စောဘဦးကြီး၏မူ(၄)ရပ်
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
ဍေမီယေါတ်မ်ုအင်းဟှစိုဝ်
Friday, November 28, 2008Posted by (လင်္ကာဒီပ) at 8:08 PM 0 comments
Labels: video
ထိုင်းနယ်စပ်သို့ စစ်အစိုးရ လက်နက်ပစ္စည်းဖြည့် - လက်နက်ကြီးတပ်ဆင်ဖို့နှင့်ဆက်စပ်မှုရှိနိုင်ဟု SSA ဥက္ကဌသုံးသပ်
Wednesday, November 26, 2008ထိုင်းနယ်စပ်သို့ စစ်အစိုးရ လက်နက်ပစ္စည်းဖြည့် - လက်နက်ကြီးတပ်ဆင်ဖို့နှင့်ဆက်စပ်မှုရှိနိုင်ဟု SSA ဥက္ကဌသုံးသပ်
တနင်္လာနေ့၊ 17 နိုဝင်ဘာလ 2008 သျှမ်းသံတော်ဆင့်
စစ်လက်နက်ပစ္စည်းအပြည့်တင်ဆောင်သော စစ်အစိုးရ၏တရုတ်ဖြစ် တုန်းဖုန်းစစ်ယာဉ်တန်းများ သျှမ်းပြည်အရှေ့ပိုင်းသို့ ရောက် လာရာ နယ်စပ်တလျောက် နအဖတို့လက်နက်ကြီးတပ်ဆင်ရန်စီစဉ်နေမှုနှင့် ဆက်စပ်မှုရှိနိုင်ကြောင်း သျှမ်းပြည်တပ်မတော် SSA ဥက္ကဌ ဗိုလ်မှုးကြီးယွက်စစ်က ပြောသည်။
ယခုလ ၉ ရက်နေ့က နအဖစစ်အစိုးရ၏ တုန်းဖုန်းစစ်ယာဉ်တန်း ၁၅ စီး တာ့ကော့တံတားဖြတ်သန်းသွားကြောင်း၊ မည်သည့်အရပ် သို့ ဆက်သွားမည်ကို မသိရကြောင်း အသက် ၄၀ ကျော် မိုင်းပြင်းဒေသခံ အမျိုးသား တစ်ဦးကပြောပြ သည်။
မိုင်းပြင်းအခြေစိုက် နအဖစစ်တပ်နှင့် အ၀င်အထွက်ရှိသူ အဆိုပါဒေသခံက “ ခဲယမ်းမီးကျောက်နဲ့ကျည်ဆံတွေတဲ့။ ဒေသခံ နအဖှ အရာရှိငယ်တွေ ပြောတယ်။ လုံòခံရေးအက်စ်ကော့ဒ်က အယောက် ၂၀ လောက်ဘဲရှိတယ်။ လမ်းတလျောက် ကင်းတဲတွေ စစ်သား တွေ မိုင်ဝက် ၁ မိုင်အကွာ ၃-၄ ယောက် ၁ ဖွဲ့လုံòခံရေးပိုထူတယ်။ ဆင့်ဆိုခံရတဲ့ အရပ်သားတွေလဲ တွေ့ရတယ်တဲ့၊ အဲဒီနေ့က ထော်လာဂျီသမားတွေပြောပြတာ” ဟု ဆို၏။
၎င်းနှင့် ပတ်သက်၍ သျှမ်းပြည်တပ်မတောှ် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဌ ဗိုလ်မှုးကြီးယွက်စစ်က “ထိုင်းနယ် စပ်တလေဋာက် တာချီလိတ်၊ ဟိုမိန်း၊ မိုင်းတုံ္မမ့နယ်တွေမှာ နအဖလက်နက်ကြီးတွေလာထားမယ်လို့ကြားရတာကြာပြီ။ ၁၂၀ မမနဲ့ ၁၅၀ မမ လို့ကြားရတယ်။ တပ်ဆင်မယ့်နေရာလည်းလုပ်ထားပြီးပြီတဲ့။ အခုလာတဲ့ ခဲယမ်းမီးကျောက်ကားတွေက လက်နက်ကြီး တပ်မယ့်ဟာနဲ့ ဆက်စပ်မှုရှိနိုင်တယ်။ နောက်တစ်ခုက သိပ်မကြာသေးခင်ကဘဲ မိုင်းဆတ်လေယာဉ်ကွင်းမှာ စစ်လေယာဉ် ထိန်းချုပ် တဲ့ ကွန်ပြူတာစက် တပ်ဆင်ထားပြီလို့ လဲကြားရတယ်” ဟု သျှမ်းသံတော်ဆင့်သို့ပြော၏။
၎င်းနှင့်ပါတ်သက်၍ နယ်စပ်မှ ထိုင်းအာဏာပိုင်တစ်ဦးက“ ၁၂၀ မမ ဆိုရင်တော့ SSA ကိုထိုးစစ်ဆင်တုန်းက သုံးတာ တွေ့ရတယ်။ ၁၅၀ မမ ဆိုရင် ဒါအဝေးပစ်ဘဲ။ သူတို့ ဘယ်ကိုပစ်မလဲ။ စိတ်ဝင်စားစရာဘဲ” ဟု ပြော၏။
သံလွင်အရှေ့ခြမ်းသို့ အဆိုပါစစ်ယာဉ်တန်းမရောက်လာမီ ၁ ရက်အလို ယခုလ ၈ ရက်နေ့ကလည်း ခလရ ၂၇၇ နှင့် ခလရ ၂၂၅ တို့က ကျိုင်းတုံ-နားကောင်းမူး ကားလမ်းတစ်လေဋာက်လုံòခံရေးချထားသည်ကိုတွေ့ရပြီးဒေသခံလူထုအားလည်း “လူကြီးလာ မည်” ဟုသာပြောထား၏။ ထိုနောက်ပိုင်း မကြာမီ တစ်စီးလျင် လုံòခံရေး ၅ ယောက်စီပါသည့်စစ်ယာဉ်တန်း ၅ စီးရောက်လာပြီး ပုံပါကျင်သို့ ၂ စီး၊ မိုင်းကဋ္ဌတ်သို့ ၂ စီး၊ နားကောင်းမူးသို့ ၁ စီး သွားသည်ဟုဆို၏။ သို့သော် ပုံပါကျင်ဒေသခံတစ်ဦးက “ဆောင်း တွင်းမို့လို့ စစ်သားတွေအတွက် အနွေးထည်တွေနဲ့ ရိက္ခာတွေ တင်လာတာတဲ့ ” ဟု စစ်တပ်အသိုင်းအ၀ိုင်းမှ ကြားသိရကြောင်း ပြောပြသည်။
သျှမ်းသံတော်ဆင့်မှကူးယူဖော်ပြသည်။
Posted by (လင်္ကာဒီပ) at 11:42 PM 0 comments
Labels: news
မြန်မာစစ်သား (၆) ဦး ကေအန်ယူထံ လက်နက်ချ
Monday, November 24, 2008
November 24 2008မြန်မာစစ်တပ်အတွင်း လူသတ်မှု၊ မုဒိမ်းမှု၊ တပ်တွင်းဖိနှိပ်မှုများ အပါအဝင် လူထုကို နည်းအမျိုးမျိုးဖြင့် မတရား ဖိနှိပ်ညှဉ်းပန်းအနိုင်ကျင့်မှုများကို နေ့စဉ်ကျူးလွန်နေသည့် မြန်မာစစ်တပ်အတွင်း ဆက်လက် နေထိုင်လိုစိတ် မရှိတော့သဖြင့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် လာရောက်ပူးပေါင်းရခြင်းဖြစ်ကြောင်း လက်နက်ချမြန်မာစစ်သား (၆) ဦးထဲမှ စစ်သား မောင်ဖိုးဇော်က ခေတ်ပြိုင်သို့ ပြောကြားသည်။
ပြီးခဲ့သည့် သောကြာနေ့က ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်စခန်းတခုသို့ ရောက်ရှိလာကြသည့် မြန်မာစစ်တပ်မှ စစ်သည် (၆) ဦးအနက် မြန်မာစစ်တပ်မှ ဆက်သွယ်ရေး စစ်သည်တဦးဖြစ်သူ မောင်ဖိုးဇော်က ၎င်း၏တပ်တွင်းအတွေ့အကြုံများအား ခေတ်ပြိုင်သို့ ပြောကြားခြင်းဖြစ်သည်။
လက်နက်ချ မြန်မာစစ်သည် (၆) ဦးမှာ-
မောင်ဖိုးဇော် (၁၈နှစ်) ကိုယ်ပိုင်အမှတ် (တ/၃၆၉၃၄၁)၊ ခမရ(၅၂၂)၊ စခက(၁၆)။
မော်ကျော်ရဲဋ္ဌေး (၁၉နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၅၂၉၇)၊ ခလရ (၁၉)။
မောင်ဝင်းထွန်း (၂၁နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၇၁၂၈)၊ ခလရ (၄၃၉)။
မောင်ကျော်နိုင်စိုး (၂၃နှစ်)၊ ကိုယ်ပိုင် အမှတ် (တ/၃၇၅၂၁၀)၊ ခလရ (၁၉)။
ရဲထွဋ်ဝင်း (၂၅နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၆၈၁၂)၊ ခလရ (၁၉)။
ကိုလမင်းထွန်း (၃၁နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၇၁၂၇)၊ ခလရ (၄၃၉) တို့ဖြစ်သည်။
အဆိုပါ မြန်မာစစ်သည် (၆) ဦးသည် ၎င်းတို့ ကိုင်ဆောင်သည့် လက်နက်များနှင့်အတူ ကေအန်ယူ တပ်မဟာ (၃) နှင့် တပ်မဟာ (၅) သို့ လာရောက်ပူးပေါင်းခဲ့ကြခြင်းဖြစ်သည်။
မောင်ဖိုးဇော်က “တပ်ထဲမှာ လူသတ်၊ မုဒိမ်းကျင့်၊ လူထုကို နှိပ်စက်တဲ့အလုပ်တွေ နေ့စဉ်မြင်တွေ့ရတော့ ဆက်မလုပ်ချင်တော့တာနဲ့ ဒီဘက်ကို လာရောက်ပူးပေါင်းတာဖြစ်တယ်။ ဒီနှစ် ၂၀၀၈ (၉) လပိုင်းက ဆိုလို့ရှိရင် ဖာပွန်ခရိုင်၊ ထီးမူးခီးဂွင်မှာ တောင်ယာထဲက ရွာသားတွေကို လိုက်ဖမ်းတာ မမိဘဲ (၁၂) နှစ်သားအရွယ် ယောက်ျားလေး တယောက်ကို သေနတ်ဒဏ်ရာနဲ့ ဖမ်းမိတယ်။ အဲ့ဒါ မိမိချင်းပဲ သူပုန်ဆိုပြီးတော့ ပစ်သတ်လိုက်တယ်။ နောက်ပြီးတော့ ၂၀၀၇ ခု မိုးတွင်းမှာပဲ တောင်ငူခရိုင်၊ တိပ်ပုရွာထဲမှာ ရွာထဲဝင်ပြီး လူတွေ လိုက်ဖမ်းတော့ လူကြီးတွေထွက်ပြေးပြီး နို့စို့အရွယ် ကလေး (၂) ဦး ပုခက်ထဲ ကျန်ခဲ့တယ်။ အဲ့ဒါကို ခမရ (၅၂၂) က ဗိုလ်ကြီးနေဝင်းမြင့်က သတ်ဖို့အမိန့်ပေးတော့ တပ်ကြပ်ကြီး ကျော်မိုးနဲ့ ဗိုလ်လွှမ်းမိုးအောင်တို့က ကလေးကို ကုတ်ကဆွဲပြီး ဆန်ဖွတ်တဲ့မောင်းထဲထည့်ပြီး ထောင်းသတ်တာ ကျနော့်မျက်မြင် ကိုယ်တွေ့ပါ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
၎င်းက “၂၀၀၇ ခုနှစ် စပါးရိတ်ချိန်မှာလည်း ဖာပွန်ခရိုင်၊ မူသဲဂွင်မှာ တောင်ယာတဲမှာ ရှိနေတဲ့ အသက် (၁၈) နှစ်အရွယ် ကရင်မလေးတယောက်ကို ခလရ (၆၈) စစ်ကြောင်းမှူး ဗိုလ်ကြီးသိန်းဖေ၊ ဗိုလ်ကြီး ဗညားဦး၊ ဗိုလ် ကြီး လေးသိန်းမောင်အပါအဝင် စစ်သား (၂၀) လောက်ကနေ ဝိုင်းပြီး မုဒိမ်းကျင့်ကြတယ်။ အဲ့ဒီမိန်းကလေး မေ့မြောသွားတဲ့အချိန်မှာ ဗိုလ်ကြီးသိန်းဖေရဲ့ အမိန့်နဲ့ လူရော၊ တဲရော တခါတည်း မီးရှို့လိုက်တယ်။ ဒါ ကျနော့်ရဲ့ မျက်မြင်ကိုယ်တွေ့ပါ။ အထမ်းသမားတွေကိုလည်း လမ်းမြန်မြန်လျှောက်ဖို့ မိုင်းရှာတဲ့ ဆူးတွေနဲ့ အနောက်ကနေ တင်ပါးတို့၊ ကျောပြင်တို့ကိုထိုးတယ်။ လမ်းမလျှောက်နိုင်တဲ့ လူတွေကျတော့ လည်ပင်းကို ကြိုးကွင်းစွပ်ပြီး ဆွဲခေါ်တာတွေ ရှိတယ်။ အဲဒါမှမနိုင်ရင် တခါတည်း သေနတ်နဲ့ ပစ်သတ်လိုက်တာတွေ မကြာခဏပဲ။ နောက်ပြီး ရွာပုန်းရွာရှောင်၊ ရွာ(၈) ရွာကိုလည်း မီးရှို့လိုက်တာတွေအပြင် အခြားလုပ်ရပ်တွေလည်း အများကြီးရှိတယ်။ စိတ်ဆင်းရဲစရာတွေချည်းပဲ နေ့စဉ်ကြုံတွေ့နေရတယ်။ ဒါကြောင့် ဒီဘက်ကို ထွက်လာရတာပါ” ဟု ဆက်လက်ပြောကြားသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ၏ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဂျော်နီက “ကျနော်တို့ဆီမှာ လာရောက်ပူးပေါင်းကြတဲ့ မြန်မာစစ်တပ်ကဖြစ်စေ၊ ဒီကေဘီအေကဖြစ်စေ၊ သူတို့ကို ကောင်းမွန်စွာ လက်ခံစောင့်ရှောက်ပါတယ်။ သူတို့ဆန္ဒကိုသာ ဦးစားပေးပါတယ်။ တော်လှန်ရေး ဆက်လုပ် ချင်တဲ့သူတွေကို တော်လှန်ရေးမှာ ထားသလို၊ အပြင်မှာပဲ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်ပြီး နေထိုင်ချင်တဲ့ သူတွေကိုလည်း လိုအပ်တဲ့အကူအညီတွေကို စီစဉ်ပေးပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။
ယခုနှစ် စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ (၃) လအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော်နှင့် လာရောက်ပူးပေါင်းသည့် ဒီကေဘီအေတပ်ဖွဲ့ဝင်များနှင့် မြန်မာစစ်သည်များ (၃၀) ခန့် လက်နက်များနှင့်အတူ လာရောက်ပူးပေါင်းခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး၏ တွဲဖက်အတွင်းရေးမှူး (၁) ပဒိုစောလှငွေက ပြောသည်။
ယခု လာရောက်ပူးပေါင်းကြသည့် စစ်သည် (၆) ဦးသည် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၃) ညောင်လေးပင်ခရိုင်နှင့် တပ်မဟာ (၅) ဖာပွန်ခရိုင်ရှိ ဆက်စပ်ဒေသများတွင် လှုပ်ရှားနေ သည့် တပ်ဖွဲ့များမှဖြစ်ပြီး ၎င်းတို့ကို ကေအန်ယူ နှင့် မဟာမိတ်များမှ လိုအပ်သည့် အကူအညီများပေးကာ လက်ခံစောင့်ရှောက်ထားသည်။
The NEJမှကူးယူဖော်ပြသည်။
Posted by (လင်္ကာဒီပ) at 11:19 PM 0 comments
Labels: article
အင်္ဂါမစုံတဲ့ကောင်းကင်
ဖေဖေဖျော်ထားတဲ့ ကော်ဖီကို
မေမေ၀ယ်ထားတဲ့ မုန့်ဟင်းခါးနဲ့သောက်ရင်း
မြေသင်းနံ့တွေတဝေေ၀နဲ့
ငါ့ရဲ့နံနက်ခင်းတွေ
တစ်ခါကလှခဲ့ဖူးတယ် ...။
လူစုံအောင်စောင့်တတ်တဲ့
မိသားစုထမင်းဝိုင်းတွေ
ဘယ်လောက် ခြောက်သွေ့တိတ်ဆိတ်နေမလဲနော်
ပြန်လာချင်ပေမယ့် ...
ဘယ်အရာက ငါ့ကိုပြန်ခေါ်နိုင်မှာလဲ ...။
မပျော်ဘူးချစ်သူ ...
ငါ့နေ့ရက်တွေ မလှပခဲ့တာကြာပေါ့
တိုးတက်ခေတ်မီတဲ့ ပထမနိုင်ငံတစ်ခု
ငါ့စိတ်ဒဏ်ရာတွေကို
ဘယ်လိုမှမကုနိုင်ပါဘူး ...။
မိုးထိမြင့်တိုက်ခန်းတွေထဲက
လူနေမှုအဆင့်အတန်းတွေ
ဘယ်လောက်အထိမြင့်နေမှာလဲ
မျက်ဝန်းဖြူဖြူတွေထဲက
အရိုးသားဆုံးကွက်လပ်တွေနဲ့
ငါ ဘယ်လိုမှ လဲလှယ်မကျေနပ်နိုင်ခဲ့ဘူး။
အဆင်ပြေခြင်းတွေက
နှလုံးသားရဲ့ အပြင်ဘက်မှာ
အင်္ဂါမစုံစွာနဲ့ လှလို့ ပလို့ ...
ချစ်သူရေ ...
ငါ့ကိုပြောပါ ငါ့ကိုပြောပါ
တစ်ခြမ်းပဲ့နေတဲ့ ဘ၀အဓိပ္ပါယ်တွေ
ငါတို့ဘယ်လိုပြန်ဆက်ယူနိုင်မလဲဆိုတာလေ ...။ ။
Posted by (လင်္ကာဒီပ) at 10:48 PM 0 comments
Labels: poem
လက်တလုံးခြားသင်ခန်းစာတွေများစွာ ကရင်လူမျိုးတွေနားလည်သင့်ပါပြီ။
Tuesday, November 18, 2008
ရန်ငြိုး၊အာဃာတတွေမထားကြဘဲကရင့်မျိုးဆက်သားငယ်၊သမီးငယ်တွေရဲ့ အစကောင်းခြင်းကိုဖော်ဆောင်ကြသင့်တယ်လို့ ထင်မိပါသည်။မြင့်မားတဲ့ အသိစိတ်ဓါတ်ရှိကြသူများပီပီအတူပူးတွဲပြီး၊အေးအတူပူအမျှရှေ့ ခရီးဆက်သင့်လှပါပေသည်။
(စောကျော်ခွိ)
Posted by (လင်္ကာဒီပ) at 12:31 AM 0 comments
Labels: photo
ဘာကရင်လဲ
ဘာကရင်လဲ
သင်လည်းကရင်
ကျူပ်လဲကရင်
ကျူပ်တို့ ဘာကရင်တွေလဲ။ ။
(စောထာမနိုက်)
Posted by (လင်္ကာဒီပ) at 12:06 AM 0 comments
Labels: poem
The Story of an IDP
Monday, November 17, 2008Posted by (လင်္ကာဒီပ) at 1:15 AM 0 comments
Labels: video
ကရင်အမျိုးသားသမိုင်း အပိုင်း(၂)
Saturday, November 15, 2008သုဘိန္နမြို့ နှင့်ဟိဿကသက္ကမင်း
ဗြဟ္မာနတ်လူသုံးဘုံသူတို့ ၏ကိုးကွယ်ရာဖြစ်တော်မူသော အရှင်ဂေါတမဘုရားအလောင်းတော်သည်ဘိုးတော်အဉ္စနမင်းကြီး၏ပြိုကြွင်းသက္ကရာဇ်၁၀၃ခုနှစ်ကဆုန်
်လပြည့်ဗုဒ္ဒဟူးနေ့  အရုဏ်မတက်မီဗောဓိပင်နှင့်ရွှေပလ္လင်ဝယ်သဗညူတဘုရားအဖြစ်သို့ ရောက်တော်မူသတည်း။သထုံပြည်သည် ကမ္ဘာဦးမှစ၍ရာမညရဌသုဝဏဘူမိသုဓမ္မဟီသထုံပြည်ဟုတွင်ခဲ့သော်လည်းဂေါတမမြတ်စွာဘုရားပွင့်
တော်မမူမီအနှစ်(၅၀)လောက်တွင်ခေတ်ကာလအားလျှော်စွာကရဏကရဌသုဘိန္နနဂရဟုတွင်လျှက်ရှိ
လေပြီ။ထိုခေတ်ကာလကရဏတိုင်းသုဟိန္နမြို့ ၌တိဿသက္ကရာဇာမည်သောမင်းကြီးနှင့်သီရိကပါဒေ၀ီမည်သောမိဖုရားကြီးတို့ နန်းစံလျှက်ရှိကြကုန်၏။
တရံရောအခါကအယုဒယသောနကတိုင်းယွန်းပြည်ကြီးမှစစ်သည်သူရဲများစွာတို့ သည်ချီတက်ဝင်ရောက်လာပြီးလျှင်ကရဏတိုင်းသုဘိန္နမြို့ ကိုအထပ်ထပ်ဝိုင်းရံလျှက်စစ်သောတည်းပြိုင်မည်လော၊ထီးနန်းတိုင်းပြည်ကိုသောတည်းအပ်မည်လော
ဟုစကားဆိုလာစေ၏။ တိဿသက္ကမင်းကြီးသည်သင်္ဘောကုန်သည်တို့ ဆက်သသောလေးစင်္ကြာ၏တန်ခိုးကြောင့်ယောနကတိုင်းသားယွန်းသူပုန်များကိုမကြာမတင်အောင်မြင်
တော်မူ၏ယွန်းသူပုန်တို့ သည်စစ်ရှုံးချက်နာလှသဖြင့်လက်လွတ်ထွက်ပြေး၍လွင့်ပါးပျောက်ပျက်
လေကုန်၏။
ဇေယျမြို့ တည်ထောင်ပုံ
တိဿသက္ကမင်းကြီးသည်မိမိနိုင်ငံတော်အတွင်း၌ယွန်း၊ယိုးဒယားရန်သူတို့ ကိုတစ်ယောက်မကျန်သုတ်သင်နှိမ်နင်းတော်မူပြီးလျှင်
ထိုနယ်စွန်းနယ်ဖျား၌တောင်နှင့်မြောက်တန်းလျှက်မြို့ ရိုးစောင်းတန်း၊တံတိုင်းကြီးသဖွယ်ဆီးကာလျှက်ရှိသော၊ထိုအခါကာလကဒိုးဒနဟခေါ်သောတောင်
တန်းကြီး၏အနီးတခုသောတောင်ငယ်ပေါ်၌တပ်စခန်းချတော်မူ၍ခုနှစ်လတိုင်အောင်သေသောက်
လျှက်အောင်သားစားပြီးလျှင်အောင်ပွဲသဘင်ခံတော်မူသတည်း။
မူးမတ်များနှင့်စိုင်းပြင်တိုင်ပင်နှီးနှောတော်မူ၍အောင်ပွဲသဘင်ခံတော်မူသောတပ်စခန်း၌ပင်မြို့ ပြတည်ထောင်တော်မူ၍ရန်သူအပေါင်းကိုအောင်ရာအောင်ကြောင်းဖြစ်သောကြောင့် ဇယျမြို့ ဟုသတ်မှတ်လျှက်မိမိကိုယ်တော်တိုင်ထီးနန်းစိုက်ထူ၍စံမြန်းတော်မူ၏။ဇယျမြို ကို့တည်ထောင်သောခုနှစ်သက္ကရာဇ်ကားဘိုးတော်အဉ္စနမင်းကြီး၏ပြိကြွင်းသက္ကရာဇ်သစ်၈၈ခုတည်း။
ဇယျ့တော်သည်မြို့ ရိုး၊ကျုံး၊မြောင်း၊တန်ဆောင်း၊ပြစ်စင်၊၀င်ယာဟောတံခါး၊တုနှိုင်းတိုင်၊မော်ကွန်းတိုင်
စသောမြို့ ၏အင်္ဂါများနှင့်၎င်း၊အိမ်၊ဈေး၊ပွဲ၊လွတ်တော်၊ရု့းတော်စသည်တို့ နှင့်၎င်းပြည့်စုံစေလျှက်ဆင်သံ၊မြင်းသံစသောအသံမျိုးနှင့်လည်းပြည်စုံသောနေပြည်တော်ကြီးဖြစ်
လေသည်။
ဗျညားက္ကုန္ဒကိုမင်းမြောက်ပုံ
တိဿသက္ကမင်းကြီးသည်ဇယျမြို့ တော်ကိုခုနှစ်လတိုင်အောင်ပွဲသဘင်ခံလျှက်စံနေတော်မူပြီးလျှင်ကရဏတိုင်းသုဘိန္နမြို့ တော်
ဟောင်းသို့ ပြန်လည်၍ကြွချီတော်မူအံ့သောအခါ၊ထိုဇေယျမြို့ ၏တည်ရာတောင်တန်းတောင်စဉ်တလျှောက်အရှေ့ ဘက်အနောက်ဘက်၌သော၊လောလူမျိုး၊လ၀လူမျိုး၊တလိုင်းလူမျိုး၊ကရင်လူမျိုးတို့ အပေါ်တွင်သြဇာအာဏာကြီး၍ရဲစွမ်းသတ္တိရှိသူအမှုထမ်းသူရဲကောင်းကြီးကရင်လူမျိုးဗညားက္ကုန္ဒဆို
သူကိုစောဗညားက္ကုန္ဒရာဇာဟုဘွဲ့ ပေးတော်မူ၍မင်းမြောက်တန်ဆာငါးပါးနှင့်တကွချီးမြောက်တော်မူပြီးလျှင်စစ်သည်သူရဲတသိန်းခန့် နှင့်အစောင့်အနေခန့် ထားတော်မူခဲ့ပြီးထီးရံနန်းရံမြို့ စားစော်ဘွားကဲ့သို့ မ်းပြုစေလျှက်မိမိ၏မြို့တော်ခံတပ်ဟောင်းသို့ ပြန်ကြွသွားတော်မူလေ၏။
ဇယျမြို့ အမည်ပြောင်းလဲပုံ
ကရဏကတိုင်းရှင်တိဿသက္ကမင်းကြီးကရန်အပေါင်းကိုအောင်ရာအောင်ကြောင်းဖြစ်သော
ကြောင့်ဇယျမြို့ ဟုသမုတ်ခဲ့သော်လည်းထိုမြို့ ၌နေကုန်သောတလိုင်းကရင်လူမျိုးတို့ ကယောနကတိုင်းနှင့်ကရဏကတိုင်း၏ကြားတွင်တည်ရှိသောတောင်းတန်းကြီး၏ဖြတ်လမ်းတံခါးဝ
အနီး၌ရှိအောမြို့ ဖြစ်၍မိမိတို့ ၏တလိုင်းကရင်ဘာသာဖြင့်ပိုင်တရောချောင်ဟူ၍၄င်း၊ပံတရောင်ဒုံဟူ၍၄င်းဗံဒရောဒုံဟူ၍၄င်းခေါ်
ဝေါ်ကြကုန်၏။ပိုင်၊ပံ၊ဗံဟူသောတလိုင်းကရင်ဘာသာကိုမြန်မာလိုပြန်ဆိုလျှင်အ၀င်ဝ၊တံခါးဝ၊ပါးစပ
်ဟုအဓိပါယ်ရသည်။တရောင်၊ဒရော၊တရောဟူသောတလိုင်းကရင်ဘာသာမှာမြန်မာလိုတံခါးဝဖြစ
်သည်။ချင်၊ဃုံ၊ဓုံ၊ဘုံ၏အဓိပါယ်မှာမြို့ ဖြစ်သည်။အားလုံးပေါင်း၍မြန်မာပြန်လျှင်ပိုင်တရောင်ချင်-တံ
ခါးဝမြို့ ၊ပံတရောင်ဒုံ-အ၀င်ဝမြို့ ၊ဗံဒရောဒုံ-ပါးစပ်ဝမြို့ ဟုအဒိပါယ်ရသည်။ဤကားတိဿသက္ကမင်းကြီးကဇယျမြို့ ဟုမှညါ့ခဲ့သောရန်အောင်မြို့ ကိုတလိုင်း
ကရင်တို့ ကမိမိတို့ ဘာသာဖြင့်ပိုင်တရောင်ချင်၊ပံတရောဒုံ၊ဗံဒရောဒုံဟုပြောင်းလဲခေါ်ဝေါ်ကြောင်း
ကိုပြဆိုသော
စကားတည်း။
ဇယျခေါ်ပိုင်တရောင်ချင်တံခါးဝမြို့ ၏တည်နေရာကားယခုကာလတွင်မော်လမြိုင်ခေါ်သောကျိုက္ခမီစီရင်စုကော့ကရိတ်မြို့ ၏အရှေ့ တောင်အင်္ဂလိပ်သုံးမိုင်ခန့် ဝေးသောမြို့ ဟောင်းခေါ်ရွာ၏အနီး၌တည်ရှိသောမြို့ ပျက်မြို့ ရွာတည်း။ယိုးဒယားနယ်စပ်သို့ မီးရထားလမ်းဖေါက်လုပ်ရန်လည်းထိုမြို့ စေဟာင်းရွာ၏အနီးတောင်ကြားလမ်းမကြီးမှပင်ဖေါက်လုပ်သွယ်တန်းမည်ဟုတိုင်းတာမှတ်သား၍
ထားလေသည်။
အပိုင်း(၃)သို့ ရှုစားပါ
Posted by (လင်္ကာဒီပ) at 9:14 PM 0 comments
Labels: history
ဟှယ့်စါင်ဲးကိုလာ.ဖလုံထီ့ခါန်
Friday, November 14, 2008Posted by (လင်္ကာဒီပ) at 4:55 PM 0 comments
Labels: video
DKBA စခန်းကိုKNUကသိမ်းပိုက်
Thursday, November 13, 2008Posted by (လင်္ကာဒီပ) at 10:24 PM 0 comments
Labels: news
ဒီကေဘီအေ (၃၃၃) တပ်ရင်းဌာနချုပ်ကို ကေအန်ယူဝင်သိမ်း
၁၂ နိုဝင်ဘာ ၂၀၀၈
သထုံခရိုင်တွင် အခြေစိုက်သည့် ဒီကေဘီအေ (၃၃၃) တပ်ရင်းဌာနချုပ်စခန်းအား နိုဝင်ဘာ (၅) ရက်က ကေအန်ယူတပ်ဖွဲ့ဝင်များ ၀င်ရောက်တိုက်ခိုက်ရာ ဒီကေဘီအေတပ်ဖွဲ့ဝင် (၃) ဦးကျဆုံးပြီး ကေအန်အယ်လ်အေမှ (၃) ဦး ဒဏ်ရာရရှိသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) က သထုံခရိုင်အတွင်းရှိ ဒီကေဘီအေ (၃၃၃) တပ်ရင်းဌာနချုပ်စခန်းအား ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရခြင်းသည် ဒေသခံကရင်လူမျိုးများအပေါ် ဒီကေဘီအေအဖွဲ့မှ နည်းမျိုးစုံဖြင့် မတရားအနိုင်ကျင့် နှိပ်စက်ညှဉ်းပန်းမှုများကြောင့် လူထုအကျိုးအတွက် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရခြင်းဖြစ်သည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက ခေတ်ပြိုင်သို့ ပြောသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း (၁) နှင့် ကေအန်ယူ သထုံမြို့နယ်အဖွဲ့တို့ပူးပေါင်းပြီး သထုံခရိုင်တွင်အခြေစိုက်သည့် ဒီကေဘီအေ (၃၃၃) တပ်ရင်းဌာနချုပ်စခန်းအား ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက ပြောကြားသည်။
၎င်းက “ဒီကေဘီအေရဲ့ ဘယ်စခန်းကိုမဆို ဘယ်အချိန်ဖြစ်ဖြစ် တက်သိမ်းလို့ရတယ်။ ဒီကေဘီအေ (၃၃၃) တပ်က တပ်မဟာ (၁) သထုံခရိုင်မှာရှိတဲ့ လူထုကို အကြောင်းအမျိုးမျိုးပြပြီး အမြဲတမ်းညှဉ်းပန်းနှိပ်စက်မှုတွေ၊ မတရားဆက်ကြေးတောင်းခံမှုတွေ ကျူးလွန်နေတာကို မခံနိုင်တော့တဲ့ ကရင်လူထုတွေဟာ ကျနော်တို့ဆီကို လူနာမည်၊ တပ်ရင်းတပ်ဖွဲ့နာမည် အတိအကျနဲ့ မတရားအနိုင်ကျင့် သတ်ဖြတ်မှုတွေအပါအဝင် အရေးယူပေးဖို့တိုင်စာတွေ၊ သက်သေအထောက်အထားတွေနဲ့တကွ တိုင်ကြားလာတာတွေရှိတယ်။ လူထုအကျိုးအတွက် အခုလို အရေးယူတိုက်ခိုက်ရတာ” ဟု ပြောသည်။
အဆိုပါစခန်းသိမ်းတိုက်ပွဲတွင် ဒီကေဘီအေတပ်ဖွဲ့ဝင် (၃) ဦးကျဆုံးပြီး ကေအန်အယ်လ်အေမှ (၃) ဦး ဒဏ်ရာရရှိသည်။ ဒီကေဘီအေထံမှ (၆၀) မမ မော်တာ (၁) လက်နှင့် ၎င်းဗုံးသီး (၂၀)၊ အမ်-၁၆ (၃) လက်၊ အေကေ-၄၇ (၁၂) လက်၊ ကာဘိုင် (၁) လက်၊ အာရ်ပီဂျီ-၇ (၂)လက်၊ နင်းမိုင်း (၅) လုံး၊ လမ်းလျှောက်စကားပြောစက်ငယ် (၂) လုံး၊ စကားပြောစက်ကြီး (၁) လုံး၊ လက်နှိပ်စက် (၁) လုံး၊ ယူနီဖောင်း (၁၂) စုံနှင့် ဆက်စပ်ကျည်မျိုးစုံ သိမ်းဆည်းရမိသည်။
ယခုတိုက်ပွဲနှင့်ပတ်သက်၍ မြဝတီခရိုင်အခြေစိုက် ဒီကေဘီအေတပ်ရင်းတခုမှ အရာရှိငယ်တဦးက “ဒီကိစ္စဖြစ်တာ ကျနော်တို့ကြားတယ်။ ကျနော်တို့သိတာကတော့ ဒီတိုက်ပွဲမှာ (၃၃၃) အဖွဲ့က သေနတ် (၁၄) လက်ပါသွားတယ်လို့ ကြားတယ်။ သထုံဘက်မှာဖြစ်တာ။ အသေးစိတ်တော့ မသိဘူး” ဟု ပြောသည်။
လွန်ခဲ့သည့်တနင်္ဂနွေနေ့ကလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၆) ဒူးပလာယာခရိုင် လက်အောက်ခံ တပ်မဟာလုံခြုံရေးတပ်ဖွဲ့ထံသို့ ဒီကေဘီအေ တပ်ရင်း (၉၀၇) တပ်ခွဲ (၆) တပ်ခွဲမှူး ဗိုလ်စိန်အဖွဲ့မှ တပ်ဖွဲ့ဝင် (၄) ဦး ကေအန်အယ်လ်အေနှင့် လာရောက်ပူးပေါင်းခဲ့သည်။
လာရောက်ပူးပေါင်းသူများမှာ တပ်သားစောဝင်းနိုင်၊ ရောင်ပြန်၊ သန့်စိုင်းနှင့် ရန်ပိုင်တို့ဖြစ်ပြီး ၎င်းတို့နှင့်အတူ အေကေ-၄၇ (၃) လက်၊ အမ်-၁၆ (၁)လက်၊ အေကေစက်လတ် (၁)လက်၊ လမ်းလျှောက်စကားပြောစက် (၁) လုံး ပါရှိသည်။ ၎င်းတို့အား လှိုက်လှဲစွာကြိုဆိုခဲ့ပြီး လိုအပ်သည့်ကူညီမှုများပေးကာ လက်ခံစောင့်ရှောက်ထားသည်ဟု တပ်မဟာလုံခြုံရေးတပ်ဖွဲ့မှ ဗိုလ်လှမင်းက ပြောသည်။
The NEJ မှကုးယူဖော်ပြသည်။
Posted by (လင်္ကာဒီပ) at 12:39 AM 0 comments
Labels: article
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ၏ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်နှင့်
Tuesday, November 11, 2008
၁၁ နိုဝင်ဘာ၂၀၀၈
မေး။ ။ အမျိုးသမီး အထွေထွေအတွင်းရေးမှူးတဦး ဖြစ်လာတဲ့အချိန်ဟာ နိုင်ငံရေးအရ အတော့ကို နအဖ ဘက်က တင်းကျပ်နေတဲ့အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ နိုင်ငံရေးကို နိုင်ငံရေးအရ ဖြေရှင်းမယ်လို့ ကေအန်ယူက ပြောတဲ့အတွက် ဆရာမအနေနဲ့ ကရင်တမျိုးသားလုံးကို ကိုယ်စားပြုပြီးတော့ ဘယ်လိုကြိုးစားဆောင်ရွက်ဖို့ ရှိပါသလဲခင်ဗျ။
ဖြေ။ ။ အမျိုးသမီး အထွေထွေအတွင်းရေးမှူးတဦးအနေနဲ့ ပြောလိုတာက ကရင်တမျိုးသားလုံးရဲ့ စစ်မှန် တဲ့ ငြိမ်းချမ်းရေးရဖို့အတွက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင့်မယ့်ကိစ္စကို ကျမနေနဲ့ ကျမတို့ ကေအန်ယူရဲ့ (၁၄) ကြိမ်မြောက် ကွန်ဂရက်မှာ ချမှတ်ထားတဲ့ မူဝါဒနဲ့ ရှေ့လုပ်ငန်းစဉ်အတိုင်း ကြိုးပမ်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ကျမတို့ လုပ်ဆောင်ရမယ့် ကိစ္စအဝဝမှာ ကေအန်ယူရဲ့ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်ကိုပဲ အကောင်အထည်ဖော်ပြီး လုပ်ဆောင်သွားရမှာ ဖြစ်တယ်။ မြန်မာပြည်ရဲ့ နိုင်ငံရေးပြဿနာပြေလည်ဖို့ရာ နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ ကျမတို့ ကေအန်ယူအနေနဲ့ အမြဲပဲ တံခါးဖွင့်ထားပါတယ်။ ဒါကိုအဖြေရဖို့ နအဖအပေါ်မှာ မူတည်ပါတယ်။
မေး။ ။ ကရင်အမျိုးသမီးတဦး အထွေထွေအတွင်းရေးမှူး ဖြစ်လာတဲ့အတွက် တချို့ကကြိုဆိုတဲ့လူရှိသ လို တချို့ကလည်း အားမလိုအားမရနဲ့ စိုးရိမ်သူတွေရှိပါတယ်။ ဆရာမအနေနဲ့ ဘာပြောချင်ပါသလဲခင်ဗျ။
ဖြေ။ ။ ဒါကတော့ အဆန်းမဟုတ်ပါဘူး။ လူဆိုတာ အကောင်းအဆိုး တခုခုတော့ အဝေဖန်ခံရမှာ ဖြစ် တယ်။ အမျိုးသမီးတဦး နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်လာတဲ့အတွက် တချို့က အားမလိုအားမ ရနဲ့ စိုးရိမ်သူတွေရှိတယ်။ ဒါပေမယ့် ကျမပြောလိုတာက အမျိုးသားရော၊ အမျိုးသမီးပါ မြန်မာပြည်အရေးနဲ့ ကရင့်နိုင်ငံရေးမှာ ဦးဆောင်ဦးရွက်ပြုခဲ့တဲ့သူတွေ ဒါမှမဟုတ် နိုင်ငံရေးလောကမှာ လှုပ်ရှားခဲ့တဲ့သူတွေဟာ ဘယ်တဦးတယောက်ကမှ နိုင်ငံရေးတက္ကသိုလ်က အောင်မြင်လာတဲ့ နိုင်ငံရေးပါရဂူတွေ မဟုတ်ကြပါဘူး။ အမျိုးသားရေး၊ ဒီမိုကရေစီရေး၊ တိုင်းရင်းသားအရေး၊ မြန်မာပြည်အရေးအတွက် ဦးဆောင်မှုပြုခဲ့ကြတာဖြစ် ပါတယ်။ အဓိကလိုအပ်ချက်က တိုင်းရင်းသားအခွင့်အရေးနဲ့ ဒီမိုကရေစီပေါ်ထွန်းဖို့ ငြိမ်းချမ်းတဲ့မြန်မာပြည် ဖြစ်လာဖို့အတွက်သာ ဖြစ်ပါတယ်။
မေး။ ။ ဆရာမအနေနဲ့ နအဖနဲ့ တွေ့ဆုံဆွေးနွေးဖို့ အခြေအနေပေးလာရင် ဘယ်လိုစွမ်းစွမ်းတမံ ဆောင်ရွက်ဖို့ ပြင်ဆင်ထားပါသလဲ။
ဖြေ။ ။ တွေ့ဆုံဆွေးနွေးရေးဆိုင်ရာ စကားပြောတဲ့အချိန်ကျရင် ကေအန်ယူက ပြင်ဆင်ထားတဲ့ ပြင်ဆင်မှုအပေါ်မှာ မူတည်ပြီး ပြောဆိုရမှာ ဖြစ်ပါတယ်။ အကယ်၍ နအဖအနေနဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေးကို ဖန်တီးလာမယ်ဆိုရင် ကျမတို့ ကေအန်ယူတခုလုံးအနေနဲ့ သွားရောက်တွေ့ဆုံရမှာ ဖြစ်ပါတယ်။
မေး။ ။ ကေအန်ယူဟာ နအဖကို လက်နက်ကိုင်ပြီး တိုက်နေတဲ့အချိန်မှာ အမျိုးသမီးတဦး အထွေထွေအ တွင်းရေးမှူး ဖြစ်လာတဲ့အချက်ဟာ ကေအန်ယူရဲ့ စစ်ရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်မှု ရှိမလဲဆိုတဲ့ မေးမြန်းမှုတွေရှိနေပါတယ်။ ဆရာမ ဘာများရှင်းပြချင်ပါသလဲခင်ဗျာ။
ဖြေ။ ။ ကေအန်ယူအတွက် အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စစ်ရေးတွေမှာ အထွေထွေအတွင်းရေးမှူး တဦးတည်း လုပ်ဆောင်သွားရမှာ မဟုတ်ပါဘူး။ ကေအန်ယူဟာ စုပေါင်းခေါင်းဆောင်မှုနဲ့ လုပ်ဆောင်နေတဲ့ အစည်းအရုံးတခုဖြစ်ပါတယ်။ အဲ့ဒီတော့ အထွေထွေအတွင်းရေးမှူးချုပ်ဟာ အမျိုးသမီးဖြစ်တဲ့အတွက် ဘာမှဆိုးရွားတဲ့ အကျိုးသက်ရောက်မှုကို ရှိစေမှာမဟုတ်ပါဘူး။ (၁၄) ကြိမ်မြောက် ကွန်ဂရက်မှာ ချမှတ်သွားတဲ့ နိုင်ငံရေးလမ်းစဉ်၊ စစ်ရေးလမ်းစဉ်အတိုင်း သွားမှာဖြစ်ပြီး တာဝန်အသီးသီး ပေးအပ်ထားတဲ့ ခေါင်းဆောင်တွေ လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။
မေး။ ။ ဆရာမအနေနဲ့ မဟာမိတ်ရေးရာ၊ အုပ်ချုပ်ရေးဆိုင်ရာ၊ ကရင်အမျိုးသားရေးဆိုင်ရာ စတဲ့လုပ်ငန်း စဉ်တွေကို ကိုင်တွယ်ရာမှာ တစုံတရာ အခက်အခဲရှိမယ်လို့ ထင်ပါသလား။
ဖြေ။ ။ ဘာမှ အခက်အခဲရှိမှာ မဟုတ်ဘူးလို့ ကျမထင်ပါတယ်။ ကျမပြောသွားတဲ့အတိုင်း ကေအန်ယူ ဟာ လူတဦးတယောက်တည်း လုပ်ရမယ့်အလုပ်မဟုတ်ဘူး။ ပြီးတော့ ကေအန်ယူ ရဲ့ လုပ်ထုံးလုပ်နည်းတွေဟာ စုပေါင်းခေါင်းဆောင်မှု (collective leadership) ဖြစ်တဲ့အတွက် အားလုံးဝိုင်းဝန်းပြီး လုပ်ဆောင်သွားရမှာ ဖြစ်တယ်။
မေး။ ။ နိုင်ငံတကာမှာရှိတဲ့ ကရင်အမျိုးသားထုနဲ့ ပြည်တွင်းမှာရှိတဲ့ ကရင်ခွဲထွက်အဖွဲ့တွေကို ဘာများ ပြောချင်ပါသလဲခင်ဗျ။
ဖြေ။ ။ ကျမအနေနဲ့ နိုင်ငံတကာမှာရှိနေတဲ့ ကရင်အမျိုးသားထုနဲ့ ပြည်တွင်းမှာရှိတဲ့ ကရင်အမျိုးသားတွေ နောက် ကရင်ခွဲထွက်အဖွဲ့တွေကို ပြောချင်တာက ကျမတို့ ကရင်အမျိုးသားတွေဟာ စစ်အာဏာရှင်စနစ်ရဲ့ ဖိ နှိပ်မှုအောက်မှာ ရှိနေဆဲဖြစ်တယ်။ ကရင်အမျိုးသားတွေအနေနဲ့ ကိုယ့်ကိုကိုယ် ကရင်လို့သိရှိဖို့ လိုပါတယ်။ ကရင်လူမျိုးတွေ ဖိနှိပ်မှုကလွတ်မြောက်ဖို့၊ တန်းတူအခွင့်အရေး ရရှိဖို့အတွက် လုပ်ဆောင်တာဝန်ယူရမယ့် လူတွေဟာ ကရင်လူမျိုးတွေသာ ဖြစ်ပါတယ်။
မေး။ ။ ကရင့်တော်လှန်ရေးနဲ့ မြန်မာ့ဒီမိုကရေစ်ီရေး အောင်မြင်မှုရရှိဖို့အတွက် ဘာတွေလိုအပ်မယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ ကရင့်တော်လှန်ရေးနဲ့ မြန်မာ့ဒီမိုကရေစီရေး အောင်မြင်ဖို့အတွက် တာဝန်ရှိတဲ့သူတွေဟာ ကရင် တမျိုးသားလုံးသာမကဘဲ မြန်မာပြည်မှာရှိနေတဲ့ တိုင်းရင်းသားအားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။ တိုင်းရင်းသား များနဲ့အတူ ဒီမိုကရေစီနဲ့ စစ်မှန်တဲ့ တရားမျှတမှုရှိတဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့သူတွေ ညီညီညွတ်ညွတ် ပူးပေါင်းလုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။ စစ်အာဏာရှင်ပြုတ်ကျရေးကို ရည်မှန်းပြီး တူညီတဲ့အမြင် ဝါဒနဲ့ လက်တွဲသွားဖို့ လိုအပ်ပါတယ်။
The NEJ မှကူးယူဖော်ပြသည်။
Posted by (လင်္ကာဒီပ) at 11:50 PM 0 comments
Labels: article
ကရင်အမျိုးသားသမိုင်း အပိုင်း (၁)
အမှာစာ
သမိုင်းသည် လူ့ ယဉ်ကျေးမှု၏ ဖြတ်သန်းလာသောမှတ်တမ်းတခုဖြစ်သည်။ သမိုင်းမှတ်တမ်းမရှိသော လူမျိုးသည်လည်း လူ့ သမိုင်းမှပျောက်ကွယ်သွားရမည်မှာ မုချဖြစ်သည်။
ဘာသာ၊စာပေ၊ယဉ်ကျေးမှု၊ဓလေ့ထုံးတမ်းစဉ်လာဖြင့်ပြည့်စုံသောမိမိတို့ ကရင်လူမျိုးသည်လည်း လူ့ ယဉ်ကျေးမှုအစဉ်အလာ သမိုင်းဖြစ်စဉ်အား ရှာဖွေဖော်ထုတ် မှတ်တမ်းတင်ထားရှိရန် အရေးကြီးလှပေသည်။ ကရင်တမျိုးသားလုံး ဖတ်ရှူရန်နှင့် အထူးသဖြင့် မျိုးဆက်သစ်ကရင်များအနေဖြင့် မိမိလူမျိုး၏သမိုင်း၊ယဉ်ကျေးမှု၊အမွေအနှစ်အားသိရှိထားရန်လိုပြီး၊ကမ္ဘာတည်သ၍ မိမိတို့ လူမျိုးမတိမ်ကော မပပျောက်သွားနိုင်ရေးနှင့်မားမားမတ်မတ်ရှင်သန်ရပ်တည်ရေးအတွက် အမျိုးသားရေး အသိစိတ်
တ်ဖြင့် ၀ိုင်းဝန်းပံ့ပိုး လုပ်ဆောင်သွာကြရန်မှာ ကရင်တမျိုးသားလုံး၏ သမိုင်းပေးတာဝန်ကြီးတရပ်ဖြစ်ပါသည်။
ဤစာအုပ်ရေးသားခဲ့သူ ဆရာကြီးဦးပညာအားလည်ကောင်း၊ဤ စာအုပ်အားမှတ်တမ်းတင်ထားရှိသူ ဆရာတော်ဦးပညာသုတ(သီရိမင်္ဂလာကျောင်းတိုက်၊က့ဒေါင့်မြို့ ၊ပုသိမ်အရှေ့ ပိုင်း)အားလည်ကောင်း၊ဤစာအုပ်အားနောင်လာနောက်သားများသိရှိနိုင်စေရန် ဂရုတစိုက်အမြတ်တနိုးသိမ်းဆည်းထားသော မာန်နဲာသိင်းဖေါ့ဍီး၊စ၀်ဆိုဒ်အွား တို့ အား ဤစာအုပ်ဖြင့်ဂါရ၀ပြုပါသည်။
လေးစားစွာဖြင့်
စောထာမဏိတ်၊
စောကျော်ခွိ
ကရင်ရာဇ၀င်ဆရာကြီးဦးပညာ၏ကရင်ရာဇ၀င်
၃-ကြိမ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်
လူမျိုးတစ်ရာ့တပါးသရုပ်ကား
မြန်မာ(၇)မျိုး၊တလိုင်း(၄)မျိုး၊ရှမ်းမျိုး(၃၀)၊ကုလားမျိုး(၆၀)ဤသို့ အားဖြင့် လူမျိုးပေါင်း(၁၀၁)ဖြစ်သတည်း။
မြန်မာလူမျိုး(၇)မျိုးတို့ ကား
(၁)တောင်သူ
(၂)ပျူ
(၃)ကမ်းယံ
(၄)ယော
(၅)ရခိုင်
(၆)ဓါးဝယ်
(၇)မြန်မာ-အသို့ အားဖြင့်မြန်မာ(၇)မျိုးဖြစ်သတည်း။
တလိုင်း(၄)မျိုးကား
(၁)မွန်သိ
(၂)မွန်နွန်
(၃)မွန်ဥာဏ်
(၄)မွန်ထာ တို့ ဖြစ်သတည်း။
ရှမ်မျိုး(၃၀)ကား
(၁)လင်၊(၂)သက်၊(၃)ချင်း၊(၄)ဂုံ၊(၅)ရင်း၊(၆)ဂဒူး၊(၇)မြန်၊(၈)အကျော်(၉)ဂင်၊(၁၀)ရှမ်း၊(၁၁)ဇ၀ါ၊
(၁၂)မျက်နှာမဲ၊(၁၃)ကသည်း၊(၁၄)ရေမီးထွက်၊(၁၅)ကရက်၊(၁၆)လ၀၊(၁၇)လော၊(၁၈)ပန်လောင်၊
(၁၉)ထရက်၊(၂၀)ယွန်၊(၂၁)ဓနု၊(၂၂)ဘအူ၊(၂၃)ကရင်၊(၂၄)ကချင်၊(၂၅)နော၊(၂၆)ယောန်၊
(၂၇)လ၀ိုက်၊(၂၈)တရုပ်၊(၂၉)ယိုးဒယား၊၃၀)အနဲ- အသို့ အားဖြင့်ရှမ်းမျိုး(၃၀)ဖြစ်သတည်း။
ကုလားမျိုး(၆၀)ဟုကား
(၁)သုတယ်၊(၂)ပုရန္တေ၊(၃)အာသံ၊(၄)ယေသူ၊(၅)ပန်းသေး၊ဂ(၆)ပဋိက္ခယား၊(၇)နောင်လာ၊(၈)ကုလားဖြ၊
(၉)ဘရင်ဂျီ၊(၁၀)ဘာလီ၊(၁၁)လ၀ီ၊(၁၂)သီဟို၊(၁၃)သိန်း၊(၁၄)စန္ဒာ၊(၁၅)မောဝါ၊(၁၆)ဒေကို၊(၁၇)နာကို၊
(၁၈)ဓောရာ၊(၁၉)မစ္ဆိမာ၊(၂၀)ဘောဓ၊(၂၁)သုတ္တ၊(၂၂)ဓင်းကျံ၊(၂၃)ဥမြ၊(၂၄)ဇိနပတ္တံ၊(၂၅)ပူရံ၊
(၂၆)သင်းကွဲ၊(၂၇)ဏငုာတ္တရာ၊(၂၈)သတ္တတံ၊(၂၉)၀ိန်ရိုး၊(၃၀)ဘူလိ၊(၃၁)နကတ္တိ၊(၃၂)မန္တရစ်၊
(၃၃)အော်လံတေ၊(၃၄)အော်လံတစ်၊(၃၅)ယစ်ပလစ်၊(၃၆)ဟောရတော်၊(၃)ဇ၀ီ၊(၃၈)ပသီ၊(၃၉)ဟိန္ဒူ၊
(၄၀)ကလယ်၊(၄၁)အင်္ဂလိပ်၊(၄၂)ပြင်သစ်၊(၄၃)ရုရှား၊(၄၄)ကျေးကုလား၊(၄၅)ဒုံးကုလား၊(၄၆)ဇော်ဂီ၊
(၄၇)မာလီ၊(၄၈)ဘောရီ၊(၄၉)သောယုတ်၊(၅၀)လဟုတ်၊(၅၁)ဒေါရာ၊(၅၂)ခန္တီ၊(၅၃)သျှူး၊(၅၄)တပသီ၊
(၅၅)ဟာရီ၊(၅၆)လာကာ၊(၅၇)ပိစ္ဆဒေါ်လာ၊(၅၈)ဒေါရတာ၊(၅၉)ဘင်္ဂါလီ၊(၆၀)ဗာရာဏသီ- အသို့ အားဖြင့်ကုလားမျိုး(၆၀)ဖြစ်သတည်း။
ထိုလူမျိုး(၁၀၁)ပါးတို့ သည်ဇဗူဒိပ်ဝယ် မိမိတို့ ဒေသ၌တိုင်ားကြီးခရိုင်နိုင်ငံပိုင်းခြားလျှက်အသီးသီးကိုယ့် မင်းကိုယ့် ချင်းနှင့်နေထိုင်ကြလေသည်။ ဤကားဇဗူဒိပ်ကြမ်းလာစကားစုတည်း။
မှတ်ချက်-ဤဇဗူဒိပ်ကြမ်းတွင်ကရင်သည်ရှမ်း(၃)မျိုးတွင်ပါဝင်၍တိုင်းပြည်ခရိုင်၊
၊နောင်ပုလဲ၊ကြက်ဖိုးကြီး၊ကြက်ဖိုးကလေး၊လွယ်ကော် စသောမြို့ များ၌ ကရင်နီစော်ဘွားကြီးများယခုကာလတိုင်အောင်ထင်ရှားရှိသဖြင့် ကျွန်ုပ်တို့ ရေးသားလတ္တံသောကရင်(၃)မျိုးတွင်ရှမ်းကရင်သည်ဤဇဗူတံဆိပ်နှင့်ညီညွတ်လေသည်။
ကရင်လူမျိုးဖြစ်ပေါ်လာပုံ
သုဝဏဘူမိတိုင်းသည် ဂေါတမမြတ်စွာဘုရားမပွင့်ခင်ကတည်းအခါက ကရဏကတိုင်းဟုတွင်သည်။ထိုအခါကာလက ကွင်းပြင်မြေလီ၌နေသောကရဏကတိုင်းသားလူအများကိုမွန်ဟုခေါ်ဆိုကြသည်။တောတောင်၌
နေသောကရဏကတိုင်းသားလူအများကို ကရက်ဟုခေါ်ဆိုကြသည်။နောက်ကာလရွေ့ လျှောကြ၍ကရင်ဖြစ်လာသည်။
ကရင်ဦးစွာဖြစ်ပေါ်လာပုံ
သောဠဿရဌဒီပနီကြမ်းတွင်လက်ဖြင့်တောင်ယာခုတ်ခြင်း၊စူးထိုးခြင်းစသောအမှုကိုပြုတတ်သောကြောင့်
ပါဠိဘာသာဖြင့်ကရက်လူမျိုးဟုခေါ်ကြ၍ နောက်နောင်သောအခါ ကာလရွေ့ လျှောသဖြင့်ပါဠိပျက်လျှက်ကရင်ဟုခေါ်ကြသည်ဟု၍ဆိုလေသည်။ ကရဏကတိုင်းသားဖြစ်သောကြောင့်ကရက်ဟုခေါ်ကြသည်၊ကရက်မှကရင်ဖြစ်လာသည်။
ရှမ်းကရင်လူမျိုးအကြောင်း
မြန်မာဘုရင်ကို ဘိုးတော်မင်းတရားလက်ထက် သက္ကရာဇ်(၁၁၅၉)ခုနှစ် တကေါင်းလပြည့်ကျော်(၃)ရက်နေ့ငွေတောင်ကရင်နီစော်ဘွားကသမီးကညာဆက်သရောက်သည်။
ငွေတောင်စော်ဘွားကိုလည်းဆင်ပေါက်တစ်စီးပေးတော်မူသည်ဟုကုန်းဘောင် မဟာရာဇ၀င်တော်ကြီးစာအုပ်စာမျက်နှာနံပါတ်၆၉၉တွင်ပါသည်။
ကရင်လူမျိုးဒေသနှင့်ဓလေ့
အကျဉ်းအားဖြင့်ရှမ်းကရင်၊မြန်မာ၊တလိုင်းကရင်ဟူ၍(၃)မျိုးရှိသည်။ ရှမ်းကရင်မှာရှမ်းပြည်၌မွေးဖွား၍ရှမ်းလူမျိုးတို့ မှဆင်းသက်ပေါက်ဖွားသည်။ ရှမ်းအစဘိန္နက၊ဘိန္နအစ တကောင်းက၊တကောင်းအစသာကီယ၊သာကီယအစမဟာသမ္မတက၊မဟာသမ္မတအစကမ္ဘာဦးက၊
ဥပါတ်ဖြစ်လာသောဗြဟ္မာလူမျိုးတို့ ပင်တည်း။တလိုင်းကရင်တို့ ကားတလိုင်းလူမျိုးတို့ မှဆင်းသက်ပေါက်ဖွားသည်။တလိုင်းအစမွန်မျိုးက၊မွန်အစဗြဟ္မဏ၊ဗြဟ္မဏအစကမ္ဘဦးဗြဟ္မာလူနျိုးတို့ ပင်တည်း။ဤကားကရင်လူမျိုးတို့ ၏မူလရင်းဒေသနှင့်ဆင်းသက်ပေါက်ဖွားလာသောမူလရင်းဝိသတို့ ကိုပြ၍မည်သည့်လူမျိုးမဆိုကမ္ဘဦးအခါ ဥပပါတ်ဖြစ်သောဗြဟ္မာလူမျိုးတို့ ကစ၍ပေါက်ဖွားဆင်းသက်ကြောင်းကိုပြခဲ့သောစကားရပ်တည်း။
Posted by (လင်္ကာဒီပ) at 12:27 AM 0 comments
Labels: history
မြန်မာစစ်သည်နှစ်ဦး ကေအန်ယူထံ လက်နက်ချ
Monday, November 10, 2008
လာရောက်ပူးပေါင်းသည့် စစ်သားနှစ်ဦးအား KNU နှင့်မဟာမိတ်အဖွဲ့ များမှကြိုဆိုစဉ်
မြန်မာစစ်တပ်မှ ဒုတပ်ကြပ်တဦးနှင့် ဆေးတပ်သားတဦး ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၃)နှင့် တပ်မဟာ (၅)သို့ နိုဝင်ဘာ ပထမပတ်အတွင်းက လာရောက် လက်နက်ချခဲ့သည်။
အဆိုပါ စစ်သည်နှစ်ဦးမှာ ဒုတပ်ကြပ် ကိုထက်(၂၄နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၁၃၃၃၀၈)၊ ခလရ (၂၉၉)၊ ကိုးမိုင်ကျေးရွာ၊ ရေးမြို့ဖြစ်ပြီး ၎င်း၏ တပ်ခွဲမှူးမှာ တပ်ခွဲ(၂)မှူး ဗိုလ်ကြီး ထင်အောင်စန်း ဖြစ်ပြီး လက်နက်ငယ် (၂)လက်နှင့်အတူ လာရောက် ပူးပေါင်းခြင်း ဖြစ်သည်၊ ကျန်တဦးမှာ ဆေးတပ်သား သူရဇော်(၂၂နှစ်) ကိုယ်ပိုင်အမှတ် (တ/၂၇၇၇၉၇)၊ မဆရ(၁၀)စစ်မြေပြင် ဆေးတပ် ရင်း၊ လားရှိုးမြို့ဖြစ်သည်။ တပ်ရင်းမှူးမှာ ဗိုလ်မှူးကျော်စိုးဖြစ်ပြီး လက်နက်ငယ်(၁)လက်နှင့်အတူ လာရောက်ပူး ပေါင်း ခြင်းဖြစ်သည်။
လာရောက် ပူးပေါင်းသည့် စစ်သည်နှစ်ဦးမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်နှင့် တပ်မဟာ(၅)၊ ဖာပွန်ခရိုင် ဆက်စပ်ဒေသများတွင် တာဝန်ကျသည့် စစ်သည်များဖြစ်သည်။
၎င်းတို့လာရောက် ပူးပေါင်းခြင်းနှင့် ပတ်သက်၍ ဆေးတပ်သား သူရဇော်က “ပြည်သူလူထုကို ညှင်းပန်းနှိပ်စက်ခဲ့ တဲ့ စစ်အာဏာရှင်စနစ်ဆိုးကြီးကို လက်နက်ကိုင်တော်လှန်ရေးနဲ့ ပြည်လည်တိုက်ခိုက်ပြီး လူထုအကျိုးပြုလုပ်ငန်း တွေကို ပြုလုပ်ချင်တဲ့ ဆန္ဒနဲ့ လာရောက်တာပါ”ဟု ပြောသည်။
ဒုတပ်ကြပ်ကိုထက်ကလည်း “တပ်တွင်းဖိနှိပ်မှု အဆင့်ဆင့်ကို မခံချင်တာရယ် လူထုဆန့်ကျင်ရေး လုပ်ရပ်တွေကို ဆက်မလုပ်ချင်တော့တာကြောင့် လာရောက်ပူးပေါင်းတာပါ”ဟု ပြောသည်။ ၎င်းစစ်သည်နှစ်ဦးသည် ယခုလ (၅) ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုဌာနချုပ်သို့ ရောက်ရှိလာပြီး KNUမှ ၎င်းတို့ကို ကြိုဆိုပြီး ကူညီလက်ခံစောင့်ရှောက်ထားလျက်ရှိသည်။
The NEJ မှကူးယူဖော်ပြသည်။
Posted by (လင်္ကာဒီပ) at 10:49 PM 0 comments
Labels: news
စောင့်ကြည့်ရဦးမည်ဖြစ်သည့် KNU ခေါင်းဆောင်သစ်များ
Sunday, November 9, 2008ဧရာဝတီ | အောက်တိုဘာ ၃၁၊ ၂၀၀၈
အစိုးရကို ဆန့်ကျင်နေသော သက်တမ်းအရှည်ကြာဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်သည့် ကရင် အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင်သစ်များအပေါ် ဝေဖန်သုံးသပ်မှုများရှိနေသည်။
KNU ၏ ပထမဆုံး အမျိုးသမီး အထွေထွေအတွင်းရေးမှူးအပါအ၀င် ဗဟို အလုပ်အမှုဆောင်အသစ်များကို အောက်တိုဘာ ၁၈ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် ၁၄ ကြိမ်မြောက် ကွန်ဂရက်တွင် ရွေးချယ်ခဲ့သည်။
ယင်း ကွန်ဂရက်မှ ရွေးချယ်လိုက်သည့် ဗဟိုအလုပ်အမှုဆောင်များကို ကရင်တိုင်းရင်းသား တချို့နှင့် လေ့လာသူ များက ကြိုဆိုလက်ခံကြသော်လည်း တခြားသော KNU ခေါင်းဆောင်ပိုင်းသည် အသက်အရွယ် အလွန် ကြီးရင့် နေပြီး တက်ကြွမှု မရှိဟု ဝေဖန်ပြောဆိုမှုများရှိကြောင်း သိရသည်။
အသက် ၈၈ နှစ်ရှိပြီ ဖြစ်သော ဗိုလ်ချုပ်ကြီး တာမလာဘောအား KNU ဥက္ကဌ အဖြစ် ရွေးချယ်ခဲ့ပြီး ၎င်း၏ သမီးဖြစ်သူ နော်စီဖိုးရာစိန်ကို အထွေထွေအတွင်းရေးမှူးအဖြစ် ယခု ကွန်ဂရက်က ရွေးချယ်ခဲ့သည်။
အရွေးချယ်ခံရသည့် တခြားသော ဗဟိုအလုပ်အမှုဆောင်များမှာ စောဒေးဗစ်တာကပေါ ဒု ဥက္ကဌ၊ ဗိုလ်မှူး စောလှငွေနှင့် စောဒေါလေမှူး တို့ကို တွဲဖက်အတွင်းရေးမှူး(၁)နှင့်(၂) အဖြစ် ခန့်အပ်လိုက်ပြီး ဗဟိုအလုပ် အမှု ဆောင် ကော်မတီဝင်များ အဖြစ် ဗိုလ်ချုပ်မူတူး စေးဖိုး၊ စောဒေးဗစ်ထော၊ စောရော်ဂျာခင်၊ ဖဒိုအားတိုး၊ ဖဒို ဟေးဆာ၊ စောလားစေး တို့ကို ရွေးချယ်ခဲ့ ကြသည်။
နော်စီဖိုးရာစိန်သည် လွန်ခဲ့သော ဖေဖော်ဝါရီ ၁၄ ရက်က လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော နိုင်ငံရေးအတွေ့အကြုံရင့် သည့် ယခင် KNU အထွေထွေအတွင်းရေးမှူး ဖဒို မန်းရှာ ၏ နေရာတွင် ပထမဆုံးအကြိမ် ခန့်အပ်ခြင်းခံရသည့် အမျိုးသမီး ခေါင်းဆောင် တဦးဖြစ်သည်။
တချို့သော လေ့လာသူများက နော်စီဖိုးရာစိန်သည် အတွေ့အကြုံနှင့် ဗဟုသုတ အသိပညာကြွယ်ဝသူဖြစ်သော် လည်း ဖဒို မန်းရှာ၏ လုပ်ကိုင်ဆောင်ရွက်မှုမျိုး မျှော်လင့်၍ မရနိုင်ကြောင်း ပြောဆိုသည်။
နော်စီဖိုးရာစိန်သည် လက်ရှိတွင် မြန်မာစစ်အစိုးရက ကရင်တိုင်းရင်းသားများအပေါ် အထူးသဖြင့် အမျိုးသမီးများ အပေါ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်နေသောအဖွဲ့တခုဖြစ်သည့် ကရင်အမျိုးသမီးအစည်း အရုံးအဖွဲ့(KWO)တွင်လည်း အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင် နေသူ ဖြစ်သည်။
အမျိုးသမီးများ၏ အခွင့်အရေးကို တိုက်ပွဲဝင်ခဲ့သည့်အတွက် နော်စီဖိုးရာစိန်သည် ၂၀၀၇ ခုနှစ် ဇွန်လတွင် (Perdita Huston Human Rights Award) ဆုကို ချီးမြှင့်ခြင်းခံခဲ့ရသည်။
နိုင်ငံတကာအမျိုးသမီးအဖွဲ့အစည်းကလည်း ၂၀၀၆ ခုနှစ် နိုဗဲလ်ငြိမ်းချမ်းရေးဆုအတွက် နော်စီဖိုးရာစိန်ကို အဆို တင်သွင်း ခဲ့သေးသည်။
KWO အဖွဲ့ဝင် ကရင်အမျိုးသမီး တဦးက“ကရင်အမျိုးသမီးတယောက်အနေနဲ့ အခုလို နော်စီဖိုးရာစိန်ကို KNU ရဲ့ အထွေထွေအတွင်းရေးမှူး အဖြစ် ရွေးချယ်ခန့်အပ်လိုက်တာကို ဂုဏ်ယူမိပါတယ်၊ သူဟာ ကရင်တိုင်းရင်းသား အားလုံး အတွက် ခေါင်းဆောင်ကောင်း တယောက် ဖြစ်လာလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်”ဟု ပြောဆို သည်။
အမျိုးသမီးများအဖွဲချုပ် (မြန်မာနိုင်ငံ) အတွင်းရေးမှူး နန်းယဉ်ကလည်း“ကေအန်ယူရဲ့အခုဆောင်ရွက်မှုဟာ နိုင်ငံ ရေးမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုကို အသိအမှတ်ပြူလိုက်တဲ့သဘောပါပဲ၊ ကရင်အမျိုးသမီးတွေရဲ့အခန်းကဏ္ဍကို ပိုမိုမြှင့်တင်နိုင် လိမ့်မယ်လို မျှော်လင့်ပါတယ် ”ဟု ပြောခဲ့သည်။
ယခု ဥက္ကဌဖြစ်လာသော နော်စီဖိုးရာစိန်၏ ဖခင် ဗိုလ်ချုပ်တာမလာဘောသည် ယခင်က ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)၏ စစ်ဦးစီးချုပ်ဟောင်း တဦးဖြစ်ပြီး ကွယ်လွန်သွားသည့် ဗိုလ်ချုပ်ကြီး စောဘိုမြနှင့် ရင်းနှီးသော လုပ်ဖော်ကိုင်ဖက် တဦးလည်းဖြစ်သည်။
တချို့သော လေ့လာသုံးသပ်သူများကမူ ၎င်းအနေနှင့် KNU ကို မည်သို့သော ဦးဆောင်မှုပေးနိုင်မည်လဲ ဆိုသည်ကို မေးခွန်း ထုတ်နေကြသည်။
“အခု ဗိုလ်ချုပ်တာမလာဘော နေရာက နိုင်ငံရေးအမြင်နဲ့ စစ်ရေးအမြင် ၂ မျိုးလုံးရှိသူ ဆိုရင် ပိုကောင်းမယ်လို့ ထင်ပါတယ်၊ ဒါပေမယ့် သူ့ အနေနဲ့ အကြံပေးနေရာမှာဆိုရင်လည်း အဆင်ပြေနိုင်ပါတယ်”ဟု မြန်မာ့အရေး လေ့လာသူ တဦးက ပြောဆိုသည်။
သို့သော် လေ့လာသူ တချို့ကမူ အသက်အရွယ် အလွန်ကြီးရင့်သူများကို ခေါင်းဆောင်ပိုင်း တာဝန်ပေးထား သည်မှာ KNU တဖွဲ့တည်း မဟုတ်ကြောင်းနှင့် အဓိက အတိုက်ခံပါတီ ဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)နှင့် စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များသည်လည်း အသက်အရွယ် အလွန်ကြီးရင့်သူများဖြစ်ကြောင်း ထောက်ပြ ပြောဆိုသည်။
“အသက်အရွယ်ကြီးရင့်နေပြီဖြစ်သူ ဗိုလ်ချုပ် တာမလာဘောမှ အပ ကျန်ခေါင်းဆောင်အများအပြားက ငယ်ရွယ်သေးသူ များဟု ဆိုလျင်ရနိုင်သလို ၊ ကရင့်တော်လှန်ရေးကို နောက်ထပ် မျိုးဆက်သစ်တခုလက်ထဲသို့ စတင် လက်ဆင့် ကမ်းခဲ့ပြီဟု ဆိုလျင်လည်း ရနိုင်ပါသည်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)မှ ထိပ်ပိုင်း ခေါင်းဆောင်ဟောင်း တဦးဖြစ်ပြီး မြန်မာ့အရေးလေ့လာသူ တဦးဖြစ်သည့် ကိုအောင်သူငြိမ်း က ဘလော့ တခုတွင် ပြောဆိုထားသည်။
တတိယနိုင်ငံသို့ ရွှေ့ပြောင်းအခြေချသည့် အစီအစဉ်ဖြင့် သြစတေးလျနိုင်ငံတွင်ရောက်ရှိနေသော ကရင်တိုင်းရင်း သူတဦး ကမူ “ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်ပဲဖြစ်ဖြစ်၊ နယ်စပ်မှာရောက်နေတဲ့ သူတွေပဲဖြစ်ဖြစ် ကရင်တိုင်းရင်းသား အများစုဟာ ဒီနေ့ KNU ဘာဖြစ်နေလဲဆိုတာ စိတ်မ၀င်စားကြတော့ပါဘူး၊ အများစုက တတိယ နိုင်ငံထွက် ဖို့ ပဲ၊ သူတို့အနေနဲ့ KNU ခေါင်းဆောင်တွေအပေါ် ရှေ့ဆက်ပြီး ယုံကြည်မှုရှိကြမှာလည်း မဟုတ်တော့ပါဘူး”ဟု ပြောဆိုသည်။
KNU ကို မြန်မာစစ်အစိုးရက ၂၀၀၆ ခုနှစ်အစောပိုင်းတွင် ထိုးစစ်ဆင်ခဲ့ရာ ကရင်ပြည်နယ်မြောက်ပိုင်းရှိ ကရင် ရွာသား ၃၀၀၀၀ ခန့် ထိုင်းမြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ၁၉၄၉ ခုနှစ် မှ စတင်၍ လက်ရှိအချိန်အထိ KNU သည် မြန်မာအစိုးရကို လက်နက်ကိုင်တော်လှန် ပုန်ကန်ခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။
KNU သည် နှစ်ပေါင်း ၅၀ ကျော်သည်အထိ လက်နက်ကိုင်တော်လှန်နေသော အဖွဲ့ဖြစ်ပြီး လက်နက်နှင့် ငြိမ်းချမ်းရေး ကို လဲလှယ်ခဲ့ခြင်းမရှိချေ။
၁၉၉၅ ခုနှစ် ဇန်န၀ါရီလတွင်မူ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့(DKBA)သည် KNU အဖွဲ့မှ ခွဲထွက်ခဲ့ပြီး စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သည်။
၂၀၀၄ ခုနှစ်တွင် KNU ဥက္ကဌ စောဘိုမြသည်လည်း ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ရန်ကုန်သို့ သွားရောက်ခဲ့သေးသည်။
၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလက KNU မှ ဗိုလ်ချုပ်ထိန်မောင်သည် တပ်သား ၃၀၀ ခန့်နှင့်အတူ KNU တပ်မဟာ ၇ မှခွဲထွက်ကာ မြန်မာအစိုးရနှင့်ငြိမ်းချမ်းရေးယူခဲ့ပြီး ယင်းခွဲထွက်အဖွဲ့ကို KNU/KNLA ငြိမ်းချမ်းရေးကောင်စီဟု အမည်ပေးခဲ့သည်။ ထိုအချိန်မှစတင်၍ KNU အဖွဲ့က စစ်အစိုးရနှင့် အဆက်အသွယ်ကိုရပ်ဆိုင်း လိုက်ကြောင်း သိရသည်။
ထိုကဲ့သို့ KNU မှ ခွဲထွက်သည့်အဖွဲ့များပြားလာပြီးနောက်ပိုင်း အဖွဲ့အတွင်းတွင် လုပ်ကြံမှုများ ပိုမိုများပြားလာကာ အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာသည်လည်း ၂၀၀ဂ ခု ဖေဖော်ဝါရီလ ၁၄ရက်နေ့က နေအိမ်၌ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရမှု ကြောင့် ကွယ်လွန်သွားခဲ့ရသည်။
ကိုအောင်သူငြိမ်းက ဆက်လက်ပြီး“ကရင်လူထုအကြားကွဲလွဲမှုတွေနဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ အမြန်ဆုံးရပ်ဆိုင်း သွားအောင် အခု KNU ခေါင်းဆောင်တွေက မဖြစ်မနေလုပ်ဆောင်ဖို့လိုပါတယ်၊ အခုအချိန်က စည်းလုံးရေးကို ပြန်လည် လုပ်ဆောင်ရမယ့် အချိန်လည်းဖြစ်ပါတယ်”ဟု ပြောဆိုသည်။
တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူး စောလှငွေ ကလည်း မြန်မာစစ်အစိုးရက KNU ပြိုကွဲရန် လိမ္မာပါးနပ်စွာ လုပ်ခဲ့ ကြောင်း ၀န်ခံပြောပြသည်။
“ပြီးခဲ့တဲ့ ပြိုကွဲမှုတွေဟာ ကျနော်တို့မှာအားနည်းချက်တွေ ရှိခဲ့လို့ဖြစ်ပါတယ်၊ ဒါဟာသဘာဝပါပဲ၊ ဘယ်ပါတီ အဖွဲ့အစည်း မဆိုဖြစ်သွားနိုင်တဲ့ကိစ္စ၊ ဒါပေမယ့် နောက် မဖြစ်ဖို့ကို ဒီအပေါ်မှာ သင်ခန်းစာယူရပါမယ်”ဟု ဗိုလ်မှူး စောလှငွေ ကပြောသည်။
တချိန်တည်းတွင်ပင် မြန်မာပြည်တွင်း၌ နိုင်ငံရေးနည်းနှင့်အဖြေရှာရမည့် နိုင်ငံရေးပဋိပက္ခများ ရှိနေကြောင်း၊ သို့သော် KNU အနေနှင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် လက်နက်ကိုင် တော်လှန်ရေးကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ် ကြောင်း KNU ဒု ဥက္ကဌ အသစ် စောဒေးဗစ်တာကပေါ က ပြောသည်။
ထို့အပြင် စစ်အစိုးရနှင့် စေ့စပ်ဆွေးနွေးရေးကို လက်ခံကြိုဆိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရေးနှင့် ကရင်ပြည်နယ်အတွင်းရှိ မြန်မာအစိုးရ စစ်တပ်များကို ပြန်လည် ရုတ်သိမ်းပေးရေး စသည့်အချက်များအပါအ၀င် တိကျသေချာသော စည်းကမ်းသတ်မှတ်ချက်များ အောက်တွင် အပစ်အခတ်ရပ်စဲရေးကို ပြုလုပ်နိုင်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
“အမှန်တကယ်သာ မြန်မာစစ်အစိုးရက စေ့စပ်ဆွေးနွေးရေးလုပ်မယ်ဆိုရင် ကျနော်တို့ဘက်က စားပွဲဝိုင်းမှာ တွေ့ဆုံဖို့ အဆင်သင့်ပါပဲ”ဟုလည်း ဒေးဗစ်တာကပေါ က ပြောသည်။
ရန်ကုန်မြို့ရှိ ကရင်ဘာသာရေးခေါင်းဆောင်တဦးကမူ KNU အနေနှင့် အားနည်းချက်၊ အားသာချက်များရှိနေ ကြောင်း၊ ယခုခေါင်းဆောင်ပိုင်းအနေနှင့် အဓိက ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် သဘောထားကြီးကြီးနှင့် ကျယ် ကျယ်ပြန့်ပြန့် စဉ်းစားဆုံးဖြတ်ရန်လိုကြောင်း ဧရာဝတီသို့ ပြောသည်။
မည်သို့ပင်ဖြစ်စေ ယခု KNU ခေါင်းဆောင်သစ်များအပေါ် ထင်မြင်ချက်ပေးရန်မှာ အလွန်အချိန်စောသေးသည်ဟု လည်း ၎င်းက ဆိုသည်။
“ကျနော်တို့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်”ဟု အထက်ပါ ဘာသာရေး ခေါင်းဆောင်က ပြောဆိုသည်။ [Top]
Irrawade မှကူးယူဖော်ပြသည်။
Posted by (လင်္ကာဒီပ) at 10:04 PM 0 comments
Labels: article
နှစ်သက်မိသော ကဗျာ
“ရန်...ငါ မပြတ်လို့
သံဃာ အသတ်ခံရတာ
သွေးကြွေးမှာ
ဆွေးနွေးစရာ အကြောင်းမရှိ....”
(အောင်ဝေး)
Posted by (လင်္ကာဒီပ) at 12:58 AM 0 comments
Labels: poem
မြန်မာနိုင်ငံတွင်း အိုးမဲ့အိမ်မဲ့ရှောင်တိမ်းနေရသူပေါင်း ၄၅၀,၀၀၀ ကျော်ရှိ NEJ/ ၅ နိုဝင်ဘာ ၂၀၀၈
Friday, November 7, 2008
၂၀၀၈ ခုနှစ်ထိ မြန်မာနိုင်ငံတွင်း အိုးမဲ့အိမ်မဲ့ရှောင်တိမ်းနေရသူပေါင်း ၄၅၀,၀၀၀ ကျော်ရှိပြီး ရှမ်းပြည်နယ်ရှိ အိုးမဲ့အိမ်မဲ့ရှောင်တိမ်းနေရသူ အရေအတွက်မှာ စုစုပေါင်းအရေအတွက်၏ ၃၀ ရာနှုန်းဖြင့် အများဆုံးဖြစ်နေသည်ဟု လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ထုတ်ပြန်သည့် နိုင်ငံခြားလူမှုရေးအဖွဲ့တခု အစီရင်ခံစာတွင် ဖော်ပြထားသည်။
တီဘီဘီစီ ခေါ် ထိုင်းမြန်မာနယ်စပ် အကူအညီပေးရေးအဖွဲ့ The Thailand Burma Border Consortium ၏ အောက်တိုဘာ ၂၀၀၈ နေ့စွဲဖြင့် ထုတ်ပြန်သည့် Internal Displacement and International Law in Eastern Burma အစီရင်ခံစာတွင် ယခုကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။
၂၀၀၈ ခုနှစ်ထိ ကရင်ပြည်နယ်ရှိ အိုးမဲ့အိမ်မဲ့ရှောင်တိမ်းနေရသူ အရေအတွက်မှာ တီဘီဘီစီလေ့လာထားသည့် တိုင်းနှင့်ပြည်နယ် ၆ ခုရှိ စုစုပေါင်းဦးရေ၏ ၂၃ ရာနှုန်းရှိပြီး ဒုတိယအများဆုံးဖြစ်သည်။
၁၉၉၆ ခုနှစ်မှ ၂၀၀၈ ခုနှစ်ထိ ၁၂ နှစ်တာကာလအတွင်း မြန်မာနိုင်ငံတွင်း အဖျက်ခံရသည့် ကျေးရွာ၊ အရွှေ့ ပြောင်းခံရသည့်ကျေးရွာနှင့် စွန့်ပစ်ခဲ့ရသည့် တီဘီဘီစီလေ့လာထားသည့် တိုင်းနှင့်ပြည်နယ် ၆ ခုရှိ ကျေးရွာစုစုပေါင်းမှာ ၃,၃၈၆ ရှိပြီး ရှမ်းပြည်နယ်တခုတည်းမှာပင် ရွာပေါင်း ၁၆၀၀ ရှိသည်။
သို့သော် ၁၉၉၆-၂၀၀၂ ကာလအတွင်း အဖျက်ခံရသည့် ကျေးရွာ၊ အရွှေ့ ပြောင်းခံရသည့်ကျေးရွာနှင့် စွန့်ပစ်ခဲ့ရသည့် ကျေးရွာစုစုပေါင်းမှာ ၂၅၃၆ ရှိသော်လည်း ၂၀၀၈ ခုနှစ်တွင် ၁၄၂ ရွာသာရှိတော့သည့်အတွက် ၉၅ ရာနှုန်း ကျဆင်းသွားသည်။
Posted by (လင်္ကာဒီပ) at 5:34 PM 0 comments
Labels: news
ချစ်တဲ့ကော်သူးလေ အိုင်ချင်းကဗျာ
ချစ်တဲ့ကော်သူးလေ
ဖားစည်သံလွင်ဟီး၊ကရင်ကြီးတို့ ရေ....။
မမေ့ကြနဲ့ လေ
အလေးပြုကြလေ
တို့ ရေတို့ မြေတွေမှာ
သာတူညီမျှနေထိုင်ရေး
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး
ဒီအခွင့်ရေးတွေအတွက်
အသက်ပေးလှူခဲ့ကြ
ကျဆုံးနောင်တော်ရဲဘော်အများ
ကျေးဇူးတရားကို
မေ့မထားကြနဲ့ လေ။
သတိတရားချဲ့ ကြလေ
အတ္တကိုဖဲ့ခြွေလေ
တို့ တွေခံစား
လက်တလုံးခြားသင်ခန်းစာစုစု
ပြက်ရယ်ပြုလှောင်ပြောင်နေ
ပဒေသရာဇ်စနစ်ဆိုး
နယ်မြေစိုးမိုးရေးလုပ်
တို့ ကိုမျိုးဖြုတ်သုတ်သင်မတဲ့လေ။
လေယူရာတိမ်း၊မယိမ်းနဲ့ လေ
ခိုင်မြဲနေပစေ
ကော်သူးလေတို့ တတွေ
မြေဇာပင်ပဲဖြစ်ဖြစ်
ပဒေသာပင်ပဲနှိုင်းနှိုင်း
အတိုင်းအဆမျှခံစို့ လေ
တို့ သမီးလေးတွေ
တို့ သားလေးတွေ
ခြေတူမှန်းပေ့လူတန်းစေ့ရေး
ပေးဆပ်ခဲ့ကြလေ။
ညီရင်းကိုတို့ တတွေ
တာဝန်တွေနားလည်စေ
ကမ္ဘာမြေမပြုန်းသရွေ့ 
ဆုံးတနေ့ ရောက်ရမလေ
ဟိုမှာလေ...တို့ ချစ်တဲ့မြေ
ကော်သူးလေတဲ့လေ
လာကြလေမျိုးချစ်များမို့ 
ညီညာညာလက်ချင်းဆက်ဖို့ 
အားတက်သရော
ခါးဖက်ပြောလိုက်ချင်တယ်လေး။ ။
လကာၤဒီပ
Posted by (လကၤာဒီပ) at 2:36 PM 0 comments
Labels: poem
ရန်သူ့အကြောင်း ကိုယ့်အကြောင်း ကျနော်တို့တော်လှန်ရေးအကြောင်း
အညတြတော်လှန်ရေးသမားတဦး ( ၇ နိုဝင်ဘာ ၂၀၀၈ )
ရန်သူ့အကြောင်း ကိုယ့်အကြောင်းလို့ဆိုပေမယ့် ရန်သူနဲ့ကိုယ်နဲ့ လူ့စည်းဘီလူးစည်းခြားနေပုံအကြောင်းကို ပြောလိုခြင်းမဟုတ်ပါ၊၊ ရန်သူနဲ့ကိုယ်နဲ့ အချို့ကိစ္စတွေမှာ မတူအပ်မတူသင့်ဘဲ တူနေတဲ့အချက်တွေကို ပြောချင်တာပါ။ တခါတုန်းက တိုင်းမဂ္ဂဇင်း အက်ဆေးတပုဒ်မှာလား မသိ။ “နိုင်ငံရေးမှာ မိမိဘာလဲ ဆိုတာကို သိဖို့ထက်၊ မိမိဘာမဟုတ်ဖူးလဲဆိုတာကိုလည်း သိဖို့ အရေးကြီးပါတယ်” ဆိုတဲ့ စာကြောင်းတကြောင်းကို မှတ်သားမိတယ်။ ကျနော်တို့တော်လှန်ရေးသမားတွေ၊ အထူးသဖြင့် လက်နက်ကိုင်တော်လှန်ရေးသမားတွေ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ကြဖို့ သတိပေးလိုလို့ ဒီစာကိုရေးခြင်းဖြစ်ပါတယ်။
ကျနော်ဟာ အရွယ်ရောက်ကတည်းက စစ်အစိုးရကို ဆန့်ကျင်လာခဲ့သူဖြစ်ပါတယ်။ စစ်အစိုးရကိုဆန့်ကျင်မယ်ဆိုတဲ့ အသိရှိလာတော့ စာတွေပေတွေဖတ်ရင်း တော်လှန်ရေးကိုလိုလားသူဖြစ်လာခဲ့ပါတယ်။ အကြောင်းကြောင်းကြောင့် လက်နက်ကိုင်တော်လှန်ရေးထဲ မရောက်သေးခဲ့ပေမယ့်၊ မိမိကိုယ်မိမိမြို့ပေါ် အစိုးရဆန့်ကျင်ရေးသမားအဖြစ် ခံယူလှုပ်ရှာားခဲ့ပါတယ်။
ဘယ်အစိုးရလက်ထက်မှာဘဲဖြစ်ဖြစ် တော်လှန်ရေးအင်းအားစုတွေကို “သောင်းကျန်းသူ” လို့ ရည်ညွှန်းပြောဆိုတာကိုတော့ အားလုံးအသိပါဘဲ။ (ခုတော့ အသွင်တမျိုးပြောင်းလာတဲ့ စစ်အစိုးရက သူနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ အဲဒီ “သောင်းကျန်းသူတွေ” ကို“ငြိမ်းချမ်းရေးအဖွဲ့” တွေလို့ခေါ်နေပြန်ပါပြီ) မြို့ပေါ်အစိုးရဆန့်ကျင်ရေးသမားဘဝမှာ ကျနော်နဲ့ ရဲဘော်ရဲဘက်တွေဟာ ဒီအသုံးအနှုန်းသုံးတဲ့ ဘယ်စာရေးဆရာ၊ ကဗျာဆရာကိုမဆို ရန်သူလို့ သဘောထားခဲ့ပါတယ်။ ဒါတင်မက အဲဒီ “သောင်းကျန်းသူဆန့်ကျင်ရေး” ရုပ်ရှင်တွေရဲ့ ဒါရိုက်တာတွေကိုပါ ရန်သူလို့ဘဲ သဘောထားပါတယ်။
တခါတုန်းက လူမျိုးစုထဲက ကျနော့် သူငယ်ချင်းတယောက်က သူတို့လူမျိုးစုရဲ့တော်လှန်ရေးအဖွဲ့ကို သောင်းကျန်းသူအဖြစ် ဆန့်ကျင်ပြီး ဝတ္ထုတိုတပုဒ်ရေးပါတယ်။ ဒီလိုရေးရပါမလားဆိုပြီး သူငယ်ချင်းကို ကျနော် မညှာမတာပြောပစ်လိုက်တာ သူငယ် ချင်းလည်း ကျနော့်ကို တော်တော် မကျေမချမ်းဖြစ်သွားတယ်နဲ့တူပါတယ်။ အရင်လို ဟက်ဟက်ပက်ပက်မဆက်ဆံတော့ပါဘူး။ သူကတော့ “ဒါ ငါ့ကိုယ်တွေ့ကွ” လို့ အကြောင်းပြချက်ပေးပါတယ်။ ကျနော် မယုံခဲ့ပါ။ တော်လှန်ရေးသမား ဆိုတာ ရုပ်ရှင်ထဲက အံ့ကျော်တို့လို လူစားတွေမဟုတ် တည်ကြည်လေးနက်ပြီး ဖြူစင်သန့်ရှင်းသူတွေအဖြစ်သာ မြင်ခဲ့ပါတယ်။
သူပုန်စိတ်မွေးလာတဲ့ကျနော်ဟာ နောက်ဆုံးတော့ လက်နက်ကိုင်တော်လှန်ရေးသမားတယောက်ဖြစ်လာခဲ့ပါတယ်။ (ခုလည်း လက်နက်ကိုင်တော်လှန်ရေးသမားဘဝကို မစွန့်လွှတ်သေးပါ။ ခု ရေးနေတာကလည်း ရန်သူ့ဆီမှာ လက်နက်ချအညံ့ခံသူတွေရဲ့ သဘောထားမျိုးနဲ့ရေးနေခြင်းမဟုတ်ကြောင်းကိုလည်း ကြိုတင်ပြောထားပါရစေ) သဘောတရားနဲ့လက်တွေ့ ပေါင်းစပ်ရေး ဖြစ်စဉ်ကို ကျနော်ဖြတ်သန်းလိုက်ရပါပြီ။
ပထမတော့ ပန်းခင်းကိုမြင်းစီး၍ လျှောက်ကြည့်ခြင်း ဆိုသလိုပါဘဲ၊၊ တော်လှန်ရေး သမားတွေရဲ့ အပြစ်အနာအဆာတွေကို မမြင်တတ်ခဲ့ပါဘူး။ မမြင်ရက်လို့ ရဲရဲမကြည့်ခဲ့တာကြောင့် ဖြစ်နိုင်ပါတယ်။ နှစ်တချို့ကြာလာလို့
အတွေ့အကြုံတွေ ဘက်ပေါင်းအတော်စုံလာတာကလည်း တကြောင်း၊ တော်လှန်ရေးရဲ့ သိသိသာသာယိုယွင်းလာတာကြောင့်လည်းတကြောင်း
ကြောင့် အမြင်မတော်တာတွေကို မမြင်ချင်အဆုံး ဖြစ်ခဲ့ပါတယ်။
ပတမအနေနဲ့ သိသိသာသာတွေ့ရတာကတော့ အကျင့်ပျက်မှုတွေပါ။ မြို့ပေါ်တော်လှန်ရေးသမားဘဝမှာ ကျနော်တို့ဟာ ကိုယ် ကျင့်တရားဖြူစင်နေရပါတယ်။ နဂိုမူလက ဘယ်လိုအကျင့်ဆိုးတွေဘဲ ရှိခဲ့ရှိခဲ့၊ တော်လှန်ရေးသမားအနေနဲ့ ကျင့်ဝတ်ဆိုင်ရာ သံမဏိစည်းကမ်းတွေကို ချွင်းချက်မရှိလိုက်နာခဲ့ရပါတယ်။ တော်လှန်ရေးဆိုတာ လောကမှာ လူသားတွေရဲ့ တိုးတက်ဖြစ်ပေါ် မှုအတွက် အစစအရာရာ စွန့်လွှတ်ပြီး လုံးပမ်းတိုက်ခိုက်ရတဲ့ အခက်ခဲဆုံး၊ အနက်နဲဆုံး၊ အရှုပ်ထွေးဆုံး၊ အကြီးမြတ်ဆုံး လုပ်ငန်း ကြီးဖြစ်တယ်လို့ ကျနော်တို့ ခံယူထားခဲ့ကြတာပါ။ ဒီလိုလုပ်ငန်းကြီးမျိုးကို အကျင့်ပျက်သူတွေက အောင်မြင်ပြီးမြောက်အောင် လုပ်နိုင်ဖို့ ဝေလာဝေး၊ တော်လှန်ရေးထဲမှာ အရောရောအနှောနှော ပါဝင်နေဖို့တောင် မသင့်တော်ပါဘူး။ အကြောင်းကတော့ ရှင်းပါတယ်။ တော်လှန်ရေးရဲ့ တွန်းအားအဖြစ်နဲ့ အားထားရတဲ့ ပြည်သူလူထုက အဲဒီလိုလူစားမျိုးကို မလေးစားကြလို့ပါဘဲ။
အကျင့်ပျက်မှုဟာ လူထုအပေါ် မောက်မာမှုတွေ၊ အနိုင်ကျင့်မှုတွေ၊ ရမ်းကားရက်စက်မှုတွေနဲ့ ဆက်စပ်နေပါတယ်။ မိန်းမ လိုက်စားသူဟာ လက်နက်အားကိုယ်းနဲ့ သူတပါးသမီးပျို၊ သူတပါးသားမယားကို အနိုင်ကျင့်စော်ကားပါတယ်။ ဥစ္စာဓန မက် မောသူဟာ အများပြည်သူတဦးချင်းရဲ့ဥစ္စာဓနနဲ့ တော်လှန်ရေးအဖွဲ့အစည်းရဲ့ ဥစ္စာပစ္စည်း (အများပြည်သူပိုင်ပစ္စည်းလို့လည်း ဆိုနိုင်ပါတယ်) ကို ခိုးဝှက်ခြင်း၊ လုယူခြင်းပြုပါတယ်။
တချို့ဆိုရင် အဖွဲ့အစည်းရဲ့နာမည် သို့မဟုတ် အာဏာကို အလွဲသုံးစား လုပ်ပြီး ဓါးမြတိုက်သလိုမျိုး လုပ်ပါတယ်။ တချို့ကတော့ မိမိရဲ့အဆင့်နေရာကြောင့် စီးပွားရေးမှာ အထူးအခွင့်အရေးရပုဂ္ဂိုလ် အနေနဲ့ ကြီးပွားချမ်းသာနေကြပါတယ်။ အရက်သေစာကို မဆင်မခြင်သောက်စားမူးယစ်သူ (ဗမာပြည်တော်လှန်ရေးအဖွဲ့အစည်း တိုင်းလိုလိုမှာ အရက်သေစာ သောက်စားမူးယစ်ခြင်း မပြုရလို့ စည်းကမ်းသတ်မှတ်ထားတယ်လို့ ယူဆရပါတယ်) များဟာ အကြောင်းမဲ့ သေနတ်ပစ်ဖေါက်ခြင်း၊ လက်လွန်ခြေလွန် လူသတ်မိခြင်း၊ စစ်တိုက်ရာမှာ အရမ်းကာရော အမိန့်ပေးခြင်းအစရှိတဲ့ ပြစ်မှုတွေကျူးလွန်တတ်ကြပါတယ်။
ကျနော် တော်လှန်ရေးထဲရောက်စမှာဘဲ၊ တချို့သော တော်လှန်ရေးသမားတွေရဲ့ သားမယားတွေမှာ ရွှေတွေဆင်ထားတာ တွေ့ရပါတယ်။ တချို့ငယ်ငယ်ရွယ်ရွယ် တပ်မှူးလေးတွေမှာ ရွှေဆွဲကြိုး ဆွဲထားတာတောင်တွေ့ရပါတယ်။ သူတို့ချမ်းသာ နေတယ်ဆိုတာကို ဝင့်ဝါပြတဲ့သဘောပါ။ တချို့အဖွဲ့အစည်းက ခေါင်းဆောင်တွေဆိုရင် ကားကြီး ကားငယ်တွေတောင်ပိုင် ထားကြတယ်လို့ တိုးတိုးတိတ်တိတ်ရော အတိအလင်းပါကြားရပါတယ်။ တချို့ဆိုရင်လည်း တောထဲတောင်ထဲမှာတောင် အိမ်ကြီးရခိုင်တွေနဲ့ ရှေးခေတ် နယ်စားပယ်စားကြီးတွေလို ခန်းနားကြီးကျယ်နေတာကိုတွေ့ရပါတယ်။ ဥစ္စာဓန ပိုင်ဆိုင်ပုံ ပိုင် ဆိုင်နည်း သဏ္ဌာန်တွေကတော့ “စုံလို့ပါဘဲ။ ပြောလည်းမပြောတတ်ပါပြီ” လို့ဆိုရလောက်အောင် ထွေပြားလှပါတယ်။
ဒီပိုင်ဆိုင်ပစ္စည်းတွေကို တရားသဖြင့် ရထားတယ်ဆိုဦးတော့၊ မိမိတို့တော်လှန်ရေးသမားတွေဟာ အာဏာရ (တောအာဏာ) အုပ်စိုးသူ (တောတွင်း) တွေလို့ ကျနော်တို့ရဲ့ ပြည်သူတွေ၊ တော်လှန်ရေးထဲမှာ မကုန်ခန်းနိုင်တဲ့အင်အားတွေ၊ အရင်းအမြစ် တွေနဲ့တက်တက်ကြွကြွပါဝင်လာအောင် ကျနော်တို့စည်းရုံး သိမ်းသွင်းရမယ့် ပြည်သူတွေ မြင်မိမှာ သေချာပါတယ်။ စစ်အစိုးရ ပြုတ်ကျသွားခဲ့ရင်လဲ ဒီလူတွေဘဲ ကောင်းစားကြမှာလို့ မြင်သွားနိုင်ပါတယ်။
အာဏာလည်းရှိ ဥစ္စာပစ္စည်းလည်းရှိလာသူတွေဟာ ပြည်သူတွေနဲ့တသားတည်းမဖြစ်ဘဲ၊ လူတန်းစားတရပ်ဖြစ်လာခဲ့ပါတယ်။ ပြည်သူတွေနဲ့ဆက်ဆံရာမှာ ရာထူးအဆင့်အလိုက် အပေါ်စီးနဲ့ဆက်ဆံတာကို တွေ့ရပါတယ်။ထင်းရှားတဲ့ သာဓကတခုကို ပြပါမယ်။ ကော်မီတီအဆင့်ဆင့်ရှိတယ်ဆိုပေမယ့် အများအားဖြင့် ဥက္ကဌတွေဟာ ဘယ်အဆင့် (မြို့နယ်ကော်မီတီ၊ ခရိုင် ကော်မီတီစသည်) မှာမဆို အဓိကဆုံးဖြတ်သူဖြစ်နေတာကို တွေ့ရပါတယ်။ ဥက္ကဌက ဟန့်လိုက်ရင်ငြိမ်ကျသွားတာတို့၊ ဥက္ကဌ မျက်နှာနီလာရင် ပြောမယ့်စကားကို ဆက်မပြောရဲတော့တာတို့ဟာ ကော်မီတီဝင်တွေအတွက် မဆန်းတော့တဲ့အတွေ့အကြုံတခု ပါဘဲ၊ မဟာမိတ်တပ်ပေါင်းစုမှာတောင် အလားတူမျိုးကြုံရလေ့ရှိပါတယ်။
မဆလ၊ နဝတ၊ နအဖ စစ်တပ်တွေဟာ လူ့အခွင့်အရေးကို နှစ်ဆယ်စုပေါင်းများစွာ အတားအဆီးမဲ့ချိုးဖေါက်ခဲ့လို့ လူမျိုးစုတွေရော မြန်မာလူမျိုးများပါ အလူးအလဲခံစားခဲ့ရတာ ခုဆိုရင် နေမြင့်လေအရူးရင့်လေ ဆိုသလို တနေ့တခြား ပိုပိုဆိုးလာနေလျက်ရှိပါ တယ်။ ဒီကြားထဲ တော်လှန်ရေးအဖွဲ့အစည်းတွေက ချိုးဖေါက်ပြန်တော့ လူထုမှာ (တောနေဆင်းရဲသားများ) နေစရာနေရာမရှိ တော့ပါ။ ချိုးဖေါက်သူကို အရေးယူတယ်လို့ဆိုတာတောင် နီရာဓါးကြောက်နေရလို့ မတိုင်ရဲ၊ ထုတ်မပြောရဲတာတွေ တပုံကြီးပါ)
မီဒီယာတွေမှာ မဖေါ်ပြလို့သာပါ၊ ဖေါ်သာဖေါ်ပြမယ်ဆိုရင် “သူကလည်း အလာကြီးပါလား” လို့ ပြောရလောက်အောင်ဖြစ်သွားပါ လိမ့်မယ်။ ခုကျနော်တင်ပြတဲ့ အကျင့်ပျက်မှုတွေ၊ ကိုယ်ကျိုးရှာမှုတွေ၊ ပြည်သူလူထုအပေါ် အာဏာပြ၊ လက်နက်ပြဆက်ဆံတာ တွေ၊ လူ့အခွင့်အရေးချိုးဖေါက်တာတွေဟာ ချွင်းချက်သဘောမဟုတ်ပါ၊၊ အနှံ့အပြား မဟုတ်တာတောင် သိသိသာသာ ဖြစ်နေတာ တွေပါ။ တော်လှန်ရေးအဖွဲ့အစည်းတွေမှာ ဒါတွေဟာ ချွင်းချက်သဘောထက် လွန်ကျွံမသွားသင့်ပါဘူး။
တချို့ရွာသားတွေက တခါတလေ သူတို့ကြုံတွေ့ဖူးတဲ့ ရန်သူ့တပ်ထဲက စစ်ဗိုလ်တချို့ရဲ့ကောင်းကြောင်းတွေကို ပြောပြတတ်ပါ တယ်။ အဲဒီစစ်ဗိုလ်တယောက် ကောင်းကြောင်းကို တဦးတယောက်ကသာ ပြောတာ မဟုတ်ဘဲ၊ အတော်များကပြောကြတော့၊ ဘက်အတော်များများကနေ စဉ်းစားကြည့်လိုက်တဲ့အခါ တကယ့်လူကောင်းဘဲလို့ ယုံကြည်လောက်ပါတယ်။ ကျနော်ကိုယ်တိုင် လည်း ရန်သူ့ထောက်လှမ်းရေးတွေကို အင်မတန်မုန်းတီးနာကျည်းပေမယ့်၊ သူတို့ထဲမှာ ကောင်းတဲ့လူ တယောက်တလေကို ကြုံ တွေ့ဖူးပါတယ်။ “ကြိုးစင်ပေါ်က မှတ်တမ်းများ” ကို ရေးသားခဲ့တဲ့ ချက်လူမျိုးသူရဲကောင်း ဂျူးလိယက်ဖူးချစ်ဟာ ဂက်စတာပို စစ်ပုလိပ်ထဲက အဲဒီလိုလူကောင်းတယောက်တလေကြောင့် သူ့မှတ်တမ်းတွေ အကျဉ်းစခန်းအပြင်ကို ရောက်သွားခဲ့ရတာပါ။ ဒါပေမယ့် ရန်သူ့တပ်ထဲမှာ ပြည်သူလူထုအပေါ်ကောင်းကောင်းမွန်မွန်ရိုးရိုးသားသား ဆက်ဆံသူဦးရေဟာ ချွင်းချက်သဘော လောက်ပဲရှိပါတယ်၊၊ ဘာကြောင့်လဲဆိုတော့ သူတို့အလုပ်ရဲ့သဘာဝကိုက ဖိနှိပ်ရေးအလုပ်ဖြစ်နေလို့ပါဘဲ။ ဒီအလုပ်မျိုး လုပ်နေရ သူတွေဟာ ပင်ကိုယ်က မဆိုးသူတွေတောင် ဆိုးတဲ့အလုပ်ကိုလုပ်ရင်း လူဆိုးတွေလုံးလုံးဖြစ်သွားကြတာပါ။
The NEJ မှကူးယူဖော်ပြသည်။
Posted by (လင်္ကာဒီပ) at 2:31 PM 0 comments
Labels: article
မြန်မာဒုက္ခသည် ရောင်းရန်ရှိသည် ကိုဝိုင်း/ ၆ နိုဝင်ဘာ ၂၀၀၈
မလေးရှား လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူများက မြန်မာဒုက္ခသည်များကို မလေးရှားရင်းဂစ်ငွေ (၁၅၀၀-၂၀၀၀) ဖြင့် ထိုင်း-မလေးရှား နယ်စပ်တွင် ရောင်းစားနေကြောင်း မလေးရှားအတိုက်အခံပါတီမှ ကလန်းပြည်နယ် ဒီမိုကရက်အမတ် မစ္စတာ ချားဆန်တီယာဂိုက ခေတ်ပြိုင်သို့ ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မစ္စတာ ချား ဆန်တီယာဂိုကို ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းရာ ၄င်းက
“မလေးရှားမှာရှိတဲ့ မြန်မာဒုက္ခသည်တွေကို ဖမ်းမိပြီးတဲ့နောက် ထိုင်းနယ်စပ်ကိုပို့တယ်။ အဲဒီနောက် မလေးရှားလူဝင်မှုကြီးကြပ်ရေးအရာရှိတွေက ထိုင်းလူကုန်သည်တွေဆီရောင်းတာဖြစ်တယ်” ဟု ပြောသည်။
ယင်းသို့ရောင်းချခြင်းခံရသူများသည် လူကုန်သည်များကို ၎င်းတို့တောင်းသမျှငွေကိုပေးနိုင်ပါက လွတ်လမ်းရှိသော်လည်း မပေး နိုင်သူများသည် ယခုအခါ ထိုင်းနိုင်ငံရှိ ငါးဖမ်းလှေလုပ်သားများ၊ ပြည့်တန်ဆာများအဖြစ် လုပ်ကိုင်နေကြရကြောင်း မစ္စတာ ချား ဆန်တီယာဂိုက ဆက်ပြောသည်။
ထို့အပြင် ဤသို့ရောင်းဝယ်ခြင်း သည် နေရပ်ရင်းနိုင်ငံ၌ နိုင်ငံရေးအခြေအနေမတည်ငြိမ်သောကြောင့် မလေးရှားသို့ လာရောက် ခိုလှုံသူများဖြစ်သည့် မြန်မာဒုက္ခသည်များထံမှ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းဖြစ်သောကြောင့် ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက် ခြင်းဖြစ်သကဲ့သို့ လူကုန်ကူးခြင်းတားမြစ်သည့်ဥပဒေကိုလည်း ချိုးဖောက်ကျူးလွန်ရာရောက် သည်ဟု ၎င်းကပြောသည်။
မလေးရှားနိုင်ငံမှ NTV 7 တွင် ယခုနှစ် မေလအတွင်းက ‘Refugees for sale’ “ဒုက္ခသည်များ ရောင်းရန်ရှိသည်” အမည်ဖြင့် မြန်မာဒုက္ခသည်များ ရောင်းစားခံရမှုကို ထုတ်ဖော်ပြသသွားပြီးနောက် ယင်းကိစ္စကို စုံစမ်းဖော်ထုတ်ပေးရန်၊ အကြောင်းအရာမှန်ကန်ကြောင်းတွေ့ရှိပါက သက်ဆိုင်ရာ ၀န်ထမ်းများကို အရေးယူပေးရန် မစ္စတာ ချား ဆန်တီယာဂိုက မလေးရှားအစိုးရကို တိုက်တွန်းခဲ့သည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက အထူးစုံစမ်းစစ်ဆေးရေးကော်မတီတရပ်ဖွဲ့စည်းခဲ့ပြီး စုံစမ်းမှုများပြုလုပ်ခဲ့ရာ လူရောင်းဝယ်မှုကိစ္စများတွင် ဌာနဆိုင်ရာအရာရှိတဦးတယောက်မျှပါဝင်ခြင်းမရှိကြောင်း မလေးရှား ပြည်ထဲရေးဝန်ကြီးက မစ္စတာ ချား ဆန်တီယာဂိုကို အကြောင်းပြန်ကြားခဲ့သည်။
ယင်းပြန်ကြားချက်နှင့်ပတ်သက်၍ “သက်ဆိုင်ရာဌာနက ဒီကိစ္စကို တာဝန်အပြည့်အ၀ယူဖို့တောင်းဆိုလိုတယ်။ ပြီးတော့ မလေးရှားအစိုးရနာမည်ကိုလည်း မထိခိုက်စေချင်ဘူး။ သူတို့ကတော့ သက်သေအထောက်အထားမခိုင်လုံဘူးထင်တာပေါ့ဗျာ။ ကျနော့်ဆီ နောက်ထပ်အချက်အလက်တွေ ထပ်ပြီးရောက်ဦးမှာပါ။ အဲဒီနောက် ဒီကိစ္စကို အသေးစိတ်လေ့လာပြီး အစိုးရဆီ ဆက်ပြီးတင်ပြသွားမှာပါ” ဟု မစ္စတာ ချား ဆန်တီယာဂို ကပြောသည်။
မလေးရှားနိုင်ငံတွင် ဒုက္ခသည်အဖြစ် ခိုလှုံနေသူ မြန်မာနိုင်ငံသား (၅) သောင်းကျော်ရှိကြောင်း မလေးရှားအခြေစိုက် ဒုက္ခသည် အဖွဲ့အစည်းများကခန်ပမှန်းကြသော်လည်း အစိုးရကမူ အဆိုပါ အရေအတွက်၏ ထက်ဝက်မျှသာရှိသည်ဟု ပြောကြောင်း သတင်းများတွင်ဖော်ပြသည်။
ကိုဝိုင်း/ ၆ နိုဝင်ဘာ ၂၀၀၈
မလေးရှား လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူများက မြန်မာဒုက္ခသည်များကို မလေးရှားရင်းဂစ်ငွေ (၁၅၀၀-၂၀၀၀) ဖြင့် ထိုင်း-မလေးရှား နယ်စပ်တွင် ရောင်းစားနေကြောင်း မလေးရှားအတိုက်အခံပါတီမှ ကလန်းပြည်နယ် ဒီမိုကရက်အမတ် မစ္စတာ ချားဆန်တီယာဂိုက ခေတ်ပြိုင်သို့ ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မစ္စတာ ချား ဆန်တီယာဂိုကို ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းရာ ၄င်းက
“မလေးရှားမှာရှိတဲ့ မြန်မာဒုက္ခသည်တွေကို ဖမ်းမိပြီးတဲ့နောက် ထိုင်းနယ်စပ်ကိုပို့တယ်။ အဲဒီနောက် မလေးရှားလူဝင်မှုကြီးကြပ်ရေးအရာရှိတွေက ထိုင်းလူကုန်သည်တွေဆီရောင်းတာဖြစ်တယ်” ဟု ပြောသည်။
ယင်းသို့ရောင်းချခြင်းခံရသူများသည် လူကုန်သည်များကို ၎င်းတို့တောင်းသမျှငွေကိုပေးနိုင်ပါက လွတ်လမ်းရှိသော်လည်း မပေး နိုင်သူများသည် ယခုအခါ ထိုင်းနိုင်ငံရှိ ငါးဖမ်းလှေလုပ်သားများ၊ ပြည့်တန်ဆာများအဖြစ် လုပ်ကိုင်နေကြရကြောင်း မစ္စတာ ချား ဆန်တီယာဂိုက ဆက်ပြောသည်။
ထို့အပြင် ဤသို့ရောင်းဝယ်ခြင်း သည် နေရပ်ရင်းနိုင်ငံ၌ နိုင်ငံရေးအခြေအနေမတည်ငြိမ်သောကြောင့် မလေးရှားသို့ လာရောက် ခိုလှုံသူများဖြစ်သည့် မြန်မာဒုက္ခသည်များထံမှ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းဖြစ်သောကြောင့် ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက် ခြင်းဖြစ်သကဲ့သို့ လူကုန်ကူးခြင်းတားမြစ်သည့်ဥပဒေကိုလည်း ချိုးဖောက်ကျူးလွန်ရာရောက် သည်ဟု ၎င်းကပြောသည်။
မလေးရှားနိုင်ငံမှ NTV 7 တွင် ယခုနှစ် မေလအတွင်းက ‘Refugees for sale’ “ဒုက္ခသည်များ ရောင်းရန်ရှိသည်” အမည်ဖြင့် မြန်မာဒုက္ခသည်များ ရောင်းစားခံရမှုကို ထုတ်ဖော်ပြသသွားပြီးနောက် ယင်းကိစ္စကို စုံစမ်းဖော်ထုတ်ပေးရန်၊ အကြောင်းအရာမှန်ကန်ကြောင်းတွေ့ရှိပါက သက်ဆိုင်ရာ ၀န်ထမ်းများကို အရေးယူပေးရန် မစ္စတာ ချား ဆန်တီယာဂိုက မလေးရှားအစိုးရကို တိုက်တွန်းခဲ့သည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက အထူးစုံစမ်းစစ်ဆေးရေးကော်မတီတရပ်ဖွဲ့စည်းခဲ့ပြီး စုံစမ်းမှုများပြုလုပ်ခဲ့ရာ လူရောင်းဝယ်မှုကိစ္စများတွင် ဌာနဆိုင်ရာအရာရှိတဦးတယောက်မျှပါဝင်ခြင်းမရှိကြောင်း မလေးရှား ပြည်ထဲရေးဝန်ကြီးက မစ္စတာ ချား ဆန်တီယာဂိုကို အကြောင်းပြန်ကြားခဲ့သည်။
ယင်းပြန်ကြားချက်နှင့်ပတ်သက်၍ “သက်ဆိုင်ရာဌာနက ဒီကိစ္စကို တာဝန်အပြည့်အ၀ယူဖို့တောင်းဆိုလိုတယ်။ ပြီးတော့ မလေးရှားအစိုးရနာမည်ကိုလည်း မထိခိုက်စေချင်ဘူး။ သူတို့ကတော့ သက်သေအထောက်အထားမခိုင်လုံဘူးထင်တာပေါ့ဗျာ။ ကျနော့်ဆီ နောက်ထပ်အချက်အလက်တွေ ထပ်ပြီးရောက်ဦးမှာပါ။ အဲဒီနောက် ဒီကိစ္စကို အသေးစိတ်လေ့လာပြီး အစိုးရဆီ ဆက်ပြီးတင်ပြသွားမှာပါ” ဟု မစ္စတာ ချား ဆန်တီယာဂို ကပြောသည်။
မလေးရှားနိုင်ငံတွင် ဒုက္ခသည်အဖြစ် ခိုလှုံနေသူ မြန်မာနိုင်ငံသား (၅) သောင်းကျော်ရှိကြောင်း မလေးရှားအခြေစိုက် ဒုက္ခသည် အဖွဲ့အစည်းများကခန်ပမှန်းကြသော်လည်း အစိုးရကမူ အဆိုပါ အရေအတွက်၏ ထက်ဝက်မျှသာရှိသည်ဟု ပြောကြောင်း သတင်းများတွင်ဖော်ပြသည်။
The NEJ မှကူးယူဖော်ပြသည်။
Posted by (လင်္ကာဒီပ) at 2:04 PM 0 comments
Labels: news
ကေအန်ယူကို အကြမ်းဖက် အဖွဲ့စာရင်းမှ အမေရိကန် ပယ်ဖျက်ပေး
November 6, 2008
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) သည် (၁၃)ကြိမ်မြောက် ညီလာခံပြီးချိန် နောက်ပိုင်း နိုင်ငံခြား ဆက်ဆံရေးလုပ်ငန်းများ ထိရောက်စွာ လုပ်ကိုင်နိုင်ခဲ့ခြင်း မရှိသော်လည်း ကေအန်ယူအား အမေရိကန်နိုင်ငံက ၎င်းတို့၏ အကြမ်းဖက်အဖွဲ့စာရင်းမှ ပယ်ဖျက်ပေးရန်ကိစ္စကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း (၁၄) ကြိမ်မြောက် ကေအန်ယူကွန်ဂရက်သို့တင်သွင်းသည့် ယခင်နိုင်ငံခြားရေးကော်မတီ၏ လုပ်ငန်းအစီရင်ခံစာ၌ ဖော်ပြထားသည်။
အဆိုပါ အစီရင်ခံစာ၌ နအဖစစ်အစိုးရက ကရင်လူမျိုး အရပ်သားများအပေါ် ဖိနှိပ်ဗိုလ်ကျမှုများနှင့် ကေအန်ယူ အပေါ် နအဖ၏ ထိုးစစ်များကြောင့် ကရင်ပြည်တွင်းအိုးမဲ့အိမ်မဲ့ဒုက္ခသည်အရေအတွက်၊ နေရပ်ရင်းစွန့်ခွာ၍ ထိုင်းနိုင်ငံ အတွင်းသို့ ခိုလှုံဝင်ရောက် လာသည့် ကရင်လူမျိုးများ၏ အရေအတွက် များပြားလာခြင်းအပေါ် ထိရောက်စွာ ထုတ်ဖော်ပြော ဆိုခြင်းမရှိသော အိမ်နီးချင်း ထိုင်းအစိုးရ၏ စာနာထောက်ခံမှုရရှိရန် ချဉ်းကပ် ဆွေးနွေးနိုင်မှု မရှိသည်ကို တွေ့ရသည်ဟု ထောက်ပြထားသည်။
ထို့အပြင် ငွေကြေးနှင့် အတတ်ပညာအားဖြင့်လည်းကောင်း၊ စစ်လက်နက်ပစ္စည်းများ ရောင်းချပေးနေခြင်း ဖြင့်လည်းကောင်း ရေကာတာ များစီမံကိန်းများပြုလုပ်နေခြင်းဖြင့်လည်းကောင်း နအဖစစ်အစိုးရအပေါ် အနီးကပ် အထောက်ကူပေးနေသည့် တရုတ်နိုင်ငံထံမှ စာနာထောက်ခံမှုကိုလည်း တစုံတရာ ရယူနိုင်ခြင်း မရှိခဲ့ကြောင်းလည်း တွေ့ရသည်။
မြန်မာနိုင်ငံအတွင်းမှ တိုင်းရင်းသားများအပါအ၀င် နိုင်ငံသားအားလုံး အခွင့်အရေးများ ဆုံးရှုံးနေရမှုတို့ကို နိုင်ငံတကာသို့ တင်ပြရန်၊ ထိုမှတဆင့် နိုင်ငံတကာက နအဖ စစ်အစိုးရအား နိုင်ငံရေး၊ စီးပွားရေးအရ ဖိအားများ ပေးသွားရန် ရည်ရွယ်၍ ၂၀၀၄ ခု ကွန်ဂရက်မှ ယခင် ကေအန်ယူ ဥက္ကဌ ဗဒိုစောဘသင်စိန်၊ အတွင်းရေးမှူး စောဒေးဗစ်တောနှင့် အဖွဲ့ဝင် (၃) ဦးတို့်ဖြင့် နိုင်ငံခြားရေး ကော်မတီဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။
ကရင်အမျိုးသားများ အရေးအား နိုင်ငံတကာက နိုင်ငံရေးအရ စာနာထောက်ခံလာစေရန် ကြိုးစားရာတွင် လူမျိုးစုအရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးတို့သည် ဆက်လက် အရေးပါလျက်ရှိပြီး အချိန်ယူ လုပ်ဆောင်ရမည်ဟု အစီရင်ခံစာ၏ နိဂုံးပိုင်းတွင် အကြံပြု ဖော်ပြထားသည်။
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) သည် (၁၃)ကြိမ်မြောက် ညီလာခံပြီးချိန် နောက်ပိုင်း နိုင်ငံခြား ဆက်ဆံရေးလုပ်ငန်းများ ထိရောက်စွာ လုပ်ကိုင်နိုင်ခဲ့ခြင်း မရှိသော်လည်း ကေအန်ယူအား အမေရိကန်နိုင်ငံက ၎င်းတို့၏ အကြမ်းဖက်အဖွဲ့စာရင်းမှ ပယ်ဖျက်ပေးရန်ကိစ္စကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း (၁၄) ကြိမ်မြောက် ကေအန်ယူကွန်ဂရက်သို့တင်သွင်းသည့် ယခင်နိုင်ငံခြားရေးကော်မတီ၏ လုပ်ငန်းအစီရင်ခံစာ၌ ဖော်ပြထားသည်။
အဆိုပါ အစီရင်ခံစာ၌ နအဖစစ်အစိုးရက ကရင်လူမျိုး အရပ်သားများအပေါ် ဖိနှိပ်ဗိုလ်ကျမှုများနှင့် ကေအန်ယူ အပေါ် နအဖ၏ ထိုးစစ်များကြောင့် ကရင်ပြည်တွင်းအိုးမဲ့အိမ်မဲ့ဒုက္ခသည်အရေအတွက်၊ နေရပ်ရင်းစွန့်ခွာ၍ ထိုင်းနိုင်ငံ အတွင်းသို့ ခိုလှုံဝင်ရောက် လာသည့် ကရင်လူမျိုးများ၏ အရေအတွက် များပြားလာခြင်းအပေါ် ထိရောက်စွာ ထုတ်ဖော်ပြော ဆိုခြင်းမရှိသော အိမ်နီးချင်း ထိုင်းအစိုးရ၏ စာနာထောက်ခံမှုရရှိရန် ချဉ်းကပ် ဆွေးနွေးနိုင်မှု မရှိသည်ကို တွေ့ရသည်ဟု ထောက်ပြထားသည်။
ထို့အပြင် ငွေကြေးနှင့် အတတ်ပညာအားဖြင့်လည်းကောင်း၊ စစ်လက်နက်ပစ္စည်းများ ရောင်းချပေးနေခြင်း ဖြင့်လည်းကောင်း ရေကာတာ များစီမံကိန်းများပြုလုပ်နေခြင်းဖြင့်လည်းကောင်း နအဖစစ်အစိုးရအပေါ် အနီးကပ် အထောက်ကူပေးနေသည့် တရုတ်နိုင်ငံထံမှ စာနာထောက်ခံမှုကိုလည်း တစုံတရာ ရယူနိုင်ခြင်း မရှိခဲ့ကြောင်းလည်း တွေ့ရသည်။
မြန်မာနိုင်ငံအတွင်းမှ တိုင်းရင်းသားများအပါအ၀င် နိုင်ငံသားအားလုံး အခွင့်အရေးများ ဆုံးရှုံးနေရမှုတို့ကို နိုင်ငံတကာသို့ တင်ပြရန်၊ ထိုမှတဆင့် နိုင်ငံတကာက နအဖ စစ်အစိုးရအား နိုင်ငံရေး၊ စီးပွားရေးအရ ဖိအားများ ပေးသွားရန် ရည်ရွယ်၍ ၂၀၀၄ ခု ကွန်ဂရက်မှ ယခင် ကေအန်ယူ ဥက္ကဌ ဗဒိုစောဘသင်စိန်၊ အတွင်းရေးမှူး စောဒေးဗစ်တောနှင့် အဖွဲ့ဝင် (၃) ဦးတို့်ဖြင့် နိုင်ငံခြားရေး ကော်မတီဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။
ကရင်အမျိုးသားများ အရေးအား နိုင်ငံတကာက နိုင်ငံရေးအရ စာနာထောက်ခံလာစေရန် ကြိုးစားရာတွင် လူမျိုးစုအရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးတို့သည် ဆက်လက် အရေးပါလျက်ရှိပြီး အချိန်ယူ လုပ်ဆောင်ရမည်ဟု အစီရင်ခံစာ၏ နိဂုံးပိုင်းတွင် အကြံပြု ဖော်ပြထားသည်။
Posted by (လင်္ကာဒီပ) at 12:51 AM 0 comments
Labels: news
The more love, the more hate (အချစ်ကြီူးတော့ အမျက်ကြီူး)
နိုဝင်ဘာ ရ-ရက် ၊ ၂၀၀၈
ကရင်သီချင်း
Posted by (လင်္ကာဒီပ) at 12:28 AM 0 comments
Labels: video
ကရင်နှစ်သစ်ကူးတားဆီးခံရ
Thursday, November 6, 2008November 2008
ကရင်ပြည်နယ် ဘားအံမြို့ရှိ ဇွဲကပင်တောင်ခြေ အရှေ့ဘက် ခလောက်နို့ရွာဘက်ခြမ်းတွင် တိုး တက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်အဖွဲ့ (ဒီကေဘီအေ) မှ ကမကထပြုကျင်းပမည့် ကရင်မျိုးနွယ်စုအားလုံးနှင့် နိုင်ငံတကာရောက် ကရင်များ လူမှုရေး၊ နိုင်ငံရေးအဖွဲ့အစည်းများပါဝင်နိုင်မည့် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပခွင့်ကို စစ်အစိုးရက ပိတ်ပင်လိုက်သည်။
ပွဲတော်ကျင်းပရေးကော်မတီဝင် တဦးက “ဒီပွဲလုပ်နိုင်ဖို့ အာဏာပိုင်တွေဆီက ခွင့်ပြုချက်ရထားပြီး ဖြစ်တယ်။ ပြီးခဲ့တဲ့လလယ်လောက်က အကြောင်းပြချက်မရှိဘဲ ပွဲကျင်းပခွင့်ကို ပိတ်လိုက်တယ်။ ဒီနှစ် ကျင်းပမယ့်ပွဲဟာ မြန်မာပြည် ကရင့်သမိုင်းမှာ အတော့်ကို ထူးထူးခြားခြား ဖြစ်ဖို့အတွက် စီစဉ်ထားတဲ့ပွဲ ဖြစ်တယ်။ မြန်မာပြည်အနှံ့မှာ နေထိုင်ကြတဲ့ ကရင်တိုင်းရင်းသား မျိုးနွယ်စုတွေအပြင် နိုင်ငံတကာရောက် ကရင်တွေကိုလည်း ဖိတ်ကြားဖို့ စီစဉ်ထားပါတယ်။ အဲဒီအထဲမှာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ကိုလည်း ဖိတ်ဖို့ စီစဉ်ထားပါတယ်။ အဲဒါကို မြန်မာအာဏာပိုင်တွေဘက်က မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်မှာကိုစိုးရိမ်တာရယ်၊ နိုင်ငံရေးအဖွဲ့အစည်းတွေကိုပါ ဖိတ်မှာဆိုတော့ ကရင်တွေ ရင်းနှီးစည်းလုံးသွားမှာကို မလိုလားလို့ ပိတ်တယ်လို့ပဲထင်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။
အည်မဖော်လိုသူ ဒီကေဘီအေ အရာရှိတဦးကလည်း “ဇွဲကပင်တောင်ခြေမှာ လုပ်မယ့်ပွဲကို မြန်မာအာဏာပိုင်တွေဘက်က ကျင်းပခွင့်မပြုတာကတော့ သေချာသွားပြီ။ အကြောင်းပြန်တာ ရက်ပိုင်းလောက်ပဲရှိ သေးတယ်။ ဒါပေမယ့် ဒီပွဲကိုတော့ ကျနော်တို့ဘက်က ဖြစ်အောင်လုပ်မှာပါ။ အရင်စီစဉ်ထားတဲ့အတိုင်းပဲ ပွဲကိုကျင်းပမယ်၊ အားလုံးကိုလည်း ဖိတ်မယ်။ နေရာကိုတော့ ဇွဲကပင်တောင်ခြေမှာ မဟုတ်တော့ဘူး ဒီကေဘီအေ (၉၉၉) တပ်မဟာ ဌာနချုပ်ဖြစ်တဲ့ လှိုင်းဘွဲ့မြို့နယ်က ကွမ်ဘီရွာမှာပဲ ကျင်းပမှာဖြစ်တယ်။ ကရင်နဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေ အကုန်လုံးဖိတ်မယ်၊ အကုန်လုံးလာလို့ရတယ်။ လက်နက်တွေ ဘာတွေတော့ ယူဆောင်ခွင့်မပေးဘူး” ဟု ပြောသည်။
ဒီကေဘီအေမှကျင်းပမည့် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားနှင့်ပတ်သက်၍ ကရင်အမျိုးသား အစည်းအရုံး ကေအန်ယူအဖွဲ့၏ ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါ်က “အခုလို ဇွဲကပင်တောင်ခြေမှာ လုပ်မယ့်ပွဲကို လုပ်ခွင့်မပေးတာကတော့ နအဖဟာ ဒီကေဘီအေကို တပည့်ပီပီ လက်အောက်ခံအဖြစ်ပဲ နေစေချင်တယ်။ နအဖက ဖက်ဆစ်ဆိုတော့ ဖက်ဆစ်ဝါဒအတိုင်း လူတွေနဲ့ လူတွေရဲ့အတွေးအခေါ်ကို ထိန်းချုပ်မယ်။ ဒီကေဘီအေက တမူဆန်းပြီး ဟိုလူဖိတ်မယ်၊ ဒီလူဖိတ်မယ် ကြီးကြီးကျယ်ကျယ်တွေလုပ်တော့ သိကြတဲ့အတိုင်းပဲ နအဖဆိုတာက ကရင်တွေကို မျိုးဖြုတ်ဖို့ပဲရှိတယ်။ ဒီပွဲကို ဒီကေဘီအေနဲ့ နအဖလိုလားသူတစုကနေ ကျင်းပမှာဖြစ်တယ်။ သူတို့ရည်ရွယ်ချက်က နအဖကို လူထုထောက်ခံမှု ပိုရအောင်လုပ်ပေးတာပဲဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။
ဇွဲကပင်တောင်ခြေ အရှေ့ဘက်ခြမ်းတွင် ဒီကေဘီအေမှ ကရင်အမျိုးသား နှစ်သစ်ကူးအခမ်းအနား ကျင်းပမည့်သတင်းများကို ပြည်တွင်းသတင်းဂျာနယ် တစောင်ဖြစ်သည့် Bi Weekly Eleven သတင်းဂျာနယ်နှင့် အခြားပြည်တွင်း ဂျာနယ်အချို့တွင် ဖော်ပြထားပြီးဖြစ်သည်။
ယခုနှစ်၏ ကရင်နှစ်သစ်ကူးနေ့သည် ကရင်သက္ကရာဇ် ၂၇၄၈ ခုနှစ် သလေထိုင်ခေါင်ဖိုး၊ လဆန်း (၁) ရက်၊ မြန်မာသက္ကရာဇ် ၁၃၇၀ ခုနှစ်၊ ပြာသိုလဆန်း (၁) ရက်နေ့၊ ခရစ်သက္ကရာဇ် ၂၀၀၈ ခုနှစ် ဒီဇင်ဘာ လ (၂၇) ရက်နေ့တွင် ကျရောက်မည်ဖြစ်သည်။
The NEJ
Posted by (လင်္ကာဒီပ) at 11:41 PM 0 comments
Labels: news
ကရင်အမျိုးသမီးအစည်းအရုံးဥက္ကဌသစ်အဖြစ် ကွယ်လွန်သူဗိုလ်ချုပ်ကြီးစောဘိုမြ၏ဇနီးကိုရွေးချယ်
NEJ/ ၆ နိုဝင်ဘာ ၂၀၀၈
ယမန်နေ့က ကျင်းပပြီးစီးသွားသည့် (၅)ကြိမ်မြောက် ကရင်အမျိုးသမီးအစည်းအရုံး ညီလာခံတွင် ကွယ်လွန်သူ ဗိုလ်ချုပ်ကြီး စောဘိုမြ၏ဇနီး ဆရာမနော်လားဖိုးကို ကရင်အမျိုးသမီးအစည်းအရုံး၏ ဥက္ကဌအဖြစ် ရွှေးချယ်တင်မြောက်လိုက်သည်။
အောက်တိုဘာ (၃၀)ရက်နေ့မှ နိုဝင်ဘာ (၅)ရက်အထိ ကရင်အမျိုးသား အစည်းအရုံးလက်အောက်ခံ ခရိုင်တစ်ခုတွင် ကျင်းပသည့် ညီလာခံမှ ဗဟိုကော်မတီ (၃၅)ဦးကိုလည်း တဆက်ထည်း ရွေးချယ်တင်မြှောက်ခဲ့ကြသည်။
ကျင်းပပြီးစီးသွားသည့် (၅)ကြိမ်မြောက် ညီလာခံတွင် မူဝါဒရေးရာ အပြောင်းအလဲမရှိပေ၊ ကရင်အမျိုးသမီးအစည်းအရုံး KWO အနေနှင့် ကရင်အမျိုးသားအစည်းအရုံး KNU ကို အဘက်ဘက်မှ ဝိုင်းဝန်းပံ့ပိုး ကူညီမှုများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဟု ဆုံးဖြတ်ခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များအား ရေးဆွဲချမှတ်ခဲ့သည်ဟု အဖွဲ့ ၏ ဒုဥက္ကဌ နော်ဖောဒေးတိုးက ခေတ်ပြိုင်သို့ ပြောသည်။
ညီလာခံသို့ KWO ဗဟိုနှင့် ဘားအံခရိုင်၊သထုံခရိုင်၊တောင်ငူခရိုင်၊ညောင်လေးပင်ခရိုင်၊ဖါပွန်ခရိုင်၊ဒူးပ လာယာခရိုင်၊ဘိတ်ထားဝယ်ခရိုင်တို့မှညီလာခံကိုယ်စားလှယ်များလေ့လာသူများအပါအ၀င် (၈၇)ဦး တက်ရောက်ခဲ့ကြသည်။
ကရင်အမျိုးသမီးအစည်းအရုံးကို (၁၉၈၅)ခုနှစ်က မာနယ်ပလောဌာနချုပ်တွင် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ညီ လာခံကို (၄)နှစ်တစ်ကြိမ် ကျင်းပခဲ့သည်။ သို့သော် နိုင်ငံရေး၊ စစ်ရေး အခြေအနေများအပေါ် မူတည်၍ ပြောင်းလဲ ကျင်းပမှုများလည်း ရှိသည်။
The NEJ မှကူးယူဖော်ပြသည်။
Posted by (လင်္ကာဒီပ) at 1:19 AM 0 comments
Labels: news
ဒီကေဘီအေဦးစီးမည့် ကရင်နှစ်သစ်ကူးပွဲကို စစ်အစိုးရပိတ်
Wednesday, November 5, 200803 November 2008
ကရင်ပြည်နယ် ဘားအံမြို့ရှိ ဇွဲကပင်တောင်ခြေ အရှေ့ဘက် ခလောက်နို့ရွာဘက်ခြမ်းတွင် တိုး တက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်အဖွဲ့ (ဒီကေဘီအေ) မှ ကမကထပြုကျင်းပမည့် ကရင်မျိုးနွယ်စုအားလုံးနှင့် နိုင်ငံတကာရောက် ကရင်များ လူမှုရေး၊ နိုင်ငံရေးအဖွဲ့အစည်းများပါဝင်နိုင်မည့် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပခွင့်ကို စစ်အစိုးရက ပိတ်ပင်လိုက်သည်။
ပွဲတော်ကျင်းပရေးကော်မတီဝင် တဦးက “ဒီပွဲလုပ်နိုင်ဖို့ အာဏာပိုင်တွေဆီက ခွင့်ပြုချက်ရထားပြီး ဖြစ်တယ်။ ပြီးခဲ့တဲ့လလယ်လောက်က အကြောင်းပြချက်မရှိဘဲ ပွဲကျင်းပခွင့်ကို ပိတ်လိုက်တယ်။ ဒီနှစ် ကျင်းပမယ့်ပွဲဟာ မြန်မာပြည် ကရင့်သမိုင်းမှာ အတော့်ကို ထူးထူးခြားခြား ဖြစ်ဖို့အတွက် စီစဉ်ထားတဲ့ပွဲ ဖြစ်တယ်။ မြန်မာပြည်အနှံ့မှာ နေထိုင်ကြတဲ့ ကရင်တိုင်းရင်းသား မျိုးနွယ်စုတွေအပြင် နိုင်ငံတကာရောက် ကရင်တွေကိုလည်း ဖိတ်ကြားဖို့ စီစဉ်ထားပါတယ်။ အဲဒီအထဲမှာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ကိုလည်း ဖိတ်ဖို့ စီစဉ်ထားပါတယ်။ အဲဒါကို မြန်မာအာဏာပိုင်တွေဘက်က မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်မှာကိုစိုးရိမ်တာရယ်၊ နိုင်ငံရေးအဖွဲ့အစည်းတွေကိုပါ ဖိတ်မှာဆိုတော့ ကရင်တွေ ရင်းနှီးစည်းလုံးသွားမှာကို မလိုလားလို့ ပိတ်တယ်လို့ပဲထင်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။
အည်မဖော်လိုသူ ဒီကေဘီအေ အရာရှိတဦးကလည်း “ဇွဲကပင်တောင်ခြေမှာ လုပ်မယ့်ပွဲကို မြန်မာအာဏာပိုင်တွေဘက်က ကျင်းပခွင့်မပြုတာကတော့ သေချာသွားပြီ။ အကြောင်းပြန်တာ ရက်ပိုင်းလောက်ပဲရှိ သေးတယ်။ ဒါပေမယ့် ဒီပွဲကိုတော့ ကျနော်တို့ဘက်က ဖြစ်အောင်လုပ်မှာပါ။ အရင်စီစဉ်ထားတဲ့အတိုင်းပဲ ပွဲကိုကျင်းပမယ်၊ အားလုံးကိုလည်း ဖိတ်မယ်။ နေရာကိုတော့ ဇွဲကပင်တောင်ခြေမှာ မဟုတ်တော့ဘူး ဒီကေဘီအေ (၉၉၉) တပ်မဟာ ဌာနချုပ်ဖြစ်တဲ့ လှိုင်းဘွဲ့မြို့နယ်က ကွမ်ဘီရွာမှာပဲ ကျင်းပမှာဖြစ်တယ်။ ကရင်နဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေ အကုန်လုံးဖိတ်မယ်၊ အကုန်လုံးလာလို့ရတယ်။ လက်နက်တွေ ဘာတွေတော့ ယူဆောင်ခွင့်မပေးဘူး” ဟု ပြောသည်။
ဒီကေဘီအေမှကျင်းပမည့် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားနှင့်ပတ်သက်၍ ကရင်အမျိုးသား အစည်းအရုံး ကေအန်ယူအဖွဲ့၏ ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါ်က “အခုလို ဇွဲကပင်တောင်ခြေမှာ လုပ်မယ့်ပွဲကို လုပ်ခွင့်မပေးတာကတော့ နအဖဟာ ဒီကေဘီအေကို တပည့်ပီပီ လက်အောက်ခံအဖြစ်ပဲ နေစေချင်တယ်။ နအဖက ဖက်ဆစ်ဆိုတော့ ဖက်ဆစ်ဝါဒအတိုင်း လူတွေနဲ့ လူတွေရဲ့အတွေးအခေါ်ကို ထိန်းချုပ်မယ်။ ဒီကေဘီအေက တမူဆန်းပြီး ဟိုလူဖိတ်မယ်၊ ဒီလူဖိတ်မယ် ကြီးကြီးကျယ်ကျယ်တွေလုပ်တော့ သိကြတဲ့အတိုင်းပဲ နအဖဆိုတာက ကရင်တွေကို မျိုးဖြုတ်ဖို့ပဲရှိတယ်။ ဒီပွဲကို ဒီကေဘီအေနဲ့ နအဖလိုလားသူတစုကနေ ကျင်းပမှာဖြစ်တယ်။ သူတို့ရည်ရွယ်ချက်က နအဖကို လူထုထောက်ခံမှု ပိုရအောင်လုပ်ပေးတာပဲဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။
ဇွဲကပင်တောင်ခြေ အရှေ့ဘက်ခြမ်းတွင် ဒီကေဘီအေမှ ကရင်အမျိုးသား နှစ်သစ်ကူးအခမ်းအနား ကျင်းပမည့်သတင်းများကို ပြည်တွင်းသတင်းဂျာနယ် တစောင်ဖြစ်သည့် Bi Weekly Eleven သတင်းဂျာနယ်နှင့် အခြားပြည်တွင်း ဂျာနယ်အချို့တွင် ဖော်ပြထားပြီးဖြစ်သည်။
ယခုနှစ်၏ ကရင်နှစ်သစ်ကူးနေ့သည် ကရင်သက္ကရာဇ် ၂၇၄၈ ခုနှစ် သလေထိုင်ခေါင်ဖိုး၊ လဆန်း (၁) ရက်၊ မြန်မာသက္ကရာဇ် ၁၃၇၀ ခုနှစ်၊ ပြာသိုလဆန်း (၁) ရက်နေ့၊ ခရစ်သက္ကရာဇ် ၂၀၀၈ ခုနှစ် ဒီဇင်ဘာ လ (၂၇) ရက်နေ့တွင် ကျရောက်မည်ဖြစ်သည်။
The NEJ မှကူးယူဖော်ပြပါသည်။
Posted by (လင်္ကာဒီပ) at 11:46 PM 0 comments
Labels: news
Sawkyawkhwi
Monday, November 3, 2008This blog is started to post on 03 November 2008
Posted by (လင်္ကာဒီပ) at 9:03 AM 0 comments