
မနက်ဖြန် ကျရောက်မည့် ပဒိုမန်းရှာ ကွယ်လွန်ခြင်း တနှစ် ပြည့်သည့် နေ့တွင် နော်ဝေနိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့အစည်းများက စုပေါင်းပြီး “မြန်မာနိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေး သူရဲကောင်းများဆု” ပေးပွဲ အခမ်းအနား ပြုလုပ်မည် ဖြစ်သည်။ ဖဒိုမန်းရှာ အပါအဝင် တိုင်းရင်းသား ခေါင်းဆောင် ၄ဦးကို ရွေးချယ်ထားသည်ဟု ဆိုသည်။
အခြားသုံးဦးမှာ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ဇိုမီးတိုင်းရင်းသား ခေါင်းဆောင် ဦးကျင့်ရှင်းထန်၊ ရခိုင်တိုင်းရင်းသား ခေါင်းဆာင် ဦးအေးသာအောင် တို့ ဖြစ်သည်။
ဖဒိုမန်းရှာသည် ရန်ကုန်တက္ကသိုလ်သို့ ၁၉၆၂ခုနှစ်တွင် စတင် တက်ရောက်ခဲ့သည်။ ဇူလိုင် ၇ ရက် ကျောင်းသားလှုပ်ရှားမှု နှင့်လည်း ကြုံခဲ့ရသည်။ ၁၉၆၆ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ သမိုင်း ဘာသာရပ်ဖြင့် ဘွဲ့ ရရှိပြီးနောက် တောခိုကာ ကရင့်တော်လှန်ရေးတွင် ပါဝင်ခဲ့သည်မှာ ကွယ်လွန်ချိန်အထိ ဖြစ်သည်။ အသက် ၆၄ နှစ်တွင် လုပ်ကြံခံခဲ့ရသည်။
ဖဒိုမန်းရှာသည် နိုင်ငံရေးတပ်ပေါင်းစုကြီး ဖြစ်သည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုသား ကောင်စီ NCUB တွင်လည်း ခေါင်းဆောင် တဦး အဖြစ် တာဝန်ယူခဲ့သည်။
ရေဆန်ဟူသော ကလောင် အမည်ဖြင့်လည်း ကဗျာ နှင့် ဆောင်းပါးများ ရေးသားခဲ့သည်။
ဖဒိုမန်းရှာ၏ သမီးတဦးဖြစ်သူ နမ့်ဇိုယာဖန်းက သူ၏ဖခင် ကွယ်လွန်ခဲ့သော်လည်း သူ၏ ဖခင် ကိုယ်စား ညီညီညွတ်ညွတ် လုပ်ကိုင်ကြရေးအတွက် တိုက်တွန်းလိုသည်ဟု ဆိုသည်။
နမ့်ဇိုယာဖန်းသည် ဗြိတိန်နိုင်ငံမှ မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့ (Burma Campaign UK) ၏ တာဝန်ခံ တဦးလည်း ဖြစ်သည်။
ဇိုယာဖန်းက “ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုင်းရင်းသား လူမျိုးစု အားလုံး စုပေါင်း လက်တွဲ အလုပ်လုပ်ကြဖို့၊ စစ်အစိုးရက ကရင်လူမျိုးတွေကို သွေးခွဲနေတာကို သိပြီးတာ့ ကရင်လူမျိုးများ အချင်းချင်း စည်းလုံး ညီညွတ်မှု ရှိကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ပြောသည်။
Posted by (လင်္ကာဒီပ) at 1:45 PM 0 comments
Labels: article
ဗိုလ်မှူးချုပ် ထိန်မောင် နယ်စပ်စောင့်မည်
Thursday, February 12, 2009
Thursday, 12 February 2009 19:23 ဧရာဝတီ
ကရင် အမျိုးသား အစည်းအရုံး (KNU) မှ ခွဲထွက်သွားသော အဖွဲ့တခုသည် နယ်ခြားစောင့် ပြည်သူ့စစ် အဖွဲ့အဖြစ် အသွင်ပြောင်း ရတော့မည်ဟု ထိုင်း-မြန်မာ နယ်စပ် သတင်းရပ်ကွက် တခုက ဆိုသည်။
ဗိုလ်မှူးချုပ် ထိန်မောင် (ဓာတ်ပုံ - ဧရာဝတီ)
အဆိုပါအဖွဲ့မှာ KNU တပ်မဟာ (၇) တပ်မဟာမှူးဟောင်း ဗိုလ်မှူးချုပ် ထိန်မောင် ဦးဆောင်သည့် ငြိမ်းချမ်းရေးကောင်စီအဖွဲ့ဖြစ်ပြီး မွန်ပြည်နယ် ဘုရားသုံးဆူမြို့ဒေသတွင် တာဝန်ယူရမည်ဟု အပစ်ရပ် လက်နက်ကိုင် အဖွဲ့တခု ဖြစ်သည့် မွန်ပြည်သစ်ပါတီမှ ဗိုလ်မှူး ဉာဏ်ထွန်းက ဧရာဝတီသို့ ပြောပြသည်။
မြန်မာစစ်အရာရှိများသည် ပြီးခဲ့သည့်အပတ်က ဘုရားသုံးဆူဒေသသို့ ရောက်လာပြီး ဗိုလ်မှူးချုပ် ထိန်မောင်၊ ထိုင်း စစ်တပ် အရာရှိများနှင့် စီးပွားရေးဇုန်တခုတည်ဆောက်ရေးအတွက် ဆွေးနွေးခဲ့ကြသည်ဟု ဗိုလ်မှူး ဉာဏ်ထွန်းက ဆိုသည်။
အဆိုပါ စီးပွားရေးဇုန် တည်ဆောက်ရေးကို တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်က စီစဉ်ခဲ့သည်ဟု ဆိုသည်။
အာဏာပိုင်တို့က ငြိမ်းချမ်းရေးကောင်စီကို ဘုရားသုံးဆူ ဒေသတွင် အသုံးပြုရန် ကုန်တင်ကား ၂၆ စီး ပေးအပ်ခဲ့သည်ဟု သိရသည်။ အကဲခတ်များက ဗိုလ်မှူးချုပ် ထိန်မောင်သည် နယ်စပ်ဒေသ ကုန်သွယ်ရေးအတွက် စီးပွားရေး အခွင့်အလမ်းများ ရရှိနေသည်ဟု သုံးသပ်ကြသည်။
ဗိုလ်မှူးချုပ် ထိန်မောင်သည် ၂၀၀၇ ခု နှစ်ဆန်းပိုင်းက တပ်သား ၃၀၀ ခန့်နှင့်အတူ KNU မှ ခွဲထွက်ခဲ့သည်။ ထို့နောက် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့ပြီး ၎င်း၏ ခွဲထွက်အဖွဲ့ကို KNU/KNLA ငြိမ်းချမ်းရေးကောင်စီဟု အမည်ပေးခဲ့သည်။
ယခုအခါ ထိုင်းမြန်မာနယ်စပ်ရှိ ဘုရားသုံးဆူ ဒေသတွင် ဗိုလ်မှူးချုပ် ထိန်မောင်သည် နယ်မြေတချို့ ရရှိထားသည်ဟု သိရသည်။ ထိုဒေသတွင် တည်ဆောက်မည်ဟု ဆိုသော စီးပွားရေးဇုန်၏ လုံခြုံရေးအတွက် နယ်ခြားစောင့်တပ် ဖြစ်လာမည့် သူ၏တပ်များကို လေ့ကျင့်ပေးဖွယ်ရှိသည်ဟု ဒေသခံ အကဲခတ်များက သုံးသပ်နေကြသည်။
သို့သော်လည်း ထိုလှုပ်ရှားမှုများသည် KNU အား တိုက်ခိုက်ရေးအတွက် ပြင်ဆင်မှုများ ဖြစ်နိုင်သည်ဟု အကဲခတ်များက ဆိုသည်။
ကရင်ပြည်နယ်အတွင်းတွင် ငြိမ်းချမ်းရေးကောင်စီ၏တပ်များနှင့် KNU တပ်များ ရံဖန်ရံခါ တိုက်ပွဲ ဖြစ်ပွားလျက်ရှိသည်။
ဗိုလ်မှူးချုပ် ထိန်မောင်၏ တပ်များ ဘုရားသုံးဆူဒေသတွင် အခြေစိုက်လာသည့်အခါ စီးပွားရေးလုပ်ငန်းများ အကန့်အသတ်များ ဖြစ်ပေါ်လာမည်ကို မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်တချို့က စိုးရိမ်နေကြသည်။ ၎င်းတို့၏ လှုပ်ရှားမှုများ ထိခိုက်လာပြီး ပဋိပက္ခများ ဖြစ်ပွားလာမည်ကိုလည်း စိုးရိမ်သည်ဟု ဆိုကြသည်။
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ဟု ခေါ်သော KNU ခွဲထွက်အဖွဲ့တခုသည်လည်း နယ်ခြားစောင့် ပြည်သူ့စစ်များ အဖြစ် အသွင်ပြောင်းရတော့မည်ဟူသော သတင်းများ ပြီးခဲ့သည့်လက ထွက်ပေါ်ခဲ့သည်။ < Prev Next >
Posted by (လင်္ကာဒီပ) at 11:36 PM 0 comments
Labels: news
ကေအန်ယူခွဲထွက် ဗိုလ်ချုပ်စောဌေးမောင်အဖွဲ့ ကေအန်ယူ ဒီကေဘီအေနှင့် ပေါင်းစည်းရေးမျှော်လင့်
ကေအန်ယူခွဲထွက် ဗိုလ်ချုပ်စောဌေးမောင်အဖွဲ့
ကေအန်ယူ ဒီကေဘီအေနှင့် ပေါင်းစည်းရေးမျှော်လင့်
NEJ / ၁၂ ဖေဖော်ဝါရီ ၂၀၀၉
ကေအန်ယူမှ ခွဲထွက်ခဲ့သော်လည်း ကေအန်ယူ၊ ဒီကေဘီအေအဖွဲ့များနှင့် မိမိတို့ ပူးပေါင်းပြီး ကရင်အမျိုးသား များ စည်းစည်းလုံးလုံးဖြစ်ရန် မျှော်လင့်ကြောင်း စစ်အစိုးရနှင့်ပူးပေါင်းသွားသည့် ကေအန်ယူ-ကေအန်အယ်လ် အေ ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်ချုပ်ယဉ်နုက ခေတ်ပြိုင်သို့ ပြောသည်။
ဗိုလ်ချုပ်စောဌေးမောင် (ဗိုလ်ထိန်မောင်) ဦးစီးပြီး ခွဲထွက်သွားသည့် ကေအန်ယူ-ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်ချုပ်ယဉ်နုကို ခေတ်ပြိုင်က သီးခြားတွေ့ဆုံမေးမြန်းရာတွင် ယခုကဲ့သို့ ပြောကြား လိုက်ခြင်းဖြစ်သည်။ ၂၀၀၇ ခု ဗိုလ်ချုပ် စောဌေးမောင် ဦးစီးသည့် ခွဲထွက်အဖွဲ့ မြန်မာစစ်အစိုးရနှင့် ပူးပေါင်း သွားပြီးနောက်ပိုင်း အဆိုပါအဖွဲ့မှ ဗိုလ်ချုပ်ယဉ်နုက ပြင်ပမီဒီယာသို့ ပထမဆုံးအကြိမ် ယနေ့ ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ပူးပေါင်းရန် စစ်အစိုးရဘက်က ကမ်းလှမ်းခြင်းရှိမရှိ မေးမြန်းရာ ယခုထိ မရှိသေး ကြောင်း ဗိုလ်ချုပ်ယဉ်နုက ပြောသည်။
ကေအန်ယူ-ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအနေဖြင့် ကေအန်ယူနှင့် စကားပြောလိုစိတ်ရှိသော်လည်း ကေအန်ယူ၏ သဘောထားပေါ် မူတည်သည်ဟု ဆက်ပြောသည်။ သို့သော် ကေအန်ယူ ဒီကေဘီအေ အဖွဲ့များနှင့် မိမိတို့ ပူးပေါင်းပြီး ကရင်အမျိုးသားများ စည်းစည်းလုံးလုံးဖြစ်ရန် မျှော်လင့်ကြောင်းကိုလည်း ဗိုလ်ချုပ်ယဉ်နုက ပြောကြားသည်။
မြန်မာစစ်အစိုးရနှင့် ပူးပေါင်းပြီးနောက်ပိုင်း စစ်အစိုးရဘက်က တပ်ရိက္ခာကိုသာ ထောက်ပံ့ပေးပြီး ငွေကြေးအကူအညီမပေးကြောင်း ဗိုလ်ချုပ်ယဉ်နုက ပြောသည်။ ကေအန်ယူ-ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအား စစ်အစိုးရက စီးပွားရေး လုပ်ပိုင်ခွင့်ပေးမပေး ခေတ်ပြိုင်က မေးမြန်းရာ စီးပွားကျနေချိန်ဖြစ်၍ ကြီးကြီးကျယ်ကျယ် လုပ်ငန်းများ မလုပ်ဖြစ်သော်လည်း ကျောက်မျက်ရတနာ တူးခွင့်ပေးထားသည်ဟု ဖြေကြားသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) တပ်မဟာမှူးဟောင်း ဗိုလ်ချုပ် စောဌေးမောင်နှင့် အဖွဲ့သည် ကေအန်ယူမှ ခွဲထွက်ကာ နအဖနှင့်ပူးပေါင်းသွားပြီး ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် ကေအန်ယူ-ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ကော့ကရိတ်မြို့နယ် ထော့ကိုကိုးကျေးရွာတွင် အခြေစိုက်သည်။
Posted by (လင်္ကာဒီပ) at 11:27 PM 0 comments
Labels: news
မန်းဝင်းမောင် အတ္ထုပတ္တိ အပိုင်း (၉)
မှတ်စုမှတ်တမ်း
ဖေဖေါ်ဝါရီ ၁ဝ၊ ၂၀၀၉
မြတောင် - တောရရွာသည် ဧရာဝတီမြစ်ညာဘက်ကမ်းမှာ ရှိပါတယ်။ မွန်းမတည့်မီ မြတောင်- တောရ တစ်ဖက်ကမ်းနေရာသို့ ရောက်ရှိသွားပါတယ်။ အောက်တိုဘာလ နောက်ဆုံးပတ် ဖြစ်သဖြင့် ဧရာဝတီမြစ်ရေ ကျဆင်း စပြုပြီး မြစ်လယ်မှာ သောင်ထွန်း နေပါတယ်။ သောင်ကိုပတ်ပြီး သွားရမည်ဖြစ်တဲ့အတွက် တစ်နာရီခန့်ကြာမည့်အပြင် နေ့ခင်းနေ့လယ် အချိန်မှာ လိုက်မပို့လိုကြောင်း ကူးတို့သမားက ပါပါတို့ကို ပြောပြပါတယ်။ အကြောင်းမှာ နေ့ခင်း နေ့လယ်အချိန်မှာ အင်္ဂလိပ်လေယာဉ်ပျံ လာရောက်ပစ်ခတ်တတ်ကြောင်းနှင့် မကြာမီကပင် ဂျပန်လေးငါးယောက် ကူးအပို့မှာ အင်္ဂလိပ်လေယာဉ်ပျံ လက်ချက်ကြောင့် ကူးတို့သမားများ အပါအဝင် အားလုံးသေခြင်း ကြောင့် ဖြစ်ပါတယ်။ နောက်ဆုံး ပါပါတို့တောင်းပန် မေတ္တာရပ်ခံချက်ကြောင့် ကူးတို့သမားဟာ လိုက်ပို့ပါတယ်။ ပါပါတို့လဲ သတိဝီရိယထားပြီး ကူးသွားရပါတယ်။ မြစ်လယ်ခေါင် သောင်ပြင်နား ရောက်တဲ့အခါ ငှက်ကြီးစံပုံ ဒုံးငှက်များကို တွေ့ရပါတယ်။ သူတို့ကို ရန်မမူမှန်း သိသည့်အလား သူတို့အနား ကပ်သွားသော်လည်း ထမပြန်ပါ။
မြတောင် - တောရ ဘက်ကမ်းရောက်တော့ ဦးစောအောင်ခင်လှ နေအိမ်လိုက်ရှာရန် ရွာလမ်းအတိုင်း လျှောက်သွားပါတယ်။ အိမ်တစ်အိမ်မှာ အမျိုးသမီး လေးယောက်ကို တွေ့ရပြီး တစ်ယောက်မှာ ပါပါစစ်ပြေးအဖြစ် မြစ်ကြီးနားမြို့၊ မိုင်းနား ရွာမှာ နေစဉ် ပါပါတို့နဲ့အတူ လာနေတဲ့ 'အကလောင်း' ခေါ် ဆရာမဒေါ်သဲနု ဖြစ်ပါတယ်။ (ယခု စစ္စတာ ဒေါ်သဲနု၊ မြောက်ဥက္ဗလာပ ဆေးရုံ) ဆရာမ ဒေါ်သဲနုကို မမြော်လင့်ဘဲ တွေ့ရသဖြင့် ပါပါအလွန်မှ ဝမ်းသာပါတယ်။ အကြောင်းမှာ ဆရာမဒေါ်သဲနုဟာ ပါပါလိုက်ရှာနေတဲ့ သစ်တောဝန်ထောက်ဦး စောအောင်ခင်လှရဲ့ ညီမအရင်း ဖြစ်ခြင်း ကြောင့်ပင် ဖြစ်တယ်။ ဆရာမ ဒေါ်သဲနုဟာ သူ့အစ်ကိုနှင့်အတူ နေပြီး ရွာထဲအိမ်တစ်အိမ်သို့ သွားရင်း ပါပါသူ့ကို တွေ့ရှိခြင်း ဖြစ်ပါတယ်။ ပါပါသူ့ကို ခေါ်ပြီး သူ့အစ်ကို အိမ်ကိုသွားပါတယ်။
ဦးစောအောင်ခင်လှ အိမ်မှာ ပါပါတို့နှစ်ရက်ကြာပါတယ်။ ဦးစောအောင်ခင်လှဟာ ပါပါတို့ကို ကောင်းမွန်စွာ ဧည့်ခံပြုစုပါတယ်။ အဲဒီ အချိန်မှာ ပါပါတို့လက်ထဲမှာ ငွေလက်ကျန်နည်းနေသည့် အတွက် လက်ကောက်တစ်ဖက်ရောင်းပေးရန် ဦးစောအောင်ခင်လှ အား ခိုင်းရာ ငွေကျပ်နှစ်ထောင် ရရှိပါတယ်။ ကသာ နယ်မြေ အခြေအနေနှင့် ပတ်သက်၍ ဦးစောအောင်ခင်လှ ထံမှ သိရှိရသည်မှာ ကသာမြို့မှာ ဂျပန်တပ်များ အခိုင်အမာတပ်စွဲထားကြောင်း မြစ်ကြီးနား၊ ဗန်းမော်တဝိုက်မှာ ကချင်အမျိုးသား၏များ လူမျိုးရေးဆန်ဆန် ဆူပူထကျွနေကြောင်း၊ ဘီဒီအေယူနီဖောင်းနှင့် သွားလာနေသဖြင့် သတိဝီရိယနှင့် သွားလာရန်လိုကြောင်း၊ ဗန်းမော်ဘက်မှ ဂျပန်များဆုတ်ခွာလာသောအခါ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆုတ်ခွာလာကြောင်း အစရှိသည်တို့ ဖြစ်ပါတယ်။ ပါပါတို့မြစ်ကြီးနား ဘက်ကို တောလမ်းအတိုင်း သွားရမည်ဖြစ်တဲ့ အတွက် လမ်းပြအဖြစ် ဦးစောအောင်ခင်လှက ကချင်အမျိုးသားတစ်ယောက်ကို စီစဉ်ပေးပါတယ်။ ကချင်အမျိုးသားဟာ ပါပါတို့နဲ့ နိုဝင်ဘာလ (၁ဝ) ရက် (၁၁) ရက်နေ့မှာ မြတောင်- တောရ အရှေ့ဘက်ရှိ ကမ်းသာရွာမှာ ဆုံရန်ဖြစ်တယ်။ ၎င်းရွာမှ နေ၍ ကချင်အမျိုးသားဟာ ပါပါတို့နဲ့အတူ မြစ်ကြီးနားဘက်ကို တောလမ်းအတိုင်း လိုက်သွားရန် ဖြစ်တယ်။
လိုအပ်သော အစီအစဉ်များအားလုံးဆောင်ရွက်ပြီးဖြစ်၍ မြတောင်- တောရ အုပ်ချုပ်ရေး အရာရှိ၏ အကူအညီဖြင့် လှေတစ်စင်းငှားကာ တကောင်းသို့ ညဘက်မှာ စုံဆင်းသွားပါတယ်။ ဧရာဝတီမြစ်ပြင်သည် မြောက်မှ တောင်သို့ တငြိမ့်ငြိမ့် တသွင်သွင် စီးဆင်းလျက် ရှိနေပါတယ်။ လသာ နေတဲ့ညမို့ လရောင်မှာ ဝင်းဝင်းပနေပြီး မြစ်ပြင်တစ်ခုလုံးမှာ လရောင်ကြောင့် ဖွေးဖွေးဖြူနေတယ်။ ဂယက်ကလေးများ ထသွားသည့်အခါတွင် ရေပြင်သည် လရောင်အောက်၌ တဖျပ်ဖျပ်လက်နေပါတယ်။ ခပ်ဝေးဝေးကမှုတ်နေတဲ့ ပလွေသံလဲလွင့်နေပါတယ်။ လှေလှော်သမားနှစ်ယောက်လဲ ခပ်မှန်မှန်ပင် လှော်သွားပါတယ်။ ဗိုလ်မှူးချစ်ကောင်းနှင့် ပါပါလဲ ငြိမ်သက်စွာ စီးနင်းလိုက်ပါရာ ကိုယ့်အတွေး နဲ့ကိုယ် နေကြပါတယ်။ ဒီလိုနဲ့တကောင်းကို ရောက်မှန်း မသိ ရောက်သွားပါတယ်။ နာရီကို ကြည့်တော့ ည (၁ဝ) နာရီထိုးပြီး ဖြစ်တယ်။
တကောင်းဟာ မြို့ခေါ်ရမလား၊ ရွာခေါ်ရမလား မပြောတတ်ပါ။ အစိုးရ ရုံးစိုက်တဲ့ မြို့တော့ မဟုတ်ပါ။ တစ်ချိန်တစ်ခါက ရာဇဝင်အရ ကျော်ဇော ထင်ရှားသော မြို့ဖြစ်ခဲ့ပါတယ်။ ပြိုကျပျက်စီးနေသော မြို့ရိုးဟောင်းရှိပြီး 'ရွှေစည်းခုံ' 'ရွှေဆံ့တော်' အမည်ရှိသော စေတီတော်ကြီးလဲ ရှိပါတယ်။ 'မြန်မာအစ တကောင်းက' ဆိုတဲ့စကားလဲ လူတိုင်း ကြားဖူးပါတယ်။ ပါပါတို့ရောက်ရှိတဲ့အချိန်မှာတော့ အထက်ကုန်၊ အောက်ကုန် ရောင်းဝယ်ဖလှယ်နေတဲ့ နေရာအဖြစ် တွေ့ရှိရပါတယ်။ ည (၁ဝ) နာရီထိုးပြီး ဖြစ်သော်လည်း ကမ်းနားမှာ ကုန်သည်ပွဲစားများ အလုပ်ရှုပ်နေတုံး ဖြစ်ပါတယ်။ ဦးအေး - ဒေါ်ဧမီအိမ်ကို မေးပြီး ပါပါတို့ တက်သွားပါတယ်။ ဦးအေး - ဒေါ်ဧမိ အိမ်အရောက်မှာ ဗိုလ်လှတစ်ယောက် တော်တော်ကလေး နေကောင်းလာကြောင်း အိမ်ထဲမှာ ဟိုအနား၊ ဒီအနား လမ်းလျှောက်နိုင်ကြောင်း၊ ဆန်ပြုတ်ပင် သောက်နိုင်ကြောင်း ကြားသိရတော့ ပါပါ့အနေနဲ့ ဝမ်းသာမဆုံး ဖြစ်ပါတယ်။ ဂဟဲမှာ အားလုံးက သေမယ်လို့ တွက်ထားတဲ့ ဗိုလ်လှဖေ၊ ဂျုံးဂျုံးဂျမှ နေ၍ ငါးဖောင်နဲ့စုန်အဆင်း ပါပါက ဖောင်ပေါ်မှာ သေမယ်လို့ ထင်တဲ့ ဗိုလ်လှဖေ၊ ခုတော့ ဗိုလ်လှဖေ ကျန်းမာလာပြီဖြစ်တဲ့အတွက် ပါပါဝမ်းသာ မဆုံး ဖြစ်သလို ပါပါနဲ့အတူ ဗိုလ်လှဖေကို တကူးတက တကောင်းကို အရောက်ပို့ဆောင်ပေးရတဲ့ ဗိုလ်မှူးချစ်ကောင်းနှင့် လေထီးဦးအုန်းမောင်တို့လဲ လိုက်ပို့ရကျိုးနပ်ပြီ အသိနဲ့ ဝမ်းသာကြပါတယ်။ ပါပါတို့ ဦးအေး-ဒေါ်ဧမိအိမ်မှာ အိပ်ပြီး မနက်မိုးမလင်းတလင်း အချိန်မှာ လေထီးဦးအုန်းမောင်က ထပြီး မီးဖိုချောင်ကို သွားတာ မြင်ရပါတယ်။ ဗိုလ်လှဖေညီမ မတင်လှနှင့်အတူ ဗိုလ်လှဖေအတွက် ဆန်ပြုတ်ထတည်ခြင်း ဖြစ်ပါတယ်။ ဒီမြင်ကွင်းကို တွေ့တော့ ပါပါက ဗိုလ်မှူး ချစ်ကောင်းကို တိုးတိုးကလေး 'တို့လူတော့ နေရာကျပြီထင်တယ်' လို့ပြောမိပါတယ်။
ဟင်္သာရွာမှာလမ်းပြ ကချင်အမျိုးသားနဲ့ နိုဝင်ဘာလ (၁ဝ)ရက်၊ (၁၁) ရက်နေ့မှာ တွေ့ဆုံရန်ချိန်းဆိုထားချက် အရ တကောင်းမှာ တစ်ပတ်ခန့်နေပြီး မှသွားရမယ်ဖြစ်ပါတယ်။ ပါပါတို့ မရောက်မီ တကောင်းမှာ ဆင်ရိုင်း ဝင်လာတဲ့အတွက် လာဘ်တိတ်တယ်လို့ အယူရှိတဲ့ပလူတွေ တခြားသို့ပြောင်းရွှေ့သွားကြောင်း သိရတယ်။ တကောင်းရောက်ပြီးတဲ့နောက်တစ်နေ့မှာပဲ ဦးအေးစီစဉ်ပေးချက်အရ တကောင်းနှင့် နှစ်မိုင်ခန့်ဝေးတဲ့ ယာခင်းမှာ တောဝက် ပစ်ရန် ပါပါသွားပါတယ်။ ညဘက်မြေပဲစိုက်ထားတဲ့ ယာခင်းမှာ လာရောက်ဖျက်စီးတဲ့ တောဝက်ကို ပစ်ရန် ဖြစ်ပါတယ်။ ပါပါတို့အဖော် သုံးယောက် ကိုယ်စီ ဂျပန်ရိုင်ဖယ်ရှိတော့ ပါပါရိုင်ဖယ် ပါပါယူသွား ရပါတယ်။ ယာခင်းထဲမှာ ပါပါတို့နေပြီး ညဘက်တောဝက်အလာကို စောင့်ဆိုင်းနေပါတယ်။ ညဘက်မှာ ပစ်ရမယ်ဖြစ်တဲ့အတွက် ရိုင်ဖယ်ရှေ့ချိန်နှင့် နောက်ချိန်သီးမှာ ဝါဂွမ်းအဖြူကပ်ထားရပါတယ်။ ပထမညမှာ တောဝက်မလာသဖြင့် နောက်တစ်ညမှာ ဆက်စောင့်ရပါတယ်။ နောက်တစ်ညမှာ ပါပါအိပ်ချင်တာနဲ့ ယာတဲမှာ ပဲအိပ်ပြီး သေနတ်ကို မုဆိုးလက်သို့ အပ်ပါတယ်။
သန်းကောင်ကျော် အချိန်မှာ သေနတ်သံကြားရပြီး မကြာမီမုဆိုးက သူ့အဖော်များနှင့် ဝက်ကြီးတစ်ကောင်ထမ်းလာပါတယ်။ ဖျက်ပြီး ချိန်တွယ်ကြည့်သောအခါ အချိန်ပိဿာ ငါးဆယ်ကျော်ပါတယ်။ ရပ်ရွာဓလေ့ထုံးစံအရ မုဆိုးနဲ့ သေနတ်ရှင်ဟာ အသားကို တစ်ယောက်တစ်ဝက်ရပြီး ခြေ၊ လက်၊ ခေါင်း၊ ဝမ်းတွင်းသားများကို မုဆိုးက ရပါတယ်။ ဓလေ့ထုံးစံအရ ပါပါက ဝက်သား (၂၅) ပိဿာရပါတယ်။ အဲဒီအချိန် တကောင်းမှာ ဝက်သား ဈေးကျပါတယ်။ တစ်ပိဿာ (၂၅) ကျပ်ဖြစ်ပြီး ချက်အရက်ကလဲ တစ်ပုလင်း (၂၅) ကျပ်ဖြစ်ပါတယ်။ ဝက်သား ငါးပိဿာကို ဦးအေးအိမ်ပို့ပြီး ကျန်တာကို အရက်နှင့် လဲလိုက်ပါတယ်။ တကောင်းမှာ အုန်းပင် တွေတော်တော်များများ ရှိပါတယ်။ ချက်အရက်နှင့် အုန်းရည်စပ်ပြီး သောက်တာ တော်တော်ကလေး အရသာ ထူးခြားပါတယ်။ လိုက်ဖက်ဖြစ်တယ်လို့ ဆိုရတယ်။ (ပါပါဝန်ကြီးနှင့် သမ္မတဖြစ်တော့ ပါပါ့မိတ်ဆွေတွေက ဝီစကီနှင့်အုန်းရည်ဟာလည်း လိုက်ဖက်ဖြစ်တယ်လို့ ပြောပါတယ်။)
တကောင်းမှ မထွက်ခွာမီတစ်ရက်အလိုမှာ ပါပါတို့အဖော်သုံးယောက်သား ရွှေစည်းခုံ၊ ရွှေဆံတော်စေတီတော်ကို သွားကြပါတယ်။ ဗိုလ်လှဖေကို ကယ်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ခရီးလမ်းတလျှောက်လုံး ဘေးမသီရန်မခဘဲ တပည့်တော်တို့ ကုလားပြည်သို့ ချောမောစွာ ရောက်ရှိလိုပါ၏ အရှင်ဘုရားဟူ၍ ဆုထူးပန်ကြပါတယ်။ နောက်တစ်နေ့နံနက် ဦးအေး - ဒေါ်ဧမိ၊ ဗိုလ်လှဖေတို့ကို နှုတ်ဆက်ပြီး တကောင်းမှ ပါပါတို့ စတင်ခရီးထွက်ကြပါတယ်။ (ဦးအေးသည် တကောင်းမှာပဲ ဆုံးသွားပါတယ်။ ဒေါ်ဧမိကတော့ မြစ်ကြီးနားသို့ ပြောင်းရွှေ့နေထိုင်ပါတယ်။ ပါပါသမ္မတအဖြစ် မြစ်ကြီးနား ရောက်စဉ် ဒေါ်ဧမိကို သွားရောက်နှုတ်ဆက်ပါတယ်။ မတင်လှ တစ်ယောက်လဲ မြစ်ကြီးနားမှာ အိမ်ထောင်ကျသွားပါတယ်။) ညနေပိုင်းမှာ အုတ်ရှစ်ကုန်းရွာသို့ ရောက်သွားပါတယ်။ ရွာခေါင်းအိမ်မှာ တည်းခိုပြီး ပါပါတို့ကို ထမင်းကျွေးတဲ့အခါ ဆင်သားဟင်း ပါထည့်ကျွေးပါတယ်။ အခြေထောက်သားလို့ ပြောပါတယ်။ အဆီဝင်းတယ်လို့ ပြောရမှာအခက်၊ မကောင်းဘူးလို့ ပြောရမှာလဲအခက် ဖြစ်ပါတယ်။ အုတ်ရှစ်ကုန်းရွာနားတဝိုက် မြေပြန့်မှာ တိုင်ခွန်များ စိုက်ထားတာကို တွေ့ရပါတယ်။ အင်္ဂလိပ်လေထီးစစ်သားများ မဆင်းနိုင်အောင် ဂျပန်စိုက်ခိုင်းသည့်အတွက် စိုက်ရခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ နောက်ည ရွာထဲမှာ ရှေ့မှာ သံဘီးတစ်လုံးထဲရှိပြီး သံကိုယ်ထည်နှင့် လက်ကိုင်နှစ်ဖက်ရှိသော တွန်းလှည်းတစ်စင်းကို တွေ့ရပါတယ်။ ဂျပန်နောက်ပိုင်း 'ဝင်းဂိတ်' စစ်သားများ လေထီးဖြင့် ဆင်းစဉ် ကျန်ရစ်ခဲ့သော တွန်းလှည်း ဖြစ်ကြောင်း သိရှိရပါတယ်။ ပါပါတို့ရောက်ရှိ နေတဲ့နေရာဟာလပိုင်းမျှသာ မကြာသေးမီက ဝင်းဂိတ်စစ်သားများ သွားလာကျက်စားသည့် နေရာဖြစ်ကြောင်း သိရှိရပါတယ်။
အုန်းရှစ်ကုန်းရွာမှ ပါပါတို့နောက်တစ်နေ့ နံနက်စတင်ခရီးထွက် ကြပါတယ်။ နိုဝင်ဘာလ (၁ဝ)ရက် ဖြစ်ပါတယ်။ ဟင်္သာရွာမှ လမ်းပြအဖြစ် လိုက်မယ့် ကချင်အမျိုးသားနှင့် ချိန်းဆိုထားသောရက် ဖြစ်ပါတယ်။ ဟင်္သာရွာကို ညနေဘက်မှာ ရောက်ပြီး ဦးစံဒွန်း - ဒေါ်စကာတို့အိမ်မှာ တည်းခိုပါတယ်။ တစ်ချိန်ကဟင်္သာရွာမှာ ဝင်းဂိတ် စစ်တပ်နှင့် ဂျပန်စစ်တပ်များ ပြင်းထန်စွာ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာ ဖြစ်ပါတယ်။ အပြန်အလှန် ပစ်ခတ်တဲ့အတွက် ရွာသားတွေဟာ သုံးရက်သုံးညအိမ်ပေါ်မှာပဲ ပိတ်မိနေတဲ့အကြောင်း ကြားသိရတယ်။ အင်္ဂလိပ်စစ်သား တွေဆုတ်ခွာပြီးနောက် ဂျပန်စစ်သားတွေက အင်္ဂလိပ်စစ်ဗိုလ်တစ်ယောက်ကို မြင်းနဲ့ တရွတ်တိုက်ဆွဲတယ်လို့ ရွာသားများက ပြောပြပါတယ်။
Posted by (လင်္ကာဒီပ) at 11:20 PM 0 comments
Labels: history
ပဒိုမန်းရှာအမှတ်တရများ
Tuesday, February 10, 2009Posted by (လင်္ကာဒီပ) at 1:48 AM 0 comments
Labels: article
ပဒိုမန်းရှာတစ်နှစ်ပြည့်အမှတ်တရ
၁၀ ဖေဖော်ဝါရီ ၂၀၀၉
(အဲခေါင်သောင့်)
ဖထီးမန်းရှာ လုပ်ကြံခံရတာ ၂၀၀၉ခုနှစ် ဖေဖော်ဝါရီလ ၁၄ရက်နေ့မှာ တနှစ်တင်းတင်း ပြည့်ပြီဖြစ်သော်လည်း ကျနော့်အတွက်က တော့ မနေ့တနေ့ကလိုပဲ ခံစားနေရဆဲပါ။ ဖထီးမန်းရှာလုပ်ကြံခံရတဲ့ အကြောင်းကို တွေးမိတိုင်း ရင်ထဲမှာ အမြဲပဲ အမှတ်ရနေ မိပြီး ယူကျုံးမရတဲ့စိတ်၊ နှမြောတသတဲ့ စိတ်၊ ၀မ်းနည်းကြေကွဲတဲ့ စိတ်တွေဟာလည်း ရင်ထဲ နှလုံးသားထဲမှာ ဖော်ပြမရနိုင် လောက်အောင်ပဲ တရိတ်ရိတ် ဖြစ်ပေါ်လာခဲ့ရပါတယ်။
ပဒိုမန်းရှာအုတ်ဂူ၊ သေပေထ(ဗဟိုစစ်ဌာနချုပ်)၊ ကော်သူးလေ။
သူလုပ်ကြံခံရတဲ့အချိန်ဟာ ကျနော်မဲဆောက်က ကရင်သတင်းဌာန(KIC)သတင်းစာတိုက်မှာ တာဝန်ထမ်းဆောင်နေခဲ့တဲ့အချိန်ပါ။ အဲဒီနေ့ဟာ ကျနော်တာဝန်ကျရာဌာနရဲ့ လစဉ်ထုတ်သတင်းစာစောင်ကို ပုံနှိမ့်တိုက်အပ်ထားပြီးဖြစ်တာကြောင့် ၀န်ထမ်းများဟာ စိတ်ပြေလက်ပျောက်နဲ့ သတင်းစာတစောင်ဖြစ်မြောက်ဖို့ လုံးပန်းခဲ့ရတဲ့ ပင်ပန်းနွမ်းနယ်မှုလေးတွေ ကို အတိုးချပြီး အနားယူကြတဲ့နေ့ ဖြစ်ပါတယ်။ နောက်ပြီးတော့လည်း ဖေဖော်ဝါရီလ ၁၄ရက် ချစ်သူများနေ့လည်း မဟုတ်ပါလား။
အဲဒီနေ့မနက်မှာ ဖာထီးကျနော်တို့ရုံးရှေ့ကို ကိစ္စတခုနဲ့ ရောက်လာခဲ့ပါသေးတယ်။ သူကိုယ်တိုင် ကားပေါ်ကမဆင်းပေမယ့်လည်း သူ့ကို ကားမောင်းပို့ပေးနေတဲ့ သူ့ရဲ့သားကြီး စောစေးစေးက စာရွက်စာတမ်းတချို့ လာပို့သွားပါတယ်။ ကားပေါ်ကို လှမ်းကြည့်လိုက်တော့ သူအမြဲပဲ ၀တ်နေကျ ၀စ်စကုတ်အကျီင်္နဲ့ ဖထီးကို တွေ့ရပြီးတော့ ကျနော့ဘေးနားမှာရှိနေတဲ့ ၀န်ထမ်းတယောက်ကိုတောင် အဖိုးကြီးလည်း ကားပေါ်မှာ ပါလာတယ်လို့ ပြောလိုက်မိပါသေးတယ်။
ဝစ်စကုတ်ဝတ်ထားတဲ့ အဲဒီနေ့က ဖထီးရဲ့ ပုံရိပ်ကို ယခုချိန်ထိ ပြန်လည်မြင်ယောင်မိနေသေးသလို အသက်ရှင်လျက်နဲ့ ဖထီးကို နောက်ဆုံးအကြိမ် တွေ့ရခြင်းလည်း ဖြစ်ပါတယ်။ အသက်ရှင်လျက်နဲ့ ဖထီးကို နောက်ဆုံးတွေ့ရမယ်ဆိုတာ အဲဒီအချိန်က ဘယ်လိုမှ ထင်မထားခဲ့မိပါဘူး။ အချိန်ကတော့ ထိုင်းစံတော်ချိန် ၁၀နာရီပတ်ဝန်းကျင်လောက် ရှိပါလိမ့်မယ်။
အဲဒီနေ့နေ့လည်မှာတော့ အခင်ဆုံးအစ်ကိုကြီး Kyawcross(ဇွဲကပင်ဝက်ဆိုဘ်)ရဲ့အိမ်ကို အလည်လိုက်သွားဖြစ်ပါတယ်။ Kyawcross ရဲ့အိမ်က မယ်တော်ဆေးခန်းနဲ့လည်း နီးတော့ သူ့အိမ်မှာ အားရပါးရပ် အနားယူအပြီး ဘော်လုံးပွဲ ကြည့်ဖို့ ထွက်လာခဲ့ကြပါတယ်။ မော်တော်ဆိုင်ကယ် နှစ်ယောက်သားစီးနေတုန်း သူ့ဆီက ဖုန်းလာပြီး တယောက်သောသူနဲ့ စကားပြောနေကြပါတယ်။ တကယ်တော့ သူတို့တွေ ပြောနေတဲ့စကားတွေဟာ အမင်္ဂလာစကားတွေဖြစ်နေပါတယ်။ အကြောင်းရင်းအားလုံးကို မသိရပေမယ့်လည်း သူတို့ပြောနေတဲ့စကားတွေက သွေးရိုးသားရိုးမဟုတ်မှန်း ကျနော့စိတ်ထဲမှာအလိုလိုနဲ့ ကောက်ချက်ချလိုက်မိပါတယ်။
ချက်ချင်းပဲ သူကကျနော့ဘက်လှည့်ပြီးတော့ လာ--ဟိုဘက်ရုံးမှာ သွားမယ်။ အရေးကြီးတယ်လို့ပြောပြီး မော်တော်ဆိုင်ကယ်ကို ၀ုန်းခနဲ မောင်းထွက်သွားပါတော့တယ်။ ကျနော်လည်း အံ့သြတုန်လှုပ်မိကာ ဘာမှတုန့်ပြန်စကားပြန်မပြောနိုင်ပဲ ပုခက်ပေါ်က လူမမယ်ကလေးငယ်ပမာ မော်တော်ဆိုင်ကယ်နောက်မှာပဲ တကောက်ကောက် ပါသွားခဲ့ရပါတယ်။ သွားမယ့်ရုံးဆိုတာက မယ်တော်ဆေးခန်းနားက နယ်လှည့်ကျောပိုးအိတ်အဖွဲ့ရုံးပါ။ အဲဒီရုံးကိုရောက်တော့ ခုနကဖုန်းဆက်သူ(ဗိုလ်ကြီးဝင်းကျော်၊ တပ်မဟာ ၅) နေတဲ့အခန်းကိုပဲ တန်းသွားခဲ့ကြပါတယ်။
သူနေတဲ့အခန်းကိုသွားပြီး ထိုင်မယ်လို့လုပ်တဲ့အချိန်မှာပဲ ပဒိုမန်းရှာလုပ်ကြံခံလိုက်ရပြီးတော့ ပွဲချင်းပြီး သေဆုံးသွားပြီတဲ့၊ ဗိုလ်ကြီးဝင်းကျော်ဆီက ကျနော် အဲဒီစကားလုံးကို သေသေချာချာကြားရပါတယ်။ မယုံကြည်နိုင်လောက်အောင်လည်း ဖြစ်ခဲ့ရပါတယ်။ ဘာလုပ်ရမယ်၊ ဘာပြောရမယ်မှန်း မသိပဲ ပါးစပ်အဟောင်းသား တိတ်ဆိတ်ငြိမ်သက်ခဲ့ပါတယ်။ ဒါပေမယ့် တကြိမ်တခါမှ မခံစားဖူးခဲ့တဲ့ ၀မ်းနည်းကြေကွဲတုန်လှုပ်ခြောက်ခြားတဲ့စိတ်တွေဟာ ကျနော့ရဲ့ရင်ထဲ အသဲထဲ နှလုံးသားထဲ၊ ခေါင်းထဲစတဲ့ ခနကိုယ်တခုလုံးထဲကို လွမ်းမိုးလိမ့်ဝင်လာပါတော့တယ်။
တခန်းလုံးလည်း တိတ်ဆိတ်ငြိမ်သက်သွားပါတော့တယ်။ ယောကျာင်္တန်မဲ့ မျက်ရည်ဝဲခဲ့ရပြီးတော့ မျက်ရည်စက်လေးများဟာလည်း ထိမ်းထားတဲ့ကြားကနေ အလိုလိုနဲ့ အတင်းထွက်ကျလာပါတော့တယ်။ တကယ်တော့ အဲဒီမျက်ရည်စက်တွေဟာ လွတ်လပ်မှု လိုလားသူတယောက်ရဲ့ လွတ်လပ်မှုအတွက် တော်လှန်သူခေါင်းဆောင်တယောက် ဆုံးရှုံးရတဲ့ မျက်ရည်စက်လေးတွေပါပဲ။
ကိုယ့်ကိုယ်ကိုတော့ မယုံကြည်နိုင်လောက်အောင်ပဲ ကိုင်တွယ်စမ်းသပ်ကာ ငါအိမ်မက်မက်နေတာလား၊ ငါများမူးနေတာလားလို့တောင်မှ မေးခွန်းတွေ ထုတ်ခဲ့မိပါသေးတယ်။
မဟုတ်ဘူး။ မဟုတ်ဘူး၊ ငါ့အိမ်မက်မဟုတ်ဘူး။ မူးလည်းမမူးပါဘူး။ ငါပုံမှန်ပဲ။
ဒါတကယ် ငါ့နားနဲ့ တကယ်ကြားနေရတာပဲ။
ငါဘာလုပ်ရမလဲ၊ ငါဘာလုပ်သင့်သလဲ ကိုယ့်ကိုယ်ကို ပြန်သတိပေးလိုက်တဲ့အချိန်မှာပဲ အိတ်ကပ်ထဲက လက်ကိုင်ဖုန်းကလေးကို ဘယ်သူမှ အမိန့်မပေးပဲ တန်းကောက်ကိုင်လိုက်မိပါတယ်။ လုပ်ဖော်ကိုင်ဖက် စောခေါင်သောင့်(ယခု၊ ဖို့ဝိန်း)ဆီကို တန်းဆက်လိုက်မိပါတော့တယ်။ ဖုန်းခေါ်နေတုန်းမှာလည်း ပဒိုမန်းရှာမသေဘူး။ ဗိုလ်ကြီးဝင်းကျော်ပြောတာမဟုတ်ဘူး၊ သူလိမ်ပြောတယ်ဆိုတဲ့ တုန့်ပြန်မှုကို ကြားရပါစေလို့တောင် ဆန္ဒပြုခဲ့မိပါသေးတယ်။
ဒါမှ မဟုတ် ပဒိုမန်းရှာ ပွဲချင်းပြီးမသေဘူး။ ဒဏ်ရာအနည်းငယ်ကလွဲလို့ ပူပင်စရာမရှိဘူးဆိုတဲ့ တုန့်ပြန်မှုကိုလည်း မျှော်လင့်မိခဲ့ပါသေးတယ်။ ဒါပေမယ့် ကျနော့ရဲ့ ဆန္ဒတွေက မပြည့်မီခဲ့ပါဘူး။ စောခေါင်သောင့်ဖုန်းကိုင်လိုက်တဲ့အချိန် ကျနော်ဘာမှ မမေးခင်မှာပဲ ပ်ုဒိုမန်းရှာသီ့ယုဂ်(ပဒိုမန်းရှာသေပြီ) ဆိုတာကိုပဲ ကြားလိုက်ရပါတယ်။ အခုငါပဒိုမန်းရှာရဲ့အလောင်းနဘေးမှာ ဓါတ်ပုံရိုက်နေပါတယ်ဆိုတဲ့ စောခေါင်သောင့်ရဲ့ ပြောဆိုနေတာတွေဟာလည်း ပဒိုမန်းရှာကို အသက်ရှင်နေစေချင်သေးတဲ့
ဒါမှမဟုတ် ဒဏ်ရာအနည်းငယ်ပဲ ရစေချင်တဲ့ ကျနော့ရဲ့ မျှော်လင့်ချက်ကို တစမကျန်ရိုက်ချိုးလွင့်ပစ်လိုက်သလိုပဲ ခံစားခဲ့ရပါတယ်။
ပဒိုမန်းရှာ လုပ်ကြံခံရပြးတော့ ပွဲချင်းပြီးသေဆုံးသွားပြီဆိုတာ ရာနှုန်းပြည့် မှန်ကန်နေပါပြီး၊ ကျနော်ရုံးခန်းကို ချက်ချင်းပြန်ပြီးတော့ အဲဒီညတညလုံး ပဒိုမန်းရှာရဲ့ အတ္တပတိ၊ မှတ်တမ်းဓါတ်ပုံ၊ မိန့်ခွန်းစတဲ့အချက်အလက်တွေကို အယ်ဒီတာချုပ်ရဲ့ လမ်းညွန်မှုနဲ့အညီ ရှာဖွေစုဆောင်းခဲ့ပါတယ်။ မီဒီယာတွေအတွက် ကြိုတင်ရှာဖွေထားခြင်းလည်း ဖြစ်ပါတယ်။ သူနဲ့ပတ်သက်တဲ့အကြောင်းတွေကို ရှာဖွေစုဆောင်းရတဲ့အတွက်ကြောင့်လည်း သူ့ကို ပိုပြီးတော့ အမှတ်ရခဲ့မိပါတယ်။ တညလုံး အိပ်မပျော်နိုင်ပဲ သူ့အကြောင်းကိုပဲ ထိုင်တွေးနေမိတော့တယ်။ သူ့အိမ်မှာပဲ အတူတူတာလပေါ့ဟင်းနဲ့ ထမင်းစားတတ်တဲ့ ဖထီးရဲ့ အဆင့်အတန်းခွဲခြားမှုမရှိတဲ့အချိန်၊ သတင်းစာရှင်းလင်းပွဲတွေ၊ အခမ်းအနားတွေမှာ ပြတ်သားခိုင်မာပြီး ထိထိမိမိပြောတတ်တဲ့ ဖထီးရဲ့ ပြောဆိုနေချိန်၊ နောက်ဆုံး ၀စ်စကုတ်နဲ့ တွေ့ခဲ့တဲ့အချိန်တွေကို မှတ်မှတ်ရရ ပြန်လည်မြင်ယောင်ခဲ့မိပါတယ်။
ဒါပေမယ့်လည်း ပဒိုမန်းရှာလိုခေါင်းဆောင်မျိုး ကရင့်အမျိုးသားထုအတွင်းမှာ အများအပြားဆက်လက်ပေါ်ထွန်းလာပြီးတော့ အမျိုးသားတော်လှန်ရေးကို ဆက်လက်ဦးဆောင်သွားမယ်လို့လည်း မျှော်လင့်မိပါတယ်။ အစားထိုးမရနိုင်တဲ့ ခေါင်းဆောင်ကောင်းတယောက်က သူချစ်တဲ့ သူ့ကရင်အမျိုးသား၊ သူယုံကြည်တဲ့ တော်လှန်ရေး၊ သူတည်ဆောက်ခဲ့တဲ့ တိုင်းရင်းသားအချင်းချင်း ယုံကြည်မှု၊ သူခိုင်ခိုင်မာမာရပ်တည်ခဲ့တဲ့ တော်လှန်ရေးမူဝါဒကို စွန့်ခွာသွားပါပြီး။ လူသေပေမယ့်လည်း နာမည်တော့ မသေပါ။ သူ့ရဲ့ဝိညဉ်တွေက တော်လှန်ရေးအပေါ်မှာ ဆက်လက်ရှိနေအုံးမှာ ဖြစ်သလို သူ့ရဲ့ မိန့်မာချက်၊ သူ့ရဲ့ တော်လှန်ရေးရပ်တည်ချက်များဟာလည်း ဧရာဝတီ၊ သံလွင်၊ စစ်တောင်းမြစ်ဝှမ်းနှင့် ကွဲပြားနေတဲ့ ဒေသအသီးသီးက ကရင်တမျိုးသားလုံးရဲ့ လွတ်မြောက်မှုအတွက် ဆက်လက်လွမ်းမိုးနေအုံးမှာ ဖြစ်တဲ့အကြောင်း တင်ပြလိုက်ရပေတယ်။
ကျော်အဲခေါင်သောင့်
Posted by (လင်္ကာဒီပ) at 12:31 AM 0 comments
Labels: article
ခွေးက လူကိုကိုက်ခြင်း သတင်း
ခွေးက လူကိုကိုက်ခြင်း သတင်း
NCGUB - Border Office
ကေအဲန်ယူ တပ်မဟာ ၂ နယ်မြေဖြစ်တဲ့ တောင်ငူခရိုင်မှာ နအဖတပ် စကခ-၅ ရဲ့ စကခမှူး ဗိုလ်မှူးချုပ်ကောင်း မြတ်က "မင်းတို့ကို နှိပ်စက်တာ မီဒီယာတွေအတွက် ရိုးနေပြီ။ သတင်းမဟုတ်တော့ဘူး။ မီဒီယာတွေက မဖော် ပြတော့ဘူး။ အရေးလုပ်ပြီး အသံမလွှင့်တော့ဘူး။ အဲဒါတွေကို အားကိုးမနေနဲ့။ ငါတို့နှိပ်စက်ချင်သလို နှိပ်စက် လို့ရတယ်"လို့ ကြိမ်းဝါးပြီး လူထုအပေါ် နှိပ်စက်ညှဉ်းပန်းမှု၊ လူ့အခွင့်အရေးဖောက်ဖျက်မှုတွေကို ပြောင်ပြောင် တင်းတင်း ကျူးလွန်နေပါတယ်။
ဇန်နဝါရီလဆန်းကစပြီး တောင်ငူခရိုင် ဘောဂလိကြီး ၁၂ ရွာမှာ နအဖတပ်တွေက လူထုကို ရိက္ခာထမ်းခိုင်း တာ၊ ကားလမ်းတလျှောက် လူသားမိုင်းရှင်းကရိယာအဖြစ် ခိုင်းစေအသုံးပြုတာတွေ လုပ်နေပါတယ်။ ဖေဖော် ဝါရီ ၆ ရက်နေ့က ဘောဂလိရွာသား ၅၀ နဲ့ ရေသိုးကြီးရွာသား ၂၀ ကို ဘောဂလိကားလမ်းပေါ်မှာ ရင်ဘောင် တန်း တန်းစီလျှောက် ခိုင်းပြီး လူသားဒိုင်း၊ လူသားမိုင်းရှင်းကရိယာအဖြစ် မြေမြှုပ်မိုင်းကာကွယ်ရေး လုံခြုံရေး ယူခိုင်းခဲ့ပါတယ်။ ဒါ့အပြင် ဘောဂလိကြီးက စောမောင်ကရူးရဲ့ကားနဲ့ စောသာထိုရဲ့ကားတွေကိုလည်း ချော ဆွဲပြီး ကားလမ်းပေါ်မှာ မိုင်းရှင်းတဲ့ အနေနဲ့ အစုန်အဆန် မောင်းခိုင်းခဲ့ပါတယ်။ တပ်စခန်းဆောက်ဖို့အတွက် ကျေးရွာတွေကို ဝါးဘိုးဝါးဆင့်တာကြောင့် ရွာတွေမှာ ဝါးဘိုးဝါးတောင် မျိုးတုံးတော့မယ့် အခြေဆိုက်နေပါပြီ။
ဖေဖော်ဝါရီ ၆ ရက်ည ၇ နာရီလောက်မှာ နအဖတပ် တိပ်ပုရွာတပ်စခန်းက တိပ်ပုရွာထဲကို လက်နက်ကြီးနဲ့ အသားလွတ်ပစ်ထည့်လို့ တိပ်ပုရွာသူများဖြစ်တဲ့ နော်ဘွေဖော (၁၈ နှစ်)၊ နော်ခိုးခိုး (၁၄ နှစ်) နဲ့ မိတဆိုး နော် ဒေးမူးဆိ (၁ နှစ်) တို့အပြင် အလည်ရောက်နေတဲ့ ဖလောဘောဒဲရွာသူ နော်ဟဲခလေး (၂၂ နှစ်) နဲ့ ဇရပ်ကြီးမှ လာတဲ့ ဈေးသည် မောင်မင်းထင် (၃၀ နှစ်) တို့ ၅ ယောက် လက်နက်ကြီးအစထိမှန် ဒဏ်ရရသွားခဲ့ပါတယ်။
တောင်ငူခရိုင် သံတောင်ကြီးနယ်မှာ မဟာဓာတ်အားလိုင်း တာဝါတိုင် ဗုံးခွဲခံရလို့ဆိုပြီး နအဖ စကခ-၅ က နဗဟမှူး ကံပေါ်ဦး က ဓာတ်အားလိုင်းတလျှောက်ရွာသားတွေကို ဗုံးခွဲခံရရင် လျော်ရမယ်လို့ အမိန့်ထုတ်ခဲ့ပါ တယ်။
ကေအဲန်ယူ တပ်မဟာ ၁ နယ်မြေဖြစ်တဲ့ သထုံခရိုင်မှာ DKBA တပ်ရင်း ၉၀၇၊ ၉၉၉ နဲ့ နအဖတပ် ခမရ ၂၁၄၊ ခလရ ၉၆ တို့ ပူးတွဲပြီး ပြည်သူလူထုကို လုပ်အားပေးခိုင်းစေခြင်း၊ ညှဉ်းဆဲရိုက်နှက်ဗိုလ်ကျခြင်းများ ကျူးလွန် နေကြပါတယ်။ နအဖ ခလရ ၉၆ တပ်စခန်းမှူး မျိုးဇော်က သဲ့ဘောထာ၊ ပိုကလေလို စတဲ့ရွာတွေကို တရွာလျှင် ဝါးအလုံး ၅၀၀ ခုတ်ပို့ ခိုင်းနေပါတယ်။
Posted by (လင်္ကာဒီပ) at 12:03 AM 0 comments
Labels: article
ပဒိုမန်းရှာ သို့ မဟုတ် ရေဆန်သို့ တမ်းချင်း
Saturday, February 7, 2009
လေဒဏ်ကကြမ်း
မြေဒဏ်ကကြမ်း
ရေဆန်လမ်းမှာ
ခန်းနားစွာလင်း
ဝင်းတောက်ခဲ့တယ်
လမ်းပြကြယ်...မန်းရှာတဲ့။
နအဖရင်ဝ
ထိရှစကား
ထိသွားအောင်ပစ်
စူးနစ်စေခဲ့သူ
သူမတူရှားပါ
မန်းရှာတဲ့ဟေ့နော်။
သဘောတရားရေးပင်လယ်
တော်လှန်ရေးပင်လယ်
မြစ်ပင်လယ်မှာ
မြင်ကျယ်ရင်ဆိုင်
ပဲ့ကိုင်လှော်ခတ်လာသူ
လူမျိုးတွက်လေ
သွေးတွေခမ်းစေ
ရိုးတွေကြေစေ
သမိုင်းတွေရေးထိုးခဲ့သူ
သူဟာလေ...မန်းရှာပေါ့။
တစ်ပွင့်ပြီးတစ်ပွင့်
ကြွေလွင့်စွန့် ခွာ
မြေကမ္ဘာပေါ်မှာ။
ရွှေတောင်ပံတွေ
ကြွေလွင့်ကျိုးရှာခဲ့
တွယ်ရာမဲ့ကမ္ဘာမှာ
ကြိမ်ကြိမ်သာတမ်းတမိတယ်
ဂုဏ်ပြုနေမယ်...တီးမန်းရှာ/ရေဆန်ရေ။ ။
(လင်္ကာဒီပ)
Posted by (လင်္ကာဒီပ) at 5:05 AM 0 comments
Labels: poem
ကရင့်အာဇာနည် ပဒိုမန်းရှာလဖန်းအမှတ်တရ
Friday, February 6, 2009Posted by (လင်္ကာဒီပ) at 8:29 PM 0 comments
Labels: poem
မယ်တော်ဆေးခန်း နှစ် ၂၀ ပြည့်အထိမ်းအမှတ် ၀န်ထမ်းထူးချွန်ဆုရွေးချယ်ပွဲ ကျင်းပ
ထိုင်းနိုင်ငံ မဲဆောက်မြို့အနီးမှာ ဖွင့်လှစ်ထားတဲ့ ဆရာမဒေါက်တာစင်သီယာမောင် ဦးစီးတဲ့ မယ်တော်ဆေး ခန်းဟာ ၁၉၈၉ ခုနှစ်ကနေ စတင်ပြီး ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာရှိတဲ့ မြန်မာတိုင်းရင်းသားဒုက္ခသည် များ၊ ပြည်တွင်းစစ်ကြောင့် ကိုယ်လက်အင်္ဂါချို့တဲ့ရသူများ၊ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ မြန်မာပြည် တွင်း ရပ်နီးရပ်ဝေးမှ ချို့တဲ့ဆင်းရဲတဲ့ လူနာများရဲ့ ကျန်းမာရေးကိစ္စအ၀၀ကို အခမဲ့ပြုစုကုသမှုပေးခဲ့ရာမှာ ယခု နှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ဆိုရင် အနှစ် ၂၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။
အဲသလို မယ်တော်ဆေးခန်း အနှစ် ၂၀ ပြည့်မြောက်တဲ့ အထိမ်းအမှတ်အနေနဲ့ မယ်တော်ဆေးခန်းမှာ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ၅ နှစ်နဲ့အထက် ၀န်ထမ်း ၁၃၁ ဦး(လူမျိုးမရွေး၊ နိုင်ငံသားမရွေး)ထဲက ၂၀ ဦးကို ၀န် ထမ်းထူးချွန်ဆု ပေးအပ်ချီးမြှင့်ဖို့အတွက် ၄-၂-၀၉ နေ့ နံနက် ၉ နာရီက မယ်တော်ဆေးခန်းရှိ EMOC စာသင် ခန်းမမှာ မဲပေးရွေးချယ်ပွဲတရပ် ကျင်းပပြလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
ဝန်ထမ်းထူးချွန်ဆုရွေးချယ်ပွဲမှာ မဲပေးပိုင်ခွင့်ရှိကြတဲ့ မယ်တော်ဆေးခန်းမှ ဋ္ဌာနတာဝန်ခံများ၊ မယ်တော်ဆေး ခန်းနဲ့ စီဒီစီကျောင်းမှ လုပ်သက် ၁၀ နှစ်နဲ့အထက် ၀န်ထမ်းများ၊ လုပ်သက် ၂ နှစ်အထက် ဆရာဝန်များ၊ စီမံ ကိန်းဆက်စပ်တာဝန်ခံများ၊ စီဒီစီကျောင်းကော်မတီနဲ့ မိဘဆရာအသင်းမှ ၂ နှစ်အထက်ဝန်ထမ်းများ စုစု ပေါင်း ၇၈ ဦးက လျှို့ဝှက်မဲပေးစနစ်နဲ့ ရွေးချယ်ခဲ့ကြကြောင်း သိရပါတယ်။
ရွေးချယ်ခြင်းခံရတဲ့ ၀န်ထမ်းထူးချွန်ဆုရရှိသူ ၂၀ ဦးကတော့ (၁) ဆရာ စောမူနီ (၂) ဆရာမ နော်ဆိုဖီယာ (၃) ဆရာ မိုးဦး (၄) ဆရာ လင်းယုန် (၅) ဆရာ အယ်တမွှီး (၆) ဆရာမ မေစိုး (၇) ဆရာ တင်ထွန်း (၈) ဆရာ ကြည် စိုး (၉) ဆရာ စောတင်ရွှေ (၁၀) ဆရာ စောသန်းလွင် (၁၁) ဆရာမ နော်အဲ့သွား (၁၂) ဆရာမ နော်ရီး (၁၃) ဆရာ အောင်ဖေ (၁၄) ဆရာမ ပုလဲဖော (၁၅) ဆရာ ရွှေနှင်း (၁၆) ဆရာမ ဖီးစေးဟဲ (၁၇) ဆရာ နေထူး (၁၈) ဆရာ အောင်သန်းဝေ (၁၉) ဆရာ နေဦး (၂၀) ဆရာ ထိုက်ထိုက် တို့ဖြစ်ကြပြီး အဆိုပါ ၀န် ထမ်းထူးချွန်ဆုရရှိ သူ ၂၀ ဦးကို ၁၉-၂-၂၀၀၉ နေ့မှာ ကျင်းပပြုလုပ်မယ့် မယ်တော်ဆေးခန်း နှစ် ၂၀ ပြည့် အထိမ်းအမှတ်အခမ်းအနားမှာ ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်မှာဖြစ်ကြောင်း သတင်းရရှိပါတယ်။
Posted by (လင်္ကာဒီပ) at 1:08 AM 0 comments
Labels: news
ဝဲါမ်ုဟှယ့်ထါင်မူ.ဏီ(အစ်ကိုပြန်လာမဲ့နေ့ )
Thursday, February 5, 2009ဤသီချင်းကိုတော်လှန်ရေးကာလတွင်းခံစားချက်ဖြင့်မျိုးချစ်ရဲဘော်များအတွက်တင်
်ပြခြင်းသာဖြစ်သည်။ ပုဂ္ဂိုလ်ရေးအစွဲမပါပါ။
Posted by (လင်္ကာဒီပ) at 12:16 AM 1 comments
Labels: video
ကရင် တော်လှန်ရေး သက်တမ်း နှစ် ၆၀ ပြည့်ခဲ့
Monday, February 2, 2009Monday, 02 February 2009 19:58 အေးချမ်းမြေ့
နှစ် ၆၀ ပြည့် ကရင် တော်လှန်းရေးနေ့ အခမ်းအနားက ကရင် တော်လှန်ရေး အဆက်ဆက်တွင် ပါဝင်ခဲ့သော မျိုးဆက်ဟောင်း တော်လှန်ရေး သမားကြီးများနှင့် မျိုးဆက်သစ် ကရင် လူငယ်များ အတွက် ပေါင်းကူးတံတား ထိုးပေးလိုက်သလို မြင်တွေ့ခဲ့ရသည်။
ဇန်နဝါရီ ၃၁ ရက်နေ့က နှစ် ၆၀ တင်းတင်း ပြည့်ခဲ့ပြီဖြစ်သော ကရင်တော်လှန်ရေးနေ့ နှစ်ပတ်လည် အခမ်းအနား ကို ကရင်ပြည်နယ်အတွင်းရှိ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၇ နယ်မြေအတွင်း ကျင်းပခဲ့ရာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအန်အယ်လ်အေ) တပ်သားများ၊ ကရင်တိုင်းရင်းသားများ အပါအဝင် ဧည့်သည်စုစုပေါင်း ၅ ထောင်ကျော် တက်ရောက်ခဲ့သည်ဟု တာဝန်ရှိသူ များက ပြောကြားသည်။
အခမ်းအနားမကျင်းပမီ ညကတည်းက ဧည့်ပရိသတ် ၅၀၀၀ ခန့် ကြိုတင် ရောက်ရှိနေရာ ချက်ထားသည့် ထမင်းဟင်းများပင် ပြတ်လပ်သွားပြီး တဲခိုဆောင်များ မလောက်သဖြင့် မြက်ခင်းပေါ်တွင် ကောက်ရိုးများခင်းကာ အိပ်ခဲ့ရသည်ဟု အခမ်းအနားတက်ရောက်သည့် ဧည့်သည်တဦးက ပြောပြသည်။
အခန်းအနားစင်မြင့်ဘေးတွင် လုံခြုံရေး တာဝန်ယူထားကာ သေနတ်ကိုင်၍ ငြိမ်သက်စွာရပ်နေသော ကေအန်ယူ တပ်သားလေးကို လာသမျှပရိသတ် အတော်များများက ဓာတ်ပုံ တဖြတ်ဖြတ် ရိုက်ယူနေကြသည်။ ဓာတ်ပုံရိုက်သူများ များပြားကာ အခမ်းအနားစင်မြင့်ကို ကွယ်ကြသဖြင့် အခမ်းအနားမှူးက မကြာခဏ သတိပေး နေရသည်။
ထိုနေ့ အခမ်းအနားတွင် လွန်ခဲ့သည့် နှစ် ၆၀၊ ကရင်တော်လှန်ရေး စတင်ချိန်ကတည်းက ပါဝင်ဆင်နွှဲခဲ့သော ကရင်တော်လှန်ရေး ရဲဘော်ဟောင်းကြီး ၁၆ ဦးကို ဂုဏ်ပြုခြင်း အစီအစဉ်တရပ် ပါဝင်သည်။ ထို ၁၆ ဦးထဲတွင် ဗိုလ်ချုပ် တာမလာဘော၊ ဗိုလ်ချုပ်မူတူးတို့ ကဲ့သို့သော ကေအန်ယူ ခေါင်းဆောင်များ ပါဝင်ပြီး ဗိုလ်ချုပ် တာမလာ ဘောကတော့ အခန်းအနားသို့ တက်ရောက်နိုင်ခြင်း မရှိပေ။
မြန်မာပြည် လွတ်လပ်ရေး ရပြီးချိန်မှ စ၍ နောက်ပိုင်းတွင် တိုင်းပြည်တွင်း၌ လူ့အခွင့်အရေး၊ ဒီမိုကရေစီ အခွင့်အရေးများ တဖြည်းဖြည်း ဆုံးရှုံးလာခဲ့ရာ ကေအန်ယူက တခြားသော တိုင်းရင်းသားများ၊ တခြားသော နိုင်ငံရေးခေါင်းဆောင် များနှင့် လက်တွဲကာ တိုင်းပြည်ငြိမ်းချမ်းရေး အတွက် တိုက်ပွဲဝင်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်း - မြန်မာ နယ်စပ်၊ မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းကို တည်ထောင်သူ ဒေါက်တာ စင်သီယာမောင်က ပြောသည်။
“အဲဒီကတည်းက တိုက်ပွဲတွေမှာ ပါဝင်ခဲ့တဲ့ တော်လှန်ရေးခေါင်းဆောင်တွေအတွက် ဒီနေရာကနေ ဂါရဝ ပြုပါတယ်” ဟု ၎င်းက ဆိုသည်။
ကရင်တော်လှန်ရေး စတင်ချိန်မှာ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး တနှစ်အကြာ ၁၉၄၉ ခုနှစ်တွင် ဖြစ်ပြီး ထိုနေ့က ဂုဏ်ပြုခံရသည့် တော်လှန်ရေးရဲဘော်ဟောင်းများမှာ ထိုစဉ်ကတည်းက တိုက်ပွဲတွင် ပါဝင်ခဲ့သူများ ဖြစ်သည်။
“ကရင်တိုင်းရင်းသားတွေ လွတ်မြောက်ရေးအတွက် တိုက်ပွဲဆက်ဝင်နေဦးမှာပဲ။ ကျနော်တို့ ပန်းတိုင်ကို မရောက်မချင်း ဆက်သွားနေမှာပါ” ဟု ဂုဏ်ပြုခံ ရဲဘော်ဟောင်းများထဲမှ တဦးဖြစ်သူ ဗိုလ်ချုပ်မူတူးက ပြောသည်။
ကရင်တော်လှန်းရေးနေ့ အခမ်းအနားကို အဖွဲ့အစည်း အသီးသီးက ဂုဏ်ပြုသဝဏ်လွှာပေးပို့ပြီး မြန်မာ စစ်အစိုးရ အတိုက်အခံ အဖွဲ့အစည်းတချို့က ဂုဏ်ပြုစကား ပြောကြားရာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ် ကျောင်း သားများတပ်ဦး၏ ဥက္ကဌ ကိုသံခဲက “ကရင့်တော်လှန်ရေးက သမိုင်းရှိပါတယ်၊ ရှင်းပါတယ်၊ သန့်ပါတယ်၊ တရား ပါတယ်၊ မှန်ပါတယ်။ ဒီသမိုင်းဟာ ဒီမိုကရေစီရဲ့သမိုင်း၊ အနှိပ်စက်ခံ ပြည်သူတွေရဲ့ သမိုင်းဖြစ်ပါတယ်” ဟု ပြောကြားသွားသည်။
ဆက်လက်၍ ၎င်းက ယခုခေတ်သည် လူသားအားလုံး တန်းတူ အခွင့်အရေး အညီအမျှရရှိပြီး လူ့အဖွဲ့အစည်းကို ငြိမ်းချမ်းသာယာစွာ အတူလက်တွဲ တည်ဆောက်ရမည့် ခေတ်၊ ရင်ပေါင်တန်းကာ ချီတက်ရမည့် ခေတ်ဖြစ်သော ကြောင့် ကရင့်ခေါင်းဆောင်ကြီးများ ချမှတ်ကျင့်သုံးခဲ့သည့် ကရင်တကျပ်၊ ဗမာတကျပ် ဆိုသည်မှာ တရားပြီး တော်လှန်ရေး ခေါင်းဆောင်ကြီးများ၏ ခုခံစစ်၊ တော်လှန်စစ်နှင့် ပတ်သက်၍ ကျောင်းသားများက ထောက်ခံသည်ဟု ဆိုသည်။
“ဒါ့အပြင် ကျနော်တို့ ကျောင်းသားများရဲ့ ပေးဆပ်မှု အများစုဟာ ကရင့်နယ်မြေထဲမှာ အခြေပြုခဲ့ပါတယ်။ ဆက်လက် လက်တွဲ တိုက်ပွဲဝင်မယ်လို့ ဒီနေရာကနေ သစ္စာ အဓိဌာန်ပြုပါတယ်” ဟုလည်း ကိုသံခဲက ပြောကြား သွားသည်။
ကရင်တော်လှန်ရေးကို ကရင်တော်လှန်ရေး အမျိုးသားခေါင်းဆောင် စောဘဦးကြီး ဦးဆောင်ခဲ့သည်။
သို့ရာတွင် ၁၉၉၅ ခုနှစ်က စတင်၍ ကရင်တော်လှန်ရေးမှာ ကံဆိုးမှုများနှင့် ကြုံတွေ့ခဲ့ရသည်ဟု ဆိုရပေမည်။ ဌာနချုပ်တည်ရှိရာ မာနယ်ပလောဒေသ ကျဆုံးခဲ့သည်။ ထို့ပြင် ထိုစဉ်က မြန်မာစစ်အစိုးရ၏ သပ်လျှိုသွေး ခွဲမှုကြောင့် ကရင်တိုင်းရင်းသားအချင်းချင်း ဗုဓ္ဒဘာသာနှင့် ခရစ်ယာန်ကွဲခဲ့ရပြီး တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (ဒီကေဘီအေ) ပေါ်ပေါက်ခဲ့ရသည်။
“ကရင်တော်လှန်ရေးဟာ ဟိုးတုန်းက အင်အားကြီးမားခဲ့ပေမယ့် နောက်ပိုင်း စစ်ရေးကိုအခြေပြုလွန်းတာကြောင့် နိုင်ငံရေးဘက်မှာ အာနည်းခဲ့တယ်။ မဖြစ်သင့်တာဖြစ်ခဲ့ရတယ်။ ဥပမာ ဒီကေဘီအေ ပေါ်ပေါက်လာတာမျိုး၊ အချိန်မဟုတ်ဘဲ အစိုးရဖွဲ့တာမျိုးပေါ့” ဟု ရခိုင်ကျောင်းသားတပ်မတော်၏ တာဝန်ရှိသူတဦးဖြစ်သည့် ကိုခိုင်လင်းအောင်က သုံးသပ်ပြောဆိုသည်။ ရခိုင်ကျောင်းသားတပ်မတော်အနေနှင့် ယခုအခါ စနစ်တကျ မဖွဲ့စည်း ရသေးသော်လည်း ကေအန်ယူနှင့် ပေါင်းစည်းကာ မြန်မာစစ်အစိုးရကို တော်လှန်သွားမည်ဟု သူက ဆိုသည်။
မနှစ်က လုပ်ကြံခံခဲ့ရသည့် ဖဒိုမန်းရှာလားဖန် အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူသည့် ကာလတွင်တော့ နိုင်ငံရေးက စစ်ရေးကို ဦးဆောင်မှုပေးလာနိုင်ခဲ့သည်ဟု သူက ဆက်ပြောသည်။
“ကေအန်ယူဆိုပေမယ့် ကျနော့်အမြင်ပြောရရင် မြန်မာနိုင်ငံတော်လှန်ရေး တခုလုံးကို ကိုယ်စားပြုတယ်။ ကေအန်ယူရဲ့ အရိပ်အာဝါသအောက်မှာ တပ်ပေါင်းစုတွေ၊ တပ်ဖွဲ့တွေ၊ အစိုးရတွေက စနစ်တကျ သွားနိုင်တယ်။ အဲလို သွားနိုင်ဖို့လည်း ကေအန်ယူက အများကြီးပံ့ပိုးပေးတယ်” ဟု ကိုခိုင်လင်းအောင်က သုံးသပ်သည်။
ကရင်တော်လှန်ရေး နှစ် ၆၀ ပြည့်အခမ်းအနားမှာ နိုင်ငံရေးအခမ်းအနားတခုသာမဟုတ်ဘဲ ကွဲကွာနေသည့် ကရင် တိုင်းရင်းသားများ ပြန်လည်ဆုံဆည်းသည့် ပွဲတခုအဖြစ်လည်း မြင်တွေ့ရသည်။ ဒေသတွင်းရှိ ကရင် တိုင်းရင်းသားများသာမက နိုင်ငံခြားရောက်နေသူများပါ ယခုအခမ်းအနားကို လာရောက် ဆင်နွှဲတာ တွေ့ရသည်။
ယမန်နှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့က ကျဆုံးခဲ့သော ကေအန်ယူ အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာလားဖန်း၏ သမီးငယ် ဇိုရာဖန်းသည်လည်း အင်္ဂလန်နိုင်ငံမှ နေ၍ ကေအန်ယူတော်လှန်ရေးနှစ် ၆၀ ပြည့်အခမ်းအနား တက်ရောက်ရန် ပြန်လာခဲ့သည်။ ဖဒိုမန်းရှာကို ကရင်တိုင်းရင်းသားများသာမက တခြားသော အတိုက်အခံ အဖွဲ့အစည်းအသီးသီးကပါ လေးစားကြရာ ယခုပွဲတွင် ၎င်းမရှိခြင်းက ကွက်လပ်ကြီးတခုသဖွယ် ဖြစ်ခဲ့သည်ဟု အများက ခံစားကြရကြောင်း သိရသည်။
“မြန်မာစစ်အစိုးရက ကရင်တိုင်းရင်းသားတွေနဲ့ ခေါင်းဆောင်တွေကို ခြေမှုန်းဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် သူတို့ ဒီလို လုပ်လို့ လုံးဝမရဘူးဆိုတာ ဒီအခမ်းအနားက သက်သေပြနေပါတယ်” ဟု ဇိုရာဖန်းက ၎င်းအခန်းအနားတွင် ကြွေးကြော်ခဲ့သည်။ ဆက်လက်၍သူက အခမ်းအနားကို ထောင်ပေါင်းများစွာသော ပရိသတ် တက်ရောက် လာသည့်အပေါ် အထူးပင် အံ့သြဝမ်းမြောက်သည်ဟု ပြောသည်။
ဖဒိုမန်းရှာ၏ မိသားစုက ယခုအခါ ဖန်းဖောင်ဒေးရှင်းဟူ၍ တည်ထောင်ကာ မိမိဒေသအတွင်း မိမိ၏ပြည်သူလူထု အတွက် အကျိုးရှိမည့် အလုပ်များကို လုပ်ဆောင်သော ကရင်မျိုးဆက်သစ် လူငယ်များကို ဆုပေးသွားမည် ဖြစ်သည်။
အမေရိကန်ဒေါ်လာ ၂၀၀၀ တန်ကြေးရှိသည့် ၎င်းဆုကို “ဖဒိုမန်းရှာလားဖန်း လူငယ့်ခေါင်းဆောင်ဆု” ဟု အမည် ပေးထားသည်။ ကရင်မျိုးဆက်သစ်လူငယ်များထဲမှ ဒေသတွင်း ခေါင်းဆောင်မှုပြုနိုင်သူ၊ ဆင်းရဲမှုပပျောက်ရေး အတွက် ဆောင်ရွက်နိုင်သူ၊ ပညာရေးအစီအစဉ် မြှင့်တင်ပေးနိုင်သူ၊ ဖွံ့ဖြိုးရေးအစီအစဉ်များ မြှင့်တင် ပေးနိုင်သူနှင့် ကရင် ယဉ်ကျေးမှုကို ထိန်းသိမ်းဆောင်ရွက်နိုင်သူများအား ၎င်းဆုကို ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
နှစ် ၆၀ ပြည့် ကရင်တော်လှန်ရေးနေ့တွင် ဖန်းဖောင်ဒေးရှင်း၏ ပထမဆုံးသော ဆုကို ချီးမြှင့်ခဲ့ရာ နယ်စပ်ဒေသ တွင် ကရင်တိုင်းရင်းသားများ အသိဥာဏ်မြင့်မားအောင် စွမ်းဆောင် ပေးနိုင်ခဲ့သည့် မျိုးဆက်သစ် လူငယ်တဦး ဖြစ်သော နော်ဖောကဘလာထူး က ဆွတ်ခူးရရှိခဲ့သည်။
“ကျမ သိပ်ကိုဝမ်းသာပါတယ်။ ကရင်တိုင်းရင်းသားတွေရဲ့ ဘဝမြှင့်တင်ပေးရေး လုပ်ငန်းတွေကို တစိုက် မတ်မတ် ဆက်လက် ဆောင်ရွက်သွားပါ့မယ်” ဟု နော်ဖောကဘလာထူးက ဆိုသည်။
အခမ်းအနားတွင် ကေအန်ယူ ဒုဥက္ကဌ စောဒေးဗစ်တာကပေါက စစ်အစိုးရကို ဆက်လက်တော်လှန်သွားမည်ဟု ပြောကြားခဲ့သည်။
“စစ်တိုက်တယ်ဆိုတာ တခါတလေ ရှေ့ကိုတိုးတိုက်ရပေမယ့် တခါတလေ နောက်ဆုတ်ရတာရှိတယ်။ ဒါကြောင့် ကျနော်တို့လည်း တခါတလေမှာ ရှေ့ကိုတိုးနိုင်ဖို့ နောက်ဆုတ်ရတဲ့ အခါမျိုးတွေ ရှိနိုင်ပါတယ်” ဟုသူက သတင်း ထောက်များကို ပြောသည်။
ထိုနေ့က ကျင်းပသည့် အခမ်းအနားမှာ ကရင်လူထုအတွက် မျိုးဆက်သစ်နှင့် မျိုးဆက်ဟောင်းများကို ပေါင်းကူးပေးသည့်ပွဲ၊ မျိုးဆက်သစ် လူငယ်၏ စွမ်း ဆောင်ရည်ကို တက်နိုင်သလောက် မြှင့်တင်ပေးသလို တော်လှန်ရေးစတင် ဆင်နွှဲခဲ့သည့် မျိုးဆက်ဟောင်း ရဲဘော်ကြီးများကို ဂုဏ်ပြုကာ သမိုင်းကို ပြန်လည် ဖော်ထုတ်ပေးသည့် ပွဲဖြစ်သည်။
နယ်စပ်ဒေသ တလျှောက်တွင် ပြည်သူလူထုက ကစဥ့်ကလျားနေထိုင်နေရသည့် ဘဝ၌ သူတို့ကိုယ်သူတို့ ကာကွယ်ရန် နည်းမျိုးစုံနှင့် ကြိုးစားနေရသဖြင့် နိုင်ငံရေးအရဖြစ်စေ၊ မိမိ အသက်ရှင်နေထိုင်ရေးနှင့် ဘဝလုံခြုံရေးအတွက် ဖြစ်စေ လက်နက်ကိုင်စွဲကာ တော်လှန်နေရဦးမည်ဟု ဒေါက်တာ စင်သီယာမောင်က ပြောခဲ့သည်။
“ပြင်းထန်တဲ့ ထိုးစစ်တွေ၊ ဖြိုခွဲမှုတွေကြားမှာ ဆိုတော့ အားနည်းလာတဲ့ အပိုင်းတွေ ရှိတယ်။ ကိုယ့်နိုင်ငံ ငြိမ်းချမ်း ရေးအတွက် လူငယ်တွေက ပိုမိုတာဝန်ယူ ထမ်းဆောင်သင့်ပါတယ်” ဟု သူက ဆိုသည်။
ကေအန်ယူ ဂုဏ်ပြုစစ်ရေးပြတပ်တွင် တပ်သား အယောက် ၉၀ ကျော်မြင်တွေ့ရသည်။ ပွဲကို ကရင်ရိုးရာ ဒုံးယိမ်း အကဖြင့် အဆုံးသတ်သည်။ ဒုံးယိမ်းအဖွဲ့ဝင် ၃၀၀ ထက်မနည်း ပါဝင်ကပြခဲ့ကြသည်။
Posted by (လင်္ကာဒီပ) at 11:11 PM 0 comments
Labels: news